I Share with Passion

I Share with Passion

แชร์

Formerly "i teach with passion"

01/09/2025

English Grammar မှာအရေးအကြီးဆုံးကဘာလဲ?

English grammar ဆိုတာကအရမ်းကိုကျယ်ပြန့်ပါတယ်။ ဒါပေမယ့်အရေးအကြီးဆုံးတစ်ခုကိုမဖြစ်မနေရွေးရမယ်ဆိုရင် ကျွန်တော်ကတော့ Sentence Structure ကိုပဲရွေးမိမှာပါ။ Tense တွေ preposition တွေမှားနေရင်တောင် sentence structure မှန်ခဲ့ရင်ကိုယ်ဆိုလိုတာကိုတစ်ဖက်လူကနားလည်နိုင်ပါသေးတယ်။

ဥပမာ - "Boys chases dogs." ဆိုတဲ့ဝါကျကိုကြည့်ပါ။
ကောင်လေးတွေကခွေးတွေ‌နောက်ကလိုက်တယ်ဆိုတဲ့ဝါကျမှာ chase ဖြစ်ရမယ့်အစား chases လို့သုံးလိုက်မိရင်တောင်နားထောင်တဲ့သူကဘာကိုဆိုလိုချင်လဲဆိုတာသဘောပေါက်နိုင်ပါတယ်။

ဒါပေမယ့် sentence structure မှားရင်တော့အဓိပ္ပာယ်ကိုလုံးဝပြောင်းသွားစေပါတယ်။

ဥပမာ "Boys chase dogs." လို့ "Dogs chase boys." လို့ပြောမိတယ်ဆိုပါတော့။

အားလုံးသိကြတဲ့အတိုင်း English မှာက Subject + Verb + Object နဲ့သွားတာပါ။ Boys နဲ့ dogs နေရာလွဲသွားတာနဲ့ကိုယ်‌ဆိုလိုချင်တဲ့အဓိပ္ပာယ်ရဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်သွားမှာပါဗျ။

ဒါကြောင့်ကျွန်တော်ကတော့ English grammar မှာဘာအရေးကြီးဆုံးလဲဆိုရင် sentence structure လို့ပဲထင်ပါတယ်။ ဘယ်လိုထင်ကြလဲဆိုတာ comment မှာပြောသွားကြပါဦးဗျ။

03/08/2025

Laptop အဟောင်းဝယ်တဲ့အခါဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ laptop ရဲ့ battery အားဘယ်လောက်ခံသေးလဲသိချင်ရင်ဖြစ်ဖြစ် ဒီနည်းလေးကအသုံးဝင်ပါတယ်။

Photos from I Share with Passion's post 28/08/2024

Premium ၀ယ်စရာမလိုဘဲ Spotify ကို
100% free နားထောင်ကြရအောင် 🎵🎶

Spotify ကို Premium ၀ယ်သုံးတာအကောင်းဆုံးပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ပိုက်ဆံပေးစရာမလိုဘဲ Spotify free နားထောင်ချင်ရင်တော့ ဒီနည်းလမ်းလေးအတိုင်းလုပ်လို့ရပါတယ်။ အစီအစဉ်အတိုင်း ပုံတစ်ပုံချင်းစီကိုထောက်ကြည့်ပြီး caption လေးတွေကိုလည်းဖတ်ကြည့်ပါခင်ဗျ။

18/06/2024

Nested Loop အကြောင်းလေ့လာကြည့်ကြပါဦးဗျ

11/06/2024

Developer တွေပြောပြောနေတဲ့ deploy လုပ်တယ်ဆိုတာဘာလဲ?

အရိုးရှင်းဆုံးပြောရရင်တော့ deploy လုပ်တယ်ဆိုတာ ကိုယ်ရေးထားတဲ့ software ကိုကိုယ်တိုင်အပြင် တခြား user တွေ၊ တခြား software တွေကနေယူသုံးလို့ရအောင်လုပ်ပေးလိုက်တာကိုပြောတာပါ။

ဥပမာ ကျွန်တော်တို့ web application တစ်ခုရေးတယ်လို့စဉ်းစားကြည့်ပါ။ အဲ့ဒီ့ web application ကို run ကြည့်ဖို့အတွက်ကျွန်တော်တို့ကိုယ်ပိုင်စက်ထဲမှာ local server တစ်ခုလုပ်ပြီးကျွန်တော်တို့ run ကြတာပါ။ Local server ဖြစ်တဲ့အတွက်ကျွန်တော်တို့စက်တစ်ခုထဲမှာပဲ run လို့ရနေမှာပါ။

ကိုယ့်စက်ထဲမှာ run ပြီးသုံးလို့ရတဲ့အတိုင်းတခြားသူတွေစက်ထဲမှာလည်း run ပြီးသုံးလို့ရစေချင်ရင် ကျွန်တော်တို့ web application ကို internet ပေါ်က server တစ်ခုမှာထားပေးရပါမယ်။ အဲ့ဒါဆို internet ရှိတဲ့ဘယ်စက်ကမဆိုကျွန်တော်တို့ web application ကိုခေါ်သုံးလို့ရသွားပါပြီ။ အဲ့လိုကျွန်တော်တို့ရေးထားတဲ့ web application ကို internet ပေါ်က online server တစ်ခုခုပေါ်မှာသွားတင်တာကို deploy လုပ်တယ်လို့ခေါ်တာပါ။

ကိုယ့် application ကို development environment ကနေ production environment ကိုပြောင်းတင်လိုက်တဲ့သဘောပေါ့။ အဲ့ဒါမှတခြား user တွေ (သို့) တခြား application တွေကကိုယ်ရေးထားတဲ့ application ကိုယူသုံးလို့ရမှာပေါ့။ ဒီလောက်ဆို deploy လုပ်တယ်ဆိုတာဘာကိုပြောတာလဲဆိုတာနားလည်သွားပြီထင်ပါတယ်။ မရှင်းတာဖြစ်ဖြစ်၊ သိချင်တာဖြစ်ဖြစ် comment မှာမေးခဲ့လို့ရပါတယ်နော်။ ဒီစာဖတ်ပြီးဗဟုသုတရတယ်၊ အကျိုးရှိတယ်ဆိုသူငယ်ချင်းတွေအတွက် share ပေးပါဦးဗျ ❤️

26/05/2024

Nested Loop အကြောင်းသင်ခန်းစာလေး အားလုံးနဲ့မျှဝေလိုက်ပါတယ်။
Programming Zoom Class Batch 3 ကတော့ တစ်ယောက်စာပဲနေရာကျန်ပါတော့တယ်ခင်ဗျာ။

22/05/2024

ဒါကတော့ Programming Zoom Class Batch 2 သင်တန်းသားတွေကို Java မှာ Scanner class သုံးပြီး data type အမျိုးမျိုး user ဆီက input ‌ယူနည်းလေးသင်ပေးနေတဲ့ video လေးပါ။

Programming Zoom Class Batch 3 ကိုဒီလကုန်စပါတော့မယ်။ အပြီးအစီး မြန်မာငွေ 50000 ကျပ်တည်းနဲ့တက်လို့ရမှာ Batch 3 ကနောက်ဆုံးပဲမို့ 50000 ကျပ်နဲ့ရတုန်း သင်တန်းတက်ချင်သူတွေ သင်တန်းအပ်လို့ရပါပြီနော်။ ၃ ယောက်စာနေရာလွတ်ပါသေးတယ်။

16/05/2024

ကျောင်းသားကိုဘယ်နားကအမှားကိုဘယ်လိုပြင်ရမယ်ဆိုပြီးပြောပြတာကလွယ်ပါတယ်။ အဲ့လိုပြောပြလိုက်ရုံနဲ့စာသင်တဲ့သူရဲ့တာ၀န်ကပြီးမသွားပါဘူး။ ကျောင်းသားကိုယ်တိုင် အဲ့အမှားကိုရှာတတ်အောင်၊ ဘာကြောင့်မှားပြီးဘယ်လိုပြင်ရမလဲသိအောင်လေ့ကျင့်သင်ကြားပေးရမှာကမှစာသင်တဲ့သူရဲ့တကယ့်တာ၀န်ပါ။

Photos from I Share with Passion's post 15/05/2024

အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ အခုလို information technology ခေတ်ကြီးမှာ online presence management ကအရေးပါလာပါပြီ။

Online presence ဆိုတာက‌တော့စီးပွားရေးလုပ်ငန်းတစ်ခု (သို့) လူတစ်ယောက်ရဲ့ online ပေါ်ကတည်ရှိမှုကိုပြောတာပါ။

Facebook, Instagram, X စတဲ့လူသုံးများတဲ့ Social Media Platform တွေပေါ်မှာကိုယ့်ရဲ့နာမည်ရိုက်ရှာလိုက်တာနဲ့ကိုယ့်ရဲ့ profile ကျလာ‌‌ဖို့၊ Google တို့ Bing တို့လို့ search engine တွေမှာ ကိုယ့်နာမည်ရိုက်ရှာတာနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် website ကိုပြပေးဖို့ဆိုတာ online presence ကောင်းကောင်းတည်ဆောက်ထားဖို့လိုပါတယ်။

Online presence ကောင်းတဲ့အခါ လုပ်ငန်းတစ်ခုဆိုလည်း customer တွေရဲ့ awareness ပိုရမှာဖြစ်ပြီး professional တစ်ယောက်ဆိုလည်း အလုပ်ရှင်တွေအနေနဲ့ကိုယ့်အကြောင်းကိုပိုပြီးလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်လေ့လာနိုင်တာပေါ့။

အခုရက်မှအသစ်ထွက်လာတဲ့ ChatGPT မှာဆိုအရင် version တွေနဲ့မတူဘဲ လူတစ်ယောက်ရဲ့နာမည်တပ်ပြီးမေးလိုက်တာနဲ့ တော်ရုံ online presence ရှိနေတဲ့သူသာဆို အဲ့လူအကြောင်းတွေအကုန်ထွက်လာပါပြီ။ စမ်းကြည့်မိသလောက် ChatGPT ကတော့ GitHub နဲ့ LinkedIn က data တွေကိုယူသုံးတာတွေ့ရပါတယ်။

ကိုယ့်ရဲ့ online presence ဘယ်လိုအခြေအနေရှိလဲသိချင်ရင်ကိုယ့်ကိုယ်ကိုဘယ်သူလဲလို့ အခုအသစ်ထွက်တဲ့ ChatGPT မှာသွားမေးကြည့်လိုက်တော့နော် 😉

12/05/2024

Google ကနေပုံထဲက email မျိုးကိုယ့်ဆီပို့လာဖူးလား?

တကယ်လို့အဲ့လိုပို့လာခဲ့ရင်တော့ တွေ့တွေ့ချင်းကိုယ့်ရဲ့ Google Account အပြင် Google Account ရဲ့ password နဲ့အတူတူ‌ထားထားတဲ့တခြား account တွေကိုပါအမြန်ဆုံး password လိုက်ချိန်းပြီး MFA တွေလိုက် on လိုက်ပါ။

အဲ့တော့ဒီ email ထဲမှာပါတဲ့ data breach ဆိုတာဘာလဲ?

Hackers တွေရဲ့ရည်ရွယ်ချက်ရှိရှိ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်စေ၊ မတော်တဆဖြစ်စေ website, app တစ်ခုခုရဲ့ sensitive user information တွေပေါက်ကြားကုန်တာကို data breach ဖြစ်တယ်လို့ပြောပါတယ်။

Data breach ဖြစ်တဲ့အခါ login ၀င်ရတဲ့ username နဲ့ password အပြင်တခြား sensitive information တွေဖြစ်တဲ့ကိုယ့်ရဲ့မွေးနေ့၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ စသဖြင့် database ထဲမှာရှိသမျှအချက်အလက်တွေပေါက်ကြားသွားနိုင်ပါတယ်။

ဒီ email ထဲမှာကတော့ Google မဟုတ်တဲ့တခြား company တစ်ခုခုက data breach ဖြစ်သွားပြီးအဲ့မှာသုံးထားတဲ့ password ကကိုယ့် Google account password နဲ့တူနေလို့ Google ကကိုယ့်ဆီ Security Alert လာပြပေးတာပါ။

Data breach အန္တရာယ်ကနေ user တစ်ယောက်အနေနဲ့ဘယ်လိုကာကွယ်မလဲ?

အရေးကြီးတဲ့ website နဲ့ application မှာသုံးတဲ့အကောင့်တိုင်းကို Multi Factor Authentication ဖွင့်ထားပါ။ Password တစ်ခုတည်းကိုအကောင့်အများကြီးမှာအတူတူထားတာကိုတတ်နိုင်သမျှရှောင်ပါ။ ကိုယ့်ရဲ့ မှတ်ပုံတင်၊ နာမည်၊ မွေးနေ့စတဲ့ personal identifiable information (PII) တွေကို app တွေ website တွေကတောင်းတိုင်းမပေးပါနဲ့။

ကိုယ့်ရဲ့သူငယ်ချင်းတွေလည်းသိပြီးသတိထားရအောင် share လုပ်သွားပေးပါဦးနော် 🙏

10/05/2024

ကိုယ့်ရဲ့ programming skills တိုးတက်လာအောင်လေ့ကျင့်ချင်တဲ့သူတွေအတွက် open.kattis.com ဆိုတဲ့ website လေးရှိတယ်နော်။

ဒီ website က programming problem တွေက difficulty level အလိုက်ရှိတာကြောင့်တစ်ပုဒ်လောက်စမ်းလုပ်ကြည့်ပြီး ကိုယ့်အတွက် challenge ဖြစ်မယ့် level တစ်ခုကိုမှန်းပြီး try လို့ရတဲ့အတွက် လွယ်လွန်းလို့ပျင်းပြီးဆက်မလုပ်ချင်တာမျိုးဖြစ်မှာမဟုတ်ပါဘူး။

ပြီးရင်သူက ထည့်ရမယ့် input လိုချင်တဲ့ output ကိုပြထားပေမယ့် problem description ကိုဖတ်မှဘယ်လိုဖြေရှင်းရမယ်ဆိုတာသိတာမျိုးဖြစ်တဲ့အတွက် problem analysis skills ကိုပါလေ့ကျင့်ပြီးသားဖြစ်မှာပါ။

စာရှည်မှာစိုးလို့အများကြီးမပြောတော့ဘူးနော်။ Website လေးထဲသွားပြီးကိုယ်တိုင်သာစမ်းကြည့်လိုက်တော့။ ကျွန်တော်လည်းအချိန်ရတဲ့အခါ အဲ့က problem တွေကိုဖြေရှင်းတာကို video လေးတွေလုပ်ပြီးတင်ပေးဦးမှာမို့ page လေးကို Like & Follow လုပ်ပေးပါဦးဗျ။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok
10330