22/05/2026
🤔ခေတ်သစ်အမျိုးသားတွေမှာ ထမ်းထားရတဲ့ ၀န်တစ်ခုက သူတို့ရဲ့ တန်ဖိုးဟာ သူတို့ဘာကို စွမ်းဆောင်နိုင်လဲ၊ ရလဒ်ထွက်အောင်လုပ်ဆောင်နိုင်လဲ၊ ဘယ်လောက်၀င်ငွေများများရှာနိုင်လဲ၊ ဘယ်လိုအဆင့်မှာရှိနေလဲ၊ဘယ်လိုဦးဆောင်နိုင်လဲ၊ နှင့် စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်နိုင်လဲ ဆိုတဲ့အပေါ်မှာ မူတည်နေလေ့ရှိကြပါတယ်။
ဘယ်လိုမြင်နိုင်လဲဆိုရင် သူတို့က ဘယ်သူလဲဆိုတာထက် ဘာကိုလုပ်ဆောင်နိုင်လဲ ဆိုတဲ့အပေါ်မှာ ပိုအာရုံစိုက်ခံရလေ့ရှိပါတယ်။ ဒါဟာ ဘယ်လိုဖိအားတွေဖြစ်လာစေလဲဆိုရင် ‘ငါမစွမ်းဆောင်နိုင်ရင် ငါတန်ဖိုးထားခံရဦးမှာလား?’ ဆိုတဲ့ စိုးရိမ်ချက်တွေရှိလာစေပါတယ်။
အမျိုးသားတွေအတွက် ကွဲပြားမှု မယူနိုင်သေးတဲ့အချက််တွေက
၁။ စွမ်းဆောင်နိုင်မှုက ကိုယ့်ရဲ့ဖြစ်တည်မှုလို့ထင်လာစေတာ…၊ ဒီလိုနဲ့ ‘ကျရှုံးမှုတွေအပေါ် ‘ကိုယ်’ဆိုပြီးအမည်တတ်ထားနိုင်ပါတယ်။ ကျရှုံးတဲ့ အမျိုးသား၊ ကျရှုံးတဲ့ လက်တွဲဖော်၊ ကျရှုံးတဲ့ သား စသဖြင့် ခံယူလာ စေပါတယ်။ ငွေကြေးအခက်အခဲတွေနဲ့ကြုံလာရတဲ့အခါ ‘ကိုယ့်ရဲ့ဖြစ်တည်မှုကို ထိခိုက်စေတယ်လို့’ ယုံကြည်လာစေပါတယ်။
၂။ စိတ်ခံစားချက်မှန်ကန်ကြောင်း ချပြခြင်းကို မလိုလားဘဲ အသုံး၀င်မှု အပေါ် အားပြုနေထိုင်နိုင်ပါတယ်။ ငယ်စဥ်ကတည်းကနဲ့ ‘ဒူပေနာပေဖြစ်ရမယ်’ ‘ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရမယ်’ ‘ဆင်ခြေမပေးရဘူး’ စတဲ့ သွပ်သွင်းမှုတွေကြောင့် အောင်မြင်မှုကိုရှာရင် လူတွေစိတ်၀င်စားလာမယ်၊ အားနည်းကြောင်းပြရင် နေရခက်မယ်၊ တည်ငြိမ်နေနိုင်ရင် လေးစားမှုရမယ် ဆိုတဲ့အယူအဆတွေရှိလာပါတယ်။ ဒီလိုကြောင့် ခံစားချက်ဖိချထားနိုင်ရင် ကျားဆန်လာတယ်ဆိုတဲ့ ယုံကြည်မှုတွေပေါ်ထွန်းလာစေပါတယ်။
၃။ အနားယူခြင်းဟာ ကုစားခြင်းထက် အပြစ်ရှိသလိုခံစားရတာ…။ အမျိုးသားအများစုဟာ လွတ်လပ်စွာ အနားယူဖို့ မလိုလားကြပါဘူး။ အကြောင်းက သူတို့အနေနဲ့ ‘ငါအလုပ်ပိုလုပ်ရမယ်’ ‘ငါနောက်ကျနေနိုင်တယ်’ ‘ငါ့ထက်အခြားလူပိုလုပ်နိုင်တယ်’ ‘ငါအချိန်ဖြုန်းသလိုဖြစ်နိုင်တယ်’ စတဲ့အယူအဆတွေရှိလာပါတယ်။ ဒီလိုကြောင့် ဘာကို မွေးဖွားလာစေနိုင်လဲဆိုရင် ‘သက်သေချပြနိုင်တဲ့အပေါ်မှာ စွဲလမ်းလာကြပါတယ်။’ အပန်းဖြေအနားယူနေချိန်တောင် စွမ်းဆောင်နေဖို့ပဲတွေးနေတာမျိုးရှိနေနိုင်ပါတယ်။
၄။အချစ်က အခြေအနေအရ လို့မြင်လာတာ…။ တစ်ချို့အမျိုးသားများ လျို့၀ှက်စွာယုံကြည်ထားတာက ‘ငါအောင်မြင်မှ လူတွေလေးစားမယ်’ ‘ငါပံ့ပိုးပေးနိုင်မှ လူတွေငါ့ဘေးမှာနေမယ်’ ‘ငါအားနည်းလာရင် လူတွေငါ့ကိုခွာသွားလိမ့်မယ်။’ ဒီလိုကြောင့် (survival-based masculinity) ရှင်သန်ရပ်တည်ခြင်းကိုအခြေခံတဲ့ ဖိုသဘာ၀တွေမွေးဖွားလာစေပါတယ်။ ဒီလိုကြောင့် အောင်မြင်မှုတွေအတွက် စွမ်းဆောင်ရုံသာမက စိတ်ခံစားချက်လုံခြုံမှုရှိစေဖို့ပါ စွမ်းဆောင်လာကြပါတယ်။
၅။ စွမ်းဆောင်ဖို့အတွက်သာ သင်ယူခဲ့ရပြီး စိတ်ခံစားချက်ကိုကွပ်ကဲဖို့ လေ့လာသင်ယူခဲ့ခြင်းမရှိတာ။ အမျိုးသားအများစုဟာ ဘယ်လိုပြိုင်ဆိုင်နိုင်လဲ၊ ဘယ်လို အလုပ်လုပ်နိုင်လဲ၊ ဘယ်လိုခါးစည်းခံနိုင်လဲ၊ ဆိုတာတွေကို သိပေမဲ့၊ ဘယ်လိုသောကတွေကို ထိန်းကျောင်းမလဲ၊ ခံစားချက်တွေကို ကွပ်ကဲမလဲ၊ အကူအညီတွေကိုရယူမလဲ၊ ဘယ်လိုစစ်မှန်ကြောင်းချပြမလဲ၊ ဆိုတာတွေကိုသင်ယူခွင့်မရခဲ့ကြပါဘူး။ ဒီလိုနဲ့ စိတ်ခံစားချက်တွေလွန်ကဲလာတဲ့အခါ ပေါက်ကွဲတာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တာ၊ ရှောင်ဖယ်နေတာ၊စွဲလမ်းတာ စတာတွေကို ကြုံရနိုင်ပါတယ်။
အထက်ပါအခြေအနေတွေကြောင့် အမျိုးသားများ ရင်ထဲသာသိမ်းထားရပြီး ဖွင့်ပြောပြချင်နေတဲ့အရာက I’m tired of always carrying everything.ဆိုတဲ့ ငါတစ်ချိန်လုံးထမ်းထားတာ မောပန်းနေပြီးဆိုတဲ့စကားပါပဲ။ အမျိုးသားအများစု ‘ပြင်တာ’ ‘ပံ့ပိုးတာ’ ‘ဖူလုံတာ’ ‘သန်မာတာ’ ဆိုတဲ့နေရာမှာသာနေရလေ့ရှိပြီး… စိတ်ထဲရင်ထဲမှာတော့ နူးညံ့မှုကိုခံစားချင်တာ၊ စိတ်ချလက်ချပြောဆိုချင်တာ၊ စိတ်ခံစားချက်လုံခြုံစေချင်တာ၊ လွတ်လပ်စွာ ကျရှုံးခွင့်ရချင်တာ-ဒီအပေါ်လေးစားမှုမပျောက်လိုတာစသဖြင့်။
လူတွေသတိမထားမိတဲ့အချက်က အမျိုးသားများကို ‘နင်စိတ်ခံစားချက်အဆင်ပြေလား၊ နေရထိုင်ရဘယ်လိုရှိလဲ’ဆိုတာကိုမေးဖို့မေ့နေကြပါတယ်။ တကယ်တော့ အမျိုးသားများဟာ ဆက်ဆံရေးအရ သူတို့ဘေးမှာ လူတွေရှိနေကြပေမဲ့ သူတို့အတွက် စိတ်ခံစားချက်အကြောင်းချပြဖို့ဆိုတဲ့အခါ ပံ့ပိုးကူညီပေးမဲ့လူတွေ မရှိနေကြပါဘူး…။
အနှစ်ချုပ်မှာတော့ အမျိိုးသားတစ်ဦးမှာ မွေးရာပါသဘာ၀အရ ပျော့ပြောင်းမှု၊ သန်မာမှု ဒွန်တွဲတည်ရှိနေတာဖြစ်ပြီး မျှတတဲ့စိတ်အခြေအနေမှာ လွတ်လပ်စွာရှင်သန်ခွင့်ရှိတယ်ဆိုတာပါပဲ။ ဒါဟာလည်း လူသားဆန်ခြင်းပါပဲ။ ပိုပြီး စိတ်ခံစားချက် သန်မာလာဖို့…ပိုပြီး မျှတတဲ့ အမျိုးသား သဘာ၀ဖြစ်တည်လာဖို့သာ လိုပါတော့တယ်။
အမျိုးသားများ ကိုယ်ရော စိတ်ပါ ကျန်းမာကြပါစေ။
B'UNIQ-Coaching
___________________________
B'UNIQ-Coaching မှ ရနိုင်သော Coaching-Package များကိုလေ့လာရန် ⬇️ https://www.facebook.com/buniqcoaching/posts/753260634457732
