14/03/2019
Karen Knowledge
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Karen Knowledge, ครูสอนพิเศษ/ครู, Bangkok.
14/03/2019
01/10/2017
စီးပွားရေးလုပ်ငန်းနဲ့ အလုပ်အကိုင်တိုးတက်မှု ရပ်တန့်နေတယ်၊ နှေးကွေးနေတယ်လို့ သင်တွေးမိနေတာ ဘယ်လောက်ကြာပြီလဲ …
Transformational Leadership Journey (TLJ) မှာ ၃ ရက်အပြည့်သာ အချိန်ပေးပါ …
သင့်လုပ်ငန်း၊ အလုပ်အကိုင်သာမက ဘ၀၏ ကဏ္ဍအသီးသီးတွင် တိုးတက်ပြောင်းလဲမှုအတွက် လက်တွေ့ကျပြီး ထိရောက်မှုရှိသည့်အပြင် ရလာဒ်ကောင်းများကို ရရှိစေသော Action Plan များစွာကို သင်ကိုယ်တိုင်စဉ်းစားပြီး သိရှိသွားပါလိမ့်မည် …
TLJ သင်တန်းကို မြန်မာနိုင်ငံတွင် John Maxwell Team ၏ ပထမဆုံး Certified Team Member နှင့် Executive Director ဖြစ်သော U Naing Win Aung မှ သင်ကြားမည်ဖြစ်ပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ ရန်ကုန်နှင့် မန္တလေးပွဲများတွင် ပါဝင်ပြောကြားပေးပါမည် ...
ရန်ကုန်တွင် ပြုလုပ်မည့် TLJ အတွက် သင်တန်းသားဦးရေ ၄၅ ဦးသာ ကျန်ပါတော့တယ် …
၃ ရက်လုံး မနက် ၉ နာရီကနေ ည ၈ နာရီအထိ တက်ရမယ့် Intensive သင်တန်းအတွက် Early Bird အနေနဲ့ သင်တန်းကြေး ၆၉၅၀၀ ကျပ်သာ သတ်မှတ်ထားပါတယ် …
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
TLJ Intensive ၃ ရက်အတွင်းနှင့် သင်တန်းပြီးကာလများတွင် အပြည့်အ၀ လိုက်ပါ လုပ်ဆောင်ခြင်းဖြင့်
လုပ်ငန်းနဲ့ ပတ်သက်ပြီး သင့်စိတ်ထဲမှာ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားပြီး သင့်မှာရှိတဲ့ မွမ်းကြပ်မှုတွေ သက်သာသွားပါလိမ့်မည် …
လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေ ကျဆင်းသွားပြီး သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းကို သင်သိလာပါမည် …
လူအများမှာ ရှိတတ်တဲ့ မကောင်းတဲ့အမူအကျင့်တွေကို ဘယ်လိုလျှော့ချရမယ်ဆိုတာကို သင်သိလာလိမ့်မည် …
သင့်တစ်ယောက်တည်းမှာ ပိနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာကို သိလာမည် …
သင့်လုပ်ငန်းမှာ ၀န်ထမ်းမတည်ငြိမ်ခြင်းရဲ့ အကြောင်းရင်းတွေကို သင်သိလာမည် …
လူအများနဲ့ အဆင်ပြေပြေ နေနိုင်လာမည် …
သင့်လုပ်ငန်းနဲ့ အလုပ်အကိုင်အတွက် ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိလာလိမ့်မည် …
ရှေ့ဆက်ပြီး လေ့လာသင်ယူသင့်သော အကြောင်းအရာများကို သိရှိလာမည် …
မိသားစုနဲ့ ပိုပြီးနွေးနွေးထွေးထွေး ရှိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်သိလာမည် …
ပတ်ဝန်းကျင်ကသူတွေ သင့်စကားနားထောင်လာအောင် ဘယ်လိုဦးဆောင်ရမယ်ဆိုတာကို သိလာလိမ့်မယ် …
ရှေ့ဆက်ပြီး လုပ်ငန်း၊ အလုပ်အကိုင်နဲ့ ဘ၀တိုးတက်မှုအတွက် လုပ်ဆောင်ရမယ့် လက်တွေ့ကျသော Action Plan များစွာကို ရရှိလာလိမ့်မယ် …
