Kayǎn Adventist Youth Academic Network

Kayǎn Adventist Youth Academic Network ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Kayǎn Adventist Youth Academic Network, การศึกษา, Bangkok.

Kayan Adventist Youth Academic Network (KAYAN) is an Adventist Christain, self- supported, non-profit, community based organisation located 1-2 kms east of Central Myanmar Adventist Seminary (CMAS) Tabyae Village, Taungoo, Bago Region, Myanmar

Happy birthday bar Bezin Shar.
05/11/2023

Happy birthday bar Bezin Shar.

ကလေးတွေအတွက် ဆီ ပဲ များကို လှုဒါန်းပေးတဲ့ အတီး စော Dah Bu ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဘုရားကောင်းကြီးအများကြီးပြန်ခံစာ...
19/09/2023

ကလေးတွေအတွက် ဆီ ပဲ များကို လှုဒါန်းပေးတဲ့ အတီး စော Dah Bu ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဘုရားကောင်းကြီးအများကြီးပြန်ခံစားရပါစေ။ ပေးလှူတာ တစ်ပတ်ကျော်ပြီ အခုမှ ပုံတင်ဖြစ်တာပါဗျ။😊😊

https://www.youtube.com/channel/UCSNMizYgiVXxkCgIrYJ5qbA
30/07/2023

https://www.youtube.com/channel/UCSNMizYgiVXxkCgIrYJ5qbA

၂၀/၃၆၅ ***ခြေလှမ်းငယ်များကနေ စတင်ပါ***

ကျွန်ုပ်တို့အားလုံး တိုးတက်မှုကို လိုလားကြသော်လည်း သင်သည် လမ်းမှားဘက်မှာ ရောက်နေသူဖြစ်လျှင် သင့်အတွက်တိုးတက်မှုဆိုတာက လမ်းမှန်သို့ ပြန်ကွေ့လျှောက်လှမ်းခြင်းကို ဆိုလိုပါတယ်။ လမ်းအမှားထဲကနေ အမြန်ဆုံးပြန်လှည့်လာသူသည် အတိုးတက်ဆုံးသူဖြစ်သည်။ C. S. Lewis

ရောမမြို့ကို တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာမဟုတ်ပဲ၊ သင်ကိုယ်တိုင် စည်းကမ်းတကျ နေ့ချင်းညချင်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ အထူးတလည် စည်းကမ်းတကျမနေဖူးပါက၊ လွယ်ကူ သေးငယ်သောစိမ်ခေါ်မှုများဖြင့် စတင်ပြီး ၎င်းတို့အပေါ်တွင် သင့်ကိုယ်ပိုင်စည်းကမ်းကြီး တည်ဆောက်ပါ။ ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းကို မညည်းညူပဲ တစ်ရက်တာကို ကောင်းကောင်းဖြတ်ကျော်နိုင်မလား။ တစ်ရက်ကနေ နှစ်ရက်၊ တစ်ပတ်၊ တစ်လ ဆက်ပြီး အသေးကနေ စိန်ခေါ်မှုအကြီးဆီကို ဆက်သွားပါ။

မိမိကိုယ်ကို စည်းကမ်းပိုမိုတည်ဆောက်ရန် သင်အကောင်အထည်ဖော်နိုင်သော အခြားရိုးရှင်းသောအလေ့အကျင့်များမှာ - မိသားစု အပေါင်းအဖော်တွေကို သင့်စိတ်အနှောင့်အယှက်ဖြစ်သည့်အခါ ဒေါသတကြီးအော်ဟစ်တာမျိုးတွေ ရှောင်တာ၊ အချို၊အဆီ များတဲ့ အစာကို လျှော့စား- ရှောင်တာမျိူး၊ ပုံမှန် အိပ်ယာထချိန်ထက် နည်းနည်း စောစောထတာ၊ ပုံမှန်ထက် မိနစ်အနည်းငယ်ပိုကြာအောင် အလုပ်ကြိုးစားတာမျိူး၊ ဖြစ်နိုင်ပါတယ်။- ထိုကဲ့သို့သော စိန်ခေါ်မှုသေးသေးလေးကနေ စလုပ်ဆောင်ပြီး မကြာမီတွင် သင်သည် မိမိကိုယ်ကို ပိုမိုထိန်းချုပ်နိုင်ကာ ပိုမိုကြီးမားသော အပြောင်းအလဲများဆီသို့ တိုးတက်လာနိုင်မည်ဖြစ်တယ်။

