07/08/2026
FYI
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Scholarship Opportunities For Myanmar, การศึกษา, Bangkok.
07/08/2026
FYI
06/08/2026
FYI ပါရှင်
မနက်ဖြန်မှာ အားလုံးနဲ့ မျှဝေချင်တဲ့ အထူးအစီအစဉ်လေးတစ်ခု ရှိပါတယ်။ 🎉
ဒီနေ့ ကျရောက်တဲ့ Tr ရဲ့ 29th Birthday အမှတ်တရအနေနဲ့ ပညာရေးကို ဆက်လက်လျှောက်လှမ်းချင်ပေမယ့် အခွင့်အရေးတစ်ခု လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စုစုပေါင်း 29 Scholarships ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒီ Scholarship Program ထဲမှာ
📘 GED Complete Guided Class ( 4 Subjects Program )
📚 Unlock Your English for GED
🌍 IELTS Preparation Program
တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။
ဒီ 29 Scholarships ကလည်း ပညာရေးကို ပြန်လည်စတင်ချင်သူတွေ၊ မိမိရဲ့ ရည်မှန်းချက်တွေဆီ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းချင်သူတွေ၊ ကိုယ့်ဘဝအတွက် အပြောင်းအလဲတစ်ခု စတင်ချင်သူတွေအတွက် ရည်ရွယ်ထားတာပါ။
Scholarship အရေအတွက်၊ လျှောက်ထားနိုင်မယ့်သူတွေ၊ Scholarship အမျိုးအစားတွေ၊ Application Process နဲ့ Selection Process အသေးစိတ်အားလုံးကို မနက်ဖြန် ည Official Announcement အနေနဲ့ မျှဝေပေးသွားပါမယ်ရှင်
ဒီအခွင့်အရေးကို မလွတ်သွားစေဖို့ BHI Page ကို Follow လုပ်ထားပြီး Official Channel နဲ့ Group ကို Join ထားပေးပါနော်။
Scholarship လိုအပ်နိုင်တဲ့ သူငယ်ချင်း တွေနဲ့ ၊ ညီအစ်ကို မောင်နှမတွေရှိရင်လည်း ဒီ Post လေးကို မျှဝေပေးထားနိုင်ပါတယ်ရှင့်....
🎓 University Major ရွေးမယ်ဆို ဒီ Post လေးခုပြီးအောင် အရင်ဖတ်ကြည့်ပါ။
Major ရွေးတာက University မှာ ဘာသာရပ်တစ်ခုကို လေးနှစ်လောက် သင်ဖို့ဆုံးဖြတ်တာတင် မဟုတ်ပါဘူး။
ကိုယ်သွားမယ့် Career Direction၊
ကိုယ်ရရှိလာမယ့် Skills၊
ဘွဲ့ရပြီးနောက် ရွေးချယ်နိုင်မယ့် အလုပ်အကိုင်တွေ၊
နောက်ပိုင်းမှာ Career ပြောင်းချင်ရင် ပြောင်းလို့ရနိုင်မယ့် အခွင့်အရေးတွေကိုပါ ဆုံးဖြတ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ Major ရွေးတဲ့အခါ လူအများစုက
• “ဒီ Major က လစာကောင်းတယ်တဲ့”
• “အခုခေတ်စားနေတယ်”
• “သူငယ်ချင်းတွေလည်း ဒီဘာသာယူကြတယ်”
• “မိဘတွေက ဒီဘာသာယူခိုင်းတယ်”
• “Major နာမည်လေး ကြည့်လို့ကောင်းတယ်”
ဆိုတဲ့အချက်တွေနဲ့ ရွေးမိတတ်ကြပါတယ်။
တကယ်တော့ Major နာမည်ကောင်းတာနဲ့ ကိုယ့်အတွက် Major ကောင်းတာ မတူပါဘူး။
ဒါကြောင့် ဒီ Major Selection Series ကို အစဉ်လိုက်ဖတ်ကြည့်ပါ။
📌 Part 1: Major တစ်ခုကို မရွေးခင် မဖြစ်မနေစဉ်းစားရမယ့် အချက်များ
စိတ်ဝင်စားမှုတစ်ခုတည်းနဲ့ ရွေးလို့ရသလား။
