Teacher Khin Thuzar Myint - IELTS

Teacher Khin Thuzar Myint - IELTS

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Teacher Khin Thuzar Myint - IELTS, การศึกษา, Bangkok.

IELTS Specialist | Band 7+ Training

15+ years teaching experience

Helping students improve all four skills through clear strategy, real correction, and step-by-step guidance.

16/08/2026

💜 Big Congratulations, Merida! 🎉

🏆 IELTS Overall Band 7.0

Listening 7.0 | Reading 8.0
Writing 6.0 | Speaking 7.5

အချိန်တိုအတွင်း IELTS One-on-One နဲ့ ကိုယ်လိုချင်တဲ့ Target Score ကို ရရှိခဲ့တဲ့အတွက် ဆရာနဲ့ဆရာမတို့ အရမ်းဂုဏ်ယူပါတယ်။ 💜

Reading 8.0 & Speaking 7.5 — Well deserved! 🎓✨

💬 Merida ရဲ့ Honest Review လေးကို Reel ထဲမှာ ကြည့်ရှုနိုင်ပါတယ်။

September IELTS Intake – Enrollment Open 💜
အသေးစိတ်သိချင်ရင် Page Messenger မှာ စုံစမ်းနိုင်ပါတယ်ရှင်။

Photos from Teacher Khin Thuzar Myint - IELTS's post 16/08/2026

💜 Big Congratulations, Dear Thu Htet Thar @ Merida! 🎉

Listening – 7.0
Reading – 8.0
Writing – 6.0
Speaking – 7.5

🏆 Overall Band – 7.0

IELTS One-on-One Class နဲ့ အချိန်တိုအတွင်း ကိုယ်လိုချင်တဲ့ Target Score ကို ရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် ဆရာနဲ့ ဆရာမတို့ အရမ်းဂုဏ်ယူပါတယ် သမီးရေ။ 💜

သင်ခန်းစာတိုင်းကို သေချာလိုက်ပါလုပ်ပေးပြီး Practice တွေကိုလည်း မပျက်မကွက်လုပ်ခဲ့သလို ကိုယ့်ရဲ့လိုအပ်ချက်တွေကို သိရှိပြီး တစ်ဆင့်ချင်းစီ ကြိုးစားပြင်ဆင်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ 🥰

အထူးသဖြင့် အချိန်သိပ်မရတဲ့ကြားက Reading 8.0 နဲ့ Speaking 7.5 ရရှိခဲ့တာအတွက် အများကြီးအားရပြီး ဂုဏ်ယူမိပါတယ်။ 💜

ကိုယ်လိုချင်တဲ့ Target Score လေးကို ရရှိအောင်မြင်ခဲ့သလို နောက်ထပ်ရည်မှန်းထားတဲ့ Goals တွေအတွက်လည်း ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှုတွေနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆရာနဲ့ ဆရာမတို့ ဆုတောင်းပေးပါတယ်။ 🌷

Congratulations once again, Merida! 🎓💜
We’re truly proud of you!

— Tr. Khin Thuzar Myint & Sir Michael
Vitamin Education Centre 🎓

သမီး Merida ရဲ့ Honest Review လေးကိုလည်း ဒုတိယပုံမှာ ဖတ်ရှုနိုင်ပါတယ်ရှင်။ 💬💜

IELTS ပြင်ဆင်ဖို့အတွက် Vitamin Education Centre ရဲ့ လူနည်းနည်းနဲ့ စနစ်တကျ သင်ကြားပေးတဲ့ IELTS Premium Courses လေးတွေကို Join လို့ရသလို၊ တစ်ဦးချင်းသီးသန့် သင်ကြားလိုသူများအတွက် IELTS One-on-One Class လေးတွေလည်း စီစဉ်ပေးထားပါတယ်နော်။ 💜

📌 August Premium Class လေးကတော့ လူပြည့်သွားပြီဖြစ်လို့
September Intake အတွက် စတင်အပ်နှံနိုင်ပါပြီရှင်။