*** သင့် ၃၆၅ကို သေးငယ်သော အုတ်မြင့်များ(စည်းကမ်း)ဖြင့် ခိုင်မာအောင်တည်ဆောက်ပါ***

29/07/2023

၁၉/၃၆၅ ***ဘဝ တိုက်ပွဲ ***

အိုလံပစ်အားကစားပြိုင်ပွဲတွင် အရေးကြီးသောအချက်မှာ အနိုင်ရခြင်းထက် ပါဝင်ခြင်းကပို အဓိကကျပါတယ်။ ဘဝ၏အရေးကြီးသောအရာသည်မှာလဲ အောင်ပွဲခံခြင်းထက် ရုန်းကန်ခြင်း နှင့်ဘဝကို အဆုံးထိ ကောင်းစွာတိုက်လှန်ခြင်းပဲဖြစ်တယ်။—Pierre de Coubertin

သင့်ကိုယ်ပိုင် စည်းကမ်းတည်ဆောက်တဲ့အခါမှာ တစ်စုံတစ်ယောက်ဆီကနေ အသိမှတ်ပြုဖို့ လုပ်နေခြင်းမဟုတ်ပါ။ သင်လုပ်နိုင်လို့လည်း သင်ံ့အတွက် စင်မြင့်လည်း မရှိပါဘူး။ မိမိကိုယ်ကို စည်းကမ်းတည်ဆောက်ခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ - သင့်ကိုယ်သင် တွန်းအားပေးတာ၊ သင်၏ အားနည်းချက်များနှင့် သင့်ကိုယ်ကို နှောင့်ယှက်သော အပြုအမူများကို အနိုင်ယူဖို့အတွက်ပဲဖြစ်တယ်။

သင့်အိပ်မက်တွေကို အကောင်အထည်နိုင်တဲ့အချိန်က အရေးကြီးဆုံးအချိန်မဟုတ်သေးဘူး။ အရေးကြီးဆုံးအခိုက်အတန့်မှာ ဘဝကို ခါးခါးသီးသီး ရုန်းကန်ရတဲ့အခိုက်အတန့်များပဲဖြစ်ပြီး မအောင်မြင်မချင်း ကြိုးစား ရုန်းကန်လိုတဲ့ အချိန်က အတန်ဖိုးရှိဆုံး အချိန်ပါပဲ။ ဒါဟာ သင့်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ သင့်ကိုယ်သင် စည်းကမ်းရှိကြောင်း သက်သေပြတာပါပဲ။ သင်ဟာ လူပျော့ လူညံ့၊ခေသူမဟုတ်ဘူးပေါ့ဗျာ။

သင်ဟာ အဆုံးစည်း(ပန်းတိုင်)ကနေ အလှမ်းဝေးနေသေးတာကို စိတ်ပျက်မိတဲ့အခါတိုင်း၊ အကြီးမားဆုံးဆုလာဘ်တွေအတွက် သင်အခု သင်ယူစုဆောင်းနေတယ်ဆိုတာကို သတိရပါ။ ၎င်းသည် သင့်အား တိုးတက်ကောင်းမွန်စေပြီး သင့်အား ပိုမိုအောင်မြင်သောလူတစ်ဦးဖြစ်လာစေသည့် ကိုယ်တိုင်ရုန်းကန်မှုပဲဖြစ်တယ်။

*** သင့် ၃၆၅ကို စိတ်ဓါတ်ကြံ့ခိုင်သူအဖြစ် ရောင်ခြယ်ပါ***

28/07/2023

၁၈/၃၆၅ ***မြင့်သော စံနှုန်းများဖြင့်***

သင့်မှာ မြင့်မားတဲ့ အသက်ရှင်မှုစံနှုန်းချမှတ်ထားတာကြောင့် နေ့တိုင်း ပြိုင်ဆိုင်မှုတွေ ရှိနေပါလိမ့်မည်။ Michael Jordan

