The Way of Learning

The Way of Learning Language and Education

10/01/2025
   - တခုခုကိုရည်ရွယ်ချက်ထားပြီး သက်သက် စုထား၊ဥထားတဲ ပိုင်ဆိုင်မှု၊ ငွေကြေးအပေါင်းအစုတခု
09/01/2025


- တခုခုကိုရည်ရွယ်ချက်ထားပြီး သက်သက် စုထား၊ဥထားတဲ ပိုင်ဆိုင်မှု၊ ငွေကြေးအပေါင်းအစုတခု

 example:My mom always reminds me how hard farmers work, even in rain or shine.
08/01/2025



example:

My mom always reminds me how hard farmers work, even in rain or shine.

07/01/2025



Hyper-local = သေးငယ်သော အဖွဲ့အစည်းတခုနှင့် ပတ်သက်သော။ သေးငယ်ကျည်းမြောင်းသော အဖွဲ့အစည်း(သို့မဟုတ်) ပထိဝီဧရိယာတခုမှာသာ အာရုံစိုက်သော
.........................................................
“The world used to be hyper-local.”
အဲ့ဒီ စာကြောင်းကိုတွေ့တော့ ဘာကို ဆိုလိုချင်တာလည်း လို့ ဇဝေဇဝါဖြစ်ခဲ့ရတယ်။
Hyper ဆိုတာ ကိုယ်သိထားတာက
Hyperactive - အလွန်မြန်တယ်(လှုပ်ရှားမှု။
Hyperloop - မြန်နှုန်းမြင့်သယ်ယူပို့ဆောင်ရေစနစ်။
Hyper-inflation - အလွန်အကျွင် (မြန်မြန်)ငွေကြေးဖောင်းပွတာ စတဲ့ စကားလုံးကို သတင်းဖတ်၊ YouTube ကြည့်ယင်း မှတ်သားမိခဲ့တာ။

hyper လို့ပြောလိုက်တာနဲ့ “မြန်တယ်” ဆိုတဲ့ အဓိပ္ပါယ် ကို စိတ်ထဲမှာတန်းပြီး သတိရတယ်။ Dictionary ကြည့်လိုက်တော့မှ “Hyper-အလွန်အကျွင်" ကိုဆိုလိုတာမှန်း သတိပြုမိတော့တယ်။ မြန်တာနဲ့ အဓိပ္ပါယ်ကောက်လွဲမှားခဲ့။

Well, no one is perfect.

The world used to be hyper-local. - ကမ္ဘာ(လောက)ကြီးက ကိုယ့်နေရာကွက်ကွက်လေးတခုမှာပဲ အာရုံစိုက်လေ့ရှိခဲ့ကြတယ်။

အခုကျတော့လည်း “Hyper connected world” တဲ့ ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံနဲ့ ကမ္ဘာကြီး။

Hyper competitive - ပြိုင်ဆိုင်မှုပြင်းထန်။
Hyperbole - အလွန်အကျွင်ချဲ့ထွင်ဟန်လုပ်။
........................................
Hyper နဲ့ ပတ်သက်လို့ အနည်းငယ် လေ့လာမိခဲ့တာကို ပြန်လည်ချပြခြင်း။
...................................
The_Way_of_Learning
7/1/2025

  = အနာဂတ်ကို အကောင်းမြင်စိတ်ရှိတယ်။ အမှားလုပ်မိမှာလည်း ကြောက်တဲ့ စိတ်နေသဘောထား(ရှိတဲ့သူ)။အဲ့တာဆိုရင် barbelled personal...
06/01/2025

= အနာဂတ်ကို အကောင်းမြင်စိတ်ရှိတယ်။ အမှားလုပ်မိမှာလည်း ကြောက်တဲ့ စိတ်နေသဘောထား(ရှိတဲ့သူ)။

အဲ့တာဆိုရင် barbelled personality က ကောင်းလားဆိုးလား ဘယ်မှာ အသုံးဝင်သလဲလို့ AI ကို မေးကြည့်ပါတယ်။

AI ရဲ့ဖော်ပြချက်အရ Barbelled Personality ဆိုတာ စီးပွားရေး ရင်းနှီးမြုပ်နှံသူတွေနဲ့ စွန်းဦးတီထွင်သူတွေအတွက် မဟာဗျူဟာတခုဖြစ်အသုံးဝင်တယ်လို့ တချို့ကပြောကြတယ်တဲ့။

Barbelled personality ရဲ့ အတွင်းကျကျ အချက်တချို့ကို လေ့လာကြည့်လိုက်ရင်

သူတိုဟာ...

Making money and keeping it: ပိုက်ဆံရှာတယ်။ ထိန်းထားတယ်။
ပိုက်ဆံရှာတဲ့အခါ အကောင်းမြင်သဘောထားရှိဖို့လိုပါတယ်။ တချိိန်တည်းမှာ မမျှော်လင့် ထားတဲ့ (ဆုံးရှုံးမှု) အရာတွေဖြစ်လာမှာကို စိုးရိမ်မှုအတိုင်းအတာတခုရှိရပါမယ်။

Being clear about goals: ရည်မှန်းချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထားတယ်။
barbelled personality ရှိတဲ့ သူတွေဟာ သူတို့ ဘာလိုချင်တယ် ဆိုတာနဲ့ သူတို့ရဲ့ ရည်မှန်းချက်က ဘာလဲဆို ချရေးထားတယ်။