21/05/2026
😞‘အမျိုးသားတွေက မငိုရဘူး’ ဆိုတဲ့ အချက်ဟာ စကားတစ်ခွန်းတည်း ဆိုတာထက် ပိုပါတယ်။ ဒါဟာ social conditioning system လို့ဆိုတဲ့ လူမှုပတ်၀န်းကျင်မှ(သိ၍၊မသိ၍) ရိုက်သွင်းပေးလိုက်တဲ့စနစ် လို့ဆိုနိုင်ပါတယ်။ ဒီလိုအယူအဆဟာ ယောက်ျားလေးအများစု ငယ်ရွယ်စဥ် ဘ၀ကနေ သယ်ဆောင်လာကြတယ်ဆိုတာကို ငြင်းလို့မရပါဘူး။
ဒီလိုသယ်ဆောင်လာခြင်းဟာ အခြေအနေတွေကို လွယ်ကူစေတာထက် ပိုပြီး ရှုပ်ထွေးလာစေပါတယ်။ ဒါဟာ ဘယ်အထိ သက်ရောက်စေလဲဆိုရင် အမျိုးသားတွေရဲ့ဖြစ်တည်မှု-identity၊ ဆက်ဆံရေး၊ ဦးဆောင်မှု၊ စိတ်ကျန်းမာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ နှင့် ရုပ်ပိုင်းဆိုင်ရာ စတဲ့နေရာတွေအထိ ရိုက်ခတ်လာစေပါတယ်။
အမျိုးသားအများစုဟာ ဒီလိုတွေသင်ယူခဲ့ရတယ်…။
- ၀မ်းနည်းရင် = အားနည်းတယ်
- အားနည်းကြောင်းပြရင် = အန္တရာယ်ရှိတယ်
- စိတ်ခံစားမှုကိုချပြရင် = လေးစားမှုပျောက်ဆုံးနိုင်တယ်
- အကူအညီတောင်းခံရင် = ကျရှုံးတယ်လို့ ယူဆတယ်
ဒီလိုနဲ့ ခံစားချက်တွေကို ထိန်းညှိခြင်းထက်
- ပေါက်ကွဲမယ်…
- အာရုံနောက်စရာတွေနဲ့ ကာရံထားမယ်…
- ဖိချထားမယ်…
- အလုပ်အလွန်အကျွံလုပ်မယ်
- သီးခြား၊ ထီးထီးကြီးနေမယ်
- ထုံကျင်နေမယ်
စတာတွေကို ထွက်ပေါက်အဖြစ် လုပ်ဆောင်နေတတ်ပါတယ်။
ပြဿနာက…အမျိုးသားတွေဟာ ‘စွမ်းဆောင်မှု’နောက်ကိုပဲလိုက်နေရပြီး ကိုယ့်ရဲ့စိတ်ခံစားချက် ကျန်းမာရေးတွေကို လျစ်လျူရှုနေကြတယ်။
မြင်သာစေတဲ့အချက်က ခံစားချက်တွေကို ‘ဖိချထားပါများရင်’ အချိန်တစ်ခု ကြာလာတဲ့အခါ
- ဒေါသပေါက်ကွဲလာမယ်…
- စွဲလမ်းမှုတွေ ၀င်လာမယ်…
- အပျက်သဘောဆောင်တဲ့ ပြိုင်ဆိုင်မှုတွေ ၀င်လာမယ်…
- ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မှု လွန်ကဲလာမယ်…
စတဲ့ အပြုထက် အပျက်သဘောတွေကို ပိုဆောင်လာစေနိုင်ပါတယ်။
သတိရဖို့လိုတာက အမျိုးသားတွေဟာ လူသားပဲမို့ ခံစားချက်ကိုယ်ဆီ ရှိကြတယ်ဆိုတာပါပဲ။ ပြဿနာတက်လာစေတာက အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ဘယ်လိုဘယ်ပုံ ကွပ်ကဲမလဲ၊ ထိန်းညှိမလဲဆိုတာကို ပွင့်လင်းစွာ သင်ယူလေ့ကျင့်ခဲ့ရတာမျိုး မရှိခဲ့ကြပါဘူး။ ဒီကမှတစ်ဆင့် မဖြစ်သင့်တာတွေ ဖြစ်လာတာကို ပညာရှင်တွေက ထောက်ပြရခြင်းဖြစ်ပါတယ်။
အမျိုးသားတွေအတွက် ခါးသီးတဲ့အမှန်တရားတွေက…
- ခံစားချက်ချပြရင် အားနည်းသွားသလိုခံစားရတာ
- အကူအညီတောင်းမိလို့ရှိရင် အရှက်ရသလိုခံစားရတာ…
- ငိုရမဲ့အချိန်မှာ ငိုဖို့အခက်တွေ့တာ၊ (သို့မဟုတ်) ငိုဖို့မေ့နေတာ…
- ခံစားချက်တွေကို အမည်မတတ်နိုင်တာ…
စတဲ့အခက်အခဲတွေကို ကျော်လွှားနေကြရပါတယ်။
အဆိုပါ အခက်အခဲတွေကြောင့် သက်ဆိုင်ရာနယ်ပယ်တွေမှာ ပြဿနာတွေ ထပ်တက်လာစေပါတယ်…။သာဓကတွေမှာ…
ဆက်ဆံရေးအရ…
- လက်တွဲဖော်အမြင်မှာ သူဟာ ရင်မဖွင့်တာလို့မြင်နေမိတာ
- ခံစားချက်တွေကို ခွာပြီးပေါင်းတာ
- ပြဿနာတက်လာတဲ့အခါ ‘ရေငုံနှုတ်ပိတ်တာ’ ‘ဒေါသထွက်တာ’
- မည်သို့မည်ပုံ ခံစားပြဖို့ ခက်ခဲတာ၊ ချစ်ကြောင်းမပြတတ်တာ
- နားလည်မှုတွေလွဲတာ…
ဖြစ်တည်မှုအရ…
- တက်ကြွစွာ အလုပ်လုပ်နေရင် တန်ဖိုးထားခံရသလို ခံစားရတာ…
- ၀င်ငွေက ကိုယ့်ရဲ့တန်ဖိုးနဲ့ သွားချိတ်ဆက်ထားမိတာ…
- အမြဲ သန်မာရမယ်ဆိုတဲ့ ဖိအားအောက်ရောက်နေရတာ…
- ကျရှုံးမှုနဲ့ မကြုံဆုံချင်တာ…
- ကျွမ်းကျင်မှုပြနေပေမဲ့လည်း ရင်ထဲမှာ မောပန်းတာ လစ်ဟင်းနေတာ…
အသက်မွေး၀မ်းကြောင်းနဲ့ ခေါင်းဆောင်မှုအရ…
- အလုပ်မရပ်မနားလုပ်နေမိတာ…
- စိတ်ညစ်ခံနိုင်မှုကို သန်မာမှုလို့ မြင်နေမိတာ…
- စိတ်ခံစားမှုဖိချထားခြင်းက ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်စေတာ…
- ခေါင်းဆောင်များ ကိုယ့်ရဲ့တိုးတက်ရမဲ့အချက်တွေကို ချပြဖို့ ခက်ခဲတာ…
- စိတ်ခံစားချက်တွေကို အလုပ်တွေနဲ့ ရှောင်လွဲထားတာ…
စိတ် ကျန်းမာရေး အရ…
- အားအင် မကုန်မခန်းထိ စိတ်ညစ်ခံနေမိတာ…
- စိုးရိမ်မှုတွေကို အလုပ်လွန်ကဲစွာလုပ်ခြင်းနဲ့ ဖုံးထားတာ…
- စိတ်ဓာတ်ကျမှုဟာ ဒေါသထွက်ခြင်းအဖြစ်နဲ့ ပေါ်ထွက်လာတာ…
- စွဲလမ်းစေတဲ့အရာတွေနဲ့ မှီခိုထားတာ…
- စိတ်ပိုင်းဆိုင်ရာအရ အကူအညီတောင်းဖို့လိုလာတဲ့အခါ ရှောင်ထွက်သွားတာ…စတာတွေဖြစ်ပါတယ်။
သော့ချက်က ‘အမျိုးသားတွေမငိုရဘူး’ဆိုတဲ့အချက်ဟာ သန်မာစေတဲ့အမျိုးသားတွေကို မွေးထုတ်ပေးနေတာမဟုတ်ပါဘူး။ အမှန်တော့ ပိုပြီး (အမျိုးသားတွေရဲ့) စိတ်နဲ့ခန္ဓာချင်းကြား ၀ေးကွာစေခြင်းသာဖြစ်ပါတယ်။
စိုးရိမ်ရမဲ့အချက်က အမျိုးသားတွေဟာ အရွယ်ရောက်လာနေလင့်ကစား သူတို့အတွက် လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရအရာ ပံ့ပိုးကူညီပေးခြင်း မရှိနေတာကို သေချာမြင်ကြဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။
အမျိုးသားတွေကို ဘယ်လို ‘အနိုင်ယူရဖို့’ ဆိုတာလည်းကိုသာ သင်ပေးခဲ့ကြပြီး ဘယ်လို (စိတ်ခံစားချက်) ‘နာကျင်မှုတွေကို’ကွပ်ကဲမလဲဆိုတာကိုတော့ သင်မပေးခဲ့ကြပါဘူး။
အနှစ်ချုပ်ရရင်…