သင့်ကို အခြားသူများမျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားသောစံနှုန်းတစ်ခု တည်ဆောက်ပါ။ သင့်လုပ်ရအတွက် တာဝန်ယူမှုရှိပါ- ကိုယ့်ကိုယ်ကို ဘယ်တော့မှ မညှာပါနဲ့။ သင့်ကိုယ်သင် ခက်ထန်တဲ့ သခင်ဖြစ်အောင်နေပြီး တခြားလူတိုင်းကိုတော့ ညှာတာမှုရှိတဲ့အစေခံတစ်ယောက်အနေနဲ့ အသင်ရှင်ပါ။ သင်ကိုယ်တိုင် အလေးထားသော သင့်ကိုယ်ပိုင်စံနှုန်းများဖြင့်အသက်ရှင်ပါ။

သင့်ရဲ့စံနှုန်းအရ တိုးတက်မှုဆိုတာ ဘယ်သောအခါမျှ မပြီးဆုံးသင့်ပါ။ ပိုမြင့်တဲ့စံနှုန်းတစ်ခုအတွက် ကိုယ့်ကိုယ်ကို အမြဲတာဝန်ယူထားသင့်တယ်။ ဘဝရဲ့ အောင်မြင်မှုနဲ့လိုက်ဖက်တဲ့ အလေ့အထတွေကို ထိန်းသိမ်းနိုင်ခြင်းအားဖြင့်လည်း ပိုအောင်မြင်မှုများကို ရရှိစေမှာဖြစ်တယ်။

သင့်ကိုယ်သင် နိမ့်ကျသော စံနှုန်းများနှင့်အသက်ရှင်ရန် ခွင့်ပြုပါက သင်သည် မည်ကဲ့သို့ ထူးချွန်မှုကို ရရှိမည်နည်း။ မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းသည် မြင့်မားသော စံနှုန်းများ ရှိခြင်း၏ အစွမ်းထက်ဆုံး သရုပ်ပြမှု တစ်ခုဖြစ်သည်။ လူအများစုလုပ်သကဲ့သို့ သင့်ဘဝကို ခေတ္တခဏမျှ စိတ်ခံစားချက်များနှင့် ပတ်ဝန်းကျင်တွန်းအားပေးမှုအတိုင်း စိတ်မယိုင်မိပါစေနဲ့။ သင့်စံနူန်းအတိုင်း မားမားမတ်မတ် အသက်ရှင်ပါ။

*** သင်ကိုယ်တိုင် အလေးထားသော သင့်ကိုယ်ပိုင်စံနှုန်းများဖြင့်အသက်ရှင်ပါ***

26/07/2023

၁၆/၃၆၅ ***အားမကိုးနဲ့***

"အားနည်းတဲ့သူကသာ အချိန်တိုင်းတခြားလူရဲ့အကူညီ လိုအပ်တာ" - Sarah Dessen

သင့်ပန်းတိုင်များဆီရောက်ဖို့ ပံ့ပိုးကူညီပေးသူများနှင့် သင့်ကိုယ်သင် ဝိုင်းရံခြင်းသည် အထောက်အကူဖြစ်မည်မှာ သေချာတာပေါ့။ သူငယ်ချင်းတစ်ဦးနှင့် လေ့ကျင့်ခန်းအတူတူလုပ်တာ၊ သင့်အိမ်ထောင်ဖက်နှင့်အတူ အစားအသောက်စားတာ တို့တွေပေါ့။ သို့သော် သတိထားရမည်မှာ အခြားသူများအပေါ် အလွန်အကျွံအားကိုးတာတွေကို အထူးသတိပြုရန်လိုအပ်ပါတယ်။

