18/12/2025
Miss Agripreneur မှ စီစဉ်ကျင်းပတဲ့ Online + Onsite “ 🍄စီးပွားဖြစ်မှိုစိုက်ပျိုးထုတ်လုပ်နည်း၊မှိုစျေးကွက်လမ်းကြောင်းနှင့်မှိုတန်ဖိုးမြှင့်ထုတ်ကုန်မျိုးစုံပြုလုပ်နည်းပညာ သင်တန်း။စာတွေ့+လက်တွေ့-ရန်ကုန် “ ရဲ့ သင်တန်း
ဟာ အခုဆိုရင် အောင်မြင်စွာ ပြီးဆုံး သွားပါပြီ ဖြစ်တဲ့အတွက်
သင်တန်း ကိုတက်ရောက်ခဲ့တဲ့ Participants များရဲ့ ပုံရိပ်များ နှင့် Feedbacks များကို ပြန်လည်မျှဝေလိုက်ပါတယ်ရှင်
🤗ဒီ သင်တန်း ရဲ့ထူးခြားချက်လေးတစ်ခုက တော့ ပညာရှင် ဘက်မှ သင်ကြားဆွေးနွေးရုံ တင်မက Participants များကိုပါ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအချင်းချင်း knowledge sharing များပြုလုပ်ခြင်း များပါဝင်တဲ့အတွက် program လေးကနေတဆင့် မိမိရဲ့ Mushroom Business မှာ networking ကောင်းတွေသာမက အခြားဗဟုစုတများစွာပါ ရရှိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်..
😍 ဒီ အစီအစဉ် ကို စေတနာ အရင်းခံပြီး ပြုလုပ်ပေးခဲ့တဲ့ ဆရာမ ဒေါ်က်တာ တင်မိုးခိုင်နှင့် အနယ်နယ် အရပ်ရပ်မှ Participants တယောက်ချင်းစီနဲ့ Miss Agripreneur team members များကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်
12/12/2025
“𝐂𝐀𝐋𝐋 𝐅𝐎𝐑 𝐀𝐏𝐏𝐋𝐈𝐂𝐀𝐓𝐈𝐎𝐍”
အားလုံးပဲ မင်္ဂလာပါ ခင်ဗျား။ 𝐌𝐞𝐤𝐨𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 မှာ လေ့လာသင်ယူခွင့် ရခဲ့တဲ့ သင်တန်းကနေ 𝐌𝐈 𝐀𝐥𝐮𝐦𝐧𝐢 နဲ့ 𝟑𝐙𝐄𝐑𝐎 𝐇𝐨𝐮𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 တို့ ပူးပေါင်းဖွင့်လှစ်တဲ့ "𝐀𝐜𝐜𝐞𝐬𝐬𝐢𝐧𝐠 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐑𝐢𝐬𝐤 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐧𝐠 𝐓𝐨𝐨𝐥𝐬 𝐟𝐨𝐫 𝐀𝐠𝐫𝐢-𝐅𝐨𝐨𝐝 𝐅𝐚𝐫𝐦𝐞𝐫𝐬 𝐚𝐧𝐝 𝐒𝐌𝐄𝐬 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫" ခေါင်းစဉ်ဖြင့် (၂) ရက်ကြာ ကာလတို သင်တန်းမှာ ဆွေးနွေးမျှဝေမယ့် အကြောင်းအရာများ အကြောင်း မိတ်ဆက်တင်ပြလိုပါတယ် ခင်ဗျား။
မြန်မာနိုင်ငံတွင် စိုက်ပျိုးတောင်သူများနှင့် SME များအတွက် ရာသီဥတု ပြောင်းလဲမှု အန္တရာယ်များဆိုင်ရာ ဘဏ္ဍာငွေ ရရှိမှု နည်းပါးနေပြီး အကူအညီ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အခု နှစ်ရက်တာ သင်တန်းကာလမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်များ (ဥပမာ- မုန်တိုင်း၊ ရေလွှမ်းမိုး၊ မိုးခေါင်ရေနည်း စသည်) ကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကြိုတင်စီမံခန့်ခွဲ၍ ဖြစ်ပျက်လာချိန်တွင် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများကို လျှော့ချရန် ရည်ရွယ်သော ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းများ၊ အာမခံစနစ်များနှင့် ရန်ပုံငွေ ချိတ်ဆက်ရေးနည်းလမ်းများ ပါဝင်သော နည်းဗျူဟာများကို 𝐌𝐞𝐤𝐨𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐀𝐥𝐮𝐦𝐧𝐢 များမှ ဆွေးနွေးမျှဝေပေးကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှုတွင် တွေ့ကြုံနေရသည့် ရာသီဥတုဆိုင်ရာ အခြေအနေများ၊ ဘေးအန္တရာယ် များအတွက် ဘဏ္ဍာရေးဆိုင်ရာ နည်းဗျူဟာမျိုးစုံကို ပေါင်းစပ်အသုံးပြုပြီး ရာသီဥတုအန္တရာယ်ကို လျှော့ချရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