အပြင်မှာရတဲ့ (ယဥ်ကျေးမှုအရ) ဆုလာဘ်တွေနောက်လိုက်ဖို့မဟုတ်ဘဲ ကိုယ့်ရဲ့ အမှန်တကယ်စိတ်ခံစားချက်ကို သေချာပြန်ကြည့်ပြီး နည်းမှန်လမ်းမှန် ကိုင်တွယ်ဖို့ လိုတယ်ဆိုတာကို မီးမောင်းထိုးပြရခြင်းဖြစ်ပါတယ်။ တကယ်တော့ အားနည်းကြောင်း(vulnerablity) စစ်မှန်စွာချပြတာဟာ ကျားဆန်မှုကို နှုတ်ယူသွားခြင်းမဟုတ်ဘဲ အမှန်တကယ် သတ္တိရှိကြောင်းကို ချပြခြင်းသာဖြစ်ပါတယ်။ တကယ်အားနည်းခြင်းဟာ မဟုတ်မမှန် ပြုလုပ်ခြင်းသာ ဖြစ်တယ်ဆိုတာ သတိရဖို့ပါပဲ။
ကိုယ်ရောစိတ်ပါကျန်းမာတဲ့ အမျိုးသားများ ဖြစ်ကြပါစေ။
B'UNIQ-Coaching
___________________________
B'UNIQ-Coaching မှ ရနိုင်သော Coaching-Package များကိုလေ့လာရန် ⬇️ https://www.facebook.com/buniqcoaching/posts/753260634457732
20/05/2026
💪“အမျိုးသားတွေက ဘ၀မှာ ရှင်သန်နေရတဲ့အပေါ် မောပန်းနေရုံသာမက၊ 24/7 ပါ, စွမ်းဆောင်နေကြရလို့ အလွန် မောပန်းနေကြတယ်ဆိုတာ ထင်ရှားပါတယ်”
ခေတ်ပြိုင်သုတေသနတွေအရ ‘အမျိုးသားတွေဟာ မာကြောနေရင်၊ သန်မာနေရင်၊ အားတက်စွာ လုပ်ဆောင်နေရင်’ လူတွေက အားပေးအားမြောက်ပြုကြပါတယ်။ သို့သော်လည်း လေ့လာတွေ့ရှိချက်တွေအရ အဆိုပါ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ချုပ်တည်းလွန်းနေခြင်းဟာ အထီးကျန်တာ၊ စိတ်ဓာတ်ကျစေတာ၊ မောပန်းနွမ်းနယ်တာ ပြီးရင် ပြင်းထန်သော အနာတရဖြစ်စေတာမျိုးထိကို သက်ရောက်စေနိုင်ကြောင်း ဆိုထားပါတယ်။
မေးခွန်းက…
‘ဘာကြောင့် အမျိုးသားတွေဟာ ကိုယ်တိုင် အမြဲတမ်း သန်မာနေရမလဲဆိုပြီး ခံစားနေရလဲ?’
အကြောင်းအရင်းတွေက အမျိုးသားတွေဟာ…
- အားနည်းကြောင်းပြတာဟာ = ပျော့ညံ့တယ်လို့ထင်စေတာ
- စိတ်ခံစားချက်ဖြစ်တာဟာ = မထိန်းချုပ်နိုင်ဘူးလို့ထင်စေတာ
- အကူအညီတောင်းနေခြင်းဟာ = ကျရှုံးနေတာလို့ထင်စေတာ
- အားပျော့ခြင်းဟာ= အမျိုးသားလက္ခဏာတွေမရှိဘူးထင်စေတာ
- အနားယူတဲ့အခါ = အပျင်းထူနေတာလို့ ထင်စေတာ…
စတဲ့ ညီမျှခြင်းတွေကို ‘သင်ယူ’ထားခံခဲ့ကြရပါတယ်။
အဆိုပါ ညီမျှခြင်းတွေဟာ ငယ်စဥ်ကတည်းကနဲ့ သင်ယူခဲ့ကြရတဲ့အပြင် အဖော်တွေ၊ မိသားစု၀င်တွေ၊ ယဥ်ကျေးမှုတွေ၊ အလုပ်ခွင်တွေ၊ ယုံကြည်မှုတွေ၊ မီဒီယာတွေ နှင့် ဆက်ဆံရေးတွေကြား အထိပါ ထိုသို့သော ညီမျှခြင်းတွေကိုသာ အားပေးအားမြောက်ပြုနေကြဆဲဖြစ်ပါတယ်။
၁။ နောက်ဆုံးစစ်တမ်းတွေအရ ရိုးရာ’ကျား-ဖို’ပီသမှု သတ်မှတ်ချက်-traditional masculine norms တွေနောက်လိုက်ကြတဲ့အခါ ခံစားချက်ကို ပိုမိုဖိချထားစေပြီး၊ ရေရှည်မှာ စိတ်ဖိစီးမှုဖြစ်လာတာ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ဒဏ်ရာတွေဖြစ်လာစေတာမျိုးရှိပါတယ်။
“ဒါဟာ ဘယ်လို ကောက်ချက်ချရစေနိုင်လဲဆိုရင် အမျိုးသားတွေဟာ ပင်ကို ‘တည်ငြိမ်’နေကြခြင်း မဟုတ်ဘဲ emotionally compressed- စိတ်ခံစားချက်များကို ဖိသိပ်ထားကြခြင်းသာဖြစ်တယ်။”
၂။ ရိုးရာ ‘ကျား-ဖို’ပီသခြင်းစံနှုန်းတွေက အထီးကျန်စေမှုကို တိုးမြင့်စေနိုင်ပါတယ်။စိတ်ခံစားချက် ကြံ့ကြံ့ခံနိုင်မှု-emotional stoicism၊ လွတ်လပ်မှု၊ နာကျင်မှုကို ခါးစည်းခံမှု၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မှု၊ စတာတွေဟာ ပိုမိုအထီးကျန်ခြင်းကိုတိုးစေပြီး လူမှုဆက်ဆံရေးတည်ဆောက်နိုင်စွမ်း ကိုပါ အဟန့်အတားဖြစ်စေပါတယ်။
မြင်သာစေတဲ့အချက်တွေမှာ အချို့သောအမျိုးသားများအနေနဲ့ အပြင်ဗန်း တက်ကြွ စွာ လှုပ်ရှားနေလင့်ကစား သူတို့ရဲ့ကိုယ်တွင်း စိတ်ခံစားချက်များကို သေချာနားထောင်ပေးခံရခြင်း မရှိနေကြတာကို မှန်းဆနိုင်ပါတယ်။ လစ်ဟင်းနေသလိုခံစားနေရနိုင်ပါတယ်။
၃။ စိတ်ပိုင်းဆိုင်ရာ အရ ဖွင့်ဟပြောဆိုမှုကို အမျိုးသားများက လုပ်ဖို့ခဲယဥ်းပါတယ်။ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့အရာတွေဟာ စိတ်ပိုင်းဆိုင်ရာအရခံစားမှုများကို မျှ၀ေရမဲ့အစား ပိုမိုသိုသိပ်လာ စေပါတယ်။ တွေ့ရလေ့ရှိတာက-”ငါဘာသာ ငါကိုင်တွယ်မယ်”၊ “ဘယ်သူမှ ငါ့ခံစားချက်ကိုနားလည်မှာမဟုတ်ဘူး”၊ “လူတွေကို ငါ့ကြောင့် ၀န်ထုတ်၀န်ပိုးမဖြစ်စေလိုဘူး”၊ “ငါပိုပြီး အလုပ်လုပ်မယ်” စတာတွေဖြစ်တယ်။
၄။ ကျား-ဖို သဘာ၀ (အစဥ်အလာ) ဖိအားများကြောင့် မိမိကိုယ်ကိုယ်နာကျင်စေမှုကို တိုးစေနိုင်ပါတယ်။ ခက်ထန်သော ကျား-ဖို သဘာ၀သတ်မှတ်ချက်-rigid masculine norms တွေကြောင့် မိမိကိုယ်ကိုယ် နာကျင်စေတာ၊ ဘ၀အဆုံး-သတ် မှုကို ဖြစ်စေတာမျိုးထိ ရှိစေနိုင်ပါတယ်။ အထူးသဖြင့် အကူအညီယူဖို့ငြင်းဆန်တာ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တာ၊စွန့်စားမှုရယူလိုတာ စတာတွေကြောင့် ထိုသို့သော သက်ရောက်မှုကိုတိုးစေပါတယ်။
အကယ်စင်စစ် ကျားပီသခြင်း-masculinity ဟာ ပြဿနာဖြစ်နေခြင်းမဟုတ်ဘဲ ထိုကျားပီသခြင်းကို ‘ချိုးဖောက်’မိတာနဲ့ (သွေဖြည်မိတာနဲ့) ကိုယ်ဟာ အပြစ်ရှိသလိုခံစားရခြင်းက ပြဿနာတက်လာစေနိုင်ပါတယ်။
ဆက်လက်ပြီး…အမျိုးသားများကြား ယုံမှားမိကြတဲ့ ယုံတမ်းစကားတွေကို ဆင့်ကဲသယ်ဆောင်နေကြတာတွေရှိပါတယ်။
သာဓကတွေမှာ…
- သန်မာတဲ့အမျိုးသားဆိုရင် မခံစားတတ်ဘူးလို့ထင်ထားတာ။ အမှန်တော့ လူသားတိုင်း ခံစားတတ်ပါတယ်။ ကိုယ့်အနေနဲ့ ‘ငါနာကျင်ခံစားရတယ်’လို့ ဖွင့်ဟရမဲ့အစား၊ ခံစားချက်ပိတ်ချလိုက်တာ၊ စွဲလမ်းမှုတွေနဲ့ အစားထိုးလိုက်တာ၊ ရှောင်ထွက်သွားလိုက်တာ စသဖြင့်ပြုလုပ်တတ်ကြပါတယ်။
