Fluency Butterfly International

Fluency Butterfly International

แชร์

Education Project Platform
Learning, teaching, and growth projects by Fluency Butterfly International 🦋

14/06/2026

ဒီအပတ် Integrated Speaking Practice Week 9 အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့
“The Habit of Social Connection — Building Happier Lives Through Daily Social Interactions and Talking to Strangers” ပဲ ဖြစ်ပါတယ်။ 🌿✨

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ လူတွေနဲ့ အမြဲနီးကပ်နေကြပေမယ့် တကယ်တမ်း connection ဖြစ်ဖို့တော့ မလွယ်တော့တဲ့ခေတ်ကို ရောက်နေပါတယ်။ Bus, train, airplane, café, classroom, workplace တွေမှာ ဘေးနားမှာ လူတစ်ယောက်ရှိနေပေမယ့် phone ကိုပဲ ကြည့်နေမိတာ၊ silence ထဲမှာနေရတာကို ပိုလုံခြုံတယ်လို့ ခံစားမိတာ၊ stranger တစ်ယောက်နဲ့ စကားစရမှာ awkward ဖြစ်မယ်လို့ ကြိုထင်မိတာတွေက အခုခေတ်လူမှုဘဝရဲ့ သဘာဝလို ဖြစ်လာပါတယ်။

ဒါပေမယ့် simple social interaction လေးတွေက ကျွန်တော်တို့ရဲ့ mood, confidence, happiness နဲ့ sense of belonging ကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ မသိတဲ့လူတစ်ယောက်ကို ပြုံးပြတာ၊ small talk လေးစပြောတာ၊ compliment လေးပေးတာ၊ gratitude ပြောတာ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို kindness လေးပြသတာတွေဟာ သေးငယ်တဲ့အရာတွေလို ထင်ရပေမယ့် happier social life တစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ daily habit တွေ ဖြစ်နိုင်ပါတယ်။

ဒီအပတ် discussion မှာ TED Talk ထဲက ideas တွေကို အခြေခံပြီး social connection, talking to strangers, small talk, kindness, loneliness, confidence, daily happiness စတဲ့ real-life topics တွေကို English လို ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Fluency, expressing opinions, agreeing and disagreeing politely, storytelling စတဲ့ speaking skills တွေကိုလည်း လက်တွေ့သုံးပြီး practice လုပ်နိုင်မှာပါ။

🎧 Listening Week

ဒီအပတ်က Listening Week ဖြစ်တဲ့အတွက် Discussion မ join ခင် YouTube video လေးကို ကြိုတင်နားထောင်ထားရမှာ ဖြစ်ပါတယ်။

Video: “The Simple Habit for a Happier Social Life”
Speaker: Nicholas Epley
👉 https://youtu.be/myjZrpMVLRE?is=2O4FxAI78yP_v3ta

Video ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး social connection ဆိုတာ extrovert လူတွေအတွက်ပဲ မဟုတ်ဘဲ လူတိုင်းရဲ့ happiness နဲ့ well-being အတွက် အရေးကြီးတဲ့ habit တစ်ခုဖြစ်နိုင်ကြောင်း အင်္ဂလိပ်လို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Speaker ရဲ့ final advice ဖြစ်တဲ့ “When in doubt, reach out” ဆိုတဲ့ message ကိုလည်း ကိုယ့်ဘဝနဲ့ချိတ်ပြီး reflect လုပ်ကြပါမယ်။

✨ What’s in it for you?

ဒီ session မှာ English speaking fluency ကို real-life topic တစ်ခုနဲ့ လေ့ကျင့်နိုင်မှာဖြစ်ပြီး Listening, idea sharing, discussion, reflection, interaction စတဲ့ integrated skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။

Beginner, Intermediate, Advanced မတူညီတဲ့ level တွေအတွက် အဆင်ပြေအောင် mixed-level speaking practice ပုံစံနဲ့ ပြုလုပ်သွားမှာဖြစ်လို့ English speaking ကို ယုံကြည်မှုနည်းနေသူတွေလည်း ပေါ့ပေါ့ပါးပါး ပါဝင်နိုင်ပါတယ်။

အမှားလုပ်မိမှာ မကြောက်ဘဲ supportive environment ထဲမှာ English လို ကိုယ့်အမြင်ကို ပြောကြည့်နိုင်မယ်၊ တခြားသူတွေရဲ့ ideas တွေကို နားထောင်နိုင်မယ်၊ English speaking လေ့လာနေသူအချင်းချင်းလည်း connection တည်ဆောက်နိုင်မယ့် session လေး ဖြစ်ပါတယ်။