ကိုယ့်ရဲ့ Academic Strength၊ University Curriculum၊ Career Opportunities၊ Future Job Demand၊ မိသားစု Budget၊ ကိုယ်လိုချင်တဲ့ Lifestyle နဲ့ Plan B အထိ ဘယ်လိုပေါင်းစပ်စဉ်းစားရမလဲဆိုတာ ဖတ်နိုင်ပါတယ်။
🔗 https://t.me/sandyisadora/1977
📌 Part 2: Major နာမည်ကို မကြည့်ဘဲ အထဲမှာ တကယ်သင်ရမယ့်အရာကို စစ်နည်း
Major နာမည်ကြားရတာ စိတ်ဝင်စားဖို့ကောင်းပေမဲ့ တကယ်တက်ရောက်တဲ့အခါ ဘာ Modules တွေသင်ရမလဲ။
Theory များလား၊ Practical များလား၊ Mathematics နဲ့ Statistics ဘယ်လောက်ပါလဲ၊ ဘွဲ့တစ်ခုတည်းနဲ့ အလုပ်ဝင်နိုင်မလား၊ နောက်ထပ် Specialisation လိုမလားဆိုတာ ကြိုစစ်ဆေးဖို့လိုပါတယ်။
🔗 https://t.me/sandyisadora/1905
📌 Part 3: ဒီ Major က ကိုယ့်ကို အလုပ်တစ်မျိုးတည်းထဲ ပိတ်ထားမလား
Major ကောင်းတစ်ခုဆိုတာ Job Title တစ်ခုတည်းအတွက် ပြင်ဆင်ပေးတာမဟုတ်ဘဲ Career Direction အမျိုးမျိုးကို သွားနိုင်မယ့် Transferable Skills တွေ ပေးနိုင်သင့်ပါတယ်။
ဘွဲ့ပြီးရင် ဘယ် Career Paths တွေကို သွားနိုင်မလဲ၊ ကိုယ့်ရဲ့ Major ကို Technology၊ Business၊ Data၊ Research သို့မဟုတ် Management နဲ့ ဘယ်လိုပေါင်းစပ်နိုင်မလဲဆိုတာ စဉ်းစားချင်သူတွေအတွက်ပါ။
🔗 https://t.me/sandyisadora/1906
📌 Part 4: Major ရွေးပြီးသားပေမဲ့ ကိုယ့်လမ်းမဟုတ်သလို ခံစားနေရရင်
Major ရွေးမှားခဲ့တယ်လို့ ခံစားရတာနဲ့ အစကနေ ပြန်စရမယ်လို့ မဆိုလိုပါဘူး။
ကိုယ်သင်ခဲ့တဲ့ Degree Knowledge၊ Transferable Skills နဲ့ အသစ်တည်ဆောက်မယ့် Technical or Professional Skills တွေကို ပေါင်းပြီး အနီးစပ်ဆုံး Career Direction တစ်ခုကို Pivot လုပ်နိုင်ပါတယ်။
ကိုယ်တက်နေတဲ့ Major ကို စွန့်ပစ်မလား၊ ဆက်တက်ပြီး Skills ထပ်ဖြည့်မလား၊ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ ဒီအပိုင်းမှာ ဖတ်ပါ။
🔗 https://t.me/sandyisadora/1907
Major ရွေးချယ်မှုမှာ “Perfect Major” ဆိုတာ ရှိချင်မှရှိပါလိမ့်မယ်။
ဒါပေမဲ့ ကိုယ့်ရဲ့
Ability + Interest + Opportunity + Financial Reality + Long-term Goal
ဒီအချက်တွေ ဆုံတဲ့နေရာကို ရှာနိုင်ရင် ပိုပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချနိုင်ပါတယ်။
University မလျှောက်ခင်၊ Scholarship မလျှောက်ခင်၊ Major မရွေးခင် ဒီ Post လေးခုကို Save လုပ်ပြီး အစဉ်လိုက်ဖတ်ထားပါ။
မိဘများအနေနဲ့လည်း သားသမီးကို Major ရွေးပေးမယ့်အစား ဒီမေးခွန်းတွေကို အတူတကွဆွေးနွေးပေးနိုင်ပါတယ်။ 🎓
27/07/2026
❤️
02/06/2026
🇨🇦 Myanmar Students လည်း လျှောက်လို့ရတဲ့ Canada Fully Funded Scholarship
McCall MacBain Scholarships 2027 က Myanmar students အတွက်လည်း eligible ဖြစ်ပါတယ်။ ဒီ Scholarship က Canada နိုင်ငံ McGill University မှာ Master’s degree သို့မဟုတ် eligible second-entry professional undergraduate program တက်ချင်တဲ့ international students တွေအတွက် အရမ်းကောင်းတဲ့ opportunity တစ်ခုပါ။