Being patient with progress: တိုးတက်မှုအပေါ်မှာ စိတ်ရှည်တယ်။
အနေ့ထက်တနေ့ တိုးတက်မှုကို စိတ်ရှည်ဖို့ အရေးကြီးတယ်။ တချိန်တည်းမှာ အမြန်ဖြစ်ချင်တဲ့ စိတ်ခံစားမှုကိုဖြစ်စေတဲ့ လည်ပတ်မှု စက်ယန္တရားကို ဘယ်ချိန်သုံးရမယ်ဆိုတာ သိရမယ်။

Understanding the middle ground: အလယ်အလတ်အတိုင်းအတာကို နားလည်တယ်။
Moderate risk can lead to a false sense of security.
အလယ်အလတ် စွန့်စားခြင်းက သင်ထင်ထားတာထက် ပိုလို့ လုံခြုံတယ်လို့ ခံစားရစေတယ်။ အဲ့တာကို ယ့်ကိုယ်ကို အန္တရယ်ပေးလာနိုင်ပါတယ်။
false sense of security (ပကတိအခြေအနေထက် ပိုလုံခြုံတယ်လို့ ခံစားတယ်) ဖြစ်တာက investor တွေအတွက ဘေးဖြစ်စေပါတယ်။

Being humble: နှိမ့်ချတတ်တယ်။
Barbelled personalityသမားတွေက ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုတာ အရေးကြီးတယ်။ ပိုက်ဆံစုမယ် ပြီးရင် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေလုပ်တဲ့ အခါမှာ အေးအေးချမ်းချမ်းနေမယ်။ မထောင်လွှာဘူး။

Taking risks with caution: သတိထားပြီး စွန့်စားတယ်။
Investor တွေဟာ သတိထားစွန့်စားဖို့နဲ့ ကိုယ့်ရဲ့အလုပ်ကို ကိုယ်နားလည်ဖို့က အရေးကြီးတယ်။

----------------------
"barbelled personality" a word learnt from the book I have been reading currently.
I am expecting to read more books in 2025. I word I posted is the word I have been learning. That is.

 Apropos of Nathing - မဆီမဆိုင် (ရှေ့က ဆွေနွေးပြောဆိုနေတာနဲ့ ဘာမှာမပတ်သက်ပဲ) For example: Apropos of nothing, I just rem...
06/01/2025



Apropos of Nathing - မဆီမဆိုင်
(ရှေ့က ဆွေနွေးပြောဆိုနေတာနဲ့ ဘာမှာမပတ်သက်ပဲ)

For example:
Apropos of nothing, I just remember a folktale about a toad riding a peice of coconut trunk and traveled on the river.

PTSD - post-traumatic stress disorder PTSD ကို မြန်မာစကားလုံးတလုံးတည်းနဲ့ ဘာသာပြန်လိုက်မယ်ဆိုရင် ''စိတ်ဒဏ်ရာရထားတယ်''လို...
05/01/2025

PTSD - post-traumatic stress disorder

PTSD ကို မြန်မာစကားလုံးတလုံးတည်းနဲ့ ဘာသာပြန်လိုက်မယ်ဆိုရင်
''စိတ်ဒဏ်ရာရထားတယ်''လို့ပြောရင် ကောင်းမလား။
"စိတ်ဒဏ်ရာအခံရှိတယ်" လို့ ပြောရင် ကောင်းမလား။

မြန်မာတွေကြားမှာ ကြားရလေ့ရှိတဲ့စကားလုံးက "Trauma ရှိတယ်" ဒါမှ မဟုတ် "traumaရထားတယ်" ဆိုတာပဲ ဖြစ်မယ်ထင်တယ်။

PTSD ဖြစ်ရခြင်းရဲ့အကြောင်းကတော့ trauma-စိတ်ဒဏ်ရာ ရစေနိုင်တဲ့ အတွေ့အကြုံတွေ ကို ကြုံတွေ့ခဲ့ရတာ၊ မြင်ခဲ့တာတွေကြောင့် နောက်ပိုင်းမှာ အဲ့ဒီ စိတ်ဒဏ်ရာအပေါ်မှာ စွဲလန်းခံစားမှုကြီးထွားလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

-------------------------
Mental illness,
mental disorders စတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ ကို ကုစားဖို့ အကောင်းဆုံးစွမ်း ကောင်းကတော့ mindfulness meditation လို့အင်္ဂလိပ်လို ခေါ်ကြတဲ့ သတဋ္ဌာန် ကျင့်စဉ်ပဲ ဖြစ်ပါတယ်။

No matter which religion you belong to, you can practice mindfulness meditation. You just need to observe your body, feeling, mind, and phenomena. While you are mindfully observing your body and mind, everything is arising and passing away within you. In the same way, the universe does. So, what are you attached to? You can't control any phenomena of the universe. Let it be and free yourself from any post-traumatic stresses.

Lame duck = မအောင်မြင်သောလူ၊အရာ၊အဖွဲ့အစည်းlame duck -ဆိုတဲ့စကားလုံးကို အရာရှိတယောက်(အထူးသဖြင့်) သမ္မတတယောက်ကိုညွန်းတဲ့အခ...
04/01/2025

Lame duck = မအောင်မြင်သောလူ၊အရာ၊အဖွဲ့အစည်း

lame duck -ဆိုတဲ့စကားလုံးကို အရာရှိတယောက်(အထူးသဖြင့်) သမ္မတတယောက်ကိုညွန်းတဲ့အခါသုံးပါတယ်။

ဥပမာ။ ။

မအောင်မြင်သော သမ္မတတယောက် = a lame duck president

-----------------------
Personally, I don't think the caption below is true.
I am bullish on Trump's Administration. 😜
....................................


Coming_Back😁

Reading🙄
23/06/2024

Reading🙄

😳
21/10/2023

😳

ที่อยู่

Bangkok
13170

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Way of Learningผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง The Way of Learning:

ทางลัด

แชร์

ประเภท