သင်လေ့ကျင့်ခန်းလုပ်နေရခြင်း၏တစ်ခုတည်းသောအကြောင်းရင်းက သင်သူငယ်ချင်းက အဖော်အဖြစ်လုပ်ပေးနေလို့ဆိုရင် အပေါင်းအသင်းမရှိတဲ့တစ်နေ့ သင်နည်းလမ်းဟောင်းသို့ (ပျင်း) ပြန်သွားနိုင်တာပဲ။ သင့်သူဌေးကို ကြောက်လို့သာ အလုပ်တွင် စွမ်းဆောင်ရည် ပြည့်ဝနေတာ၊ အကယ်ဤ သူတို့အနားမှာ မရှိတဲ့အခါတွင် သင့်ရဲ့ကြိုးစားအားထုတ်မှု မည်မျှ စွမ်းဆောင်နိုင်မည်နည်း။ သင့်ကြိုးစားအားထုတ်မှုသည် တစ်စုံတစ်ယောက်ကြောင့်ဆိုတာထက် သင်ကိုယ်တိုင် စိတ်ဆုံးဖြတ်ပြီးလုပ်တာဖြစ်သင့်ပါတယ်။ အများအရှေ့မှာ ကြည့်ကောင်းအောင်ပဲ လုပ်တတ်တာမျိုးဆိုရင် စ၃်းစားစရာပါ။

စိတ်အားထက်သန်မှုဆိုတာက အပြောင်းအလဲများပြုလုပ်ရန် သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် အမြဲစတင်သင့်သည်။ အခြားသူတွေရဲ့ ပြင်ပပံ့ပိုးကူညီမှုသည် အဖိုးတန်သော်လည်း အဆုံးမှာ သင်ကလွဲလို့ သင့်ရဲ့ခံယူချက်အတိုင်းရပ်တည်ပေးနိုင်မယ့်သူမရှိတော့တဲ့ အခြေနေရှိနိုင်ပါတယ်။ အခြားသူများ၏အကူအညီမပါ(တစ်ယောက်က ဆုံးဖြတ်ပေးတာမဟုတ်ပဲ) သင့်ဆုံးဖြတ်ချက်များကို လိုက်နာနိုင်ခြင်းမရှိပါက သင့်ကိုယ်သင် စည်းကမ်းတင်းကြပ်တဲ့သူတစ်ယောက် အနေဖြင့် သတ်မှတ်လို့ မရသေးပါဘူး။

*** သင့် ၃၆၅ ကို ကိုယ်ပိုင်ရပ်တည်ချက်ရှိသူအနေဖြင့် ရောင်ခြယ်ပါ***

25/07/2023

၁၅/၃၆၅ ***အမြဲတမ်း လေ့လာသင်ယူပါ ***

အသိပညာမြင့်တင်ဖို့ဆိုတာက အမြဲတမ်းစိန်ခေါ်မှုယူပြီး အဆက်မပြတ် လေ့လာနေမှ တိုးပွားမှာမယ်ဖြစ်တယ် သို့မဟုတ်ရင် ပျောက်ကွယ်သွားပါလိမ့်မည်။- Peter Drucker

အသိပညာကဲ့သို့ပင်၊ မိမိကိုယ်ကိုစည်းကမ်းဖြင့်တင်းကြပ် ဆုံးမခြင်းဆိုတာ တစ်ခါ "ပြီးပြီးသည်" ကိစ္စမဟုတ်ပါ။ ပိုမိုကြီးမားသော အနာဂတ်ဆုလာဘ်များအတွက် စိန်ခေါ်မှုအသစ်များကို သတ်မှတ်ကာ တသမတ်တည်း ထိုစည်းကမ်းအတိုင်း နေထိုင်ရမည်ဖြစ်တယ်။