ကိုယ့်ရဲ့ Target Band Score ကို စနစ်တကျ ပြင်ဆင်ပြီး ရယူချင်တယ်ဆိုရင် Vitamin Education Centre ကို Message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။ 💜



Photos from Teacher Khin Thuzar Myint - IELTS's post 13/08/2026

💜 Student Memory | Upper-Intermediate Batch 06/26

“ဆရာမတစ်ယောက်အနေနဲ့
ကိုယ့်တပည့်တွေ English နဲ့ပတ်သက်ရင် အရင်က မပြောရဲ၊ မလုပ်ရဲတဲ့အရာတွေကို အခု ယုံကြည်မှုရှိရှိ ပြောရဲ၊ လုပ်ရဲလာတာကို မြင်ရတဲ့အချိန်က ပိုပြီး ပီတိဖြစ်စရာကောင်းပါတယ်…” 🤍

Upper-Intermediate Batch ပြီးဆုံးချိန်မှာ သမီး Pyae Thawdar Win ရဲ့ Reflection ကို ဖတ်ရင်း ဝမ်းသာမိတဲ့အရာတစ်ခုကတော့—

“Confidence in speaking English” တိုးတက်လာတယ်ဆိုတဲ့ ပြောင်းလဲမှုလေးပါ။ 💜

Class မတက်ခင်က English ပြောတဲ့အခါ mistakes လုပ်မိမှာကြောက်ပြီး စိတ်ပူတတ်ခဲ့ပေမယ့် သင်တန်းပြီးတဲ့အချိန်မှာတော့ ကိုယ့်အတွေးတွေကို ပိုပြီး ယုံကြည်မှုရှိရှိ ဖော်ပြပြောဆိုနိုင်လာတယ် ဆိုတာကို လက်တွေ့မြင်ရလို့ အများကြီးအားရမိပါတယ်။

အထူးသဖြင့် Class ထဲမှာ အမြဲလုပ်ဖြစ်တဲ့ Random Q&A Sessions တွေကလည်း သူ့အတွက် Challenge တစ်ခုဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

“ဆရာမက ဘာမေးမလဲ?” ဆိုပြီး အရင်က စိတ်လှုပ်ရှားခဲ့ပေမယ့်…

အဲ့ဒီ Challenge တွေကပဲ—

👉 ချက်ချင်းစဉ်းစားတတ်လာစေတယ်
👉 ပိုပြီး ယုံကြည်မှုရှိရှိ ပြောတတ်လာစေတယ်
👉 English ကို လက်တွေ့အသုံးချတတ်လာစေတယ်

လို့ Reflection ထဲမှာ ဖတ်ရတဲ့အတွက် ဆရာနဲ့ ဆရာမက အရမ်းကျေနပ်မိပါတယ်။ 💜

English သင်ယူတဲ့အခါ အမှားလုပ်မိမှာ မကြောက်တော့တာက Confidence ရဲ့အစပါ။

အခုလို တန်ဖိုးရှိတဲ့ Reflection လေးရေးပြီး မျှဝေပေးထားတာ ကျေးဇူးအများကြီးတင်ပါတယ် သမီးရေ… 🤍

ဒီ Feedback လေးကိုလည်း Sweet Memory လေးတစ်ခုအဖြစ် သိမ်းထားပါမယ်နော်။ 💜

Thank you for being a part of the Vitamin family. 💜

✍️ English ကို Confidence ရှိရှိ Next Level အထိ တက်ချင်ပြီး Comfort Zone ထဲကနေထွက်ကာ ကိုယ့်ကိုယ်ကို Challenge လုပ်ချင်တယ်ဆိုရင် — Vitamin Education Centre ရဲ့ Upper-Intermediate (B2) Class မှာ အတူတူကြိုးစားကြရအောင်။ 💜

13/08/2026

Big Congratulations, dear Merida 🎉💜

09/08/2026

TOEFL Speaking Mock Test with one-on-one student 💜🎓


09/08/2026

Tr ကြီး Happy Birthday အမှတ်တရ မှတ်တမ်းလေးတစ်ခု 💜🎉

28/07/2026

💜 Upper-Intermediate (B2) Level က ဘာလို့ အရေးကြီးတာလဲ?