- တစ်ယောက်တည်းအကုန် တာ၀န်ယူလုပ်ဆောင်တာက ရင့်ကျက်မှုလို့ထင်နေတာ။ အကယ်စင်စစ် မိမိကိုယ်ကိုယ်အားကိုးမှု လွန်ကဲနေရင်တဲ့အခါ emotional isolation-ခံစားချက်အရ ဖယ်ထားတာမျိုး ပိုဖြစ်လာစေပါတယ်။
- အားနည်းကြောင်းပြသတာက အမျိုးသား မဆန်ဘူးလို့ထင်တာ။ အမှန်တော့ စိတ်ပိုင်းဆိုင်ရာအရ မှန်ကန်ကြောင်းချပြဖို့ဆိုရင် (ရှောင်ထွက်သွားတာထက်) ပိုပြီးသတ္တိလိုအပ်ပါတယ်။ ဘာကြောင့် အမျိုးသားတွေ အားနည်းကြောင်းမပြချင်တာလဲဆိုရင် ချပြတဲ့အခါ လှောင်ပြောင်ခံရတာ၊ လျစ်လျူရှုခံရတာ၊ ငြင်းပယ်ခံရတာ၊ အမျိုးသားမစစ်မှန်ဘူးလို့ သမုတ်ခံရနိုင်တာ စတာတွေကြောင့်ဖြစ်တယ်။
- နှေးကွေးမိတဲ့အခါ တန်ဖိုးထားခံရမှုကို လျှော့နည်းစေတာလို့ထင်နေတာ။ အသက်အရွယ်ရလာတဲ့အခါ အမျိုးသားတွေအနေနဲ့ ခွန်အားအရ အားနည််းလာခြင်းအပေါ် မလုံခြုံမှုတစ်ခုရှိနေနိုင်ပါတယ်။ အကြောင်းက ယခင်သန်မာချိန်က ပိုမိုအားကိုးခံရတာ၊ အားပေးအားမြောက်ပြုခံရတာ စတာတွေရှိခဲ့လို့ဖြစ်တယ်။ အမျိုးသားတွေရဲ့ တည်ရှိခြင်းထက် စွမ်းဆောင်ခြင်းကိုသာ မြင်ခဲ့ကြမှုကြောင့် ဒီလို ယုံကြည်နေနိုင်ပါတယ်။
တကယ်တော့…
ငယ်စဥ်အခါက ‘သင်ယူ-conditioning’ လုပ်ခဲ့ရတာကြောင့် သာမန်အမျိုးသမီးတွေလို စိတ်ခံစားချက် ချပြဖို့ ခက်ခဲနေနိုင်ပါတယ်။ တစ်ဆက်တည်းမှာလည်း အမျိုးသားများအတွက် လိုအပ်သော စိတ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းမှု ပညာပေးများ နည်းပါးနေခြင်းကြောင့်လည်းပါ၀င်ပါတယ်။
သော့ချက်က အမျိုးသား သဘာ၀အရ အားနည်းနေဖို့မဟုတ်ဘဲ ပိုပြီး လူသားဆန်တတ်လာဖို့၊ ခံစားချက်တွေနဲ့တကွ ပွင့်လင်းစွာနေထိုင်လာဖို့ ဆိုတဲ့ အမြင်ကို ဖွင့်သွားဖို့ သာလိုပါတော့တယ်။
အမျိုးသားများ ကိုယ်ရော စိတ်ပါ ကျန်းမာကြပါစေ။
B'UNIQ-Coaching
___________________________
B'UNIQ-Coaching မှ ရနိုင်သော Coaching-Package များကိုလေ့လာရန် ⬇️ https://www.facebook.com/buniqcoaching/posts/pfbid02uoURea9utcHu9sxyKWydMvuiPFvk3nwJxbVx82qybgRiADc26i8J7zUsdYhdt6s1l
19/05/2026
အမျိုးသားတွေရဲ့ စိတ်ခံစားမှုနှင့်ဆိုင်တဲ့ ခေတ်ပြိုင်သုတေသန လေ့လာတွေ့ရှိချက်တွေထဲ အထင်ရှားဆုံးအရာက ယောက်ျားလေးအများစုဟာ သူတို့ရဲ့စိတ်ခံစားချက် ဖော်ပြမှု အပြောင်းအလဲအပေါ်မူတည်ပြီး လူတွေက သူတို့ကို ဘယ်လိုဘယ်ပုံ ဆက်ဆံကြမလဲဆိုတာကို ငယ်စဥ်ကတည်းက ‘သင်ယူ’ခဲ့ရပါတယ်။
လွယ်ကူအောင်နားလည်ရရင်…
ငယ်စဥ် အခါက ယောက်ျားလေးအများစုဟာ ‘စိတ်ခံစားချက် ထိန်းချုပ်နိုင်လေလေ’ ဆုလာဘ် ပိုရလေလေဖြစ်ပြီး ‘အားနည်းကြောင်းပြသလေလေ’ အပြစ်ပေးခံရလေလေဖြစ်ပါတယ်။ အထူးသဖြင့် ၀မ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ရှက်ရွံ့မှု၊ မှီခိုလွန်းမှု၊ အားကိုးရာမဲ့ဖြစ်မှု စတာတွေကို ချပြခြင်းမှ ပိတ်ပင်ထားခံခဲ့ရပါတယ်။
အဆိုပါ ဖြစ်စဥ်တွေကြောင့် အမျိုးသားတွေအတွက် ‘ညီမျှခြင်းတွေ’ မွေးဖွားလာခဲ့ရပါတယ်…။
စိတ်ခံစားချက်တွေချပြရင် လူတွေ ဒါမျိုးထင်ကြမယ်…ဥပမာ
ဒေါသထွက်မှု ဖြစ်ရင် → လူတွေရဲ့လက်ခံမှုရမယ်
အပြိုင်အဆိုင်ဖြစ်ရင် → လူတွေရဲ့ လေးစားမှုခံရမယ်
ယုံကြည်မှုရှိနေရင် → ဆွဲဆောင်မှုရှိတယ်လို့ ထင်မယ်
၀မ်းနည်းမှုဖြစ်လာရင် →အားနည်းတယ်လို့ ထင်ခံရမယ်
ကြောက်ရွံ့မှုဖြစ်လာရင် → အရှက်ရစေနိုင်တယ်လို့ မြင်ခံရမယ်
အားနည်းကြောင်းပြသရင် → အန္တရာယ်များတယ်လို့ ယူဆလာမယ်
ချို့တဲ့’ တဲ့ စိတ်ထားပြရင် → ယောက်ျားမပီသဘူးလို့ ထင်မယ်
စတဲ့ အမျိုးသားတွေရဲ့ (ပုံသွင်း) ‘ညီမျှခြင်းတွေ’ ကြောင့် စိတ်ခံစားချက်ကိုပြသခြင်းမရှိတော့ဘဲ အချိန်တစ်ခုကြာလာတဲ့အခါ စိတ်ခံစားချက်တွေနဲ့ပါ ရင်းနှီးကျွမ်း၀င်မှု မရှိကြတော့ပါဘူး။
ဒီလိုနဲ့ ခံစားချက်တွေကို အသိအမှတ်မပြုနိုင်ခြင်း၊ မလေ့လာနိုင်ခြင်း၊အမည်မတတ်နိုင်ခြင်းတွေဖြစ်လာစေပါတော့တယ်။ ဒီသဘောတရားကို ‘Alexithymia’ လို့ခေါ်ပါတယ်။ ဒီအကြောင်းအရာအပေါ်မှာလည်း သုတေသနတွေ ပိုပြီးလုပ်လာကြပါတယ်။
Developmental Psychology ရှုထောင့်အရ အမျိုးသားများ စိတ်ခံစားချက်ဖိချထားခြင်းကို ငယ်စဥ်ကတည်းကနဲ့ စတင်(သင်ယူ)ခဲ့ကြတယ်လို့ အခိုင်အမာ ထောက်ခံထားပါတယ်။
တွေ့ရှိချက်တွေအရ ထိုသွန်သင်မှုတွေကြောင့် ယောက်ျားလေးတွေဟာ
- ၀မ်းနည်းတာကို သက်တောင့်သက်သာမဖြစ်တော့တာ
- မာကြောအောင်နေတာကို အားပေးခံရတာ
- ခံစားချက်ပေါ်လာတာနဲ့ လျစ်လျူရှုလိုက်တာ၊ ပိတ်ချလိုက်ကြတာ
- ပြဿနာဖြေရှင်းတာကို အလေးပေးပြီး၊ ခံစားချက်တွေအကြောင်းကို မပြောကြတာ စသဖြင့်။
အမျိုးသားများ ကြားရလေ့ရှိတာက
- မငိုနဲ့…
- သန်မာရမယ်…
- ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်…
စတဲ့ စကားတွေဖြစ်ပြီး ဒါတွေဟာ Nervous system ကို အလေ့အကျင့်ပေးလိုက်စေပါတယ်။
ချုပ်ကြည့်လိုက်တဲ့အခါ ‘ဖိချထားမှုတွေက အတွင်းအပြင်ချိတ်ဆက်စေလိုက်သလိုဖြစ်သွားပါတယ်။’ Suppression becomes embodied.