အဓိက ဆွေးနွေးမျှဝေမယ့် အကြောင်းအရာများကတော့……
(1) Climate Risks in Myanmar’s Agri-Food System
(2) Introduction to Climate Risk Financing
(3) Climate Insurance Options for Farmers & SMEs
(4) Accessing Climate Risk Financing Providers in Myanmar
(5) Enhancing Effective Use and Sustainability of Climate Finance တို့ပဲ ဖြစ်ပါတယ်။
ရာသီဥတု ပြောင်းလဲမှု ဘေးအန္တရာယ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းဗျူဟာမျိုးစုံကို လေ့လာလိုသူများ၊ စိတ်ပါဝင်စားသူများ ဖော်ပါပြ လင့်ခ် https://tinyurl.com/3wzbtp6j တွင် ဒီဇင်ဘာလ (၁၄) ရက်နေ့ နောက်ဆုံးထား၍ ၀င်ရောက်လျှောက်ထားနိုင်ပါတယ် ခင်ဗျား။
လူကိုယ်တိုင်အားဖြင့် (၂၅) ဦး၊ Online မှ (၂၅) ဦး လက်ခံပြီး ဆွေးနွေးမျှဝေ ဖြစ်ပါ့မယ် ခင်ဗျား။ သင်တန်း တက်ရောက်ခွင့် ရရှိသူများ စာရင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ အီးမေးလ်ဖြင့် ဆက်သွယ် အကြောင်းပြန်မှာ ဖြစ်ပါတယ် ခင်ဗျား။
သင်တန်းကာလ နှစ်ရက်တာအတွင်း နေ့လယ်စာနဲ့ ကော်ဖီ၊ မုန့်တို့ဖြင့် ဧည့်ခံပါ့မယ်။ ဒီဇင်ဘာလ (၁၆-၁၇) နှစ်ရက်တာအတွင်း 𝟑𝐙𝐄𝐑𝐎 𝐇𝐨𝐮𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ ဆုံတွေ့ကြရအောင်ပါလား ခင်ဗျား။
28/11/2025
📍Reminder: မှိုစိုက်နည်း၊မှိုစျေးကွက်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်နည်းပညာ လက်တွေ့သင်တန်းနှင့် online သင်တန်းများကို package အလိုက် ဒီဇင်ဘာ (၁)ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။
🔸️Package 1 online သင်တန်းကို ဒီဇင်ဘာ(1)ရက်နေ့ည နေ(6)နာရီနောက်ဆုံးထားအပ်နိုင်ပါသည်။
🔸️Package 2 online သင်တန်းကို ဒီဇင်ဘာ(4)ရက်နေ့ညနေ(6)နာရီနောက်ဆုံးထားအပ်နိုင်ပါသည်။
🔸️Package 3 onsite-ရန်ကုန် သင်တန်းကို ဒီဇင်ဘာ(6)ရက်နေ့ည နေ(6)နာရီနောက်ဆုံးထားအပ်နိုင်ပါသည်။
စိတ်ဝင်စားသူများအချိန်မီတက်ရောက်နိုင်အောင် remind လုပ်လိုက်ပါရစေ
09/11/2025
🍄စီးပွားဖြစ်မှိုစိုက်ပျိုးထုတ်လုပ်နည်း၊မှိုစျေးကွက်လမ်းကြောင်းနှင့်မှိုတန်ဖိုးမြှင့်ထုတ်ကုန်မျိုးစုံပြုလုပ်နည်းပညာ သင်တန်း။စာတွေ့+လက်တွေ့-ရန်ကုန်(online+onsite)
အားလုံးသိကြတဲ့အတိုင်း..မှို ဟာ စိုက်ပျိုးသီးနှံတွေထဲမှာ အချိန်တိုအတွင်း ရိတ်သိမ်းနိုင်တဲ့အပြင် ဈေးကွက်ထဲမှာလည်း အခြားသီးနှံတွေထက် ဈေးကောင်း ပိုရလေ့ရှိပါတယ်။ အာဟာရတန်ဖိုး Nutritional value မြင့်ရုံသာမက စျေးကွက်တန်ဖိုးလည်းမြင့်တဲ့ high return crop ထဲမှာလည်းပါဝင်ပါတယ်။ မှိုစိုက်ပျိုးစီးပွားလုပ်ငန်းဟာ နည်းစနစ်တကျလုပ်ကိုင်မယ်ဆိုရင် အကျိုးအမြတ်များသလို တဘက်မှာလည်း အန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်စုံတဲ့
