Linn Light

Linn Light

แชร์

အင်္ဂလိပ်စာ နဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တွေအကြောင်းရေးပြီး ဝေမျှနေပါတယ်

Photos from Linn Light's post 16/12/2025

TOEIC အတွက် Vocabulary အပိုင်း 2 - Marketing

ဒီအပတ်မှာတော့ TOEIC စာမေးပွဲအသုံးဝင်နိုင်တဲ့ “Marketing” နဲ့ပတ်သက်တဲ့ ဝေါဟာရလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီဝေါဟာရတွေဟာ စာမေးပွဲအတွက်သာမက Business English လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို လေ့လာချင်တဲ့သူတွေလည်း သိထားသင့်ပါတယ်။

Vocabulary အသစ်တွေကိုလေ့လာဖို့အခက်တွေ့နေတဲ့သူတွေအတွက် စနစ်တကျလေ့လာနည်းတွေကိုလည်း page မှာမျှဝေထားပေးပါတယ်။
https://www.facebook.com/share/p/1CaXbGZtuG/

TOEIC အတွက် Vocabulary အပိုင်း ၁ - Contracts
https://www.facebook.com/share/p/1ComznBUqx/

Photos from Linn Light's post 09/12/2025

TOEIC အတွက် Vocabulary အပိုင်း ၁ - Contracts

ဒီအပတ်မှာတော့ TOEIC စာမေးပွဲအသုံးဝင်နိုင်တဲ့ “Contracts” နဲ့ပတ်သက်တဲ့ ဝေါဟာရလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဝေါဟာရတွေဟာ စာမေးပွဲအတွက်သာမက Business English လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာကို လေ့လာချင်တဲ့သူတွေလည်း သိထားသင့်ပါတယ်။

Vocabulary အသစ်တွေကိုလေ့လာဖို့အခက်တွေ့နေတဲ့သူတွေအတွက် စနစ်တကျလေ့လာနည်းတွေကိုလည်း page မှာမျှဝေထားပေးပါတယ်။

https://www.facebook.com/share/p/1FyDdgeVvN/?mibextid=wwXIfr

Linn Light
TOEIC စာမေးပွဲအတွက် Vocabulary လေ့လာရန်နည်းလမ်းများ

TOEIC စာမေးပွဲအတွက်ပြင်ဆင်ကြတဲ့အခါကျောင်းသားအများစုကြုံတွေ့ရတဲ့ပြဿနာကတော့ Vocabulary အားနည်းတာပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ထိရောက်တဲ့ Vocabulary...

Photos from Linn Light's post 02/12/2025

TOEIC စာမေးပွဲအတွက် Vocabulary လေ့လာရန်နည်းလမ်းများ

TOEIC စာမေးပွဲအတွက်ပြင်ဆင်ကြတဲ့အခါကျောင်းသားအများစုကြုံတွေ့ရတဲ့ပြဿနာကတော့ Vocabulary အားနည်းတာပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ထိရောက်တဲ့ Vocabulary တိုးတက်စေမယ့်နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

နောက်အပတ်တွေမှာ TOEIC အတွက် Vocabulary တွေကိုတင်ပေးသွားမှာဖြစ်လို့ Page ကို Like လုပ်ထားပေးပါခင်ဗျာ

18/11/2025

ထိုင်းနိုင်ငံ Mae Fah Luang တက္ကသိုလ် ကခေါ်တဲ့ English ဆရာ အလုပ်ခေါ်စာ ဖြစ်ပါတယ်

Non-native English ဆရာဆိုရင် BA English နှင့်အတူ TEFL / TESOL လက်မှတ် တောင်းပါတယ်

ဒါ့အပြင် IELTS 6.5 သို့မဟုတ် TOFEL iBT 79 အပြင် TOEIC test 800 ရှိရမယ်ဆိုပြီး ပါပါတယ်

