Abacus Brilliance Academy

Abacus Brilliance Academy

แชร์

Hand Abacus Training School - Unleashing Mental Calculation Potential

26/10/2023

သားသားမီးမီးတို့၏ ဉာဏ်ရည်ဖွံ့ဖြိုးရာတွင် အထောက်အကူပြုသည့် Hand Abacus ( ပေသီးသင်္ချာ )ကို Abacus Brilliance Academyမှာ Level-1 အတန်းလေးတွေ စတင်အပ်နှံလို့ရပါပြီ

Hand Abacus ဆိုတာ ဘာလဲဆိုရင်တော့ ခု၊ဆယ်၊ရာ၊ထောင်၊သောင်း စတဲ့ကိန်းဂဏန်းတွေရဲ့ ပေါင်းခြင်းနုတ်ခြင်းတွေကို လက်ချောင်းလေးတွေကိုအသုံးပြုပြီး အချိန်တိုအတွင်း အဖြေမှန်ရအောင်တွက်ချက်ရတဲ့နည်းဖြစ်ပါတယ်
Hand Abacus တွက်နည်းဟာ ကလေးလေးတွေရဲ့လက်ချောင်းလေးတွေနဲ့တစ်ပြိုင်တည်း Brainကိုပါ Trainingလုပ်ပေးတာဖြစ်သည့်အတွက် Brain Developmentကို အထောက်အကူဖြစ်စေပါတယ်

Hand Abacusကို ကလေးတွေအနေနဲ့ဘာကြောင့်သင်ယူသင့်တာလဲဆိုတာကိုတော့ ဒီlinkလေးမှာ ဖတ်ရှုနိုင်ပါတယ်

https://www.facebook.com/61552034304569/posts/122104579442067810/

Level-1 အတန်းလေးအတွက်ကတော့ 10ပတ် (2လခွဲ) ကြာမြင့်မှာဖြစ်ပြီး Level-1အပြင် Brain Gym Exerciseတွေကိုပါ ပူးတွဲလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်
အသက် ၄နှစ်အရွယ်ကစပြီးအပ်နှံလို့ရသလို 1 2 3 မရေတွက်တတ်သေးတဲ့ သားသားမီးမီးတွေအတွက်ပါ (Beginner + Level-1) အတန်းလေးလည်း ရှိတာမလို့ လိုက်လုပ်နိုင်ပါ့မလားစိတ်ပူစရာမလိုပါဘူးနော်

အတန်းပြီးသွားလို့Testဖြေပြီးတဲ့အခါမှာလည်း Level-1ပြီးမြောက်ကြောင်း Certificateကို ပေးအပ်သွားမှာဘဲဖြစ်ပါတယ်

အတန်းချိန်အနေနဲ့ကတော့ စနေ၊ တနဂ်နွေရက်တွေမှာ
မနက် (10:00-11:00)
နေ့လည် (3:30-4:30) အချိန်တွေထဲမှ အဆင်ပြေတဲ့အချိန်ကို ရွေးချယ်အပ်နှံနိုင်ပါတယ်

သင်ကြားပေးသွားမယ့် Instructor ကတော့ လက်ရှိ ထိုင်းနိုင်ငံ Asia-Pacific International University မှာ Education Majorကို သင်ယူနေသူဖြစ်ပြီး Hand Abacus Training Certificate ရရှိထားသူလည်းဖြစ်ပါတယ်

Online Classအတွက်ဖြစ်တဲ့အတွက် Zoom Platformကနေတဆင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်

November 11မှာ အတန်းလေးတွေစမှာဖြစ်လို့ အခုဘဲRegisterလုပ်ထားလို့ရပြီနော်

အတန်းအကြောင်းအသေးစိတ်စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့
Viber - +95944434567
Phone - +959798999222 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

Photos from Abacus Brilliance Academy 's post 08/10/2023

ဒီတစ်ပတ်မှာတော့ Hand Abacusနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို သိချင်နေကြမယ့်သူလေးတွေအတွက် တီချယ်က ပုံတစ်ပုံချင်းစီအောက်မှာရှင်းပြပေးထားတာပဲဖြစ်ပါတယ်
ဒါ့အပြင် ကလေးလေးတွေကို ဘာကြောင့် Hand Abacusသင်ယူခိုင်းသင့်တာလဲဆိုပြီး တွေးနေမယ့် ဖေဖေ၊မေမေတွေအတွက်လည်း Hand Abacus သင်ယူခြင်းအားဖြင့် ရရှိလာမယ့် Benefitsလေးတွေအကြောင်းလည်း ရှင်းပြပေးထားပါတယ်

ငယ်စဉ်ကတည်းက ဦးနှောက်ကိုလေ့ကျင့်ပေးတဲ့နည်းဖြစ်သည့်အတွက်
Hand Abacusကို အသက်4နှစ်ကနေစပြီး သင်ယူလို့ရပါတယ်ဗျ

Abacus Brilliance Academyမှာဆိုရင်တော့ အသက်4နှစ် ကလေးလေးတွေကနေစပြီး တက်လို့ရမယ့်
Brain Training Exercises + Level-1 (Starter level)
Level-2 (Movers Level)
အတန်းများကို Novemberလအတွင်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်

အတန်းချိန်‌လေးတွေကို ကလေးလေးတွေရဲ့ကျောင်းပိတ်ရက်ဖြစ်တဲ့
စနေ၊တနင်္ဂနွေ (Weekends) တွေမှာ ဖွင့်လှစ်သွားမှာဖြစ်လို့
အတန်းနဲ့ပတ်သက်ပြီးသိလိုတာများရှိပါက Page Messenger သို့မဟုတ်
Ph No- 09798999222 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00
อาทิตย์ 09:00 - 18:00