အဆိုပါ အလေ့အကျင့်တွေကြောင့် အမျိုးသားများအနေနဲ့ အရှိအတိုင်း ခံစားချက်ချပြတဲ့အခါ (အဆိုပါ nervous system စနစ်မှ)
- မလုံခြုံသလိုခံစားရတာ
- ငြင်းပယ်မှုရစေသလို ဖြစ်တာ
- တည်ရှိမှု (status)ပျောက်သလိုခံစားရတာ
- ခံစားချက်အထီးကျန်သလိုဖြစ်စေတာ
စတာတွေကို ကြုံဆုံရလေ့ရှိပါတယ်။
ရေတိုအရကြည့်တဲ့အခါ ‘ခံစားချက် ဖိချထားခြင်းတွေက’ အလုပ်ဖြစ်သလိုရှိနေစေပါတယ်။
သို့သော် ရေရှည်မှာ စိတ်ဓာတ်ကျတာ၊ အထီးကျန်တာ၊ ခံစားချက်ထုံသွားတာ၊ စွဲလမ်းမှုရှိလာတာ၊ အရက်စွဲတာ၊ ဆက်ဆံရေး မနိုင်မနင်းဖြစ်တာ၊ အလုပ်စွဲတာ၊ အားအင်ကုန်ခန်းတာ၊ ဒေါသကြီးတာ စတဲ့ နောက်ဆက်တွဲအရာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ (ဒါတွေဟာ အမျိုးသားပီသခြင်း နဲ့လွဲမှားမသင့်တဲ့ ပြဿနာတွေဖြစ်ပါတယ်။)
တကယ်တော့ အထက်ပါအချက်တွေကြောင့် ‘Men are less emotional-အမျိုးသားတွေဟာ မခံစားတတ်ဘူးဆိုတဲ့’အယူအဆဟာ လွဲမှားတဲ့အယူအဆဖြစ်နေကြောင်း ပညာရှင်တွေ ထောက်ပြထားပါတယ်။
ပိုကျန်းမာတဲ့ အမျိုးသားများ ဖြစ်ကြပါစေ…။
B'UNIQ-Coaching
___________________________
B'UNIQ-Coaching မှ ရနိုင်သော Coaching-Package များကိုလေ့လာရန် ⬇️ https://www.facebook.com/buniqcoaching/posts/pfbid02uoURea9utcHu9sxyKWydMvuiPFvk3nwJxbVx82qybgRiADc26i8J7zUsdYhdt6s1l
18/05/2026
👨အမျိုးသားတွေလို့ပြောလိုက်ရင် စိတ်မာတယ်၊ သန်မာတယ်၊ အားကောင်းတယ်၊ ဦးဆောင်နိုင်တယ်၊ ပြတ်သားတယ်၊ ဒူပေနာပေဖြစ်တယ်။ ဒီလိုယုံကြည်ထားကြတာက နှစ်များစွာရှိပါပြီး။ မှန်သင့်သလောက်မှန်သလို တစ်ဖက်မှာလည်း ဒါဟာ အပြင်ဘက်မြင်နေရတဲ့ အခြမ်းဖြစ်နေပါတယ်။
အမျိုးသားနှင့် အမျိုးသမီးကြား ကြီးမားတဲ့ ကွာဟချက်ကိုပြောရရင် အမျိုးသမီးတွေက Emotional Leaders ခံစားချက်ကို ဦးဆောင်နိုင်သူ ဆိုတဲ့ နေရာမှာနေကြလေ့ရှိတယ်။ ဆိုလိုသည်မှာ စိတ်ခံစားချက်ကို သေချာနိုင်နှင်းစွာနဲ့ ရပ်တည်ကြတယ်။ ခံစားချက်ကို အလေးထားပြီး အတွင်းရော အပြင်မှာပါ Healing တွေ၊ Inner workတွေသေချာလုပ်ကြတယ်။ ဒါဟာ နေရာအတော်များများမှာ သိသာစွာမြင်နေရတဲ့အချက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
သို့သော်လည်း အမျိုးသားများရဲ့ ကိုယ်တိုင် တိုးတက်ရေး လုပ်ဆောင်မှုကို လေ့လာကြည့်တဲ့အခါ စစ်တမ်းတွေအရ အပေါ်ယံမြင်နေရတဲ့တိုးတက်စေတဲ့ Surface self-improvement အရာတွေ (Productivity, Fitness, Business, Motivation)မှာ 20–35% အထိအာရုံ လုပ်ဆောင်နေကြတယ်။
ဒီကမှ ဆင်းပြီး အလယ်အလတ်အဆင့် Moderate Inner work ဆိုတဲ့ (Journaling, mindfulness, emotional awareness) အပိုင်း ကို ကြည့်တဲ့အခါ 10–20%ကြား မှာလုပ်ဆောင်နေကြလေ့ရှိတယ်။
တစ်ဖန် သေသေချာချာ နက်နက်နဲနဲ Deep transformation work (Therapy, shadow work, healing trauma, spiritual integration) ကိုတော့ 3–8% လောက်ပဲလုပ်ဆောင်ကြတော့တယ်။
ရေရှည် မိမိကိုယ်ကိုယ် ဘက်စုံတိုးတက်ရေးအတွက် ထိန်းသိမ်းလုပ်ဆောင်နေကြတဲ့ အမျိုးသား ရာခိုင်နှုန်းကတော့မှာ 1–5% သာရှိနေပါတယ်။
(အမျိုးသမီးတွေရဲ့ စစ်တမ်းတွေမှာတော့ Surface self-improvement:35–55%, Moderate inner work:25–45%, Deep transformational work:10–20%, Long-term committed inner work: 5–12% တို့ဖြစ်ပါတယ်။)
ဒီကိန်းဂဏန်းတွေကိုကြည့်တဲ့အခါ အမျိုးသားတွေရဲ့ overall ဘ၀တိုးတက်မှုအပိုင်း လုပ်ဆောင်နေကြတဲ့ ရာခိုင်နှုန်း ဟာ အမျိုးသမီးတွေ ထက် နည်းနေတာကို ထင်ရှားစွာတွေ့နိုင်ပါတယ်။
ဘာကြောင့် ဒီလိုမျိုး မမျှနေရပါသလဲ?