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရန်ကုန်
ရက်စွဲ - အောက်တိုဘာ ၆၊ ၇၊ ၈
အချိန် - မနက် ၉ နာရီမှ ညနေ ၇ နာရီအထိ ( မိတ်ဆွေများအတွက် သင်ကြားမှုကို အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်၍ သင်တန်းပြီးဆုံးချိန် ည ၈ နာရီအထိ အချိန်ယူနိုင်ပါသည်။)
နေရာ - CBC၊ ဆရာစံပလာဇာ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
တောင်ကြီး
ရက်စွဲ - အောက်တိုဘာ ၁၃၊ ၁၄၊ ၁၅
အချိန် - မနက် ၉ နာရီမှ ညနေ ၇ နာရီအထိ ( မိတ်ဆွေများအတွက် သင်ကြားမှုကို အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်၍ သင်တန်းပြီးဆုံးချိန် ည ၈ နာရီအထိ အချိန်ယူနိုင်ပါသည်။)
နေရာ - တောင်ကြီးဟိုတယ်၊ တောင်ကြီးမြို့။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
မန္တလေး
ရက်စွဲ - အောက်တိုဘာ၂၇၊ ၂၈၊ ၂၉
အချိန် - မနက် ၉ နာရီမှ ညနေ ၇ နာရီအထိ ( မိတ်ဆွေများအတွက် သင်ကြားမှုကို အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်၍ သင်တန်းပြီးဆုံးချိန် ည ၈ နာရီအထိ အချိန်ယူနိုင်ပါသည်။)
နေရာ - မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)၊ ၃၄ လမ်းနဲ့ ၇၈ လမ်းထောင့်၊ မန္တလေးမြို့။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နားချိန်များ ပါဝင်သော်လည်း အစားအသောက်အတွက် မိမိအစီအစဉ်ဖြင့် မိမိသုံးဆောင်ရပါမည်။ မနက်ပိုင်းများတွင် ဗိုက်ဆာပါက စားနိုင်ရန် မုန့်များ မဖြစ်မနေ ထည့်ယူလာနိုင်ပါသည်။)
ပထမဆုံး အပ်နှံသူ ၇၅ ဦးစီအတွက် တစ်ဦးလျှင် - ၆၉၅၀၀ ကျပ်သာ ကျသင့်မည်ဖြစ်သဖြင့် အမြန်ဆုံး ဖုန်းဆက်၍ အပ်နှံနိုင်ပါသည်။
ပုံမှန်သင်တန်းကြေး - ၁၉၉၅၀၀ ကျပ်
ယခုသင်တန်းကို တက်ရောက်ပြီး လိုက်နာကျင့်သုံးသည့်အတွက် လုပ်ငန်းခွင်တွင် အလုပ်ထိရောက်မှုပိုမိုမြင့်တက်လာမည့်အပြင် သင့်ဘ၀၏ ကဏ္ဍအသီးသီးတွင် အပြုသဘောပြောင်းလဲမှုများ ပြုလုပ်လာနိုင်ပါလိမ့်မည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
သင်တန်းအစီအစဉ် ၃ ရက်ပြီးစီးပါက Breakthrough Coaching, Training & Consulting မှ ပေးအပ်သော Transformational Leadership Journey Certificate နှင့် John Maxwell Team ကိုယ်စား Breakthrough မှ ပေးအပ်သော 15 Invaluable Laws of Growth Certificate ကို ရရှိမည် ဖြစ်၍ Certificate ၂ ခု ရရှိပါမည်။
Transformational Leadership Journey (TLJ) ကို အမြန်ဆုံးအပ်နှံနိုင်ရန် Breakthrough Coaching, Training & Consulting အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Breakthrough Office - 09765222103
ဦးရဲလင်းဦး 09765222109
ဦးအောင်ကိုကို 09765222108, 0943043454
ဦးဇေယျာ - 09765222107
ဦးရဲလင်းဦး Executive 09765222109