📅 Schedule & Details

Week: Week 9
Days: 14th June 2026 ( Sunday )
Time: 7:30 PM to 9:00 PM
Platform: Zoom Online
Fees: 100% Free

🚀 How to Join

ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ ကြိုတင်နားထောင်ရမယ့် Listening Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

👉 Join Telegram Group Here:
https://t.me/bright_hill_international

English speaking fluency တိုးတက်ချင်ရင် video ကြည့်ရုံ၊ vocabulary ကျက်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လို ပြောကြည့်တာ၊ တခြားသူတွေရဲ့ ideas တွေကို နားထောင်တာ၊ discussion ထဲမှာ active ဖြစ်ဖြစ် ပါဝင်တာက အရေးကြီးပါတယ်။

မ join ခင် video ကို ကြိုတင်နားထောင်ထားပြီး discussion မှာ ပေါ့ပေါ့ပါးပါး active ဖြစ်ဖြစ် ပါဝင်ပေးပါနော်။ ဒီအပတ်မှာတော့ social connection, talking to strangers နဲ့ happier daily life အကြောင်းကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨

Photos from Fluency Butterfly International's post 11/06/2026

Integrated Speaking Practice Club ရဲ့ ပြီးခဲ့တဲ့ sessions တွေမှာ လာရောက်ပါဝင်ပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ 🦋⛰️✨

“Hustle Culture, Burnout & the Seven Types of Rest” နဲ့ “Learning How to Learn: Why Your Study Methods Might Be Wrong” topics တွေကို အခြေခံပြီး English လို အတူတူဆွေးနွေးခဲ့ကြပါတယ်။

ကိုယ့်အမြင်တွေကို English လိုကြိုးစားပြောပေးခဲ့တာ၊ တခြားသူတွေရဲ့ ideas တွေကို နားထောင်ပေးခဲ့တာ၊ supportive learning space ဖြစ်အောင် ပါဝင်ပေးခဲ့တာတွေအတွက် တကယ်ကျေးဇူးတင်ပါတယ်။

Integrated Speaking Practice Club
Every Saturday
7:30 PM to 9:00 PM
Zoom Online
100% Free
Organized by Bright Hill International x Fluency Butterfly International

Telegram Group
https://t.me/bright_hill_international

Keep practicing. Keep sharing. Keep growing. 🦋⛰️✨

07/06/2026

ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့
“Learning How to Learn: Why Your Study Methods Might Be Wrong” ပဲ ဖြစ်ပါတယ်။ 🧠✨

စာမေးပွဲအတွက် အချိန်အများကြီးပေးပြီး စာကျက်ထားပေမယ့် result မကောင်းခဲ့ဖူးပါသလား။ Notes တွေကို ထပ်ခါထပ်ခါဖတ်တာ၊ important sentences တွေကို highlight လုပ်တာ၊ တစ်ခုလုံးကို ပြန်ကူးရေးတာတွေ လုပ်ခဲ့ပေမယ့် exam room ထဲရောက်တဲ့အခါ မမှတ်မိတော့တာမျိုး ကြုံဖူးကြမှာပါ။

တကယ်တော့ ဒီလိုဖြစ်တာက ကိုယ်မကြိုးစားလို့မဟုတ်ပါဘူး။ Study method မမှန်လို့ ဖြစ်နိုင်ပါတယ်။

အခုခေတ်မှာ “အချိန်ကြာကြာ စာကျက်တာ” ကို learning လုပ်နေတယ်လို့ ထင်ကြတာများပါတယ်။ Textbook ကို အကြိမ်ကြိမ် reread လုပ်ရင် သိနေပြီလို့ခံစားရတယ်။ Notes တွေ colourful ဖြစ်အောင် highlight လုပ်ရင် productive ဖြစ်နေတယ်လို့ ထင်ရတယ်။ Summary ပြန်ရေးထားရင် deep learning လုပ်နေတယ်လို့ ခံစားရတယ်။

ဒါပေမယ့် cognitive psychology research တွေအရ လူကြိုက်များတဲ့ study methods အများကြီးဟာ long-term learning အတွက် ထင်သလောက် မထိရောက်နိုင်ပါဘူး။ Familiar ဖြစ်နေတာနဲ့ တကယ် recall လုပ်နိုင်တာ မတူပါဘူး။ “I’ve seen this before” ဆိုတာနဲ့ “I can explain this from memory” ဆိုတာ မတူပါဘူး။

ဒီအပတ် discussion မှာ learning strategies တွေအကြောင်းကို English လို စိတ်ဝင်စားစရာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

“စာကို ဘယ်လိုပိုမှတ်မိအောင် လေ့လာမလဲ?”
“Why do easy study methods often give weak results?”
“Why does self-testing feel difficult but work better?”
“English speaking fluency တိုးတက်ဖို့ passive watching ထက် active practice က ဘာကြောင့်ပိုအရေးကြီးလဲ?”