စစ်တမ်းတွေအရ ဖြစ်နိုင်တာတွေကို ပြောကြတဲ့အခါ…
“အမျိုးသားတွေဟာ ‘အပြင်ဘက်အခြမ်းမှာ ပိုမို မားမားမတ်မတ် ရပ်တည်ရှင်သန်နိုင်အောင် ပျိုးထောင်ခံခဲ့ရပြီး မိမိကိုယ်ကိုယ် သိရှိမှု အတွင်းအပိုင်းကိုတော့ သေချာအာရုံစိုက်ပျိုးထောင်ခံခဲ့ရခြင်း မရှိနေပါဘူးတဲ့…။”
ဒီနေရာမှာ အမျိုးသားအများစုဟာ Inner workမလုပ်နိုင်ကြတာကို ဆိုလိုတာမဟုတ်ဘဲ အမျိုးသားတွေနဲ့ ပတ်သက်လာရင် လူမှုအသိုက်အ၀န်းက
- ဆန်းစစ်ခြင်းထက် စွမ်းဆောင်နိုင်မှုကို ပိုအလေးပေးတာ
- အားနည်းကြောင်းပြသမှုထက် အားသာ ကြောင်းပြသမှုကို မျှော်လင့်ထားတာ
- ခံစားချက်တွေကို ပြန်လည်သိရှိခြင်းထက် အပြင်ဘက် တိုးတက်ရေးကိုသာ ဇောင်းပေးကြတာ
- ကုစားခြင်းထက် တစ်ကိုယ်တော် ကြံ့ကြံ့ခံနိုင်မှု (stoicism) ကို အသားပေးတာ
စတဲ့အချက်တွေကြောင့် inner work ဆိုတဲ့နေရာဆီ ရောက်ရှိလာဖို့ ခဲယဥ်းစေပါတယ်။
သုတေသနတွေရဲ့ အစဥ်အမြဲ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ယဥ်ကျေးမှုအရ ဖိုသဘာ၀-ယောကျ်ားပီသခြင်း မျှော်မှန်းချက်ကြောင့် (ကိုယ်-စိတ်ပိုင်းဆိုင်ရာအခက်အခဲရှိလာတဲ့အခါ) အကူအညီတောင်းခံဖို့ တွန့်ဆုတ်နေတတ်ကြပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ချပြဖို့ ၀န်လေး ကြလေ့ရှိပါတယ်။
ဒါဟာ အမျိုးသားအများစု ငယ်ရွယ်စဥ်အခါက ကြီးပြင်းခဲ့ရတဲ့အခါ
- ယောက်ျားလေးဆိုရင် မငိုရဘူး
- ယောက်ျားပီသစွာနေရမယ်
- သန်မာရမယ်
- ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ရမယ်
အဆိုပါ သွန်သင်ခံရမှုတွေကြောင့် ‘emotion-ခံစားချက်’တွေဟာ အားနည်းချက်သဖွယ် မြင်လာစေပြီး ဒါဟာ ကိုယ့်ရဲ့ ဥာဏ်ပညာတွေကိုတိုးတက်အောင် လုပ်ဆောင်စေနိုင်တယ်ဆိုတဲ့အချက်ကို မြင်ဖို့ ခဲယဥ်းလာစေပါတယ်။
ရလဒ်က…
- emotional literacy လို့ခေါ်တဲ့ မိမိရဲ့ ခံစားချက်တွေကို နားလည်နိုင်စွမ်း အတတ်ပညာ ကိုမလေ့လာနိုင်ဘဲ ခံစားချက်တွေကို suppress-ဖိချ ထားခြင်းကိုသာ ထွက်ပေါက်အဖြစ် လုပ်ဆောင်ကြလေ့ရှိပါတယ်။
- လုပ်ဆောင်နိုင်စွမ်းကိုသာ မြင်ရလေ့ရှိပြီး စိတ်နဲ့ခန္ဓာ ချိတ်ဆက်မှု အားနည်းတာ (သို့မဟုတ်) လုံး၀မချိတ်ဆက်နိုင်တာမျိုး ဖြစ်လာစေပါတယ်။
- အမျိုးသားများအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကိုတောင် သေချာ identify-အမည်တပ် နိုင်စွမ်းမရှိကြတော့တာမျိုး ဖြစ်လာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာတွေအရ အမျိုးသားများအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခြင်းနှင့် ခံစားချက်တွေကို ကန့်သတ်ချက်များ ထားခြင်းက လိုအပ်တဲ့ ကိုယ်-စိတ် ပိုင်းဆိုင်ရာ အကူအညီတွေကို တောင်းခံဖို့ ခက်ခဲစေတာ၊ ၀န်လေးစေတာ မျိုးဖြစ်နေတယ်လို့ဆိုပါတယ်။
အထူးသဖြင့် အမျိုးသားများအနေနဲ့ ၎င်းတို့အချင်းချင်း စိတ်ပိုင်းဆိုင်ရာအရ မျှ၀ေခံစားမှုမလုပ်ကြတာ၊ လှုပ်ရှားမှုအပေါ်မှာပဲ အခြေခံ ပေါင်းသင်းဆက်ဆံကြတာ၊
ပြဿနာတွေကိုသာ ဖြေရှင်းကြတာ၊ ယှဥ်ပြိုင်ကြတာ စတာတွေနဲ့ အာရုံစိုက်ကြလေ့ရှိကြတာ၊
ပြဿနာအကြီးအမားတွေနဲ့ ကြုံရတော့မှ အကူအညီတောင်းခံဖို့ စဥ်းစားကြတာ စတဲ့အခြေအနေတွေရှိနေကြပါတယ်။
ခေတ်သစ်အရွေ့မှာတော့ ကိုယ်ရောစိတ်ပါ ကျန်းမာမှုကို လိုလားကြလာပေမဲ့လည်း အမျိုးသားတွေအတွက် စိတ်ခံစားချက်ကိုချပြခြင်းဟာ ‘အားနည်းမှု’ ဆိုတဲ့ အမြင်တွေ၊အယူအဆတွေ ရှိနေခြင်းအပေါ် ကျော်လွှားဖို့ ခက်ခဲနေပါသေးတယ်။ တစ်ချို့ကလည်း မိမိကိုယ်ကိုယ် သိရှိမှုကို အရှိန်မြင့် လုပ်ဆောင်လာကြပါတယ်။
မည်သို့ဆိုစေ…
Inner work လုပ်ဆောင်ခြင်းဟာ ကျား၊မ၊ ဂျန်ဒါ မရွေး လူတစ်ဦး ရဲ့ မွေးရာပါ ‘အခွင့်အရေး’ ဖြစ်တယ်ဆိုတာ သတိရဖို့ပါပဲ။ ကိုယ့်ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာသန်စွမ်းမှု ရှိရေးက လူတွေရဲ့ထင်မြင်ယူဆချက်နှင့်မျှော်မှန်းချက်တွေထက် ဦးစားပေးရမဲ့အရာဆိုတာ သတိရဖို့ပါပဲ။
အမျိုးသားများ မိမိကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်ပြီး ရှာဖွေနိုင်ပါစေ။
B'UNIQ-Coaching
___________________________
B'UNIQ-Coaching မှ ရနိုင်သော Coaching-Package များကိုလေ့လာရန် ⬇️ https://www.facebook.com/buniqcoaching/posts/pfbid02uoURea9utcHu9sxyKWydMvuiPFvk3nwJxbVx82qybgRiADc26i8J7zUsdYhdt6s1l
15/01/2026
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြင်ပကမ္ဘာမှာ ဟန်ချက်ညီညီနေထိုင်ဖို့က မိမိတို့ရဲ့ အတွင်းကမ္ဘာလေးကို ပြန်ပြီးမှီခိုခြင်းဖြစ်ပါတယ်။ ဒါဟာလည်း အပြင်မှာမည်သို့ပဲ ဖြစ်နေလင့်ကစား တည်ငြိမ်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ သော့ချက်ဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ မိမိတို့ရဲ့ အတွင်းကမ္ဘာကို မောင်းနှင်နေတဲ့ သံလိုက်အိမ်မြှောင်လေးကို ရှာဖွေဖို့က ကိုယ်ဆီမှာ တာ၀န်ရှိပါတယ်။
ဘယ်လိုနည်းနဲ့ ကိုယ့်ရဲ့သံလိုက်အိမ်မြှောင်လေးကို ပြန်လည်ရှာဖွေကြမလဲ?
အမှန်တော့ သံလိုက်အိမ်မြှောင်လေးကို ရှာဖွေခြင်းက အသစ်အဆန်းမဟုတ်လှပါဘူး။ ကိုယ်နဲ့ ဘ၀တစ်လျှောက်အတူ ဘေးကနေရပ်တည်ပေးနေတဲ့ အဆိုပါ သံလိုက်အိမ်မြှောင်လေးကို ပြန်လည်သတိထားမိလိုက်ခြင်းပါပဲ။ တွန်းအားပေးခြင်းဖြင့် ရှာဖွေခြင်းထက် ရှင်းလင်းမှုကို ရယူလိုက်ခြင်းပါပဲ…။
🪷 ကိုယ့်ရဲ့အသံတွေကိုကြားဖို့ တိတ်ဆိတ်တဲ့ပတ်၀န်းကျင်ကို ဖန်တီးပါ
လုပ်နိုင်တာတွေက, တရစပ် ဖန်သားပြင်သုံးစွဲမှုမှ ရပ်တန့်လိုက်တာမျိုး, ကိုယ့်အနေနဲ့ အနှောက်အယှက်တွေကို ဖန်တီးတာမျိုးမလုပ်တော့ဘဲ နေ့စဥ်အနည်းဆုံး (၁၀-၁၅) မိနစ်ခန့် သုံးပြီး ကိုယ့်ရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ အရာတွေနဲ့ ပြန်လည်ထိတွေ့စေဖို့လိုပါတယ်။ သတိရဖို့က ဖြစ်နေတာတွေကို ဒီအတိုင်းပြန်လည် မြင်ပေးဖို့နဲ့ ထိုအရာတွေကိုလေ့လာပေးနေဖို့ပါပဲ။
🦾 ဘယ်အရာတွေက ကိုယ့်ကို အားဆုတ်ယုတ်စေလဲ, (သို့) အားတက်စေလဲ ဆိုတာလေ့လာပါ
ကိုယ့်အနေနဲ့ သေချာမတွေးတောခင်တောင် ကိုယ့်ရဲ့စိတ်ခံစားချက်, ခန္ဓာကိုယ်တုံ့ပြန်မှုက အရင်အချက်ပြလေ့ရှိပါတယ်။ ဘယ်အရာတွေက ကိုယ့်ကို (မောပန်းနေတာတောင်) လုပ်ချင်စိတ်မပျောက်စေတာလဲ? ဘယ်အရာတွေက ကိုယ့်အတွက် (အောင်မြင်တယ်လို့ယူဆရတာတောင်) ပင်ပန်းစေတာလဲ? ကိုယ့်ရဲ့ စွမ်းအင်က ကိုယ့်အတွက် ခိုင်လုံတဲ့ အချက်အလက်တွေ ဆိုတာပါပဲ။ အကြောင်းက ကိုယ့်ရဲ့သံလိုက်အိမ်မြှောင်က စွမ်းအင်တွေကတစ်ဆင့် သတင်းတွေ ပေးနေလို့ဖြစ်ပါတယ်။
🚫 ကိုယ့်ရဲ့ ‘မဖြစ်မနေ ဆောင်ရန်/ရှောင်ရန်’ ဆိုတဲ့အရာတွေကဘာလဲ?