တို့ကို ဆက်သွယ်၍ အပ်နှံနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
တက်ရောက်သင့်သောသူများ
* စီးပွားရေး လုပ်ငန်းရှင်များ
* ဒါရိုက်တာများ
* Senior Manager များ
* Middle Manager များ
* ခေါင်းဆောင်မှုကို လေ့လာလိုသူများ
* လက်တွေ့ကျကျ တိုးတက်ပြောင်းလဲမှုကို ရယူလိုသူများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
အင်မတန်မှ အားရကျေနပ်ပါတယ်။ မြန်မာပြည်ကို ဒီလိုသင်တန်းတွေနှင့် မိတ်ဆက်ပေး ၊ သင်ကြားပေးတဲ့အတွက်လဲ အထူးပင်လေးစားပါတယ်။ ဒီသင်တန်းမှလဲ ကျွန်တော်တို့အတွက် အလွန်အသုံးဝင်တဲ့ နည်းလမ်းတွေ လုပ်ကိုင်ရမည့်လုပ်ငန်းစဉ်တွေကို ရှင်းလင်းစွာ သိရှိပါတယ်။ပိုမို၍ တိုးတက်အောင်မြင်ပါစေ….
Zaw Hein
MD
United Marine Int’ll Company
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ယခု Transformational Leadership Journey (၃) ရက်သင်တန်းတက်ရောက်ရသည့် အတွက် ကျွန်မ ဌာန ကို ဘယ်လို Lead လုပ်ရမယ် Manage လုပ်ရမည်ဆိုသည့်နည်းလမ်းကောင်းအားလုံးကို သိရှိရ၍ ပြန်လည်အသုံးချပြီး အောင်မြင်အောင် အကောင်အထည်ဖော်သွားမှာပါ။ အလွန်တန်ဖိုးရှိသော သင်တန်းတစ်ခု ဖြစ်ပါတယ်။
Theint Thinzar Aung
General Manager
SMIDB Bank
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကျွန်တော် ရင်ထဲက အသိ စိတ်တွေ မသိစိတ်တွေ ဒီမှာလာပြီး မှန် တစ်ချက်ကြည့်ရသကဲ့သို့ လိုအပ်ချက်များ ပြုပြင်စရာများကို ရရှိခဲ့ပါတယ်။ ကျွန်တော် ဘယ်အခြေအနေ ဘယ်နေရာ အနေအထားမှာရောက်နေတယ် ကိုယ်ပိုင်စည်းကမ်းတွေ ချမှတ်ပြီး ပြုပြင်လုပ်ဆောင်ရန်များစွာလိုအပ်သည်ကို တွေ့ရှိရရှိခံစားခဲ့ရပါတယ်။
Kyaw Zay Yar Oo
CEO
Ruby 32 Co.,Ltd
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ခန်းမအနေအထားအရ လူဦးရေ အလွန်အကန့်အသတ်ရှိတဲ့အတွက် Transformational Leadership Journey (TLJ) ကို အမြန်ဆုံးအပ်နှံနိုင်ရန် Breakthrough Coaching, Training & Consulting အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Breakthrough Office - 09765222103
ဦးရဲလင်းဦး 09765222109
ဦးအောင်ကိုကို - 09765222108, 0943043454
ဦးဇေယျာ - 09765222107
ဦးမောင်ဟိန်း 09765222106
တို့ကို ဆက်သွယ်၍ အပ်နှံနိုင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Breakthrough Coaching, Training & Consulting မှ Founder, CEO နှင့် Master Facilitator ဖြစ်သော U Naing Win Aung (Executive Coach) ၏ ကိုယ်ရေးအကျဉ်း