McCall MacBain official eligibility အရ international applicants ဆိုတာ Canadian citizen / permanent resident / refugee မဟုတ်တဲ့ applicants အားလုံးကို ဆိုလိုတာဖြစ်လို့ Myanmar students လည်း international category ထဲဝင်ပါတယ်။
🎓 Scholarship Benefits
Full McCall MacBain Scholarship ရရင်
• Full tuition and fees
• Monthly living stipend
• One-time relocation grant to Montréal
• Leadership development
• Mentorship and coaching
• Global scholar community
2027 cohort အတွက် international applicants တွေထဲက 10 full scholarships ပေးမှာဖြစ်ပြီး၊ ထပ်ပြီး Finalist Awards နဲ့ Regional Awards တွေလည်း ရနိုင်ပါတယ်။
✅ Who can apply?
Applicants must meet one of these criteria:
1. First bachelor’s degree ကို August 2027 မတိုင်ခင်ပြီးမယ့် current student ဖြစ်ရမယ်။
2. First bachelor’s degree ကို January 2021 နောက်ပိုင်း ရထားရမယ်။
3. Degree ရတာ 5 years ထက်ကျော်သွားပေမဲ့ January 1, 2026 မှာ အသက် 30 နှစ် သို့မဟုတ် အောက် ဖြစ်ရမယ်။
📌 ဒါ့အပြင် McGill University ရဲ့ chosen graduate program အတွက် academic requirement နဲ့ English language requirement ကိုလည်း ပြည့်မီရပါမယ်။
⏰ Important Deadline for Myanmar / International Applicants
August 19, 2026
4:00 PM Eastern Time
International applicants တွေအတွက် deadline က Canada / U.S. applicants ထက်စောပါတယ်။ ဒါကြောင့် preparation ကို အခုကတည်းက စလုပ်သင့်ပါတယ်။
🌟 Selection Criteria
ဒီ Scholarship က GPA တစ်ခုတည်းကြည့်တာမဟုတ်ပါဘူး။ အဓိကအားဖြင့်
• Leadership potential
• Community engagement
• Character
• Entrepreneurial spirit
• Academic strength
• Intellectual curiosity
တွေကို အလေးထားရွေးချယ်ပါတယ်။
📍 Myanmar students အတွက် Practical Advice
ဒီ Scholarship ကို serious လျှောက်မယ်ဆိုရင် အခုကတည်းက ဒီ 5 ခုကို ပြင်ဆင်ထားသင့်ပါတယ်။
1. Strong academic transcript
2. IELTS / TOEFL score
3. Leadership and volunteer experiences
4. Clear career goal
5. Strong essays and references
McCall MacBain Scholarship က Canada မှာ fully funded graduate study လုပ်ချင်တဲ့ Myanmar students အတွက် အရမ်းတန်ဖိုးရှိတဲ့ opportunity တစ်ခုပါ။ Competition မြင့်ပေမဲ့ preparation ကောင်းရင် လျှောက်သင့်တဲ့ scholarship ဖြစ်ပါတယ်။
Deadline မနီးခင် application, essays, references, McGill program choice တွေကို ကြိုတင်ပြင်ဆင်ထားပါ။
24/05/2026
Grade တွေကို အားမရဘူးဆိုရင်တောင် Scholarship အတွက် Strong Profile ဖြစ်အောင် ဘယ်လိုလုပ်မလဲ?