ဆိုတဲ့ မေးခွန်းတွေကို ကိုယ့် learning experience တွေနဲ့ချိတ်ပြီး English လို structured speaking phrases တွေနဲ့ ဆွေးနွေးလေ့ကျင့်ကြမှာပါ။

📖 Reading Week

ဒီအပတ်က Reading Week ဖြစ်တဲ့အတွက် Discussion မ join ခင် “Learning How to Learn: Why Your Study Methods Might Be Wrong” article လေးကို Telegram Channel မှာကြိုတင်ဖတ်ထားရမှာ ဖြစ်ပါတယ်။

Article ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး “စာကျက်ချိန်များတာ” နဲ့ “တကယ် learning ဖြစ်တာ” က တူညီရဲ့လား၊ rereading နဲ့ highlighting လုပ်တာက ဘာကြောင့် familiar ဖြစ်သလိုခံစားရပေမယ့် recall အတွက် မလုံလောက်နိုင်တာလဲ၊ retrieval practice နဲ့ spaced practice က long-term memory အတွက် ဘာကြောင့်ပိုထိရောက်တာလဲဆိုတာတွေကို English လို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

✨ What’s in it for you?

• Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ reading, vocabulary building, idea sharing, discussion, reflection, interaction စတဲ့ skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။

• Real-Life Learning Discussion

• Useful Vocabulary & Collocations တွေကို context ထဲမှာ သုံးတတ်အောင် လေ့ကျင့်နိုင်မှာပါ။

• Mixed-Level Speaking Practice: Beginner, Intermediate, Advanced မတူညီတဲ့ level အလိုက် questions တွေရှိတဲ့အတွက် ကိုယ့် comfort level နဲ့ကိုက်တဲ့မေးခွန်းတွေကနေ စပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မှာပါ။

• Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ English speaking practice လုပ်နိုင်မယ့် supportive environment တစ်ခု ဖြစ်ပါတယ်။

• Thought-Provoking Topic: “ငါစာကျက်နည်းမှန်ရဲ့လား?” “I feel familiar with the lesson, but can I really recall it?” “English fluency တိုးတက်ဖို့ input ကြည့်ရုံနဲ့ လုံလောက်လား?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘဝနဲ့ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။

• Networking: English စကားပြောလေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရပြီး ideas တွေ ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

📅 Schedule & Details

• Days: Every Saturday အပတ်စဉ် စနေနေ့တိုင်း
( ဒီနေ့ Sunday June 7 နေ့ကတော့ မနေ့ က စနေနေ့အစား ပြန်လည် ပြုလုပ်ပေးတာ ဖြစ်ပါတယ် )
• Time: 7:30 PM to 9:00 PM
• Platform: Zoom Online
• Fees: 100% Free

🚀 How to Join?

ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ Reading Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

👉 Join Telegram Group Here:
https://t.me/bright_hill_international

English speaking fluency တိုးတက်ချင်ရင် စာဖတ်ရုံ၊ video ကြည့်ရုံ၊ notes ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လို ပြောကြည့်တာ၊ တခြားသူတွေရဲ့ idea တွေကို နားထောင်တာ၊ vocabulary အသစ်တွေကို discussion ထဲမှာ လက်တွေ့သုံးကြည့်တာက အရေးကြီးပါတယ်။

ဒီအပတ်မှာတော့ Reading Week ဖြစ်တဲ့အတွက် article ကို ကြိုတင်ဖတ်ထားပြီး “Learning How to Learn” topic ကိုအခြေခံကာ study methods, memory, active recall, spaced practice နဲ့ English learning habits တွေအကြောင်းကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨

30/05/2026

ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့
“The Radical Act of Restoring Your Worth — Hustle Culture, Burnout & the Seven Types of Rest” ပဲ ဖြစ်ပါတယ်။ 🌿✨