ဦးနိုင်ဝင်းအောင်သည် မြန်မာနိုင်ငံသို့ American Board of NLP, International Coach Federation (ICF) နှင့် John Maxwell Team Program စသည့် နိုင်ငံတကာအသိအမှတ်ပြု Program သို့ Credential များကို ယူဆောင်လာပြီး မြန်မာနိုင်ငံတွင် Coaching Culture ကို စတင် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် University of Northampton (UK) မှ MBA ဘွဲ့ကို ရရှိခဲ့ပြီး American Board of NLP မှ အသိအမှတ်ပြု Certified NLP Trainer & Master Coach တစ်ဦးဖြစ်သည့်အပြင် Certified Master Time Line Therapist တစ်ဦးဖြစ်သည်။ ထို့အပြင် International Coach Federation (ICF) မှ အသိအမှတ်ပြုသော Associate Certified Coach (ACC) Credential ကို ရယူထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ICF အသိအမှတ်ပြု Professional Coach ဖြစ်သည့်အပြင် ပထမဆုံး Certified John Maxwell Coach, Trainer & Speaker နှင့် Executive Director (John Maxwell Team) လည်း ဖြစ်သည်။ ဦးနိုင်ဝင်းအောင်သည် Success Resources မှ Millionaire Mind Intensive, Guerrilla Business Intensive, Train The Trainer Intensive များကို တက်ရောက်ခဲ့ပြီး Blair Singer Academy ၏ Master Facilitator Program တွင် မြန်မာနိုင်ငံမှ ပထမဆုံးတက်ရောက်သူအဖြစ် တက်ရောက်ခဲ့သည်။
လုပ်ငန်းအတွေ့အကြုံအနေဖြင့် သူသည် YKKO Group of Companies Limited တွင် Executive Director အဖြစ်ဖြင့် Operation Department နှင့် HR Department များကို စုစုပေါင်း ၉ နှစ်ဝန်းကျင် တာဝန်ယူခဲ့ပြီး ၀န်ထမ်းပေါင်း ထောင်ကျော်နှင့် မန်နေဂျာများစွာကို ဦးဆောင်ခဲ့သည်။ Operation Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊ Quality, Service, Cleanliness များ တသမတ်တည်း ဖြစ်စေရန် အထောက်အပံ့ဖြစ်သော Operation Manual ကို ဦးဆောင်ပြုစုခြင်း၊ HR Department ကို စနစ်ကျအောင် ပြုလုပ်ရာတွင် ပါဝင်ခြင်း၊ ၀န်ထမ်းများကို Internal Training များ ပေးခြင်း၊ ပြင်ပမှ Business Consultant, Management Consultant များနှင့် အနီးကပ်လုပ်ဆောင်ခြင်း၊ ပြင်ပမှာ ပညာရှင်များ ဖိတ်ကြား၍ သင်တန်းများ ဦးဆောင်စီစဉ်ခြင်း၊ YKKO Training School ထူထောင်ရာတွင် ပါဝင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သူသည် သင်တန်းများ တက်ရောက်ခြင်း၊ လက်တွေ့အသုံးချခြင်း၊ ပြန်လည်မျှဝေခြင်းတို့တွင် ပြင်းပြသော စိတ်ဆန္ဒရှိခြင်းကြောင့် နိုင်ငံတကာမှ အကောင်းဆုံး Professional Coach Training & Train The Trainer Training များကို လေ့လာ၍ စီးပွားရေးလုပ်ငန်းရှင်များအား ၄င်းတို့၏ လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ကူညီနိုင်ရန် Breakthrough Coaching, Training & Consulting ကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှာ Branch အများအပြားရှိသော လုပ်ငန်းရှင်များ၏ ၄င်းတို့၏ လုပ်ငန်းများတွင် ဖောက်သည်များအား တူညီသော ၀န်ဆောင်မှုများကို ပေးရန် ကြိုးပမ်းရာတွင် ကူညီနိုင်ရန်အတွက် Mystery Shoppers Myanmar Company Limited ကိုပါ ထူထောင်၍ Retail & Hospitality Industry များမှ လုပ်ငန်းများကို ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။