အင်္ဂလိပ်စာ သင်ယူတဲ့သူအများစုက IELTS၊ TOEFL၊ အလုပ်အကိုင် ဒါမှမဟုတ် နိုင်ငံခြားပညာသင်ဖို့ ရည်ရွယ်ချက်နဲ့ စတင်လေ့လာကြပါတယ်။

ဒါပေမယ့်…

English Level တစ်ခုတက်လာတာက စာမေးပွဲတစ်ခုအတွက်ပဲ ရည်ရွယ်တာမဟုတ်ပါဘူး။

အထူးသဖြင့် Upper-Intermediate (B2) Level ကို ရောက်လာတဲ့အခါ English က “သင်ယူနေရတဲ့ ဘာသာရပ်” ဆိုတာထက် လက်တွေ့နယ်ပယ်မှာ “အသုံးချနိုင်တဲ့ Skill” တစ်ခု ဖြစ်လာပါတယ်။

B2 Level ရှိထားပြီဆိုရင် ဘာတွေ ကောင်းလာမလဲ ?

🎯 IELTS / TOEFL စတဲ့ Academic Exam တွေအတွက် ပြင်ဆင်ရတာ ပိုအဆင်ပြေလာတယ်။

B2 Level ရောက်လာတဲ့အခါ Skills ခိုင်လာတဲ့ အတွက်
IELTS သို့မဟုတ် TOEFL စတဲ့ Test တွေ ပြင်ဆင်တဲ့အခါ Skills ပိုင်းပြန်တည်ဆောက်ဖို့ တကူးတကမလိုတော့ဘဲ၊ Exam Format ၊ Time Management နဲ့ Strategy တွေကို ပိုပြီး အာရုံစိုက်ပြင်ဆင်လာနိုင်လာပါတယ်။



💼 Career Opportunities ပိုကျယ်လာတယ်။

အခုခေတ်မှာ International Companies၊ NGOs နဲ့ Remote Jobs တော်တော်များများက English Communication Skills ကို အရေးကြီးတဲ့ အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လာပါတယ်။

B2 Level ရှိထားရင် Meetings၊ Presentations၊ Interviews နဲ့ Professional Emails တွေကို ပိုယုံကြည်မှုရှိရှိ ကိုင်တွယ်နိုင်လာပါတယ်။



🎓 Study Abroad အတွက် အခြေခံကောင်းတစ်ခု ဖြစ်လာတယ်။

နိုင်ငံခြားတက္ကသိုလ်တွေမှာ စာသင်တဲ့အခါ Lecture နားထောင်တာ၊ Assignment ရေးတာ၊ Group Discussion မှာ ပါဝင်တာတွေက နေ့စဉ်လုပ်ရတဲ့ အရာတွေပါ။

B2 Level က Academic Environment ကို ပိုအဆင်ပြေစွာ လိုက်နိုင်ဖို့ အရေးကြီးတဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။



🗣️ English ကို ပိုသဘာဝကျကျ အသုံးပြုလာနိုင်တယ်။

အတွေးတစ်ခုကို မြန်မာလို အရင်စဉ်းစားပြီး English လို ပြန်ဆိုရတဲ့ အလေ့အကျင့်က တဖြည်းဖြည်း လျော့လာပါတယ်။

Conversation တွေမှာ ကိုယ့်အမြင်ကို ပိုရှင်းလင်းစွာ၊ ပိုယုံကြည်မှုရှိရှိ ဖော်ပြနိုင်လာပါတယ်။