11/05/2026
"ပညာသင်ယူဖို့အတွက် အချိန်နှောင်းသွားပြီဆိုတာ ဘယ်တော့မှ မရှိပါဘူး။" ✨
ပညာရေးလမ်းကြောင်းကို ပြန်စချင်ပေမဲ့ ကိုယ်က အသက်ကြီးနေပြီလား၊ ကျောင်းနားထားတာ ကြာနေပြီမို့ ပြန်လိုက်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေက နောက်တွန့်နေစေတာမျိုး ဖြစ်ဖူးပါသလား❓
တကယ်တော့ အနာဂတ်ကို ပြောင်းလဲဖို့အတွက် "အခု" ထက် ကောင်းတဲ့အချိန် မရှိတော့ပါဘူး။ ✅
𝐆𝐄𝐃 ဆိုတာ အသက်အရွယ် (သို့) အချိန်အခက်အခဲကြောင့် ပညာရေးခရီးစဉ်မှာ နှောင့်နှေးခဲ့ရသူတွေအတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး လမ်းစတစ်ခုပါ။
𝐁𝐇𝐈 မှာ 𝐆𝐄𝐃 တက်ရောက်ခြင်းရဲ့ အားသာချက်တွေကတော့ -
✅ (၆) လဝန်းကျင်အတွင်းမှာတင် နိုင်ငံတကာအသိအမှတ်ပြု 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 ကို ရရှိနိုင်လို့ အချိန်ကုန်သက်သာစေပါတယ်။
✅ အသက်အရွယ်မရွေး တက်ရောက်နိုင်ပြီး အခြေခံကစလို့ နားလည်အောင် စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးမယ့် 𝐌𝐞𝐧𝐭𝐨𝐫𝐬 များလည်းရှိပါတယ်။
✅ အလုပ်လုပ်နေသူတွေအတွက်လည်း အဆင်ပြေစေမယ့် အတန်းချိန်တွေရှိသလို၊ ရရှိလာတဲ့ 𝐃𝐢𝐩𝐥𝐨𝐦𝐚 နဲ့ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေဆီ တိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
"အိပ်မက်တွေမှာ သက်တမ်းကုန်ဆုံးရက် မရှိပါဘူး။" 💯
အသက်အရွယ်ထက် ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကသာ အဓိကဖြစ်လို့ အချိန်မနှောင်းခင် အကောင်းဆုံး ပုံဖော်လိုက်ပါ။
𝐁𝐇𝐈 က အိပ်မက်တွေဆီကို အမြန်ဆုံး ခုန်ကူးနိုင်အောင် တံတားတစ်စင်းအဖြစ် အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ။ 🤗
09/05/2026
🎧 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧
𝐂𝐡𝐚𝐭𝐆𝐏𝐓 ကို မေးလိုက်တိုင်း ကိုယ်လိုချင်တဲ့ 𝐚𝐧𝐬𝐰𝐞𝐫 မရတာ၊ 𝐀𝐈 က နားမလည်သလိုဖြစ်တာ၊ 𝐩𝐫𝐨𝐦𝐩𝐭 ရေးပေမယ့် 𝐫𝐞𝐬𝐮𝐥𝐭 က မတိကျတာမျိုးတွေ ကြုံဖူးပါသလား?