အခုခေတ်မှာ “အလုပ်များနေရတာ” ကို တန်ဖိုးရှိခြင်း၊ အရေးကြီးခြင်း၊ အောင်မြင်ဖို့ ကြိုးစားနေခြင်းနဲ့ ချိတ်ဆက်ပြီး မြင်ကြတာ များလာပါတယ်။ တစ်နေ့တာလုံး busy ဖြစ်နေမှ ကိုယ့်ကိုယ်ကို productive ဖြစ်တယ်လို့ ခံစားရတာ၊ နားနေမိရင် guilty ဖြစ်တာ၊ social media ပေါ်မှာ 5 a.m. routine တွေ၊ side hustle တွေ၊ nonstop working lifestyle တွေကို success image တစ်ခုလို မြင်လာတာတွေဟာ hustle culture ရဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် “busy” ဖြစ်နေတာက တကယ် productive ဖြစ်နေတာလား။ ဒါမှမဟုတ် ကိုယ့် worth ကို output နဲ့တိုင်းတာနေမိတာလား။ Burnout ဖြစ်လာတဲ့အခါ sleep ပိုယူရုံနဲ့ လုံလောက်ပါ့မလား။ Physical rest အပြင် mental, emotional, sensory, social, creative, spiritual rest တွေလည်း လိုအပ်နိုင်တယ်ဆိုတာကို ဒီအပတ်မှာ အင်္ဂလိပ်လို စိတ်ဝင်စားစရာ ဆွေးနွေးကြမှာပါ။

ဒီ discussion မှာ “busy equals important” ဆိုတဲ့ idea ကို ပြန်လည်မေးခွန်းထုတ်ကြမယ်၊ boundary problem, performance economy, non-productive joy, burnout, rest as a requirement စတဲ့ vocabulary နဲ့ ideas တွေကို လေ့လာကြမယ်၊ ကိုယ့် work-life balance နဲ့ personal experience တွေကို English လို structured speaking phrases တွေနဲ့ ပြောဆိုလေ့ကျင့်ကြမယ်။

🎧 Listening Week

ဒီအပတ်က Listening Week ဖြစ်တဲ့အတွက် Discussion မ join ခင် YouTube video လေးကို ကြိုတင်နားထောင်ထားရမှာ ဖြစ်ပါတယ်။

Video: “Give Me 30 Minutes and You Won’t Get Burnt Out Again”
👉 https://youtu.be/Hpjg3UCthSA?si=Fjcu7JNPPkHdZvtZ

Video ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး “rest” ဆိုတာ luxury မဟုတ်ဘဲ requirement တစ်ခုလား၊ “worth” ကို productivity နဲ့ မတိုင်းတာသင့်ဘူးဆိုတဲ့အမြင်ကို ဘယ်လိုနားလည်နိုင်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

✨ What’s in it for you?

• Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ Listening, vocabulary building, idea sharing, discussion, reflection, interaction စတဲ့ skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။

• Real-Life Discussion: Hustle culture, burnout, work-life balance, productivity guilt, boundaries, emotional rest စတဲ့ အခုခေတ်လူငယ်တွေနဲ့ adults တွေကြားမှာ တကယ်ကြုံတွေ့နေရတဲ့ topic တွေကို English လို ဆွေးနွေးနိုင်မှာပါ။

• Useful Vocabulary & Collocations: hustle culture, run oneself into the ground, boundary problem, performance economy, outrun feelings, non-productive joy စတဲ့ expression တွေကို context ထဲမှာ သုံးတတ်အောင် လေ့ကျင့်နိုင်မှာပါ။

• Mixed-Level Speaking Practice: Beginner, Intermediate, Advanced မတူညီတဲ့ level အလိုက် questions တွေရှိတဲ့အတွက် ကိုယ့် comfort level နဲ့ကိုက်တဲ့မေးခွန်းတွေကနေ စပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မှာပါ။

• Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ English speaking practice လုပ်နိုင်မယ့် supportive environment တစ်ခု ဖြစ်ပါတယ်။

• Thought-Provoking Topic: “ငါ့တန်ဖိုးက ငါလုပ်နိုင်သလောက်ပဲလား?” “Rest လုပ်တာက ပျင်းတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်တာလား?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘဝနဲ့ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။

• Networking: English စကားပြောလေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရပြီး ideas တွေ ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

📅 Schedule & Details
• Days: Every Saturday အပတ်စဉ် စနေနေ့တိုင်း
• Ti

7:30 PM to 9:00 PM
• Platform: Zoom Online
• Fees: 100% Free

🚀 How to Join?

ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ ကြိုတင်နားထောင်ရမယ့် Listening Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

👉 Join Telegram Group Here:
https://t.me/bright_hill_international

English speaking fluency တိုးတက်ချင်ရင် စာဖတ်ရုံ၊ video ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လို ပြောကြည့်တာ၊ တခြားသူတွေရဲ့ idea တွေကို နားထောင်တာ၊ vocabulary အသစ်တွေကို discussion ထဲမှာ လက်တွေ့သုံးကြည့်တာက အရေးကြီးပါတယ်။

မ join ခင် video ကို ကြိုတင်နားထောင်ထားပြီး discussion မှာ active ဖြစ်ဖြစ် ပါဝင်ပေးပါနော်။ ဒီအပတ်မှာတော့ hustle culture, burnout နဲ့ rest ရဲ့ တန်ဖိုးအကြောင်းကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨
:::

23/05/2026

“The Architects of Invisible Companions Imaginary Friends & Child Psychology” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ အပတ် Integrated Speaking Practice Session မှာ ပါဝင်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ 🧠✨

ဒီအပတ် session ကို ပိုပြီးအဓိပ္ပါယ်ရှိစေခဲ့တာကတော့ ပါဝင်သူတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ နားထောင်ပေးနိုင်မှု၊ တွေးခေါ်ဆွေးနွေးနိုင်မှု၊ မိမိအမြင်ကို English လို မကြောက်မရွံ့ ပြောကြားဖို့ ကြိုးစားမှုတွေပါပဲ။

ဒီ session မှာ ကျွန်တော်တို့ imaginary friends ဆိုတာကို child psychology အမြင်ကနေ စိတ်ဝင်စားစရာကောင်းအောင် ဆွေးနွေးခဲ့ကြပါတယ်။ ကလေးတွေမှာ “မမြင်ရတဲ့ သူငယ်ချင်း” ရှိတာဟာ အထီးကျန်လို့ပဲ ဖြစ်တာလား၊ ဒါမှမဟုတ် imagination, emotional development, creativity, language growth, storytelling skill နဲ့ social thinking တွေကို ပြသနိုင်တဲ့ natural developmental process တစ်ခုလားဆိုတာကို အတွေးအမြင်မျိုးစုံနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

Listening Week ဖြစ်တဲ့အတွက် ကြိုတင်နားထောင်ထားတဲ့ video ထဲက ideas တွေကို ကိုယ်ပိုင်အတွေ့အကြုံ၊ childhood memories, parenting perspectives, psychology concepts တွေနဲ့ ချိတ်ဆက်ပြီး ပြောဆိုနိုင်ခဲ့တာလည်း ဒီ session ရဲ့ အရေးကြီးတဲ့ learning point တစ်ခု ဖြစ်ပါတယ်။

Integrated Speaking Practice ဆိုတာ speaking တစ်ခုတည်းကို လေ့ကျင့်တာမဟုတ်ပါဘူး။ English လို စဉ်းစားခြင်း၊ နားထောင်ခြင်း၊ vocabulary အသုံးပြုခြင်း၊ မေးခွန်းမေးခြင်း၊ ကိုယ့်အမြင်ကို ရှင်းပြခြင်း၊ အခြားသူတွေရဲ့ အမြင်ကို လေးစားစွာ နားထောင်ခြင်းနဲ့ meaningful discussion ထဲမှာ ယုံကြည်မှုရှိရှိ ပါဝင်ခြင်းတို့ကို တစ်ပြိုင်နက် လေ့ကျင့်နိုင်တဲ့ learning space တစ်ခု ဖြစ်ပါတယ်။

အမှားလုပ်မိမှာ မကြောက်ဘဲ ပြောကြည့်ခဲ့ကြတဲ့အတွက်၊ မေးခွန်းတွေ မျှဝေပေးခဲ့ကြတဲ့အတွက်၊ ကိုယ့်အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအပတ်ဆွေးနွေးမှုက နွေးထွေးပြီး စိတ်ဝင်စားစရာကောင်းတဲ့ session တစ်ခု ဖြစ်ခဲ့ပါတယ်။

လာမယ့် free practice sessions တွေကို သိရှိနိုင်ဖို့ Telegram group ထဲ ဝင်ထားနိုင်ပါတယ်။
https://t.me/bright_hill_international

ဆက်လေ့လာကြရအောင်။
ဆက်တိုးတက်ကြရအောင်။
ယုံကြည်မှုရှိရှိ ဆက်ပြောကြရအောင်။

ပြီးတော့ human mind ထဲက စိတ်ဝင်စားစရာကမ္ဘာတွေကို ဆက်လေ့လာကြရအောင်။

Fluency Butterfly International × Bright Hill International 🦋⛰️

17/05/2026

Young Learners သင်မယ့် ဆရာ/ဆရာမတွေ တက်သင့်တဲ့ professional development courses နဲ့ ဖတ်သင့်တဲ့ books/resources တွေကို Fluency Butterfly International ကနေ sharing လုပ်ပေးလိုက်ပါတယ်။ 📚✨