ဘယ်လိုအခြေအနေတွေမှာ, (သို့) အခိုက်အတန့်အတွေမှာ (ဘယ်သူမှမရှိတောင်) ကိုယ့်အတွက် ကျေနပ်မှုပေးစေတာလဲ? အားရဂုဏ်ယူရစေတာလဲ? တစ်ဖန် ကိုယ့်အတွက် ဘယ်အရာတွေလုပ်မိတဲ့အခါ, ကြောက်ရွံ့မှု, မနစ်မြို့မှု တွေကို ခံစားရစေတာလဲ ဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဒီလိုဆောင်ရန်, ရှောင်ရန်တွေမှတစ်ဆင့် ကိုယ့်ကို သတိရဖို့ သံလိုက်အိမ်မြှောင်လေးက အချက်ပြပေးနေနိုင်ပါတယ်။
📝 နာကျင်စေရတဲ့ အရာတွေကို ပြန်လည်ခြေရာခံကြည့်ပါ
ကိုယ့်အတွက် ကိုယ်ရောစိတ်ပါ ရုန်းကန်လှုပ်ရှားရပြီးကာကွယ်လိုက်ရတာ, (သို့) တုံ့ပြန်လိုက်တာက ကိုယ့်အတွက် တန်ဖိုးထားရတဲ့အရာတွေအပေါ် ရိုက်ခတ်ခံရလို့ဖြစ်တယ်။ တစ်နည်းအားဖြင့် ကိုယ့်အတွက်အလွန်တန်ဖိုးထားရတဲ့အရာနဲ့ပတ်သက်လာတဲ့အခါ ကိုယ့်အနေနဲ့ ပိုကာကွယ်လိုက်ရတာ, ပိုတုံ့ပြန်လိုက်ရတာမျိုးဖြစ်တယ်။ မကြာခဏ စိတ်ပင်ပန်းရတာ, စိတ်ညစ်ရစေတာက ကိုယ်တန်ဖိုးထားတဲ့ အရာတွေကြား အပေးအယူမမျှတာ, ဖြောင့်တန်းမှုအားနည်းတာမျိုးကြောင့် ဖြစ်နေနိုင်ပါတယ်။ ဘယ်အရာက ကိုယ့်ကို ပိုဒေါသထွက်စေတာလဲ? ဘယ်အရာဆိုရင် ဒူပေနာပေခံနိုင်တာလဲ? ကိုယ့်ရဲ့သံလိုက်အိမ်မြှောက်လေးက ကိုယ့်ရဲ့လှုပ်ရှားမှုတွေကြားမှာ ပုံဖော်လာစေလို့ပါ။
✅ မှန်ကန်သော ဆုံးဖြတ်ချက်တွေကို ဖြည်းဖြည်းချင်း ချသွားပါ
ကိုယ့်ရဲ့ရွေးချယ်မှု, လုပ်ဆောင်မှုတွေဟာ ကိုယ့်ရဲ့ တန်ဖိုးထားမှုများနဲ့ ဖြောင့်တန်းနိုင်လေလေ ကိုယ့်ရဲ့သံလိုက်အိမ်မြှောင်လေးက ကျန်းမာသန်စွမ်း လာလေလေပါပဲ။ နိုင်သလောက် ပြင်ဆင်မှု, လိုက်လျောညီထွေဖြစ်မှုများနဲ့ နည်းနည်းချင်းစီ တည့်မတ်သွားနိုင်ပါတယ်။ ကိုယ့်အတွက် လိုတာတွေ, မလိုတာတွေကို ဇွတ်မိတ်ပြီး ရှောင်ဖယ်ခြင်းထက်, ထိရောက်တဲ့,မှန်ကန်တဲ့ တုံ့ပြန်မှုတွေကို ရွေးချယ်သွားဖို့လိုပါတယ်။ အမြန်လမ်းထက်, ပုံမှန်လုပ်ဆောင်မှုအပေါ်မှာ စစ်မှန်စွာလုပ်ဆောင်သွားဖို့ပါပဲ။
🎯 ကိုယ့်အနေနဲ့ ဘ၀ဖြတ်သန်းမှုကို ပုံမှန်ပြန်လည် ဆန်းစစ်ပေးပါ
တကယ်တော့ ကိုယ့်ရဲ့ သံလိုက်အိမ်မြှောင်လေးက ကိုယ်နဲ့ထပ်ချပ်မကွာ တိုးတက်ကြီးပြင်းလာတဲ့အရာဖြစ်ပါတယ်။ ကိုယ်ရင့်ကျက်လာတာနဲ့အမျှ ထိုအရာလည်းထပ်တူ ရင့်ကျက်လာလေ့ရှိပါတယ်။ ဒါကြောင့် လစဥ် (သို့)နှစ်စဥ် ကိုယ့်အတွက် ခိုင်မာသော မေးခွန်းများဖြင့် ကိုယ့်ရဲ့ အတွေးအကြံအလုပ်တွေအပေါ် ပြန်လည်ဆန်းစစ်မှုတွေကို လုပ်ပေးခြင်းက ပိုပြီး ကိုယ်နဲ့ကိုယ်ကြား ပွတ်တိုက်မှု လျှော့ချစေနိုင်ပါတယ်။ ဘ၀မှာ ပိုပြီး စိတ်ရှင်းစွာ ဖြတ်သန်းနိုင်စေပါတယ်။
ပြန်ချုပ်ရရင်တော့ သံလိုက်အိမ်မြှောင်လေးက ကိုယ့်နဲ့ကိုယ်ကြားရှိတဲ့ ဆက်ဆံရေး မည်မျှ ခိုင်မာမှုရှိမရှိ အပေါ်မှာ မူတည်နေပါတယ်။ အပြင်လူတွေရဲ့လေးစားမှု, အားကျမှု ကိုအရင် မစဥ်းစားခင်, ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် ကိုယ်တိုင် လေးစားနိုင်လား, အားကျနိုင်လားဆိုတာက သံလိုက်အိမ်မြှောင်လေးက တစ်ဆင့်ခံစားသိမြင်နိုင်မဲ့ အရာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့သံလိုက်အိမ်မြှောင်လေးကို ပြန်လည်ရှာဖွေနိုင်ပါစေ…။
ကိုယ့်ရဲ့ သံလိုက်အိမ်မြှောင်လေးရဲ့ အသံကို ပြန်ကြားနိုင်ပါစေ…။
📩B'UNIQ-Coaching ၌ Free Discovery Call (30-Minute) ကိုရယူလိုပါက Telegram သို့ ဆက်သွယ်ပါရန်။
B'UNIQ-Coaching
27/12/2025
🪷 ဘာကြောင့် မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ လိုအပ်လဲ?