မှိုများထုတ်လုပ်ပေးနိုင်ဖို့ Technical guidance နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုများ လိုအပ်ပါတယ်။
💁♀️မှိုသင်တန်းမှာ သေချာ သင်ကြားပို့ချပေးမယ့်စိုက်ပျိုးရေးပညာရှင်ကတော့ မိမိကိုယ်တိုင် မှိုခြံတည်ထောင်ထားပြီး Mushroom product မျိုးစုံထုတ်လုပ်နေတဲ့ TMK mushroom farm ရဲ့ Founder ဒေါက်တာ တင်မိုးခိုင် ပဲ ဖြစ်ပါတယ်။ ဆရာမ biography နှင့် သင်တန်းအကြောင်းအရာအသေးစိပ်များကို graphic photoတွင်ကြည့်နိင်ပါတယ်။
ဒီသင်တန်းကိုစိတ်ဝင်စားလို့သင်ကြားလိုသူတွေအတွက် flexible ဖြစ်အောင် online ကပဲ တက်ဖို့အဆင်ပြေသူများအတွက်ရော၊ onsite မှာ လက်တွေ့လာလုပ်ပြီး သင်ယူလိုသူများ အတွက်ပါ စီစဥ်ထားပေးတဲ့အတွက် မိမိတို့အဆင်အပြေဆုံး package ကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။ Training package များအနေနဲ့က
🎯Package 1:
“မှိုစိုက်ပျိုးထုတ်လုပ်နည်းပညာနှင့် မှိုအစိုစျေးကွက်ရှာနည်း”သင်တန်း
🔸️နေ့ရက်=ဒီဇင်ဘာလ (1-2-3)ရက်။ ညစဥ် 7:00 pm
🔸️သင်တန်းကြေး = 79,000 kyat
🔸️platform= Zoom (အွန်လိုင်း)။
ပထမဆုံးသင်တန်းလာအပ်သူအယောက် 20အတွက် early bird discount 10,000 ကျပ် သက်သာခွင့်
ရှိပါသည်။
🎯Package 2:
“မှိုတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် မှိုစျေးကွက်နည်းဗျူဟာ”သင်တန်း
🔸️နေ့ရက်=ဒီဇင်ဘာလ (4-5-6)ရက်။ ညစဥ် 7:00 pm
🔸️သင်တန်းကြေး = 79,000 kyat
🔸️platform= Zoom (အွန်လိုင်း)။
ပထမဆုံးသင်တန်းလာအပ်သူအယောက် 20အတွက် early bird discount 10,000 ကျပ် သက်သာခွင့်
ရှိပါသည်။
🎯Package 3:
“မှိုစိုက်ပျိုးနည်း+မှိုတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းလက်တွေ့သင်တန်း”
🔸️နေ့ရက်=ဒီဇင်ဘာလ (8-9-10)ရက်။
🔸️အချိန်= မနက် (9:00am) မှ ညနေ (4:00pm) အထိ၊ တနေကုန်၊ စုစုပေါင်း (၃) ရက်ဆက်တိုက်။
🔸️သင်တန်းကြေး = 160,000 kyat
🔸️နေရာ= ရန်ကုန်မြို့နယ်။
ပထမဆုံးသင်တန်းလာအပ်သူအယောက် 20အတွက် early bird discount 10,000 ကျပ် သက်သာခွင့်
ရှိပါသည်။
📍Discount price:
🔸️All packages (1+2+3)=260,000 kyat
🔸️Online packages (1+2)=140,000 kyat
🔸️Package (1+3) or (2+3)= 220,000 kyat
ပထမဆုံးသင်တန်းလာအပ်သူအယောက် 20အတွက် early bird discount 10,000 ကျပ် သက်သာခွင့်
ရှိပါသည်။
🎯Other Information
🔸️သင်တန်းသားများအားလုံးအတွက် မှိုစီးပွားရေးလုပ်ငန်းလုပ်ဖို့ သေချာပြင်ဆင်ထားသော E-book စာအုပ်များလက်ဆောင်ပေးသွားမည်။
🔸️Online သင်တန်းများကို Zoom မှ သင်သွားမည်ဖြစ်ပြီး Recorded video များလည်း telegram private group တွင် နေ့စဥ်ပြန်တင်ပေးသွားမည်။
🔸️Onsite လက်တွေ့သင်တန်းတက်ရောက်သူများအနေနဲ့ သင်တန်းကြေးမှလွဲ၍ အခြားလက်တွေ့လုပ်ဖို့ additional fee များထပ်မံပေးစရာမလိုပါ။ (သင်တန်းနေရာသို့ အသွားအပြန်၊ နေထိုင်စားသောက်စရိတ်များကိုတော့ သင်တန်းသားဘက်က မိမိ ကိုယ်တိုင်စီစဥ်ရမည်။)
🔸️Onsite လက်တွေ့သင်တန်းကိုတော့ လူဦးရေအကန့်အသတ်ဖြင့်သာလက်ခံမှာဖြစ်ပါတယ်။