1. ပထမဆုံးတက်သင့်တာ — Cambridge TKT: Young Learners

Young Learners သင်မယ့် teacher တစ်ယောက်အတွက် foundation အကောင်းဆုံး course/exam က Cambridge TKT: Young Learners ပါ။ TKT က Cambridge English ရဲ့ teaching knowledge qualification ဖြစ်ပြီး Foundation to Developing stages အတွက် design လုပ်ထားပါတယ်။ Young Learners module က child learning, lesson planning, teaching techniques, assessment စတဲ့ knowledge တွေကို စနစ်တကျစစ်ပါတယ်။

ဒါကို ဘာကြောင့် အရင်တက်သင့်လဲဆိုရင် Young Learners ကို သင်တာက ကလေးတွေရဲ့ attention span, motivation, learning through movement, visuals, routine, songs, stories, games, phonics, classroom language, praise system, assessment style တွေကို နားလည်ရပါတယ်။

Best for: Young Learner teaching ကို systematic foundation နဲ့ စချင်တဲ့ ဆရာ/ဆရာမများ
Focus: young learner learning, classroom activities, planning, assessment
Priority: မဖြစ်မနေ recommend ✅

2. British Council TeachingEnglish Courses / CPD

Young Learner teacher တစ်ယောက်က continuous professional development လုပ်ချင်ရင် British Council TeachingEnglish ကို follow လုပ်သင့်ပါတယ်။ British Council ရဲ့ TeachingEnglish platform မှာ English teachers and teacher educators အတွက် lesson plans, professional development events, learning resources, online courses တွေရှိပြီး teacher career growth အတွက် support ပေးထားပါတယ်။

ဒီမှာ pronunciation teaching, classroom management, inclusive teaching, lesson planning, digital teaching, speaking/listening activities, grammar teaching, assessment စတဲ့ area တွေကို ဆက်လေ့လာလို့ရပါတယ်။

Best for: လစဉ် teacher development လုပ်ချင်သူများ
Focus: practical classroom resources + professional development
Priority: high ✅

3. British Council Primary Essentials

Young Learners အထူးသဖြင့် primary-age children ကို သင်မယ်ဆိုရင် Primary Essentials ကို တက်သင့်ပါတယ်။ British Council က ဒီ course ကို young learners aged 7–11 ကို English သင်မယ့် ဆရာ/ဆရာမတွေအတွက် primary teacher development course အဖြစ်ဖော်ပြထားပါတယ်။

ဒီ course က primary English teaching principles, lesson planning, curriculum-linked teaching, classroom practice စတာတွေကို foundation ပေးနိုင်ပါတယ်။ Young Learner class အသစ်စမယ့် institute တွေအတွက် teacher training package ထဲမှာ ထည့်သင့်တဲ့ course ပါ။

Best for: 7–11 years old children ကို English သင်မယ့် teachers
Focus: primary English teaching methodology
Priority: high ✅

4. Trinity TYLEC — Teaching Young Learners Extension Certificate

Teacher က already qualified ဖြစ်ပြီး Young Learner specialist qualification တစ်ခုကို serious သွားချင်ရင် Trinity College London TYLEC က top-tier option ပါ။ Trinity က TYLEC ကို qualified English language teachers တွေ young learners aged 3–16 ကို သင်နိုင်ဖို့ expertise တိုးတက်စေတဲ့ specialist qualification လို့ဖော်ပြထားပါတယ်။ အရေးကြီးတာက TYLEC ကို British Council ကလည်း specialist young learner teaching qualification အဖြစ် လက်ခံထားတယ်လို့ Trinity official page မှာ ဖော်ပြထားပါတယ်။

ဒါက beginner absolute-new teacher အတွက်ထက် teaching experience ရှိပြီးသား teacher တွေအတွက် ပိုသင့်တော်ပါတယ်။ Trinity entry requirements မှာ initial teacher education qualification, ဥပမာ Trinity CertTESOL သို့ local state sector qualification, ideally 6 months teaching experience ပါဝင်သင့်တယ်လို့ ဖော်ပြထားပါတယ်။

Best for: serious Young Learner specialist ဖြစ်ချင်တဲ့ experienced teachers
Focus: resources, classroom management, lesson planning, teaching practice, young learner context
Priority: advanced/high ✅

5. International House CYLT — Certificate in Teaching Young Learners and Teenagers

International House Certificate in Teaching Young Learners and Teenagers ကလည်း reputable option ပါ။ International House World Organisation official page အရ ဒီ course ရဲ့ main aim က teachers တွေကို Young Learners နဲ့ အလုပ်လုပ်နိုင်အောင် prepare လုပ်ပေးဖို့ ဖြစ်ပါတယ်။