🎬 English Content တွေကို ပိုလွယ်ကူစွာ နားလည်လာတယ်။

Movies၊ Podcasts၊ YouTube Videos နဲ့ Articles တွေကို နားလည်ဖို့ Subtitle ဒါမှမဟုတ် Dictionary ကို အရင်လို အမြဲအားကိုးနေရတဲ့ အခြေအနေကနေ တဖြည်းဖြည်း လွတ်လာပါတယ်။



🌍 ကမ္ဘာကြီးနဲ့ လည် ပိုနီးလာလိမ့်မယ်။

English ဟာ ဘာသာစကားတစ်ခုတည်း မဟုတ်ပါဘူး။

နိုင်ငံတကာက Knowledge အသစ်တွေကို လေ့လာဖို့၊ လူသစ်တွေနဲ့ ချိတ်ဆက်ဖို့၊ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေကို ရယူဖို့ တံခါးဖွင့်ပေးတဲ့ Skill တစ်ခုပါ။



💜 နောက်ဆုံး ပြောချင်တာက…

Upper-Intermediate (B2) ဆိုတာ Level တစ်ခု အနေနဲ့ ရောက်ရှိသွားတာပဲမဟုတ်ပါဘူး။

ပိုပြီး ယုံကြည်မှုရှိစွာ ပြောဆိုနိုင်တဲ့သူ၊ ပိုပြီး လွတ်လပ်စွာ သင်ယူနိုင်တဲ့သူ၊ ပိုပြီး အခွင့်အလမ်းများတဲ့သူ တစ်ယောက် ဖြစ်လာတဲ့ အဆင့် ဖြစ်ပါတယ်။

English ကို သင်ယူတဲ့ ရည်ရွယ်ချက်က စာမေးပွဲတစ်ခု ရည်ရွယ်ချက်တစ်ခုရောက်ဖို့ထက် ကိုယ့်ရဲ့ အနာဂတ်အခွင့်အလမ်းတွေ အတွက် ရွေးချယ်စရာတွေ ပိုများလာဖို့ ဖြစ်ပါတယ်။

မေတ္တာဖြင့်
ဆရာမဒေါ်ခင်သူဇာမြင့်

B2 - Upper-intermediate Level လေးကို ပြင်ဆင်မယ်ဆိုရင် Vitamin မှာ တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 💜

25/07/2026

💜 Vocabulary Booster #1

📚 Root Word: RETRO
👉 Meaning: “နောက်ပြန်” (Back / Backward)

ဒီနေ့ လေ့လာမယ့် Root Word ကတော့ RETRO ဖြစ်ပြီး “နောက်ပြန်” (Back / Backward) ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။

RETRO ပါဝင်တဲ့ နေ့စဉ်သုံး vocabulary (၅) လုံးကို အတူတူ လေ့လာကြည့်ရအောင်။ 👇

1️⃣ Retrospect (noun)
✅ Meaning: အတိတ်ကို ပြန်လည်သုံးသပ်ခြင်း / ပြန်စဉ်းစားခြင်း
(ဖြစ်ပြီးသွားတာတွေကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူတာကို ဆိုလိုပါတယ်)

📝 Example: In retrospect, I should have studied harder for the exam.
🇲🇲 Meaning: စာမေးပွဲပြီးမှ ပြန်စဉ်းစားကြည့်မိတော့ ငါ ပိုကြိုးစားခဲ့သင့်တာ။

💡 Remember: Retrospect = Look back on the past (အတိတ်ကို ပြန်ကြည့်ခြင်း)
(အများအားဖြင့် "In retrospect, ..." ဆိုတဲ့ ပုံစံနဲ့ တွဲသုံးလေ့ရှိပါတယ်)

2️⃣ Retrospective (adjective)
✅ Meaning: အတိတ်ကို ပြန်လည်သုံးသပ်သော
(အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်ဆန်းစစ် သုံးသပ်တဲ့)

📝 Example: The company held a retrospective meeting after the project.
🇲🇲 Meaning: Project ပြီးသွားတဲ့နောက် ကုမ္ပဏီက ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်။