မှိုစိုက်ပျိုးထုတ်လုပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာ ရှိပါက ယခုသင်တန်းမှ Guidance များဟာ သင့်ပြသနာတွေကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတွေဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားလို့တက်ရောက်ချင်ရင်ပဲဖြစ်ဖြစ်၊ သင်တန်းအကြောင်းစုံစမ်းချင်ရင်ပဲ ဖြစ်ဖြစ် Miss Agripreneur chatbox (သို့မဟုတ်) ယခုပို့စ်၏ comment အောက်မှာ " Mushroom ” လို့မက်ဆေ့ရိုက်ပို့ထားပေးပါရှင်။ သင်တန်းနဲ့ပတ်သက်တာများကိုပြန်လည်ဖြေကြားပေးသွားပါမယ်။
26/10/2025
📍Reminder:မဂ်လာပါရှင်..Miss Agripreneur မှ ဖွင့်လှစ်မယ့် ISO 22000 Food safety standard for Agri Food Businesses သင်တန်းကို မနက်ဖြန် (Oct 27) စတင်တော့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ သင်တန်းအပ်နိုင်ဖို့ Remind ထပ်လုပ်လိုက်ပါတယ်။
📍သင်တန်းရက်များ (Oct 27/28/29/30/31) ညစဥ် ၇နာရီမှ ၉နာရီအထိ (Zoom အွန်လိုင်း)
📍Zoom မတက်ရောက်နိုင်သူများ Recorded video များဖြင့်ပြန်လေ့လာနိုင်သည်။
📍သင်တန်းကြေး ပထမဆုံးလာအပ်သူအယောက် ၂၀ အတွက် အထူးသင်တန်းကြေး 69,000ကျပ်သာ။ အယောက် ၂၀ နောက်ပိုင်းမှသင်တန်းလာအပ်သူများ ပုံမှန်သင်တန်းကြေး 80,000 ကျပ် ။
📍သင်တန်းအပ်ဖို့၊စုံစမ်းဖို့ 👉ISO 22000👈 လို့ မက်ဆေ့ရိုက်ပို့ပြီး စုံစမ်းနိုင်ပါပြီ။
21/10/2025
မနက်ဖြန် Agri Business Strategy သင်တန်းတွင်
သင်ကြားပေးမည့် Trainer အကြောင်းမအိပိုးဖြူသည်ASEANInclusiveBusinessAward2023 ဆုကို မြန်မာပြည်မှာ အမျိုးသမီးဦးဆောင်တဲ့ ကုမ္ပဏီ အနေနဲ့ ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ် 💕💕💕
Sixth ASEAN Award အတွက် အိမ်ရှင်နိုင်ငံအဖြစ် အင်ဒိုနီးရှား ဘာလီမှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံဆု ရွေးချယ်ရရှိကြခြင်းဖြစ်ပါတယ် ❤️💜
ဒါ့အပြင် လက်ရှိ တွင်လည်း Skynet နှင့် Mntv channel တို့တွင်ပြသနေသည့် Business Idea ပြိုင်ပွဲ starting point တွင်လည်း ဒိုင်လူကြီး တစ်ယောက် အနေဖြင့် ပါဝင်လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါသည်။
ဒါကြောင့် Shwe Zee Kwet Co.Ltd ကုမ္ပဏီရဲ့ CEO ဒေါ်အိပိုးဖြူ ကိုယ်တိုင်သင်ကြားပေးမယ့် Miss Agripreneur ရဲ့ "Agribusiness Strategy" သင်တန်းမှာ တက်ရောက်ပြီး သာမန်တောင်သူတစ်ယောက်ကနေ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာစေဖို့ လိုအပ်တဲ့ စီးပွားရေးဗျူဟာတွေကို သင်ယူနိုင်ပါတယ် ။
ဒီသင်တန်းမှာ-
🎯ကိုယ့်ထုတ်ကုန်အတွက် အသင့်တော်ဆုံး ဈေးကွက်ကို ဘယ်လိုရှာဖွေရမလဲ။
🎯 ကိုယ့်ထုတ်ကုန်ရဲ့ ထူးခြားချက် (Unique Selling Point) ကို ဘယ်လို ဖော်ထုတ်မလဲ။
🎯 ကိုယ့်ထုတ်ကုန်ကို ထိရောက်တဲ့ စီးပွားရေးဗျူဟာတွေနဲ့ ဈေးကွက်ထဲ အောင်မြင်အောင် ဘယ်လိုရောင်းချမလဲ စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။
ဒါကြောင့်မနက်ဖြန် တစ်ရက်ပဲ သင်တန်းအပ်ဖို့ ကျန်တော့တာမို့ ဒီအခွင့်ရေးကို လက်မလွှတ်သွားရအောင် အသိပေးလိုက်ပါတယ်ရှင်..
