Academy Federal School

Academy Federal School

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Academy Federal School, โรงเรียน, Bangkok.

28/04/2026

♦️ACADEMY FEDERAL SCHOOL ၏ page မှ ခေါ်ယူထားသည့် ဆရာ၊ဆရာမ လျှောက်လွှာတွင် ပါဝင်လျှောက်ထားကြသည့် ဆရာ၊ဆရာမများထံသို့ (၂၆.၄.၂၀၂၆) ‌Interview တွေ့ဆုံရန်အတွက် ဆရာ၊ဆရာမ တို့ လျှောက်ထားစဉ်က ပေးထားသည့် Email Address သို့ Informed Mail များ ပေးပို့ထားပြီးဖြစ်ပါသည်။

♦️သို့ရာတွင် အောက်ပါအမည်စာရင်းတွင်ပါဝင်သည့် ဆရာ၊ဆရာမများသည် အထက်ပါ နေ့ရက်၌ Interview မဝင်ရောက်ခဲ့သေးပါသဖြင့် Interview ဝင်ရောက်ပေးနိုင်ပါရန် ထပ်မံအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

♦️သို့ဖြစ်ပါသောကြောင့် အောက်ပါဇယားတွင် အမည်ပါသော ဆရာ၊ဆရာမများအနေဖြင့် Interview လာရောက် တွေ့ဆုံပေးကြပါရန်အတွက် ဆရာ၊ဆရာမတို့ လျှောက်ထားစဉ်က ပေးထားသည့် Email address သို့ (၂.၅.၂၀၂၆) ရက်နေ့၌ Interview Meeting Link ပါသော အကြောင်းကြားစာအား ပေးပို့သွားမည်ဖြစ် ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ဆရာ၊ ဆရာမတို့ Interview ဝင်ရောက်ရမည့် နေ့ရက်နှင့် အချိန်အား အောက်ပါဇယားထဲ၌ ထည့်သွင်းဖော်ပြပေးထားပါသည်ခင်ဗျာ။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL (ACFS)



25/04/2026

Academy Federal School မှ ဘာသာရပ်အလိုက် လိုအပ်သော ဆရာ၊ဆရာမ များ ခေါ်ယူရာတွင် ပူးပေါင်းပါဝင်၍ လျှောက်ထားပေးကြသော ဆရာကြီး၊ဆရာမကြီးများ ခင်ဗျား........🙏🙏🙏

💠 ဆရာကြီး၊ဆရာမကြီး တို့ ထံသို့ Interview တွေ့ရန် Informed mail များကို ယနေ့(၂၅.၅.၂၀၂၆) ၌ ပေးပို့ပြီးဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။ Interview ခေါ်ဆိုခြင်းကို (၂၆.၅.၂၀၂၆) နေ့လည် မှ စပြီး ပြုလုပ်သွားမည်ဖြစ်ပါသည်။

💠 ဆရာကြီး၊ဆရာမကြီး များအနေဖြင့် မိမိတို့၏ Email မှ inbox နှင့် Spambox များကို ဝင်ရောက်စစ်ဆေးပေးကြပါရန် အထူးမေတ္တာ ရပ်ခံ ပန်ကြားအပ်ပါသည်။

💠 ပေးပို့ထားသည့် Informed mail တွင် Interview ဝင်ရမည့် အချိန်နှင့် Joinရမည့် Meeting link ကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားသည်ဖြစ်၍ ဆရာကြီး၊ဆရာမကြီးများအနေဖြင့် မိမိတို့ Interview ဝင်ရမည့် အချိန်အတိုင်း (ကျေးဇူးပြု၍) ဝင်ရောက်ပေးကြပါရန်လည်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်ခင်ဗျာ။

💠 ACADEMY FEDERAL SCHOOL နဲ့ ယခုလို ပူးပေါင်းကူညီ‌ကြတဲ့အတွက်လည်း ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျား။