IS မရှိလဲ TOEIC အမှတ်ကောင်းကောင်းရှိထားတယ်ဆိုရင် သတ်မှတ်ချက် ဝင်လို့ အလုပ်လျှောက်ထားနိုင်ကြောင်း သိရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်

12/11/2025

TOEIC အကြောင်းသိကောင်းစရာ

TOEIC ဆိုတာ “Test of English for International Communication” ဆိုတာကို အတိုကောက်အနေဖြင့် ခေါ်တာ ဖြစ်ပါတယ် ။ TOEIC ဟာ လုပ်ငန်းခွင်သုံးအတွက် အရည်အချင်းစစ်တဲ့ အင်္ဂလိပ်စာ စမ်းသပ်မှု Test တခု ဖြစ်ပါတယ်။

ခုနောက်ပိုင်း ထိုင်းကို ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူတွေအတွက်တော့ ဆရာ ဆရာမ တွေ ကုမ္ပဏီ ဝန်ထမ်းတွေအတွက် အလုပ်အကိုင်လျှောက်ဖို့အတွက် TOEIC ဟာ မရှိမဖြစ် အရေးတကြီးလိုအပ်ချက်တခုဖြစ်လာပါတယ်။

ထိုင်း လူမျိုးတွေအတွက်လည်း ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းတွေဖြစ်တဲ့ ဘဏ် လုပ်ငန်း၊ လေကြောင်းလိုင်း၊ ဟိုတယ်တွေ၊ နိုင်ငံတကာကုမ္ပဏီတွေမှာ အလုပ်လျှောက်ဖို့ CV/Resume တင်တဲ့နေရာမှာ TOEIC အမှတ်ကောင်းကောင်း နဲ့ အလုပ်လျှောက်ရင် အလုပ်ရှင်တွေကသဘောကျပါတယ်။

ထိုင်းက Jobsdb လိုအလုပ်လျှောက်တဲ့ ဝက်ဆိုဒ် တွေရဲ့ အလုပ်ခေါ်စာတွေ မှာ TOEIC ဘယ်လောက်ရှိရမယ်ဆိုပြီး ခေါ်ကြတာ တွေ့မှာပါ
ဥပမာ အနေနဲ့ဆိုရင် ဒါက ဒီနေ့ King Power က လေဆိပ်မှာ မြန်မာ - အင်္ဂလိပ် ဘာသာပြန် လုပ်ဖို့အလုပ်ခေါ်စာ တခုမှာ အလုပ်မှာ မြန်မာ စကားဘာသာပြန်ဆိုပေမယ့် TOEIC 550 ဆိုပြီး တောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်

အောက်မှာ ဥပမာ ကြည့်ပါ။

Duty-Free Ambassador (Translator – Burmese)
A valid English proficiency certificate (TOEIC with a minimum score of 550) must be provided to demonstrate the candidate’s English language proficiency.

💵 Test ဖြေခ ဘယ်လောက်ရှိလဲ စျေးသက်သာရဲ့လား

Listening & Reading Test – 2000 ဘတ်
လက်ရှိ Test ဖြေရင် စျေးနှုန်းကတော့ ဘတ် ၂၀၀၀ ကျတာဖြစ်ပါတယ်။ ကိုယ်တိုင် လက်မှတ်သွားမထုတ်ချင်သူအတွက် အိမ်ကို စာနဲ့ ပို့ပေးတာမျိုးကို လုပ်ချင်ရင်တော့ အပို ဘတ် ၅၀ ပေးရပါတယ်။
ပုံမှန်အားဖြင့်က လုပ်ငန်းခွင်အတွက် TOEIC Test ဖြေတဲ့နေရာမှာ Listening and Reading ကရတဲ့လက်မှတ်ကိုသာတင်ပြရင်ရပါပြီ

Speaking & Writing စမ်းသပ်မှု – 3,350 ဘတ်

TOEIC Test မှာ Speaking & Writing အတွက်လည်း စစ်တာ ရှိပါတယ်။ ဒါပေမယ့် Listening နဲ့ Reading ကိုသာ လုပ်ငန်းခွင်အများစုကတောင်းတာမို့ တခုထဲဖြေရင်လည်း လုံလောက်ပါတယ်။