21/10/2025
📍Reminder:မဂ်လာပါရှင်..Miss Agripreneur မှ ဖွင့်လှစ်မယ့် စိုက်ပျိုးထုတ်ကုန်များ စျေးကွက်ထုတ်ဖောက်နိုင်ဖို့ Agri Business Strategy သင်တန်းကို မနက်ဖြန် (Oct 22) စတင်တော့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ သင်တန်းအပ်နိုင်ဖို့ Remind ထပ်လုပ်လိုက်ပါတယ်။
📍သင်တန်းရက်များ (Oct 22/23/24/25/26) ညစဥ် ၇နာရီမှ ၉နာရီအထိ (Zoom အွန်လိုင်း)
📍Zoom မတက်ရောက်နိုင်သူများ Recorded video များဖြင့်ပြန်လေ့လာနိုင်သည်။
📍သင်တန်းကြေး ပထမဆုံးလာအပ်သူအယောက် ၂၀ အတွက် အထူးသင်တန်းကြေး 69,000ကျပ်သာ။ အယောက် ၂၀ နောက်ပိုင်းမှသင်တန်းလာအပ်သူများ ပုံမှန်သင်တန်းကြေး 80,000 ကျပ် ။
📍သင်တန်းအပ်ဖို့၊စုံစမ်းဖို့ 👉Agri Business Strategy 👈 လို့ မက်ဆေ့ရိုက်ပို့ပြီး စုံစမ်းနိုင်ပါပြီ။
12/10/2025
📍Reminder:ယခုလာမယ့်အပတ် အောက်တိုဘာလ (16)ရက်နေ့ ကြာသပတေးနေ့မှာစမယ့် "သရက်ခြံစီမံခန့်ခွဲနည်းပညာ" သင်တန်းစဖို့ (4)ရက်သာလိုေတာ့တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ သင်တန်းအပ်နိုင်ဖို့ Remind ထပ်လုပ်လိုက်ပါတယ်။
📍သင်တန်းရက်များ (Oct 16-17-18-19-20-21)စုစုပေါင်း ၆ရက် ညစဥ် ၇နာရီမှ ၉နာရီအထိ (Zoom အွန်လိုင်း)
📍Zoom မတက်ရောက်နိုင်သူများ Recorded video များဖြင့်ပြန်လေ့လာနိုင်သည်။
📍သင်တန်းကြေး ပထမဆုံးလာအပ်သူအယောက် ၂၀ အတွက် အထူးသင်တန်းကြေး 69,000ကျပ်သာ။ အယောက် ၂၀ နောက်ပိုင်းမှသင်တန်းလာအပ်သူများ ပုံမှန်သင်တန်းကြေး 80,000 ကျပ် ။ 🎁discount price နဲ့ရဖို့လူပြည့်ခါနီးပြီမို့ discount ရအောင် အမြန်လာအပ်ထားဖို့တော့လိုပါမယ်။
📍သင်တန်းအပ်ဖို့၊စုံစမ်းဖို့ 👉သရက်👈 လို့ မက်ဆေ့ရိုက်ပို့ပြီး စုံစမ်းနိုင်ပါပြီ။
09/10/2025
📍Reminder:မဂ်လာပါရှင်..Miss Agripreneur မှ ဖွင့်လှစ်မယ့် သရက်၊ထောပတ်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်နည်းပညာသင်တန်းကို ယခုအပတ် စနေနေ့ (Oct 11) စတင်တော့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ သင်တန်းအပ်နိုင်ဖို့ Remind ထပ်လုပ်လိုက်ပါတယ်။
📍သင်တန်းရက်များ (Oct 11-12-13-14) ညစဥ် ၇နာရီမှ ၉နာရီအထိ (Zoom အွန်လိုင်း)
📍Zoom မတက်ရောက်နိုင်သူများ Recorded video များဖြင့်ပြန်လေ့လာနိုင်သည်။