💠 NUG MOEရဲ့ ကြားကာလပညာရေးကို အကောင်အထည် ဖော်ရာမှာ ဆရာကြီး၊ဆရာမကြီးတို့နဲ့ အတူတကွ ဖော်ဆောင်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်စွာ ဂုဏ်ယူမိပါတယ်ခင်ဗျား။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL



23/04/2026

Academy Federal School တွင် အောက်ပါဘာသာရပ်များအား သင်ကြားပေးနိုင်မည့် ဆရာ၊ဆရာမများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။

▫️ 𝗚𝗿𝗮𝗱𝗲-𝟭𝟮 𝗘𝗰𝗼𝗻𝗼𝗺𝗶𝗰
▫️ 𝗚𝗘𝗗 𝗦𝗰𝗶𝗲𝗻𝗰𝗲

ဆရာ ဆရာမတို့ ခင်ဗျား......
ပြန်လည် ဆက်သွယ်ရန် email address များနှင့် ပို၍ လျှင်မြန်စွာ ဆက်သွယ်လို့ရနိုင်မည့် Telegram Username များကို မှန်မှန် ကန်ကန်ဖြည့်သွင်းစေလိုပါတယ်ခင်ဗျာ။

လျှောက်ထားမည့် ဆရာ၊ဆရာမများ အနေဖြင့်
အောက်ပါ Registration Form အားဖြည့်ပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။
📌📌📌📌📌
https://forms.office.com/r/LiEfvkPXvP



23/04/2026

ACFS မှ ဖွင့်လှစ်မည့် GED Class (2026-2027) သို့ တက်ရောက်ရန် Form ဖြည့် လျှောက်ထားကြသော ကျောင်းသား၊ကျောင်းသူများခင်ဗျာ.......

(23.4.2026) ညနေ (၄:၀၀)နာရီ အချိန်၌ ပြုလုပ်ခဲ့သည့် GED Awareness Session အား အကြောင်းအမျိုးမျိုး ကြောင့် မတက်ရောက်လိုက်ရသည့် ကျောင်းသား/သူများသည် GED Class (2026-2027) ဖွင့်လှစ်မည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး လိုအပ်သော သတင်းအချက်အလက်များ ရရှိနိုင်စေရန်အတွက် Page ၏ Messenger သို့ အမြန်ဆက်သွယ်ပြီး (26.4.2026) နေ့လည် (၁၂:၀၀) မတိုင်မီ GED Class (2026-2027) All Students Telegram Group Link အား လာရောက် ထုတ်ယူကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL




21/04/2026

ချစ်ခင်လေးစားရပါသော မိဘပြည်သူများခင်ဗျာ......
📌 𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 ၏
𝗕𝗔𝗧𝗖𝗛-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗬𝗲𝗮𝗿 အတွက်ကျောင်းသားခေါ်ဆိုမှု၊အကြောင်းကြားစာများပေးပို့မှု၊မိဘအုပ်ထိန်းသူများ နှင့် တွေ့ဆုံမှု စသည့် လုပ်ငန်းစဉ်များအားလုံးသည် (၂၀.၄.၂၀၂၆)တွင် လုပ်ဆောင်ပြီးစီးသွားခဲ့ပြီ ဖြစ်ပါသည်။