သတိထားစရာကတော Test စာမေးပွဲ ကြေးတွေက သက်တမ်းအလိုက် အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် မဖြေခင် သေချာအောင် စစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ထိုင်းမှာ TOEIC စာမေးပွဲဖြေချင်သူတွေက CPA Thailand (Center for Professional Assessment) ၏ ဝဘ်ဆိုက်မှ တိုက်ရိုက် မှတ်ပုံတင်နိုင်ပါတယ်။

📍 Test ဖြေနိုင်သည့်နေရာများ
CPA Thailand Bangkok Center – BB Building (Asoke – Sukhumvit)

CPA Thailand Chiang Mai Center – Suvarnabhumi Road, Soi 3

အခြားမြို့တွေ (ဥပမာ – Chonburi, Rayong စတဲ့) မှာလည်း မကြာခဏ open testing အနေနဲ့ Test ဖြေဖို့ စီစဥ်ပေးတာလဲရှိပါတယ်။

📝 မှတ်ပုံတင်နည်း
၁။ CPA Thailand ဝဘ်ဆိုက်မှ အွန်လိုင်း မှတ်ပုံတင် ရပါမယ် 👉 https://cpathailand.co.th
အသေးစိပ် ကို ဒီမှာ သေချာရှင်းပြထားပါတယ်

၂။ Test ဖြေမယ့် ရက်ရွေးပါမယ်

၃။ Test ဖြေမယ့်နေ့မှာ passport ကို မဖြစ်မနေ ယူလာရပါမယ်။ ထိုင်းနိုင်ငံသား တွေကတော့ ထိုင်းမှတ်ပုံတင် နဲ့တင်လုံလောက်ပါတယ်

၄။ Test စာမေးပွဲကြေးကို လမ်းညွန်ချက် အတိုင်းပေးချေရပါမယ်

💡 သိသင့်တဲ့အချက်များ
TOEIC စာမေးပွဲက IELTS လို ဘက်စုံ အရည်အချင်းစစ်တဲ့ စာမေးပွဲမျိုးမဟုတ်တာကိုတော့ သတိပြုမိဖို့လိုပါတယ်။ လုပ်ငန်းခွင် မှာ အင်္ဂလိပ် လို ဘယ်လောက်ထိ ဆက်သွယ်ပြောဆိုနိုင်တယ်ဆိုတာကို အဓိက ထားစစ်တာမို့ ဆရာ ဆရာမ အလုပ်လျှောက်တာ ကုမ္ပဏီ တွေမှာ အလုပ်လျှောက်တာတွေမှာအသုံးဝင်ပါတယ်။

တချို့အလုပ်တွေ ကျောင်းတွေက TOEIC မဟုတ်ပဲ IELTS သို့ TOEFL လက်မှတ်ရှိတယ်ဆိုလည်း အဆင်ပြေပါတယ်၊
ဒါပေမယ့် ကျောင်းအလုပ်တခုမှာ သူက TOEIC ပဲတောင်းတယ်
ကိုယ့်မှာလည်း လက်ရှိ ဖြေထားတဲ့လက်မှတ်မရှိဘူး ပိုက်ဆံလည်း အများကြီးသုံးပြီး IELTS ကိုမဖြေချင်ဘူးဆိုရင်တော့ TOEIC ကို အချိန်ပေးလေ့လာပြီး ဘတ် ၂၀၀၀ ထောင်နဲ့ ဖြေနိုင်တာကတော့ အားသာချက်တခုဖြစ်ပါတယ်။