💡 Remember: Retrospective ကို meeting, review, exhibition တို့နဲ့ တွဲသုံးလေ့ရှိပါတယ်။

• retrospective meeting (ပြန်လည်ဆန်းစစ်သည့် အစည်းအဝေး)
• retrospective review (အတိတ်ဖြစ်ရပ်များ ပြန်လည်ဆန်းစစ်ချက်)

3️⃣ Retroactive (adjective)
✅ Meaning: အတိတ်ကာလမှ စတင်၍ အကျိုးသက်ရောက်သော
(သတင်း/ကြေညာချက်ကို အခုမှ ထုတ်ပြန်ပေမဲ့ အရင်ရက်စွဲအတိုင်း အကျုံးဝင်တာကို ဆိုလိုပါတယ်)

📝 Example: The salary increase is retroactive from July.
🇲🇲 Meaning: လစာတိုးတာကို အခုမှ ကြေညာပေမဲ့ ဇူလိုင်လကတည်းကစပြီး အကျုံးဝင်ပါတယ်။

💡 Remember: Retroactive = Effective from an earlier date (အရင်ရက်စွဲကစပြီး အကျိုးသက်ရောက်ခြင်း)

4️⃣ Retrofit (verb)
✅ Meaning: အဟောင်းထဲသို့ အစိတ်အပိုင်းအသစ်များ ထည့်သွင်း၍ အဆင့်မြှင့်တင်သည်
(မူလပစ္စည်း/အဆောက်အအုံ အဟောင်းကို ပစ္စည်းအသစ်/နည်းပညာအသစ် တပ်ဆင်ပြီး မွမ်းမံတာ ဖြစ်ပါတယ်)

📝 Example: They retrofitted the old school with new computers.
🇲🇲 Meaning: ကျောင်းအဟောင်းမှာ ကွန်ပျူတာအသစ်တွေ တပ်ဆင်ပြီး အဆင့်မြှင့်တင်ခဲ့ကြတယ်။

💡 Remember: Retrofit = Upgrade an older structure/equipment (အဟောင်းကို ပြန်လည်မွမ်းမံ အဆင့်မြှင့်ခြင်း)

5️⃣ Retrograde (adjective / verb)
✅ Meaning: နောက်ပြန်ရွေ့သော / နောက်ပြန်ဆုတ်သွားသည်
(တိုးတက်နေတဲ့ အခြေအနေကနေ အနောက်ကို ပြန်ကျသွားတာ၊ ဆုတ်ယုတ်သွားတာကို ဆိုလိုပါတယ်)

📝 Example: Without practice, your English may retrograde.
🇲🇲 Meaning: မလေ့ကျင့်ဘဲ ထားရင် မင်းရဲ့ အင်္ဂလိပ်စာ အရည်အချင်းက နောက်ပြန်ကျသွားနိုင်တယ်။

💡 Remember: Retrograde = Move backward / Deteriorate (နောက်ပြန်ရွေ့ခြင်း / ဆုတ်ယုတ်ခြင်း)

🧠 Vocabulary Tip

RETRO = Back / Backward (နောက်ပြန်)
ဒီ Root Word လေးကို မိထားရင်…

✅ Retrospect → အတိတ်ကို ပြန်ကြည့်ခြင်း
✅ Retrospective → အတိတ်ကို ပြန်သုံးသပ်သော
✅ Retroactive → အတိတ်ကစပြီး အကျိုးသက်ရောက်သော
✅ Retrofit → အဟောင်းကို ပြန်လည်မွမ်းမံ အဆင့်မြှင့်ခြင်း
✅ Retrograde → နောက်ပြန်ကျ/ဆုတ်ယုတ်ခြင်း
စကားလုံးတစ်လုံးချင်းစီကို အလွတ်ကျက်စရာမလိုဘဲ Root Word ကနေ Meaning ကို အလွယ်တကူ ခန့်မှန်းနိုင်သွားပါပြီ!