သိပ်သည်းလွန်းလှတဲ့ ဘ၀စာမျက်နှာတွေကြား ကြိုးစားရုန်းကန်ရင်း ကိုယ့်ရဲ့အရှိတရားတွေ,ဖြစ်တည်မှုတွေဟာ မှေးမှိန်နေရနိုင်ပါတယ်။ ဒီလိုတွေကြောင့် ကိုယ်ဆိုတာကို သိရှိနိုင်ဖို့ ခဲယဥ်းနေနိုင်ပါတယ်။
နောက်ဆက်တွဲက, တစ်ချို့အတွက် ကိုယ်ဆိုတဲ့ လူနဲ့ချိတ်ဆက်နိုင်ခဲ့တဲ့အချိန်က ပထမအရွယ်ကျော်လွန်နေခဲ့တာမျိုးဖြစ်နေနိုင်တယ်၊ တစ်ချို့အတွက် ဒုတိယအရွယ်ကုန်လုခါနီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေနိုင်ခဲ့ကြတာမျိုးရှိပါတယ်။ ကျန်တစ်ချို့အတွက်တော့ ဘ၀တစ်လျှောက် ကိုယ်က ဘယ်သူမှန်း သိခွင့်မရခဲ့ကြပါဘူး…။ အကျိုးဆက်က, ပြည့်၀တဲ့ ဘ၀နဲ့လွဲချော်နေခဲ့ရပါတယ်။
အမှန်စင်စစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေလာနိုင်တဲ့အခါ…
💜 ကိုယ့်ရဲ့ တန်ဖိုးတွေ, အားသာချက်တွေ, တိုးတက်ရမဲ့အချက်တွေကို မြင်လာနိုင်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေ, ရွေးချယ်မှုတွေမှာ ပိိုမိုအားကောင်းလာစေနိုင်ပါတယ်။
🔎ကိုယ်နဲ့ ဘေးကလူတွေကြား နှိုင်းယှဥ်မှုလျှော့ကျလာပြီး ကိုယ့်ရဲ့လမ်းကြောင်းကို ပိုမိုအာရုံစိုက်လာနိုင်ကာ ကိုယ့်ရဲ့သူမတူတဲ့အချက်တွေကိုပါ ပိုမို မြင်လာစေနိုင်ပါတယ်။
💪 ကိုယ့်အနေနဲ့ ယုံကြည်မှုတွေတိုးလာတာ, ကိုယ့်ရဲ့ ဘ၀ရည်ရွယ်ချက်တွေကို ပြန်လည်သိရှိလာတာ, ဒီကမှတစ်ဆင့် ကြည်လင်တဲ့ ဘ၀မြင်ကွင်းတွေကို မြင်လာနိုင်စေပါတယ်။
🤝ကိုယ့်ဘ၀ရဲ့ အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးတွေ, ချိတ်ဆက်မှုတွေ, ကာရံမှုတွေကို ဖော်ဆောင်လာနိုင်တာ, ပြီးရင် ကိုယ့်ရဲ့ အသိုက်အမြုံနဲ့ ချိတ်ဆက်လာနိုင်စေပါတယ်။
👣 ကိုယ့်ရဲ့ စည်းတွေ,ဘောင်တွေ, ကို ထားလာနိုင်တာ, ကိုယ့်အတွက်မဟုတ်တာတွေကို လွတ်ချလာနိုင်တာ, နောက်ဆုံး လွတ်လပ်ပေါ့ပါးစွာနဲ့ နေ့စဥ်ဘ၀ကို ဖြတ်သန်းစေနိုင်ပါတယ်။
ကိုယ်နဲ့ကိုယ်ကြား အမြန်ဆုံး ချိတ်ဆက်နိုင်ပါစေ…။
📩ကိုယ့်အနေနဲ့ ပိုပြီး နေ့ရက်တွေမှာ နှစ်နှစ်ကာကာဖြတ်သန်းလိုတယ်, ကိုယ်နဲ့ကိုယ်ကြားပိုပြီး ချိတ်ဆက်လိုတယ်ဆိုရင်တော့ B’UNIQ-Coaching ရဲ့ ‘Self-Discovery’ session မှာ စာရင်းသွင်းထားနိုင်ပါပြီး။
B'UNIQ-Coaching
22/12/2025
🚀B'UNIQ-Coaching နဲ့အတူ ၂၀၂၆ ခုနှစ် ကို ယုံကြည်မှုရှိစွာ ကျော်ဖြတ်မယ်...
၂၀၂၆ ခုနှစ်က အလွန် အားကောင်းပြီး, မြန်ဆန်နေမဲ့ နှစ်လို့ တင်စားကြပါတယ်။ ဂဏန်းဗေဒအရလည်း ၁-ဂဏန်းကိုကိုယ်စားပြုလို့ အသစ်တစ်ဖန် စတင်တဲ့ နှစ်လို့မှတ်ယူကြပါတယ်။
💫တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကူးထဲက အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အချိန်အခါကောင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ Personal Year အလိုက် ကိုယ့်အတွက် နှစ်တစ်နှစ်မှာ သူမတူတဲ့ အာရုံစိုက်ရမဲ့ အရာတွေ ရှိကြပါလိမ့်မယ်။
📩ကိုယ်က ပရော်ဖက်ရှင်နယ်လမ်းကြောင်းကို သွားလိုတယ်,
ဘ၀နေထိုင်နည်းမှာ ပြည့်၀စွာ ရှင်သန်လိုတယ်,
ကိုယ့်အတွက် သေချာ အရွေ့တစ်ခုလုပ်လိုတယ်ဆိုတဲ့ သူများအတွက်
B'UNIQ-Coaching မှ အာရုံစိုက်ကူညီပေးနိုင်တဲ့ နယ်ပယ် တွေကို
မိတ်ဆက်ပေးသွားချင်ပါတယ်။
👩💻 Passion Project Creation
သမားရိုးကျ,ရုံးတက်,ရုံးဆင်း အလုပ်တွေနဲ့ ငြီးငွေ့လာတယ်, ကိုယ့်ရဲ့ အမှန်တကယ်၀ါသနာပါတဲ့,စိတ်ကူးထားတဲ့ အလုပ်တစ်ခုကို လက်တွေ့ဖန်တီးလိုတယ်, ဘယ်ကစရမလဲမသိ ဖြစ်နေတယ်ဆိုတဲ့ သူတွေအတွက် အာရုံစိုက်သွားသင့်တဲ့ နယ်ပယ်လေးဖြစ်ပါတယ်။ ဒီပရောဂျက်လေးက ကိုယ့်အတွက် အပို၀င်ငွေလမ်းကြောင်းကိုပါ ချဲ့ထွင်ပေးနိုင်တဲ့အပြင် ကိုယ့်ရဲ့ ဘ၀နေထိုင်နည်းအတွက်ပါ ပိုမို ပြည့်၀စေနိုင်ပါတယ်။ မည်သည့်နေရာ ရောက်ရောက် ထိန်းကျောင်းသွားနိုင်စေပါတယ်။
🌻 Wheel of Life Check-Up
လုပ်မြဲလုပ်နေကျ အရာတွေကို လုပ်ရင်း ကိုယ်မမြင်နိုင်တဲ့ ပြဿနာတွေ တက်လာနိုင်ပါတယ်။ (၆)လတစ်ခါ (သို့) (၁)နှစ်တစ်ခါ ကျန်းမာရေးအတွက် ဆေးစစ်သလိုပဲ, ကိုယ့်အတွက် ဘယ်ဘ၀နယ်ပယ်တွေက ကိုယ့်ရဲ့ ကြား၀င်ဖြေရှင်းမှုကို တောင်းဆိုနေသလဲဆိုတာ ကြီးကြပ်သွားနိုင်ရင်တော့ ပိုပြီး ကြည်လင်တဲ့ ဘ၀ကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
🎯 3-5 Years Goal Setting
ကိုယ်ကလှော်တက်မပါတဲ့ လှေလိုဖြစ်ချင်မှာ မဟုတ်ပါဘူး။ ပန်းတိုင်တွေ ချမှတ်တာက ဘ၀ကိုပိုပြီးရှေ့ရောက်စေပါတယ်။ ဖြစ်လာ၏, မဖြစ်လာ၏က နောက်တစ်ပိုင်း, ကိုယ့်အတွက် ကြိုတင်ပြီး အခြေခံ အုတ်မြစ်တွေကို ချထားခြင်းဖြင့် မသေချာ,အရေရာမှုတွေကို ပြန်ခုခံနိုင်ပါတယ်။ ယုံကြည်မှုကို ပိုတိုးစေနိုင်ပါတယ်။ ဒါဟာလည်း ကိုယ့်ရဲ့ မသိစိတ်ကို အလုပ်ပေးထားသလိုဖြစ်တာကြောင့် ကိုယ်သွားချင်တဲ့လမ်းက တစ်စတစ်စနဲ့ ပေါ်လွင်လာစေပါတယ်။
🪷 Self-Discovery
လူတိုင်း အသက်တစ်ခုရောက်သွားကြပေမဲ့, ကိုယ့်အကြောင်း ကိုယ်သိခွင့်မရခဲ့ကြပါဘူး။ သိသွားကြတဲ့အချိန်မှာတော့ အချိန်တွေလွန်နေခဲ့ရပါတယ်။ ပိုပြီးနှစ်ထောင်းအားရဖြစ်တဲ့ ဘ၀နေထိုင်နည်းကို ရရှိဖို့, ကိုယ်နဲ့ကိုယ်ကြား မိတ်ဆွေပိုဖြစ်နိုင်ဖို့, ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး လက်ခံသွားနိုင်ဖို့,က ပန်းတိုင်တွေပဲ မဟုတ်လား။ ကိုယ်က ဘယ်သူလည်းဆိုပါမှ ကိုယ့်ရဲ့ လုပ်ဆောင်သော အလုပ်တွေ, အတွေးအမြင်တွေ, ရှုထောင့်တွေဟာ ပိုပြီး တိုးတက်လာနိုင်မှာဖြစ်တယ်။
ကိုယ့်အနေနဲ့ အရွေ့တစ်ခုလုပ်လိုတယ်, အဆင်သင့်ဖြစ်တယ်, ဆိုရင်တော့
တယ်လီဂရမ်ကို ဆက်သွယ်နိုင်ပါပြီး။
၂၀၂၆ခုနှစ်မှာ အားလုံး လိုရာခရီးကို ရောက်ရှိကြပါစေ။
(မှတ်ချက်- အထက်ပါဖော်ပြထားသော နယ်ပယ်များအပြင်
မိမိအတွက်ရှင်းလင်းလိုသော အရာများရှိပါကလည်း ချိတ်ဆက်နိုင်ပါတယ်ဗျာ။)
B'UNIQ-Coaching