📍သင်တန်းကြေး ပထမဆုံးလာအပ်သူအယောက် ၂၀ အတွက် အထူးသင်တန်းကြေး 69,000ကျပ်သာ။ အယောက် ၂၀ နောက်ပိုင်းမှသင်တန်းလာအပ်သူများ ပုံမှန်သင်တန်းကြေး 80,000 ကျပ် ။
📍သင်တန်းအပ်ဖို့၊စုံစမ်းဖို့ 👉သရက်+ထောပတ်👈 လို့ မက်ဆေ့ရိုက်ပို့ပြီး စုံစမ်းနိုင်ပါပြီ။
02/10/2025
မိမိစားသောက်ကုန်၊စိုက်ပျိုးရေးတန်ဖိုးမြှင့်ထုတ်ကုန်တွေရဲ့ Quality ပိုမိုမြင့်မားပြီး စားသုံးသူများအတွက် အစားအစာဘေးကင်းမှုယုံကြည်စိတ်ချစွာစားသုံးနိုင်တယ်လို့ အာမခံနိုင်တဲ့ Standard တစ်ခုဆီ ရောက်အောင်ထုတ်လုပ်ချင်သူများအတွက် “ISO 22000 Food Safety Standard" သင်တန်းကောင်းလေးတစ်ခု အကြောင်းနဲ့မိတ်ဆက်ပေးပါရစေ။
သင့်ရဲ့ စိုက်ပျိုးရေးထုတ်ကုန် ဒါမှမဟုတ် အစားအသောက်တွေဟာ အရည်အသွေး ကောင်းပေမယ့် နိုင်ငံတကာအဆင့်မီတဲ့ စံနှုန်းတွေ (Standard) မရှိလို့ ဈေးကွက်ထဲ ထိုးဖောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီလား?
ထုတ်ကုန်တွေကို ဘေးကင်းလုံခြုံမှုရှိရှိ ထုတ်လုပ်နိုင်ဖို့နဲ့ အသိအမှတ်ပြုလက်မှတ်ရဖို့အတွက် စနစ်တကျ ပြင်ဆင်ချင်နေပြီလား။
ဒါဆိုရင်တော့ သင့်ထုတ်ကုန်တွေကို ယုံကြည်စိတ်ချရတဲ့ ကုန်ပစ္စည်းတွေအဖြစ် ပြောင်းလဲဖို့အတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေ အတွက် ဆရာ ကိုသန့်ဇော်စိုး သင်ကြားပေးမယ့် "ISO 22000 Food Safety Standard" သင်တန်းကို တက်ရောက်နိုင်ပါတယ် ။
ဒီသင်တန်းမှာဆိုရင်
မိမိထုတ်ကုန်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ ISO 22000 Food Safety Standard ကို ဘယ်လိုလျှောက်ထားပြီး အသိအမှတ်ပြုလက်မှတ် ဘယ်လိုရယူရမလဲ ဆိုတာကို အသေးစိပ်သင်ပေးသွားမှာဖြစ်ပါတယ်။
Bonus အနေနဲ့ farm level မှာ သီးနှံကုန်ကြမ်းတွေကို ဘေးကင်းစွာ စိုက်ပျိုးနိုင်ဖို့ GAP (Good Agricultural Practices) အသိအမှတ်ပြုလက်မှတ် အကြောင်းကို (general) အနေနဲ့ ပါ ထည့်ထားပေးပါတယ်။
သင်တန်းအသေးစိတ်
ရက်စွဲ - အောက်တိုဘာလ ၂၇ ရက်မှ ၃၁ ရက်အထိ
အချိန် - ည ၇ နာရီမှ ၉ နာရီ
နေရာ - Zoom
သင်တန်းကြေး - ၈၀,၀၀၀ ကျပ်။
Discount fee အထူးလျော့စျေး= 69,000 ကျပ် (ပထမဆုံးသင်တန်းလာအပ်သူအယောက် ၂၀ အတွက်သာ။)
ဤ “ISO 22000 Food Safety Standard for agri food business" သင်တန်းကို တက်ရောက်ဖို့ Registration လုပ်မယ်ဆိုရင် “ISO” လို့ မက်ဆေ့/ comment ရိုက်သွားပေးပါ။