ယခုအခါတွင် Breakthrough Coaching, Training & Consulting တွင် C.E.O, Executive & Business Coach, Master Facilitator, Leadership Development Trainer အဖြစ်လည်းကောင်း၊ Mystery Shoppers Myanmar Company Limited တွင် C.E.O အဖြစ်လည်းကောင်း၊ John Maxwell Team တွင် Executive Director အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ လုပ်ငန်းရှင်ပေါင်းများစွာကို တစ်ဦးချင်း Executive Coaching ၀န်ဆောင်မှုများ ပေးပြီး ဖြစ်သည့်အပြင် လုပ်ငန်းပေါင်းများစွာအတွက် Team Coaching နှင့် Corporate Leadership Training ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။ ထို့အပြင် ဦးနိုင်ဝင်းအောင်၏ Breakthrough Coaching, Training & Consulting နှင့် ဘန်ကောက်အခြေစိုက် NLP Top Coach တို့ ပူးပေါင်း၍ American Board of NLP အသိအမှတ်ပြု NLP Practitioner, NLP Master Practitioner နဲ့ NLP Train The Trainer သင်တန်းများကိုလည်း စီစဉ်ပေးလျက်ရှိပါသည်။
01/09/2017
မြန်မာနိုင်ငံ လူမှုကွန်ရက်သုံးစွဲသူများလိုက်နာရမယ့် စံနှုန်းများ Facebook မှ ထုတ်ပြန်ကြေငြာ ပထမဆုံးအကြိမ် ပြည်တွင်းလူမှုကွန်ရက်သုံးစွဲသူများအတွက် ကြေငြာလိုက်တာပါ။
01/09/2017
05/08/2017
H1N1 တုပ်ကွေး ကင်းစင်ဖို့ ကိုယ်ခံအားစနစ် မြင့်တက်စေမည့် အစာများ
ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)
- - - - - - - - - - - - - - - - - - - - - - - - - - -
အဓိကကတော့ ကိုယ်ခံအားတက်မယ့် အစား အသောက်တွေကို စားပေးဖို့ လိုတယ်။ ဗီတာမင်စီ များတဲ့ အစာတွေနဲ့ အမိုင်နိုပပ်တိုက်ပါတဲ့ အစာတွေ က ကိုယ်ခံအားကောင်းစေပါတယ်။
(၁) စွပ်ပြုတ်
စွပ်ပြုတ်အနေနဲ့ ကြက်စွပ်ပြုတ်ကလည်း ပရိုတင်းပါလို့ ကိုယ်ခံအား တက်စေပါတယ်။ ငါးစွပ်ပြုတ်၊ ပုဇွန်စွပ်ပြုတ်၊ ပဲစွပ်ပြုတ် စတာတွေက လည်း ပရိုတင်းဓာတ်ပါဝင်မှုများတဲ့အတွက် စားသင့်ပါတယ်။အထူးသဖြင့် စွပ်ပြုတ်ရည်ကို ဟင်းခတ်အမွှေးအ ကြိုင်ထည့်ပြီး ပူပူနွေးနွေးလေး သောက်ပေးရပါမယ်။
(၂) ပုဇွန်
ပုဇွန်စားရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဇင့် (သွပ်)ဓာတ်ပါဝင် တာကြောင့် ကိုယ်ခံအားမြင့်တက် စေပါတယ်။ အခုလောလောဆယ်မှာ ပုဇွန်စွပ်ပြုတ် ပူပူလေး သောက်ပေးရင်လည်း ကောင်းပါတယ်။
(၃) ဗီတာမင်စီပါဝင်မှုများသည့် အစာများ
လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး၊ ငရုတ်ပွသီး စတာတွေမှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းလည်း ပါတဲ့အတွက် အ ရေပြားကို ကျန်းမာစေတော့ ပိုးတွေက တော်ရုံတန်ရုံနဲ့ မနေနိုင်ပါဘူး။