📌 KG မှ G-12ထိ မိဘ တွေ့ဆုံပွဲ များ၌ ကျောင်းသားများ Join ရမည့် 𝗕𝗔𝗧𝗖𝗛-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝗔𝗟𝗟 𝗦𝗧𝗨𝗗𝗘𝗡𝗧𝗦 𝗧𝗘𝗟𝗘𝗚𝗥𝗔𝗠 𝗚𝗥𝗢𝗨𝗣 Link ကို ချထား ပေးခဲ့ပြီးဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မိဘ တွေ့ဆုံပွဲသို့ မတက်ရောက်လိုက်ရသူများ၊တွေ့ဆုံပွဲ သို့ တက်ရောက်ခဲ့သော်လည်း 𝗕𝗔𝗧𝗖𝗛-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝗔𝗟𝗟 𝗦𝗧𝗨𝗗𝗘𝗡𝗧𝗦 𝗧𝗘𝗟𝗘𝗚𝗥𝗔𝗠 𝗚𝗥𝗢𝗨𝗣 အား မ Join လိုက်ရသူများအနေဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ဤပို့စ်၏ 𝗖𝗼𝗺𝗺𝗲𝗻𝘁 𝗕𝗼𝘅 တွင် အသေးစိတ်ညွှန်ကြားထားမည် ဖြစ်၍ ညွှန်ကြားထားသည့်အတိုင်း (မပျက်မကွက်) လုပ်ဆောင်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ သို့မှသာ 𝗕𝗔𝗧𝗖𝗛-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗬𝗲𝗮𝗿 ကို တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ထပ်မံ အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

📌 သို့ဖြစ်ပါသောကြောင့် မိမိတို့၏ သား၊သမီးများ ပညာသင်ခွင့် မဆုံးရှုံးရစေရန်အတွက် မိဘများအနေဖြင့်လည်း ကျောင်းမှ အသိပေးထားသည့်အတိုင်းပူးပေါင်းဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

♦️မှတ်ချက်။ ။Telegram group link ရရှိပြီးသူများအနေဖြင့်လည်း (𝟮𝟱.𝟰.𝟮𝟬𝟮𝟲)နောက်ဆုံးထား၍ Join ထားပေးကြပါရန် အသိပေး တိုက်တွန်းအပ်ပါသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL(ACFS)




21/04/2026

ACFS မှ ဖွင့်လှစ်မည့် GED (2026-2027) Class သို့ တက်ရောက်ရန် Form ဖြည့် လျှောက်ထားကြသော ကျောင်းသား၊ကျောင်းသူများခင်ဗျာ.......

(23.4.2026) ‌ညနေ (၄း၀၀၀)နာရီ တွင် GED Awareness Session သို့ တက်ရောက်နိုင်ရန် အတွက် GED (2026-2027) Class အား အပ်နှံထားသည့် ကျောင်းသား၊ကျောင်းသူများ၏ သင်တန်းအပ်စဉ်က ဖြည့်ထားသည့် Email Address အတိုင်း အကြောင်းကြားစာများအား ယနေ့တွင် အားလုံးထံသို့ပေးပို့ပြီးဖြစ်ပါသည်။ထိုအကြောင်းကြားစာတွင် ပါဝင်သည့် Zoom Meeting Link အတိုင်း Meeting အား(မပျက်မကွက်) တက်ရောက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ GED သင်တန်း တက်ရောက်ရန် အပ်နှံထားသည့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် မိမိတို့ Form ဖြည့်စဉ်က ပေးထားသည့် Email Address၏ Inbox နှင့် Spam box တို့အားစစ်ဆေးပေးကြပါရန် အသိပေးအပ်ပါသည်။

အကယ်၍ အကြောင်းကြားစာ မရခဲ့ပါက ACADEMY FEDERAL SCHOOL ၏ Page Messenger သို့ (23.4.2025) Meeting ချိန် မတိုင်မီ အမြန်ဆက်သွယ်၍ GED Awareness Session သို့ တက်ရောက်နိုင်ရန် Meeting Link လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက်။ ။ Form ဖြည့်စဉ်က ပေးထားသည့် Email Address မှန်ကန်သည့် ကျောင်းသား၊ကျောင်းသူတိုင်း အကြောင်းကြားစာ လက်ခံရရှိမည် ဖြစ်ပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL



18/04/2026

မင်္ဂလာပါ မိဘပြည်သူများ ခင်ဗျာ......🙏🙏🙏

♦️ 𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 ၏
𝗕𝗮𝘁𝗰𝗵-𝟮 (𝟤𝟢𝟤𝟨-𝟤𝟢𝟤𝟩) 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝒀𝒆𝒂𝒓 တွင် အပ်နှံထားသည့် KG မှ Grade-12 ထိ ကျောင်းသား/သူများထံသို့ အကြောင်းကြားစာ များ အားလုံးကိုပေးပို့ပြီး ဖြစ်ပါသည်။အကြောင်းကြားစာတွင်ပါဝင်သည့် Meeting Link အတိုင်း (၂၀.၄.၂၀၂၆) နေ့ ၌ ပထမဦးဆုံး မိဘတွေ့ဆုံပွဲ သို့ (မပျက်မကွက်) တက်ရောက်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။(အကြောင်းကြားစာ ပေးပို့သည်ဟု ဆိုရာတွင် ပထမဦးဆုံးအကြိမ် မိဘတွေ့ဆုံပွဲ Meeting Link အား ပေးပို့ခြင်းဖြစ်ပါသည်။)

♦️သို့ဖြစ်ပါ၍ KG မှ Grade-12 ထိ အပ်နှံထားသည့်မိဘအုပ်ထိန်းသူများအနေဖြင့် လူကြီးမင်းတို့ ကျောင်းအပ် Form ဖြည့်စဉ်က ပေးထားသည့် Email များကို ဝင်ရောက်စစ်ဆေးပေးကြပါရန်အသိပေးအပ်ပါသည်။ထိုသို့ စစ်ရာတွင် Email ၏ Inbox တွင်သာမက ပဲ Spam box ထဲတွင်ပါ ဝင်ရောက် ကြည့်ရှုစစ်ဆေးရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့အပြင် Form ထဲတွင် ဖြည့်ထားသည့် Email အားလည်း မိမိတို့ အသုံးပြုသည့် Deviceအသီးသီး၌ Log inဝင်ထားရန် လိုအပ်မည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

♦️ အကယ်၍ အကြောင်းကြားစာ မရောက်ရှိခဲ့ပါက Form ဖြည့်စဉ်က အောင်မြင်သော်လည်း မိမိတို့၏ ဖြည့်စွက်ထားသည့် Email address မမှန်ကန်ခြင်းကြောင့် အကြောင်းကြားစာ မရောက်ရှိခြင်း ဖြစ်ပါသည်။(ထို့အပြင် တချို့နေရာဒေသများ၌အင်တာနက်လိုင်းအခြေအနေ များ ကြောင့် Mail ရောက်ရန် အချိန် ကြန့်ကြာ မှုများလည်းအနည်းငယ် ရှိနိုင်ပါသည်။)

♦️ (၁၉.၄.၂၀၂၆) ညပိုင်းထိ အကြောင်းကြားစာ မရောက်ရှိသောကျောင်းသား/သူများအနေဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ဤပို့စ်၏ 𝗖𝗼𝗺𝗺𝗲𝗻𝘁 𝗕𝗼𝘅 တွင် အသေးစိတ်ညွှန်ကြားထားမည် ဖြစ်၍ ညွှန်ကြားထားသည့်အတိုင်း (မပျက်မကွက်) လုပ်ဆောင်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။သို့မှသာ 𝗕𝗮𝘁𝗰𝗵-𝟮(𝟤𝟢𝟤𝟨-𝟤𝟢𝟤𝟩) 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝒀𝒆𝒂𝒓 ကို တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ထပ်မံ အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်။
⏰️ Grade 9 မှ Grade 12 အထိ ၊ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃:၃၀နာရီ၊

⏰️ KG မှ Grade 8 အထိ၊ ၂၀၂၆ ခုနစ် ဧပြီလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆:၃၀နာရီ။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL(ACFS)




Photos from Academy Federal School's post 11/04/2026

2026-27 GED ကျောင်းသား၊ ကျောင်းသူများ အတွက် planning ဖြစ်ပါတယ်ခင်ဗျာ။ ကျောင်းသူ၊ ကျောင်းသားများ ဝင်ခွင့် အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အရေးကြီးသောနေ့ရက်များအတွက် highlight ပြုလုပ်ပေးထားပါတယ်ခင်ဗျာ။ ‌ကျန်းမာကြပါစေခင်ဗျာ။

Photos from Academy Federal School's post 09/04/2026

Batch-2 intake အတွက် Planning ဖြစ်ပါတယ်ခင်ဗျာ။ ကျောင်းသူ၊ ကျောင်းသားများ၊ မိဘအုပ်ထိန်းသူများ ကြိုတင်သိရှိနိုင် စေရန် နှင့် အရေးကြီး နေ့စွဲ များ ကိုလည်း highlight ပြုလုပ်ပေးထားပါတယ်ခင်ဗျာ။ ကျန်းမာကြပါစေခင်ဗျာ။

15/03/2026

🔷အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာန(MOE)တို့ ၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် NUG MOE အသိအမှတ်ပြု 𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝗕𝗮𝘁𝗰𝗵-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝒀𝒆𝒂𝒓 အတွက် ကျောင်းသားလက်ခံခြင်းကို ယနေ့ (၁၅.၃.၂၀၂၆) မှ စတင်၍ (၂၈.၃.၂၀၂၆)ထိ လက်ခံပေးသွားမည် ဖြစ်ပါသည်။

🔷ဓမ္မဘက်မှ ရပ်တည်ခဲ့ကြသောလူကြီးမင်းတို့၏ သား၊သမီး များ ပညာရေးနောက်မကျရစေရန် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

🔷အောက်တွင် ချပေးထားသည့် Registration Form link အားဖြည့်၍ ကျောင်းအပ်နှံနိုင်ပါသည်။
(သင်ကြားရေး ဆရာဦးရေ နှင့် ကျောင်းသားဦးရေ ကို အချိုးကျ လက်ခံမည် ဖြစ်သောကြောင့် အမြန်ဆုံး Formဖြည့်အပ်နှံပေးကြပါရန် အထူးအလေးထား တိုက်တွန်းအပ်ပါသည်။) အကယ်၍ Form မဖြည့်တတ်ခဲ့ပါကလည်း 𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 ၏ pageတွင် လာရောက်မေးမြန်းနိုင်ပါတယ်။

🔷ကျောင်းအပ်နှံထားသည့် ကျောင်းသား၊ကျောင်းသူများအား လုံခြုံရေးအရ Email မှ ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသောကြောင့် Form ဖြည့်ရာတွင် တိကျမှန်ကန်သေချာသော Email Address သာ ဖြည့်ပေးပါရန် ထပ်မံပြီး အသိပေးအပ်ပါသည်။

♦️(Mail မမှန်ပါက အကြောင်းကြားစာ ရောက်မည် မဟုတ်သောကြောင့် အထူးအလေးထားဂရုစိုက်စေချင်ပါသည်။)

♦️Formဖြည့်ရာတွင်လည်း ဖုန်းနံပါတ်များတောင်းဆိုထားခြင်းမရှိသည့်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖုန်းဆက် အကြောင်းကြားခြင်းများ (လုံးဝ)ပြုလုပ်မည် မဟုတ်ပါကြောင်းလည်း ထပ်လောင်း အသိပေးအပ်ပါသည်။

🔷လူကြီးမင်းတို့၏ ရင်သွေးရတနာများအား
𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 တွင် ယုံကြည်စွာ အပ်နှံပေးကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။
သာယာပျော်ရွှင်တဲ့ နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

♦️မှတ်ချက်။ ။ယနေ့ (၁၅.၃.၂၀၂၆) မှ စတင်၍ 𝗕𝗮𝘁𝗰𝗵-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝒀𝒆𝒂𝒓 အတွက် ကျောင်းအပ်လက်ခံခြင်းကို 𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 ၏ ဤ page နှင့် ကျောင်း၏ Official Telegram Channel ဖြစ်သည့် 𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 Telegram Channel၊ သက်ဆိုင်ရာ Telegram Group တို့တွင်သာ Post တင်ပြီး လက်ခံမည် ဖြစ်ပြီး၊အခြားမည်သည့် နေရာတွင်မှ ကျောင်းအပ်လက်ခံခြင်းကို ပြုလုပ် ဆောင်ရွက်မည် မဟုတ်ပါ။ထို့ကြောင့် 𝗕𝗮𝘁𝗰𝗵-𝟮 (𝟮𝟬𝟮𝟲-𝟮𝟬𝟮𝟳) 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝒀𝒆𝒂𝒓 အား ယခုမှ စတင် အပ်နှံတက်ရောက်မည့် ကျောင်းသား၊ကျောင်းသူအသစ်များ နှင့် နည်းတူ လက်ရှိ ACFS တွင် ပညာသင်ယူနေခဲ့ကြ‌သော 𝗕𝗮𝘁𝗰𝗵-𝟮(2025-2026) Academic Year ကျောင်းသား၊ကျောင်းသူ ဟောင်းများသည် လည်း (၁၅.၃.၂၀၂၆) မှစတင်၍ အထက်ပါ နေရာများတွင် ချထား ပေးသည့် Registration Form တွင် ဖြည့်စွက် ကျောင်းအပ်နှံရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဖြည့်စွက်ရမည့် Form link
📌📌📌📌📌

https://forms.office.com/r/rrnYV3gHmv
( 𝟐𝟎𝟐𝟔-𝟐𝟎𝟐𝟕 𝗕𝗮𝘁𝗰𝗵-𝟮 𝘀𝘁𝘂𝗱𝗲𝗻𝘁 𝗿𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺)

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋




12/03/2026

ချစ်ခင်လေးစားရပါသော မိဘပြည်သူများခင်ဗျား....🙏🙏🙏

𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 ၏ 𝐁𝐀𝐓𝐂𝐇-2 (𝟐𝟎𝟐𝟔-𝟐𝟎𝟐𝟕) 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝒀𝒆𝒂𝒓 ကို
( 𝟭𝟱. 𝟯. 𝟮𝟬𝟮𝟲 ) မှ စ၍ ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်ခင်ဗျား။

𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋 တွင် ယုံကြည် စိတ်ချစွာကျောင်းအပ်နှံရန်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်း နေကြသည့် ဓမ္မဘက်တော်သား မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူး(အထူး)
တင်ရှိပါသည် ခင်ဗျား။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
𝐀𝐂𝐀𝐃𝐄𝐌𝐘 𝐅𝐄𝐃𝐄𝐑𝐀𝐋 𝐒𝐂𝐇𝐎𝐎𝐋




11/03/2026

♦️ACADEMY FEDERAL SCHOOL (ACFS) မှ ဖွင့်လှစ်မည့် GED (2026-2027) Class အား တက်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါ Registration Form အား ဖြည့်၍ အပ်နှံနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည် ခင်ဗျာ။

GED (2026-2027) Class Registration Form
📌📌📌📌📌📌📌📌

https://forms.office.com/r/dHqZqegH6z
(2026-27 GED student's registration form)

♦️ACFS မှ ဖွင့်လှစ်ထားသည့် GED Class များနှင့်ပတ်သက်သည့် အကြောင်းအရာ အပြည့်အစုံကို ယခု Post ၏ Comment Box ထဲတွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်ခင်ဗျာ။

⚠️ မှတ်ချက်။ ။ (2026-2027) Academic Year မှစ၍
GED Class များအား Batch တစ်ခုတည်းသာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသောကြောင့် ACFSမှ ဖွင့်လှစ်သော GED Class အားတက်ရောက်လိုသူများအနေဖြင့် (11.3.2026) မှ (25.3.2026) ထိ လက်ခံမည့် အထက်ပါ GED Registration Form အား (မပျက်မကွက်) ဖြည့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့
ACADEMY FEDERAL SCHOOL




ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

ทีมทำอาหาร

เสื้อผ้า

เว็บไซต์

ที่อยู่


Bangkok
10100