🎉Trainer Biography
ကိုသန့်ဇော်စိုးသည် 2005 ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ကိုရရှိကာ 2006ခုနှစ်မှစ၍ ပြည်တွင်းရှိစိုက်ပျိုးရေးကုမ္ပဏီများ၊ INGO များတွင် စိုက်ပျိုးရေးနှင့်ပတ်သက်သောသင်တန်းများပေးခြင်းကိုစတင်ခဲ့ပါသည်။
2014ခုနှစ်မှ စတင်၍ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များဖြစ်သော EU Organic, JAS Organic, USDA Organic နှင့် Global G.A.P လက်မှတ်များထုတ်ပေးရာတွင် စစ်ဆေးသူ( Auditor)အဖြစ် Netherland အခြေစိုက် Certification Body ဖြစ်သော Control Union တွင်လုပ်ကိုင်ခဲ့ပါသည်။
2015 ခုနှစ်တွင် Lead Auditor သင်တန်းကိုတက်ရောက်အောင်မြင်ခဲ့ကာ IRCA approved Lead Auditor အဖြစ်ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ 2015မှ 2019 ခုနှစ်အတွင်း Global G.A.P, HACCP, FSSC 22000, ISO 22000, BRC နှင့် Social compliance standardများနှင့်ပတ်သက်သောသင်တန်းများတက်ရောက် အောင်မြင်ခဲ့ကာ ပြည်တွင်းပြည်ပရှိ ကုမ္ပဏီများအား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရာတွင် စစ်ဆေးသူအဖြစ်ဆောင်ရွက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအား အထက်ဖော်ပြပါ စံနှုန်းများအတွက် သင်တန်းများပို့ချခြင်းကိုလဲဆောင်ရွက်ခဲ့ပါသည်။
2020 ခုနှစ်မှ စတင်၍ Global G.A.P Approved Farm Assurer လိုင်စင်ကိုရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် Global G.A.Pစံနှုန်းများအားအကောင်အထည်ဖော်ဆောင်ရွက်ကာ အသိအမှတ်ပြုလက်မှတ်ရယူရန်အတွက် သင်တန်းပို့ချသူ နှင့်အကြံပေးအဖြစ်လည်းကောင်း၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် HACCP, ISO22000, FSSC22000 လက်မှတ်များရယူရန် သင်တန်းပို့ချခြင်း၊ အကြံပြုပြင်ဆင်ပေးခြင်းများကိုလည်ကောင်းလုပ်ဆောင်လျက်ရှိပါသည်။
01/10/2025
🎉 Happy 3 years Anniversary to Miss Agripreneur! 🥳
လွန်ခဲ့တဲ့ (၃)နှစ်က စိုက်ပျိုးရေးလူငယ် Founder (2) ယောက်ဖြစ်တဲ့ မသီရိဟန် နဲ့ မခိုင်ငွေငွေသင်း တို့ရဲ့ စိတ်ကူးကနေ စတင်ခဲ့တဲ့ Miss Agripreneur ဆိုတဲ့ စိုက်ပျိုးရေးနည်းပညာတိုးချဲ့ပညာပေးတဲ့ digital agri extension platform ဟာ ဆိုရင်...
ယခုအချိန်မှာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ SME များအတွက် ထိရောက်တဲ့ training, consultation & mentoring များကို စိုက်ပျိုးရေးပညာရှင်၊AgriBusiness entrepreneur များနှင့် collaboration လုပ်ပြီး online, onsite သင်တန်းများပေးခဲ့ပါတယ်။
ဒီတလျှောက်မှာ Miss Agripreneur နဲ့အတူ ယုံကြည်စိတ်ချစွာလက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ပညာရှင်များ၊ တောင်သူများ၊ SME များ၊ Miss Agripreneur ရဲ့ freelancers, volunteers, intern လူငယ်များအားလုံးကို ကျမတို့ဘက်မှ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်
ပုံလေးတွေကတော့ Miss Agripreneur မှာအရင်က volunteer လုပ်ခဲ့ကြတဲ့ junior လေးတွေနဲ့ အပြင်မှာ gathering လုပ်တုန်းကရိုက်ထားတဲ့အမှတ်တရပုံလေးတွေဖြစ်ပါတယ်။ (လူမစုံပေမယ့်)
🥰Miss Agripreneur နဲ့အတူ သင့်မှာအမှတ်တရလေးတွေရှိခဲ့ရင်လည်း ဒီနေ့ anniversary နေ့လေးမှာ သင်တို့ရဲ့
အမှတ်တရလေးတွေမျှဝေပေးခဲ့ပါဦး ကျေးဇူးတင်ပါတယ်ရှင်။
"Let's create agri movement with Miss Agripreneur youths"
24/09/2025
အရည်အသွေးကောင်းတဲ့ စိုက်ပျိုးရေးတန်ဖိုးမြှင့်ထုတ်ကုန်တွေ၊ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ
ထုတ်လုပ်ပြီးနောက်မှာ မိမိထုတ်ကုန်တွေ စျေးကွက်ထဲ ထိုးဖောက်ပြီး အောင်မြင်စွာ ရောင်းထွက်ဖို့ဆိုတာတွေက business လုပ်သူတိုင်း စဥ်းစားရမယ့်အချက်ဖြစ်ပါတယ်။
Product to market ရောက်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီဆိုရင်တော့ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက် မှန်ကန်တဲ့ လမ်းညွှန်မှုတွေကို ပြသပေးနိုင်ဖို့အတွက် ကျတော်တို့ စီစဥ်ထားပေးတာ တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
အားလုံးသိကြတဲ့အတိုင်း ရွှေဇီးကွက် ကုမ္ပဏီ ဟာ ဆိုရင် စိုက်ပျိုးရေးကုန်ကြမ်းတွေမှ တဆင့် တန်ဖိုးမြှင့်ထုတ်ကုန် healthy juice များ ထုတ်လုပ်ပြီး စျေးကွက်ထဲမှာ အောင်မြင်စွာရပ်တည်နေတဲ့ brand တစ်ခုဖြစ်ပါတယ်။ ယခုလို စျေးကွက်ထဲမှာ နေရာတစ်ခုရ အောင် ကိုယ်တိုင်ကြိုးစားပြီး အောင်မြင်လာတဲ့ နည်းဗျူဟာတွေ၊ အတွေ့အကြုံတွေကို အခြေခံပြီး Shwe Zee Kwet Co.Ltd ကုမ္ပဏီရဲ့ CEO ဒေါ်အိပိုးဖြူ ကိုယ်တိုင်သင်ကြားပေးသွား မယ့်
ဤ "Agribusiness Strategy" သင်တန်းဟာဆိုရင် သာမန်တောင်သူတစ်ယောက်ကနေ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာစေဖို့၊ စိုက်ပျိုးရေးထုတ်ကုန်တွေကို ထိရောက်တဲ့ စီးပွားရေးဗျူဟာတွေနဲ့ ဈေးကွက်ထဲ အောင်မြင်အောင် ဘယ်လို ချိတ်ဆက်လုပ်ဆောင်ရမယ်ဆိုတာတွေကို သင်ကြားလေ့လာခွင့်ရစေမယ့် သင်တန်းပဲ ဖြစ်ပါတယ်။
ဒီသင်တန်းမှာ-
ကိုယ့်ထုတ်ကုန်အတွက် အသင့်တော်ဆုံး ဈေးကွက်ကို ဘယ်လိုရှာဖွေရမလဲ။
ကိုယ့်ထုတ်ကုန်ရဲ့ ထူးခြားချက် (Unique Selling Point) ကို ဘယ်လို ဖော်ထုတ်မလဲ။
ကိုယ့်ထုတ်ကုန်ကို ထိရောက်တဲ့ စီးပွားရေးဗျူဟာတွေနဲ့ ဈေးကွက်ထဲ အောင်မြင်အောင် ဘယ်လိုရောင်းချမလဲ စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။
သင်တန်းအသေးစိတ်
ရက်စွဲ - အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ
အချိန် - ည ၇ နာရီမှ ၉ နာရီ
နေရာ - Zoom Platform
ပုံမှန် သင်တန်းကြေး - ၈၀,၀၀၀ ကျပ်။
Discount fee= 69,000 kyat (ပထမဆုံးသင်တန်းအပ်သူ အယောက် ၂၀ အတွက်သာ)
ဤ "Agribusiness strategy" သင်တန်းကို တက်ရောက်ဖို့ Registration လုပ်မယ်ဆိုရင် AgriBiz လို့ မက်ဆေ့/ comment ရိုက်သွားပေးပါ။ အသေးစိပ်ပြန်လည်ဖြေကြားပေးသွားပါမည်။