(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းကလည်း ဗီတာမင်ကော သတ္တု ဓာတ်ပါ များများ ပါဝင်တဲ့အတွက် စူပါအစားအစာထဲမှာ ပါဝင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့် စတာတွေ ပါဝင်တဲ့အတွက် ကိုယ်ခံအားကို တက်စေပါတယ်။
(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို မြင့်တက် စေတဲ့ အစာပါ။ အယ်လီစင်ဓာတ်ပါတဲ့အတွက် ကြက်သွန်ဖြူကို အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက စပ်လို့ မစားနိုင်ရင် နည်းနည်းလေး ပြုတ်လိုက်ပြီး အချိန် ၃ မိနစ်လောက် ထားလိုက်တာ နဲ့ သူ့အလိုလို ပျော့သွားပါတယ်။ အဲဒါကို စားပေးရင် လည်း ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။
(၆) ချင်း (ဂျင်း)
ချင်း(ဂျင်း)ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။ ချင်းကို သုပ်စားစား၊ ပြုတ်စားစား ကောင်းပါတယ်။
(၇) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။
(၈) ဒိန်ချဉ်
ဒိန်ချဉ်ကတော့ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတဲ့ အစာပါ။
(၉) ဗာဒံစေ့ (Almond)
ဗာဒံစေ့ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပဲ ဖြစ်ပါတယ်။
(၁၀) ဆနွင်း(နနွင်း)
ဆနွင်းမှုန့်ကလည်း ကိုယ်ခံအားမြင့်တက်စေတဲ့ အရာ ဖြစ်ပါတယ်။
(၁၁) ရေနွေးကြမ်း
ရေနွေးကြမ်းပူပူလေး သောက်ပေးရင် ကိုယ်ခံအားတက်စေပါတယ်။ အထူးသဖြင့် Green Tea ထဲမှာ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ခန္ဓာကိုယ်ထဲ တီဆဲလ်တွေ ထုတ်ပေးပါတယ်။ အပြင်ကနေ ပိုးဝင်လာရင် တီဆဲလ်တွေက တွန်းလှန်ပေးပါတယ်။
(၁၂) သင်္ဘောသီး
သင်္ဘောသီးကလည်း ဗီတာမင်စီ၊ ပိုတက်ဆီယမ်ပါတဲ့အတွက် ကိုယ်ခံအားမြင့်တက်စေပါတယ်။
(၁၃) ကီဝီသီး
ကီဝီသီးကလည်း ကိုယ်ခံအားမြင့်တက်စေလို့ စားပေးသင့်ပါတယ်။
(၁၄) နေကြာစေ့
နေ့ကြာစေ့မှာလည်း ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီ ယမ်ပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားတက်စေပါတယ်။
(၁၅) ထောပတ်သီး
ထောပတ်သီးကလည်း ကိုယ်ခံအားတက်စေတဲ့ အစာဖြစ်ပါတယ်။
အရေးကြီးတာက သန့်ရှင်းရေးကောင်းဖို့ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးတွေကို အလေးထားရပါမယ်။
(Healthy Life ဂျာနယ် အမှတ် (၉၂) တွင် ပါရှိသည့် အာဟာရဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည် ဖော်ပြလိုက်ရပါသည်။)
♦ #ယခုဆောင်းပါးကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ အခြားမီဒီယာများ၊ Page Admin များအနေဖြင့် ဆောင်းပါးတစ်ပုဒ်လုံးသော်လည်းကောင်း၊ တစ်ပိုင်းတစ်စသော်လည်းကာင်း ကူးယူဖော်ပြခွင့်မရှိပါ။
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok
2281990