ဒီအပတ် 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 မှာတော့ 𝐏𝐫𝐨𝐦𝐩𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 ဆိုတာဘာလဲ၊ ဘာကြောင့် အရေးကြီးလာတာလဲ၊ 𝐀𝐈 နဲ့ ပိုပြီးထိရောက်စွာ ဆက်သွယ်နိုင်ဖို့ ဘယ်လို 𝐩𝐫𝐨𝐦𝐩𝐭 တွေရေးသင့်လဲဆိုတာကို အတူတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
📌 𝐓𝐨𝐩𝐢𝐜: 𝐖𝐡𝐚𝐭 𝐈𝐬 𝐏𝐫𝐨𝐦𝐩𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐚𝐧𝐝 𝐖𝐡𝐲 𝐃𝐨𝐞𝐬 𝐈𝐭 𝐌𝐚𝐭𝐭𝐞𝐫?
ဒီ 𝐬𝐞𝐬𝐬𝐢𝐨𝐧 မှာ
𝐀𝐈 က ဘယ်လို 𝐩𝐫𝐨𝐦𝐩𝐭 တွေကို နားလည်တာလဲ၊
ဘာကြောင့် 𝐜𝐥𝐞𝐚𝐫 𝐢𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 တွေက အရေးကြီးတာလဲ၊
𝐰𝐞𝐚𝐤 𝐩𝐫𝐨𝐦𝐩𝐭 နဲ့ 𝐬𝐭𝐫𝐨𝐧𝐠 𝐩𝐫𝐨𝐦𝐩𝐭 ဘာကွာလဲ၊
𝐀𝐈 ကို ပိုပြီးတိကျတဲ့ 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 ရအောင် ဘယ်လို 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 တွေ သုံးလို့ရလဲဆိုတာကို အင်္ဂလိပ်လို ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားမှာပါ။
📖 𝐏𝐫𝐞-𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝
ပိုမိုထိရောက်တဲ့ 𝐝𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 ဖြစ်စေဖို့အတွက် 𝐏𝐫𝐨𝐦𝐩𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 နဲ့ပတ်သက်တဲ့ 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 လေးကို ကြိုတင်ဖတ်ရှုထားပေးပါနော်။
✨ 𝐖𝐡𝐚𝐭’𝐬 𝐢𝐧 𝐢𝐭 𝐟𝐨𝐫 𝐲𝐨𝐮?
• 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐤𝐢𝐥𝐥𝐬 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞: 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐯𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲, 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠, 𝐜𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠, 𝐢𝐝𝐞𝐚 𝐬𝐡𝐚𝐫𝐢𝐧𝐠 နဲ့ 𝐢𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐨𝐧 𝐬𝐤𝐢𝐥𝐥𝐬 တွေကို တစ်နေရာတည်းမှာ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်နိုင်မှာပါ။
• 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐀𝐈 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬: 𝐂𝐡𝐚𝐭𝐆𝐏𝐓 နဲ့ အခြား 𝐀𝐈 𝐭𝐨𝐨𝐥𝐬 တွေကို ပိုပြီးထိရောက်စွာ အသုံးပြုနိုင်ဖို့ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐩𝐫𝐨𝐦𝐩𝐭𝐢𝐧𝐠 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 တွေကို ဆွေးနွေးနိုင်မှာပါ။
• 𝐒𝐚𝐟𝐞 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မယ့် ပတ်ဝန်းကျင်။
• 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠: 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐥𝐞𝐚𝐫𝐧𝐞𝐫𝐬 နဲ့ 𝐀𝐈 စိတ်ဝင်စားသူတွေ အချင်းချင်း သိကျွမ်းပြီး အတူတူ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်နိုင်မယ့် အခွင့်အရေး။
📅 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 & 𝐃𝐞𝐭𝐚𝐢𝐥𝐬
• 𝐃𝐚𝐭𝐞: 𝐌𝐚𝐲 𝟗, 𝟐𝟎𝟐𝟔
• 𝐃𝐚𝐲: 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲
• 𝐓𝐢𝐦𝐞: 𝟕:𝟑𝟎 𝐏𝐌 𝐭𝐨 𝟗:𝟎𝟎 𝐏𝐌
• 𝐓𝐢𝐦𝐞 𝐙𝐨𝐧𝐞: 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐢𝐦𝐞 (𝐌𝐌𝐓)
• 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐎𝐧𝐥𝐢𝐧𝐞
• 𝐅𝐞𝐞𝐬: 𝟏𝟎𝟎% 𝐅𝐫𝐞𝐞
🚀 𝐇𝐨𝐰 𝐭𝐨 𝐉𝐨𝐢𝐧?