သင့်ကိုယ်သင် "စည်းကမ်းနဲ့ပြည့်ဝပြီ" လုံလောက်ပြီ လို့ ဘယ်တော့မှ မယူဆပါနဲ့။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်နိုင်ပြီး သင်၏ နေသားကျအခြေအနေ၊ သက်တောင့်သက်သာဇုန်ကို ပိုမိုချဲ့ထွင်နိုင်သည့် နယ်ပယ်အသစ် အမြဲရှိပါသည်။ ဥပမာအားဖြင့်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်ကိုယ်ပိုင်စည်းကမ်းအတွက် စိန်ခေါ်မှုမရှိတော့ပါ။ လက်မောင်း ကြွက်သားအတွက် ၅ ကီလို အလေးတုံးကို လွန်ခဲ့တဲ့ ၃ လကတည်းက “မ” တဲ့သူတစ်ယောက်က ခုဆို ၅ ကီလို မကသော အလေး၊ ၁၅-၂၀ ကီလို အထက် မ နိုင်တဲ့သူဖြစ်ရပါတော့မယ်။ ပုံမှန်ထက်လေးသော အလေးကို မ ခြင်းက သူ့အတွက် စိန်ခေါ်မှုပဲ။
ကိုယ်က နယ်ပယ်တစ်ခုမှာ(English ဘာသာစကား) အတိုင်းအတာတစ်ခုအနေဖြင့် နားလည်းသိပြီးသားဆိုရင်လည်း အခြားကိုယ့်အတွက် စိန်ခေါ်မှုရှိတဲ့ နယ်ပယ် ( နည်းပညာဆိုင်ရာ) လေ့လာမှုတွေကို လုပ်သင့်ပါတယ်။ ဘဝမှာ ဘာစိန်ခေါ်မှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ အသက်မရှင်ဖို့ အားပေးလိုပါတယ်။

*** သင့် ၃၆၅ ကို လေ့လာသင်ယူလိုစိတ်ရှိသူတစ်ယောက်အနေဖြင့် ရောင်ခြယ်ပါ***

24/07/2023

၁၄/၃၆၅ ***ရေရှည် မျှော်မှန်းချက်***

သင့်ပန်းတိုင်ဆီကို မရောက်နိုင်တော့ဘူးလို့ ယူဆလျှင် ပန်းတိုင်ကို မချိန်ညှိပါနှင့်၊ သင့်လုပ်ဆောင်မှုအဆင့်များကို ချိန်ညှိပါ။ Confucius

ကွန်ဖြူးရှပ်တစ်ခါတရံမှာ လုပ်ချင်တာများပြီး ဘာမှမလုပ်ဖြစ်ပဲ တစ်နေ့တာ ကုန်သွားတတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်နှစ်ခု သုံးခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ရင် ပိုအောင်မြင်မယ်လို့ တွေးတတ်ပါတယ်။ တစ်ရက်တာ၊ တစ်ပတ်တာ၊ တစ်လ၊ နောက်ဆယ်နှစ်မှာ ပြီးရမယ့်အလုပ်ကိုပဲ အာရုံစူးစိုက်နိုင်ရင် ကျွန်တော်တို့ အချိန်အများကြီး ကယ်တင်နိုင်လိမ့်မယ်။

ကြံ့ခိုင်မှုပိုင်းမှာတော့ ကိုယ်လိုချင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ရဖို့က လချီပြီး ကြိုးစားဆောက်တည်ရပါတယ်။ ဘာသာစကားတွေကို လေ့လာရာမှာ စကားလုံးအသစ်တွေကို အတတ်နိုင်ဆုံး မြန်မြန်တတ်ချင်ရာမှာ ပုံမှန်စကားလုံးတစ်လုံးအသစ်လေ့လာ၊ နားထောင် ဖို့လိုအပ်ပါတယ်။ နေ့ချင်း ညချင်းတော့ ဘယ်သူတတ်ပါ့မလဲ။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုတာမျိူးပေါ့။ ဒါတွေအားလုံးက ရေရှည်မျှော်မှန်းချက် long term goal က တွန်းအားအဖြစ်ရှိနေတာဖြစ်တယ်။

သင့်ပန်းတိုင်များ ပိုင်းခြားစိတ်ဖြာပါ။ ခဏတာကို ဦးတည်တဲ့ အမူအကျင့်တွေကိုဖယ်ပြီး ရေရှည်အတွက် ရည်မှန်းထားတာ ရရှိအောင် ကောင်းသောအကျင့်ဖြင့် အစားထိုးပါ။ မိမိကိုယ်ကို စည်းကမ်းဖြင့်တင်းကြပ်ဆုံးမခြင်းသည် မကျန်းမာသောစာကို ငြင်းပယ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်း အလေ့အထကို လိုက်နာခြင်းပဲ မဟုတ်ပါဘူး။ သင့်ရေရှည် ရည်မှန်းချက်အတွက် ကြိုးစားမှုရာမှာ စိတ်ဓါတ်မပျော့ညံ့ဖို့ တဆိုင်းမတ်မတ် ဆက်ကြိုးစားခြင်းလည်းပါတယ်။