အလုပ်ခွင်မှာ အသုံးဝင်တဲ့ အင်္ဂလိပ်အရည်အချင်းကို တိုင်းတာတာဖြစ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်တဲ့ မြန်မာလူငယ်တွေအတွက် TOEIC အမှတ်ကောင်းကောင်းရထားတဲ့လက်မှတ် နဲ့ အလုပ်လျှောက်ရင် အလုပ်ရဖို့အခွင့်အလမ်းပိုများနိုင်ပါတယ်။

TOEIC 600+ ရမှတ် ရရှိထားသူများကို ထိုင်းအဖွဲ့အစည်းများက ပိုသဘောကျကြပါတယ်။ အမှတ် ဘယ်လောက်တောင်းတာကတော့ အဖွဲ့အစည်း နဲ့ ကိုယ်လျှောက်တဲ့အလုပ်ပေါ် မူတည်ပါတယ်။

လတ်တလောမှာတော့ ရန်ကုန် မှာလည်း
TOEIC ကို ဖြေလို့ရနေပါပြီ။ အဲ့ဒီအတွက်ကတော့ နောက်မှ သက်သက်ထပ်ရေးပေးပါဦးမယ်။

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ
TOEIC နဲ့ ပတ်သတ်တဲ့ ‌လေ့လာနည်း Tips တွေကို ရေးသားသွားမှာမို့ Page ကို Like လုပ်ထားပေးပါခင်ဗျာ

Linn Light

03/11/2025

#နာမည်ကျော် တို့ပြောတဲ့ အင်္ဂလိပ်စာ ရဲ့ အရေးပါပုံ

English is the most spoken language in the world and it just gives you a chance to communicate with so many people from other cultures, and I'm not speaking just about the English but worldwide.
- Vincent Kompany

အင်္ဂလိပ် ဘာသာ စကားဟာ ကမ္ဘာပေါ် မှာ အများဆုံး ပြောဆိုကြတဲ့ ဘာသာစကားတခုပါပဲ

အင်္ဂလိပ်စာတတ်ရင် လူမျိုးပေါင်းစုံ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံက လူအများအပြားနှင့် ဆက်သွယ်နိုင်ဖို့ အခွင့်အလမ်းတွေပွင့်စေတာပဲ ငါပြောချင်တာက အင်္ဂလိပ် လိုတတ်ရင် ကမ္ဘာ နဲ့ ဆက်သွယ်သလိုပါပဲ

ဗင့်ဆင့် ကွန်ပနီ - မန်စီးတီး ကစားသမားဟောင်း
လက်ရှိ ဘိုင်ယန်မြူးနစ် နည်းပြ

10/10/2025

ဒီနေ့မှာတော့ စာရေးသူ James Clear ရဲ့ စာအုပ်ထဲက မှတ်သားဖို့ကောင်းတဲ့ စာစုတစ်ခုကို မျှဝေချင်ပါတယ်👇

“All big things come from small beginnings.
The seed of every habit is a single, tiny decision.”
— James Clear

ကြီးမားတဲ့ အရာအားလုံးဟာ သေးငယ်တဲ့အရာတွေကနေစတာပါပဲ။
အလေ့အကျင့်တစ်ခုစီရဲ့ မျိုးစေ့ဟာ သေးငယ်တဲ့ ဆုံးဖြတ်ချက် တစ်ခုကနေစတင်တာပါ။ 🌱

Atomic Habits ဆိုတဲ့ စာအုပ်ဟာ ကျွန်တော်တို့ နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အကျင့်တွေကို နက်နက်ရှိုင်းရှိုင်းနဲ့ သုံးသပ်ပေးပြီး
ကောင်းတဲ့အလေ့အကျင့်တွေကို တဖြည်းဖြည်း တည်ဆောက်နိုင်အောင်
မကောင်းတဲ့အလေ့အကျင့်တွေကို ပြုပြင်နိုင်အောင် လမ်းညွှန်ပေးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ 💪📖

03/10/2025

📚 အခမဲ့ အင်္ဂလိပ် ဂန္တဝင်စာပေ eBooks လိုချင်သူတွေအတွက် သတင်းကောင်း !