ဒီ 𝐬𝐞𝐬𝐬𝐢𝐨𝐧 မှာ ပါဝင်ဆွေးနွေးဖို့ 𝐙𝐨𝐨𝐦 𝐈𝐃, 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 နဲ့ ကြိုတင်ဖတ်ရှုရမယ့် 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 ကို အောက်ပါ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
👉 𝐉𝐨𝐢𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 𝐇𝐞𝐫𝐞: https://t.me/bright_hill_international
𝐀𝐈 ကို အသုံးပြုတတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။
𝐀𝐈 နဲ့ ဘယ်လို ထိရောက်စွာ ဆက်သွယ်မလဲဆိုတဲ့ 𝐩𝐫𝐨𝐦𝐩𝐭𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥 က အနာဂတ်မှာ ပိုပိုပြီး အရေးကြီးလာမှာပါ။
အခုပဲ 𝐆𝐫𝐨𝐮𝐩 ထဲဝင်ထားပြီး 𝐌𝐚𝐲 𝟗, 𝟐𝟎𝟐𝟔, 𝟕:𝟑𝟎 𝐏𝐌 𝐌𝐌𝐓 မှာ ဆုံကြရအောင်! 🦋⛰️
09/05/2026
📢 Singapore မှာ Fully Funded Scholarship နဲ့ ပညာသင်ချင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးကောင်းတစ်ခုပါ 🇸🇬
Singapore နိုင်ငံရဲ့ Ministry of Education (MOE) က ASEAN နိုင်ငံတွေက ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ASEAN Scholarship 2026 ကို ဖွင့်လှစ်ထားပါတယ်။
ဒီ scholarship က Singapore ရှိ selected schools တွေမှာ Secondary 3 ကနေ စပြီး ဆက်လက်ပညာသင်ယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
Scholarship ရရှိတဲ့ ကျောင်းသားတွေအနေနဲ့ Singapore ရဲ့ အရည်အသွေးမြင့်ပညာရေးစနစ်ထဲမှာ ပညာသင်ယူနိုင်ရုံသာမက leadership skill, communication skill, confidence, independence နဲ့ global exposure တွေကိုပါ တိုးတက်အောင် လေ့လာခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
မတူညီတဲ့ နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေက ကျောင်းသားတွေနဲ့အတူ ပညာသင်ယူရမှာဖြစ်တဲ့အတွက် cultural exchange နဲ့ international understanding ကိုလည်း တိုးတက်စေနိုင်မယ့် အတွေ့အကြုံကောင်းတစ်ခုပါ။
📍 Scholarship Location
Singapore
🎓 Scholarship Coverage
Fully Funded
✅ Scholarship မှာ ပါဝင်နိုင်တဲ့ Support များ
• School fees
• Hostel accommodation
• Annual allowance
• Return airfare
• Medical benefits & insurance
• Examination fees, where applicable
📚 Eligible Level
Secondary 3 admission at selected schools in Singapore
📅 Application Deadline
15 May 2026
🔗 Official Source
Singapore Ministry of Education (MOE)