*** သင့် ၃၆၅ ကို မိမိရဲ့ ရေရှည် မျှော်မှန်းချက်ကိုသိသောသူတစ်ယောက်အနေဖြင့် ရောင်ခြယ်ပါ***

23/07/2023

၁၃/၃၆၅ ***မျက်တစ်ဆုံး ကြည့်ပါ***

စည်းကမ်းဆိုသည်မှာ သင်ယခုလိုချင်သောအရာနှင့် သင်နောင်မှာအလိုချင်ဆုံးအရာနှစ်ခုကြား ရွေးချယ်ခြင်းပဲဖြစ်တယ်။ - အမည်မသိ

သင်ကကျန်းမာရေးလိုက်ရှောက်မယ်ပြောပြီး အကြောင်းတစ်ခုကြောင့် ချောကလက်တစ်ပိုင်းစား မိတယ်ဆိုပါစို့။ ဒီနေရာမှာ သင်၏ရေရှည်ရည်မှန်းချက်များ (ကျန်းမာချင်တာ)ထက် ယာယီခံတွင်းတောင်တမှုနောက်ကို လိုက်နေခြင်းဖြစ်တယ်။ သိသိသာသာ၊ ချောကလက်တစ်ခြမ်းက ကိုယ်အလေးချိန်တက်လာတာကို ချက်ချင်းမပြနိုင်ပေမယ့် (ရေရှည်မှာ) သင့်ခန္ဓာကိုယ်ကို “သင်လိုချင်တဲ့အရာ”(ချောကလက်) ကို “သင်အလိုချင်ဆုံးအရာ” (ကျန်းမာလှပသောခန္ဓာကိုယ်နဲ့ သင်လဲလှယ်နေခြင်းပဲဖြစ်တယ်။

ယာယီခံတွင်းအာသာ ဖြေမှုကို ဦးစားပေးတဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်တိုင်း သင့်အပြုအမူ အကျင့်စရိုက်က ရေရှည်ရည်မှန်းချက်အတွက် စိတ်ဓာတ်တက်ကြွမှု အားနည်းနေကြောင်း သက်သေခံနေပါတယ်။ သင့်ရဲ့ “ဘာကြောင့်လဲ” why ဆိုတဲ့ "အကြောင်းရင်းတွေ" reasons တွေက တိကျခိုင်လုံတယ်ဆိုရင်၊ သင်အခုလိုချင်တာတစ်ခုအတွက်နဲ့ နောင်မှာ သင်အလိုအပ်ဆုံး၊ အဖြစ်ချင်းဆုံးအရာကို လဲလှယ်မှာမဟုတ်ဘူး။ တစ်နေ့ကျရင် နိုင်ငံတကာအဆင့်မီကျောင်းမှာ တက်ဖို့ အိပ်မက် မျှော်မှန်းချက်ရှိတဲ့ ကျောင်းသား/သူ တစ်ယောက်က ဘယ်သောအခါမှ အကျိုးမရှိတဲ့ social media တွေမှာ အချိန်ကုန်စေမှာမဟုတ်ဘူး။ သူ့ရဲ့ ရေရှည်ရည်မှန်းချက် long term goal အတွက် လေ့လာမှု၌သာ အချိန်ကို အသုံးပြုပါလိမ့်မည်။

သင်၏ရေရှည်ရည်မှန်းချက်များအောင်မြင်ဖို့က၊ သင်နောင်မှာ အလိုချင်ဆုံးအရာ (ပန်းတိုင်တစ်ခုအတွက် စိတ်ပျင်းပြုမှု)သည် သင်အခုလိုချင်သောအရအရာ (သင်ကိုယာယီစိတ်ကျေနပ်မှု၊ ခေတ္တအပျော်) ထက် အမြဲတမ်းစိတ်ဓါတ်ပြင်းပြ ပိုမိုခိုင်မာနေကြောင်း သေချာအောင်စမ်းစေ့ပါ။