စာဖတ်ချစ်သူတွေအတွက် Project Gutenberg ဆိုတဲ့ Website ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Website မှာ 📖 စာအုပ်ပေါင်း ၆ သောင်းကျော် ကို အခမဲ့ download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

👉 အထူးသဖြင့် US Copyright သက်တမ်းကုန်ပြီးသား ဂန္တဝင်စာပေတွေ အများကြီးပါဝင်ပြီး —

Shakespeare ရဲ့ Romeo and Juliet

Moby Dick

George Eliot

Jane Austen
တို့လို နာမည်ကျော်စာအုပ်တွေကို အခမဲ့ဖတ်နိုင်ပါတယ်။

💡 Kindle device ရှိသူတွေအတွက်တော့ တိုက်ရိုက်ဖတ်လို့ရသလို၊ Kindle မရှိပါက Phone မှာ Kindle App သွင်းပြီး အချိန်မရွေး ဖတ်လို့ရပါတယ်။ Website မှာတင် တိုက်ရိုက် ဖတ်နိုင်တာလည်း အဆင်ပြေပါတယ်။

📌 စာဖတ်ချစ်သူတွေအတွက် သင့်အင်္ဂလိပ်စာတိုးတက်ဖို့ အထောက်အကူဖြစ်စေမယ့် အရမ်းအကျိုးရှိတဲ့ site ပါ။

🌐 Website link 👉 www.gutenberg.org

စာဖတ်ချစ်သူတွေအားလုံးကို တိုက်တွန်းချင်ပါတယ် — ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည်နဲ့ သွားရှာကြည့်လိုက်ပါ ✨

01/10/2025

🙉🙉🙉 Bad singing can be painful! Can you fill the gap? We'll tell you the answer later! (image: Getty)

12/03/2024

အင်္ဂလိပ်စာဆရာ၊ ဆရာမများ မင်္ဂလာပါ။ ဆရာ၊ ဆရာမတို့ရဲ့ အသိပညာတွေနဲ့ သင်ကြားရေးစွမ်းရည်တွေတိုးချဲ့ဖို့နဲ့ အမေရိကန်တက္ကသိုလ်တစ်ခုကရေးဆွဲတဲ့ အွန်လိုင်းသင်တန်းအစီအစဉ်ကို တက်ရောက်ဖို့ စိတ်ဝင်စားပါသလား။
အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အွန်လိုင်းကွန်ရက် Online Professional English Network (OPEN) သင်တန်းအစီအစဉ်မှာ ပါဝင်နိုင်ဖို့ အမေရိကန်သံရုံးကတစ်ဆင့် လျှောက်လွှာတင်ကြဖို့ဖိတ်ခေါ်ပါတယ်။
၂၀၂၄ ဇူလိုင်မှာ စတင်မယ့် သီတင်းပတ်ရှစ်ပတ်ကြာသင်တန်းအတွက် ၂၀၂၄ မတ် ၂၉ ညနေ ၅နာရီနောက်ဆုံးထားပြီး လျှောက်လွှာတင်ကြရပါမယ်။
သင်တန်းအတွက် ‌ရွေးချယ်တက်ရောက်နိုင်မယ့် အတန်းတွေထဲမှာ
1 Teaching for the Future: English Teaching to Take on Climate Change (TFF)
2 Teaching Grammar Communicatively (TGC),
3 Integrating Critical Thinking Skills into the Exploration of Culture in an EFL Setting (ICT),
4 Professional Development for Teacher Trainers (PDTT),
5 Teaching English to Young Learners (TEYL),
6 Creating and Implementing Online Courses (CIOC),
7 Fostering Student Motivation and Engagement (FSME),
8 TESOL Methodology (TM),
9 Using Educational Technology in the English Language Classroom (ET),
10 Developing and Teaching Academic Writing (DATAW) စတာတွေ ပါဝင်ပါတယ်။
OPEN Global Online Courses အတန်းတွေကို တက်ရောက်ချင်တဲ့သူတွေကတော့ Upper Intermediate အဆင့်နဲ့ ညီမျှတဲ့ အင်္ဂလိပ်စာစွမ်းရည် အဆင့် CEFR B2 ရှိထားပြီး အနည်းဆုံး အင်္ဂလိပ်စာသင်ကြားပြသမှုအတွေ့အကြုံ ၃နှစ်ရှိဖို့ လိုအပ်ပါတယ်။
အတန်းတက်ရောက် အောင်မြင်သူ အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအပ်နှင်းတဲ့ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်ချီးမြှင့်မှာပါ။ သင်တန်းအကြောင်းပိုပြီးသိရဖို့နဲ့ လျှောက်လွှာရယူနိုင်ဖို့အတွက် သံရုံးဝက်ဘ်ဆိုက် https://tinyurl.com/OPEN2024Summer ကို ဝင်ကြည့်နိုင်သလို မေးခွန်းတွေရှိရင်လည်း [email protected] ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။