IH Milano page မှာတော့ input sessions တွေထဲမှာ child development, classroom management, planning for young learners, materials, mixed abilities, error correction, listening/speaking, reading/writing, testing and assessment, games, classroom instructions and classroom language စတာတွေပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Best for: practical training + young learner/teen classroom confidence တိုးချင်သူများ
Focus: classroom management, child development, skills teaching, games, assessment
Priority: high ✅

6. Cambridge English Teaching Framework

Course မဟုတ်ပေမယ့် teacher development roadmap အဖြစ် Cambridge English Teaching Framework ကို သုံးသင့်ပါတယ်။ ဒီ framework က teacher တစ်ယောက်ရဲ့ teaching knowledge and skills ကို stage-by-stage စစ်နိုင်အောင် ကူညီပေးပါတယ်။

Teacher training center တစ်ခုအနေနဲ့ staff development plan ဆွဲမယ်ဆိုရင် ဒီ framework ကို rubric အဖြစ်သုံးနိုင်ပါတယ်။ ဥပမာ teacher တစ်ယောက်ကို classroom language, lesson planning, classroom management, assessment, reflection, professional development အလိုက် evaluate လုပ်နိုင်ပါတယ်။

Best for: teacher development plan, observation checklist, teacher portfolio
Focus: staged professional growth
Priority: မဖြစ်မနေသုံးသင့် ✅

ဖတ်သင့်တဲ့ Books / Official Resources

1. Teaching Languages to Young Learners — Lynne Cameron

Young Learners သင်မယ့် teacher တိုင်းဖတ်သင့်တဲ့ methodology book ပါ။ Cambridge University Press က ထုတ်ထားပြီး children being taught a foreign language classroom ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို teacher/trainer တွေနားလည်စေဖို့ coherent theoretical framework ပေးထားပါတယ်။

ဒီစာအုပ်က activity idea book မဟုတ်ပါဘူး။ Teacher တစ်ယောက်ရဲ့ thinking ကိုပြောင်းပေးတဲ့ book ပါ။ Children learn language differently ဆိုတာ၊ task design, classroom activity, teacher decision, spoken language, literacy, vocabulary, grammar, assessment တွေကို deep framework နဲ့ စဉ်းစားစေပါတယ်။

Read this for: theory foundation + professional thinking
Priority: No.1 methodology book ✅

2. Teaching Young Language Learners — Annamaria Pinter, Oxford University Press

Oxford Handbooks for Language Teachers series ထဲက authoritative book ပါ။ Oxford University Press description အရ ဒီ second edition မှာ CLIL, online learning, assessment, 21st century skills, children’s agency စတဲ့ current trends တွေပါဝင်ပါတယ်။

Lynne Cameron book က theory-heavy ဖြစ်ရင် Pinter book က modern young learner pedagogy ကို practical-professional angle နဲ့မြင်စေပါတယ်။

Read this for: modern YL pedagogy, assessment, CLIL, learner agency
Priority: very high ✅

3. The TKT Course: Young Learners Module — Cambridge University Press

Cambridge TKT: Young Learners ဖြေမယ့်သူတွေအတွက် direct preparation resource အနေနဲ့ သုံးသင့်ပါတယ်။ TKT YL ကို serious ပြင်မယ်ဆိုရင် syllabus နဲ့ကိုက်တဲ့ preparation book လိုပါတယ်။ Cambridge University Press resource က TKT Young Learners preparation အတွက် introduction materials ပေးထားပါတယ်။

Read this for: TKT Young Learners exam preparation
Priority: TKT ဖြေမယ့်သူအတွက် မဖြစ်မနေ ✅

4. Five-Minute Activities for Young Learners — Penny McKay & Jenni Guse

Cambridge University Press ရဲ့ practical activity book ပါ။ Cambridge description အရ novice နဲ့ experienced teachers နှစ်မျိုးလုံးအတွက် young learner classroom မှာ enjoyable and motivating activities သုံးနိုင်အောင် resource အဖြစ်ရေးထားပါတယ်။

Young Learner class မှာ teacher က “activity bank” မရှိရင် class က flat ဖြစ်သွားတတ်ပါတယ်။ ဒီစာအုပ်က warm-up, review, vocabulary recycling, transition activity, fast finisher activity, low-prep activity တွေအတွက် အသုံးဝင်ပါတယ်။

Read this for: practical classroom activities
Priority: high ✅

5. Teaching Young Learners to Think — Herbert Puchta & Marion Williams

English သင်ရင်း thinking skills ပါ တည်ဆောက်ချင်တဲ့ teacher တွေအတွက် recommend လုပ်ပါတယ်။ Official description အရ ဒီစာအုပ်မှာ photocopiable worksheets နဲ့ teacher notes ပါတဲ့ activities 80 ပါဝင်ပြီး children’s foreign language competence နဲ့ basic thinking skills ကို တပြိုင်နက် develop လုပ်ဖို့ design လုပ်ထားပါတယ်။