❓ Mini Quiz
The new policy is ________ from 1 July.
A. retrospect
B. retrofit
C. retroactive
💬 Comment your answer below! 👇

💜 Follow Vitamin Education Centre for more Vocabulary Booster lessons and improve your English one root word at a time!

24/07/2026

🎧 IELTS Listening မှာ အမှားများတဲ့ “Self-Correction Trap” ကို သတိထားပါ! ⚠️

IELTS Listening ဖြေတဲ့အခါ အသံဖိုင်ထဲမှာ ပထမဆုံးကြားလိုက်ရတဲ့ အဖြေကို ချက်ချင်းရေးလိုက်ပေမဲ့ အမှတ်ထွက်လာတော့မှ လွဲသွားတာမျိုး ဖြစ်ဖူးကြတယ်မလား? 😅

ဒါကို IELTS မှာ “Self-Correction Trap” လို့ ခေါ်ပါတယ်။

Speaker က ပထမတော့ အချက်အလက်တစ်ခုကို ပြောပြီး၊ နောက်မှ အဖြေကို ပြန်ပြင်ပြောတတ်ပါတယ်။ အဲဒီလို စာမေးပွဲဖြေသူကို လှည့်စားဖို့ အသုံးပြုတဲ့ စကားလုံးတွေ၊ စကားစုတွေကို Distractors လို့ ခေါ်ပါတယ်။

📌 မကြာခဏ သုံးလေ့ရှိတဲ့ Trigger Words

IELTS Listening မှာ အောက်ပါ စကားလုံးတွေ ကြားလိုက်ရပြီဆိုရင် အဖြေပြောင်းနိုင်တာကို ချက်ချင်း သတိထားလိုက်ပါ။

❌ Actually… (တကယ်တော့…)

❌ No, wait… (ဟင့်အင်း… ခဏလေး…)

❌ Sorry, I mean… (ဆောရီး… ငါပြောချင်တာက…)

❌ On second thought… (ပြန်စဉ်းစားကြည့်တော့…)



💡 ပုံစံတူ ဥပမာ (၃) ခုနဲ့ လေ့လာကြည့်ရအောင်

🔹 ဥပမာ (၁) – Numbers & Prices

Question: How much is the course fee?

Audio:
“The standard fee is $150… Oh, sorry, that was last year’s rate. It’s actually $180 now.”

❌ အဖြေမှား: $150

✅ အဖြေမှန်: $180

Trigger Words: “Oh, sorry…” / “It’s actually…”



🔹 ဥပမာ (၂) – Time & Schedules

Question: What time does the workshop start?

Audio:
“We usually start at 9:00 AM, but due to heavy traffic today, we’ve pushed it back to 9:30 AM.”

❌ အဖြေမှား: 9:00 AM

✅ အဖြေမှန်: 9:30 AM

Trigger Word: “but…”



🔹 ဥပမာ (၃) – Locations & Options

Question: Where will the birthday party be held?

Audio:
“We booked the Grand Hotel at first. On second thought, the Garden Cafe is much cozier, so we decided on that instead.”

❌ အဖြေမှား: Grand Hotel

✅ အဖြေမှန်: Garden Cafe

Trigger Word: “On second thought…”



🎯 ဒီလိုလေး လိုက်လုပ်ကြည့်ပါ…

✅ ပထမဆုံး ကြားလိုက်ရတဲ့ Answer ကို ချက်ချင်း မသတ်မှတ်လိုက်ပါနဲ့။

✅ Answer ရေးနေရင်လည်း Speaker ဆက်ပြောတာကို သေချာနားထောင်ပြီး Information ပြောင်းလဲသွားသလား ဆိုတာ သတိထားပါ။

✅ Speaker ပြောပြီးမှ နောက်ဆုံးအဖြေကို အတည်ပြုပါ။

ဒီလို Self-Correction Trap ကို သတိထားတတ်လာရင် Listening မှာ မလိုအပ်ဘဲ အမှတ်လျော့သွားတာတွေကို အများကြီး ရှောင်ရှားနိုင်ပါတယ်။ 🎯

💬 Listening Practice လုပ်ရင်း ဒီလို Trap မျိုး ကြုံဖူးကြလား?

IELTS နဲ့ပတ်သက်ပြီး မရှင်းလင်းတာ၊ အခက်အခဲရှိတာတွေကို Comment မှာ မေးထားခဲ့နိုင်ပါတယ်။

Teacher အားတဲ့အချိန်မှာ Comment တစ်ခုချင်းစီကို ဖတ်ပြီး ပြန်လည်ဖြေပေးထားပါမယ်။ 💜

မေတ္တာဖြင့်
ဆရာမ ဒေါ်ခင်သူဇာမြင့်
24.7.2026






19/07/2026

🎯 IELTS ကို စနစ်တကျ လေ့လာပြီး Target Band Score ရယူချင်ပါသလား?

IELTS မှာ ရမှတ်ကောင်းကောင်းရဖို့ IELTS Strategies တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ခိုင်မာတဲ့ English Language Skills နဲ့ မှန်ကန်တဲ့ IELTS Strategies နှစ်ခုလုံး လိုအပ်ပါတယ်။

ဒါကြောင့် Vitamin Education Centre မှာ သင့် English Level နဲ့ ရည်မှန်းထားတဲ့ Band Score အလိုက် ရွေးချယ်တက်ရောက်နိုင်တဲ့ Zoom IELTS Programmes ကို ဖွင့်လှစ်ထားပါတယ်။ 💜

━━━━━━━━━━━━━━━

💜 IELTS Foundation Plus (B1)

Foundation + Language Skills + IELTS Strategies

IELTS ကို အခြေခံကနေ စတင်ချင်သူများအတွက် အထူးသင့်တော်တဲ့ Programme ဖြစ်ပါတယ်။

📚 Language Skills (Intermediate – B1)

🗓 Mon, Tue & Thurs
🕢 7:30 PM – 9:00 PM

Grammar, Vocabulary, Reading, Listening, Speaking & Writing Skills ကို ခိုင်မာစေဖို့ သင်ကြားပေးမှာဖြစ်ပါတယ်။



🎯 IELTS Strategy

🗓 Sat & Sun
🕤 9:30 AM – 11:00 AM

IELTS Question Types, Exam Techniques နဲ့ Effective Strategies တွေကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

📚 5 Sessions per Week

━━━━━━━━━━━━━━━

💜 IELTS Premium Foundation (B1+)

IELTS Strategies ကို အဓိကထားပြီး Exam ကို စနစ်တကျ ပြင်ဆင်ချင်သူများအတွက်

🗓 Sat & Sun
🕤 9:30 AM – 11:00 AM

📚 2 Sessions per Week

━━━━━━━━━━━━━━━

💜 IELTS Master (B2)

Advanced Strategies + Intensive Practice

Target Band Score ရယူဖို့ အနီးကပ် လေ့ကျင့်ချင်သူများအတွက်

🎯 Strategy

🗓 Sat & Sun
🕤 9:30 AM – 11:00 AM

📝 Intensive Practice

🗓 Sat & Sun
🕢 7:30 PM – 9:00 PM

📚 4 Sessions per Week

━━━━━━━━━━━━━━━

✨ Why Choose Vitamin?

✅ Zoom Classes

✅ Experienced Trainer

✅ Proven Result

✅ Small Class Size

✅ Personalized Feedback & Guidance

✅ Exam-Focused Teaching

✅ Step-by-Step Learning System

━━━━━━━━━━━━━━━

📅 August Intake 2026

Start Date – 15 August 2026

💬 လူဦးရေကန့်သတ်ထားတဲ့ Zoom Classes ဖြစ်တဲ့အတွက် အတန်းမပြည့်ခင် Page Messenger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Vitamin Education Centre 💜
Vitamin Promises Educated Youths.



ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10510