10/09/2020
အာရှ GED ကျူရှင်ကကြိုဆိုပါတယ်...
GED ဆိုတာက General Educational Diploma ဆိုတဲ့အမေရိကန်နိုင်ငံက စတင်ခဲ့တဲ့ တက္ကသိုလ်ဝင်စားမေးပွဲအောင်လက်မှတ်ပါ၊ အသက် 16 နှင့်အထက်ဘယ်သူမဆိုဝင်ရောက်ဖြေဆိုနိုင်ပါတယ်၊
အမေရိကန်မှာရှိတဲ့ GED ဗဟိုကသတ်မှတ်ထားတဲ့ GED test center စာမေးပွဲဖြေဆိုရတာပါ၊
ထိုင်းနိုင်ငံ Phuket, Bangkok ယခုရန်ကုန် မှာလည်းဖွင့်ထားပါတယ်၊ ပြောရရင်အဝေးကနေသင်ယူပြီး စာမေးပွဲဖြေဆိုရတာပါ၊၊
အကြောင်းအမျိုးမျိုးကြောင့်ပုံမှန်ကျောင်းမတက်နိုင်သူများ၊ နိုင်ငံတကာအဆင့်ပညာရေးကို အချိန်တိုးတိုးနဲ့ကုန်ကျငွေသက်သက်သာသာနဲ့သင်ယူလိုသူမျာကို အာရှ GED ကျူရှင် ကိုးတန်သင်ယူနေသူများ သုံးလ အဌမတန်းသင်ယူနေသူများ
ခြောက်လ သတ္တမတန်းသင်ယူနေသူများကိုးလ အသီးသီးတက်ရောက်သင်ယူနိုင်ပါပြီ
ထိုင်းနိုင်ငံမှာ Rawai, Phuket မြန်မာနိုင်ငံမှာ လယ်ကုန်း မြစ်ကြီးနားမြို့စတဲ့နေရာတွေမှာ ကျူရှင်တက်ရန်ဆက်သွယ်နိုင်ပါတယ်၊ ယခုလို Covid 19ကာလမှာ Zoom class room software အသုံးပြုပြီး Online ပေါ်မှာလည်းကျူးရှင်းသင်းပေးနေပါပြီ၊
Laptop Computer နဲ့ Broadband internet ရှိသူများမြန်မာနိုင်ငံဘယ်နေရာကမဆိုကျူရှင်တက်နိုင်ပါပြီ၊
မြန်မာပြည်သားတွေကိုမြန်မာလို ထိုင်းနိုင်ငံမှာရှိတဲ့သူတွေကိုထိုင်းလို ကောင်းကောင်းရှင်းပြပြီးနားလည်သဘောပေါက်လွယ်အောင်သင်ပေးမှာဖြစ်ပါတယ်၊
ကျူရှင်ခကတစ်လကို ကျပ်နှစ်သိန်းပါ၊
GED စာအမွေးပွဲဖြေရမည့် English, Mathematic, Social, Science စတဲ့လေးဘာသာကို တဘာသာကို ၄၅ မိနစ် တစ်ရက်ကို ၃ နာရီ တနင်္လာနေ့မှစနေနေ့အထိ တစ်ပတ်ကိုခြောက်ရက်စာသင်ပေးမှာဖြစ်ပါတယ်၊
စာသင်ပြီးပြီစာမေးပွဲဖြေမယ့်အခါ ရန်ကုန် GED test center သွားပြီးတစ်ဘာသာကိုအမေရိကန်ဒေါ်လာ 75 ဒေါ်လာ စာမေးပွဲခပေးဆောင်ပြီးစာမေးပွဲဖြေဆိုနိုင်ပါတယ်၊
တကယ်လို့မအောင်လို့ရှိရင် နောက်ထပ်စာမေးပွဲခအမေရိကန်ဒေါ်လာ 75 ဒေါ်လာ ပေးပြီးစာမေးပွဲဖြေဆိုနိုင်ပါတယ်၊
တတ်နိုင်သလောက်ကတော့တစ်ခါတည်းနဲ့အောင်နိုင်အောင်သင်ပေးမှာဖြစ်ပါတယ် ဒီစာမေးပွဲအောင်ရင်နိုင်ငံခြားကတက္ကသိုယ်တွေကိုလူကိုယ်တိုင်သွားပြီးဖြစ်ဖြစ် Online ပေါ်ကပြီဖြစ်တက္ကသိုယ်ဘွဲ့ရတဲ့အထိဆက်လက်သင်ယူနိုင်ပါတယ်၊
ဘယ်တက္ကသိုလ်ဘယ်လောက်ကုန်ကျမည်ဆိုတာကိုအကြံပေးမှာဖြစ်ပါတယ်၊
တက္ကသိုလ်ဖွဲ့ရတဲ့အထိ Online သင်ယူမယ်ဆိုရင် ကျပ် 55 သိန်းကစပြီး သိန်းရာနဲ့ချီတဲ့အထိကုန်ကျမှာဖြစ်ပါတယ် ဆယ်တန်းအောင်ကျောင်းသားကျောင်းသူတွေက Scorlarship လျှောက်ထားနိုင်ပြီး Scorlarship ရရှိလို့ရှိရင်ငွေကြေးအကုန်မခံဘဲဘွဲ့ရနိုင်ပါတယ် Scorlarship ကို Microsoft, Google, Facebook အစရှိတဲ့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေကပေးနေကြပါတယ် ဘွဲ့ရပြီးနောက်ဒီကုမ္ပဏီကြီးတွေမှာ Online အလုပ်ရမှာသေချာပါတယ်၊
ဒီလိုနဲ့ ကျောင်းသားကျောင်းသူတိုင်းငွေကြေးသက်သက်သာသာဖြင့်နိုင်ငံတစ်ကအဆင့်မြင့်ပညာရေးကိုရယူနိုင်မှာဖြစ္ကြောင်းကိုသတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ၊၊
ပိုပြီးသိချင်တာရှိရင် မေးစရာပြောစရာရှိရင် Comments နဲ့ Message ရေးနိုင်ပါတယ်၊
စိတ်ရှည်ရှည်ထားပြီးအောင်ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်၊၊
General Educational Development (GED) tests are a group of four subject tests which, when passed, provide certification that the test taker has American or Canadian high school-level academic skills.