*** သင့် ၃၆၅ ကို မိမိရဲ့ ရေရှည် မျှော်မှန်းချက်ကိုသိသောသူတစ်ယောက်အနေဖြင့် ရောင်ခြယ်ပါ***

22/07/2023

၁၂/ ၃၆၅ *** သောကကင်း စိတ် ***

ကောင်းကြီးများကို ရေတွက်ခြင်းနှင့် ကျေးဇူးတင်ရမယ့်အရာကို တွေးတောခြင်းက သင့်စိတ်နှင့် စိတ်ဓာတ်ကို အေးချမ်းစေလိမ့်မည်။ Ralph H. Blum

မိမိကိုယ်ကိုယ် ကြပ်မတ်စွာဆုံးမခြင်းသဘောကို မြင်သာအောင်ပြခိုင်းရင် လောကီစိတ်ကိုစွန့်ပြီး နာရီပေါင်းများစွာ တောထဲမှာ ငြိမ်ငြိမ်ထိုင်နေနိုင်တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေပဲ မတော်ရင် စ၃်စားမိပါလိမ့်မယ်။ အရာရာ၌ အလုပ်များပြီး ပူပင်သောကများနေကြတဲ့ ကမ္ဘာမှာ အသက်ရှင်နေကြတဲ့လူတွေဖြစ်တဲ့အတွက် စိတ်တည်ငြိမ်မှုရအောင် ထိန်းနိုင်စွမ်းရှိသူ ရှားပါး သလောက်ပါပဲ။—သို့သော် သင်ကြိုးစားအားထုတ်လိုစိတ်ရှိလျှင် သင်လည်းတစ်ဦးဖြစ်လာနိုင်ပါတယ်။

သင့်စိတ်ကို တည်ငြိမ်အောင် လုပ်သင့်တာကတော့ တရားထိုင်တာ- သမ္မာကျမ်းပိုဒ်ကိုဖတ်ပြီး ဆင်ခြင်သုံးသပ်ခြင်းပါပဲ။ ကျမ်းစာကို ပြီးအောင်မြန်မြန်ဖတ်တာထက် ဖြေးဖြေးခြင်းဖတ်ပြီး နားလည်အောင်ဖတ်တာပိုတန်ဖိုးရှိပါတယ်။

နေ့စဥ်စိတ်တည်ငြိမ်မှုကို မြှင့်တင်ရန် အဓိကသော့ချက်မှာ လက်ရှိအခိုက်အတန့် သို့မဟုတ် သင်လုပ်ဆောင်နေသည့် အလုပ်တစ်ခုအပေါ် ကိုပဲ သင်အာရုံစိုက်ရမှာဖြစ်တယ်။ ကိုယ်ဝါသာနာပါသော တူရိယာ ဂီတာ၊ တယော တစ်ခုခု တီးတာတို့၊ ဥယျာဉ်စိုက်ပျိုးတာတို့၊ က တာ သို့မဟုတ် ချည်ထိုးတာ ဓမ္မသီချင်းနားထောင်တာလည်း ဖြစ်နိုင်တာပဲ။ အလေ့အထတစ်ခုအနေဖြင့် မကြာခဏ လုပ်လေလေ၊ နေ့စဉ် အခြေအနေတွေမှာ ငြိမ်သက်နေလေပါပဲ။ စိတ်တည်ငြိမ်မှုကို ပြုစုပျိုးထောင်ခြင်းက မိမိကိုယ်ကို ထိန်းချုပ်မှု ပိုကောင်းလာစေမှာဖြစ်တယ်။

*** သင့် ၃၆၅ ကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြတ်ကျော်ပါ ***

ที่อยู่

Bangkok

เบอร์โทรศัพท์

+959775020593

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kayǎn Adventist Youth Academic Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Kayǎn Adventist Youth Academic Network:

ทางลัด

แชร์

ประเภท