Hello English Language Educators! Are you interested in expanding your knowledge and skills as a teacher? Interested in taking an online course developed by a U.S. university?
Apply now to be part of the Online Professional English Network (OPEN) Program through the U.S. Embassy Yangon! Submit your application materials from before 5:00 p.m. March 29, 2024 to participate in this eight-week series of courses beginning in July 2024.
Optional course topics include:
1 Teaching for the Future: English Teaching to Take on Climate Change (TFF)
2 Teaching Grammar Communicatively (TGC),
3 Integrating Critical Thinking Skills into the Exploration of Culture in an EFL Setting (ICT),
4 Professional Development for Teacher Trainers (PDTT),
5 Teaching English to Young Learners (TEYL),
6 Creating and Implementing Online Courses (CIOC),
7 Fostering Student Motivation and Engagement (FSME),
8 TESOL Methodology (TM),
9 Using Educational Technology in the English Language Classroom (ET),
10 Developing and Teaching Academic Writing (DATAW)
Those who want to apply OPEN Global Online Courses should have an English level (CEFR B2) which is equivalent to Upper Intermediate Level and minimum 3 years of teaching experience.
Certificates and digital badges will be issued by the U.S. Department of State for all those who pass the course. Please visit our website for more information and to download the application form: https://tinyurl.com/OPEN2024Summer. Direct any questions to [email protected].

Photos from Linn Light's post 13/02/2024

ဒါကတော့ ထိုင်းနိုင်ငံ ၊ ချူလာ တက္ကသိုလ် ကပေးတဲ့
ပညာသင်ဆုတွေပါ။
မဟာတန်း နဲ့ ပါရဂူ တန်းတွေအတွက်သီးသန့်ပေးတဲ့
ပညာသင်ဆုဖြစ်လို့ ကိုယ်တိုင်လေ့လာပြင်ဆင်ပြီး
လျှောက်ကြည့်နိုင်ပါတယ်။

သိချင်တာရှိရင်လည်း သူတို့ပေးထားတဲ့
Email ကိုပဲ ဆက်သွယ်မေးမြန်းပေးပါ။

📝Chulalongkorn University’s Graduate Scholarship Program for ASEAN or Non-ASEAN Countries (For 1st Semester, 2024)

Chulalongkorn University is offering graduate scholarships for ASEAN or Non-ASEAN countries for upcoming 1st semester, 2024.

📑Term of the Scholarships:
1. Two-year Master’s degree scholarship
2. Three-year Doctoral degree scholarships

📌Scholarship form and detail information:https://academic.chula.ac.th/detail/news/25...
https://academic.chula.ac.th/other/international

Application Steps:https://academic.chula.ac.th/storage/images/internationals/6524f5f86ebca.pdf

Application Period: No later than May 13, 2024, for the first semester of 2024 academic year.

🎯Note: Applicants should send their application form and relevant documents to the Faculty/Program of their choice at least 2 weeks prior to the deadline set by the University’s Office of Academic Affairs.

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok