02/01/2025
❗အသိပေးတိုက်တွန်းခြင်း❗❗
၂၄ နာရီမပြည့်ခင် လျှောက်ထားသူ ၁၀၀ နီးပါးဖြစ်လာနေပါပြီ၊ ၁၅ ရက်နေ့အထိ လျှောက်လွှာလက်ခံသွားမှာဖြစ်ပေမယ့် လျှောက်ထားသူ ၅၀၀ ပြည့်ရင် Google Form လက်ခံမှုကို ရပ်မှာဖြစ်ပြီး ရွေးချယ်မှုလုပ်ငန်းစဥ်ကို စောစီးစွာပြုလုပ်သွားမှာဖြစ်ကြောင်း၊ အမြန်အပ်နှံပေးကြပါရန် လေးစားစွာဖြင့်အသိပေးအပ်ပါတယ်။
အသေးစိတ်သိရှိရန်👇👇
"GED(Batch-3) အခမဲ့ဝင်ခွင့် လျှောက်ထားနိုင်ကြပါပြီ"
________________________________
Ta Mar Myay Education Group နှင့် အမေရိကန်နိုင်ငံအခြေစိုက် Buffalo Myanmar Association -BMA တို့ ပူးပေါင်းပြီး GED (Batch-3) အခမဲ့ ပညာဒါနသင်တန်းကြီးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှစပြီး ၅ လတာဖွင့်လှစ်မှာဖြစ်ပါတယ်။
🔸 Google form ဖြင့် ဝင်ခွင့်လျှောက်ထားမှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီအထိသာ လက်ခံသွားမှာဖြစ်ပြီး လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာဖြစ်တဲ့အတွက် အချက်အလက်များကို ဂရုတစိုက် ပြည့်စုံစွာဖြည့်သွင်းဖို့ လိုအပ်ပါမယ်။
*လျှောက်ထားသူအထူးများပြားသလို သင်တန်းသား ၁၀၀ ဦးကိုသာ လက်ခံမှာဖြစ်တဲ့အတွက် Google Form ဦးစွာလျှောက်ထားသူများမှ စည်းကမ်းချက်နဲ့ကိုက်ညီသူများကို Ta Mar Myay ပညာရေးဘုတ်အဖွဲ့ရဲ့ ရွေးချယ်မှုအတိုင်းသာ အတည်ပြုသွားမှာဖြစ်ပါတယ်**
🔸 Google form မှပေးပို့သော အချက်အလက်များကိုစစ်ဆေးအတည်ပြုပြီးပါက ဝင်ခွင့်ရသော ကျောင်းသား/သူများကို Ta Mar Myay သင်တန်းဘက်မှကျောင်းသားကုဒ်နံပါတ်များ ထုတ်ပေးပြီး သက်ဆိုင်ရာ Gmail များသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ မတိုင်မီ ပေးပို့အကြောင်းကြားသွားပါမယ်။
🔸 GED program အခမဲ့တက်ရောက်ခွင့် အကြောင်းကြားစာရရှိသည့် ကျောင်းသား/သူများအားလုံးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ အချိန်မှာ သင်တန်းဖွင့်ပွဲကျင်းပမှာဖြစ်သည့်အတွက် မဖြစ်မနေ Zoom ဖြင့်တက်ရောက်ကြရမည်ဖြစ်ပြီး အဆိုပါ ဖွင့်ပွဲနေ့တွင် ပျက်ကွက်ပါက ဆက်လက်သင်တန်းတက်ရောက်ခွင့်ရရှိတော့မှာမဟုတ်ပါ။
🔸လျှောက်ထားခွင့်ရှိသူများ
* စနစ်ဟောင်း ၈ တန်းသင်ကြားဖူးသူ (သို့) စနစ်သစ် Grade 8 သင်ကြားဖူးသူဖြစ်ရမည်**
✔️ဒီနေရာမှာ ဝင်ခွင့်လျှောက်ပါ👇👇
https://docs.google.com/forms/d/e/1FAIpQLSeqlq30VZE5_tCC9Msptot9ERAOj4WdFISrfA5YRBc7vFQQeQ/viewform?usp=header
🔸သင်ကြားမှုပုံစံကို တက်ရောက်သူများအတွက် လုံခြုံစိတ်ချရသော Google Class ၊ Zoom၊ Telegram group စသည့်သင်ကြားနည်းစနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။
*(မှတ်ချက်- တမာမြေသင်တန်းဘက်မှ တက်ရောက်သူများထံ [email protected] နှင့် Official Telegram ကိုသာ အသုံးပြုဆက်သွယ်ကြမှာဖြစ်ပြီး မည်သည့်ဖုန်းနံပါတ်များကိုမှ အသုံးပြုခြင်း၊ တိုက်ရိုက်ဖုန်းဆက်သွယ်ခြင်း လုံးဝ ပြုလုပ်မှာမဟုတ်ပါ)***
Ta Mar Myay Education Group
#အခမဲ့ပညာဒါန
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ အထိနောက်ဆုံးလျှောက်ထားရပါမည်။