ဒီ book က ordinary ESL class ကို ပို high-quality ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ Vocabulary သင်ရုံမဟုတ်ဘဲ classify, compare, predict, sequence, justify, notice, remember, imagine စတဲ့ thinking operations တွေနဲ့ချိတ်ပေးနိုင်ပါတယ်။

Read this for: English + thinking skills + deeper classroom tasks
Priority: high ✅

6. Cambridge Pre A1 Starters / A1 Movers / A2 Flyers Teacher Handbooks

Young Learner certificate class သင်မယ်ဆိုရင် official handbook မဖတ်ဘဲ သင်တာ မလုပ်သင့်ပါဘူး။ Cambridge official preparation page မှာ Pre A1 Starters, A1 Movers, A2 Flyers Handbook for teachers, teacher essentials, wordlists, practical lesson ideas စတာတွေကိုပေးထားပါတယ်။

Teacher က test paper ဖြေခိုင်းရုံနဲ့ exam preparation မဟုတ်ပါဘူး။ Wordlist, task type, speaking format, listening demands, reading/writing expectations, child-friendly assessment style တွေကို သိထားရပါမယ်။

Read this for: Cambridge YLE exam preparation
Priority: certificate class သင်မယ်ဆို မဖြစ်မနေ ✅

7. NAEYC Developmentally Appropriate Practice

Young Learners ကို သင်တဲ့ teacher တစ်ယောက်က language teaching တင်မဟုတ်ဘဲ child development ကိုပါ သိရပါမယ်။ NAEYC ရဲ့ Developmentally Appropriate Practice position statement က early childhood education professional practice အတွက် principles and guidelines တွေကို ဖော်ပြထားပါတယ်။

ဒီ resource ကို English teacher တွေအတွက် direct ELT book လို့မယူသင့်ပါဘူး။ ဒါပေမယ့် အသက်ငယ်တဲ့ကလေးတွေကို သင်မယ့် teacher အတွက် developmentally appropriate learning, emotional safety, play-based learning, individual differences, family/context awareness တွေကို နားလည်စေတဲ့ foundational source ပါ။

Read this for: child development + age-appropriate teaching
Priority: very important ✅

8. Education Endowment Foundation — Phonics

Young Learners English မှာ phonics သင်မယ်ဆိုရင် evidence-based approach လိုပါတယ်။ Education Endowment Foundation ရဲ့ Teaching and Learning Toolkit မှာ phonics approaches တွေက early reading အတွက် effective ဖြစ်ပြီး evidence security ကို high လို့ဖော်ပြထားပါတယ်။

Teacher တွေက phonics ကို Letter-sound correspondence, blending, segmenting, decoding, phonological awareness, CVC words, sight words, early reading fluency တွေကို systematic ဖြစ်အောင်သင်ရပါမယ်။

Read this for: evidence-based phonics teaching
Priority: phonics teacher အတွက် မဖြစ်မနေ ✅

အကောင်းဆုံး Learning Order

Young Learners သင်မယ့် teacher တစ်ယောက်ကို အစကနေ professional level အထိ တည်ဆောက်မယ်ဆိုရင် ဒီ order နဲ့သွားပါ။

Stage 1 — Child Development Foundation
NAEYC Developmentally Appropriate Practice ကိုဖတ်ပါ။ ကလေးတွေကို mini-adults လိုမသင်ရဘူးဆိုတာကို အရင်နားလည်ပါ။

Stage 2 — ELT Young Learner Methodology
Lynne Cameron ရဲ့ Teaching Languages to Young Learners နဲ့ Annamaria Pinter ရဲ့ Teaching Young Language Learners ကိုဖတ်ပါ။

Stage 3 — Classroom Techniques
Five-Minute Activities for Young Learners + Teaching Young Learners to Think ကိုသုံးပြီး songs, games, stories, movement, thinking tasks, vocabulary recycling activities တွေတည်ဆောက်ပါ။

Stage 4 — Phonics and Early Literacy
EEF Phonics guidance ကိုဖတ်ပြီး phonics ကို systematic approach နဲ့သင်ပါ။

Stage 5 — Cambridge Young Learners Pathway
Pre A1 Starters, A1 Movers, A2 Flyers official handbooks, wordlists, sample papers, speaking format တွေကိုလေ့လာပါ။

Stage 6 — Formal Teacher Qualification
Cambridge TKT: Young Learners ကို စပါ။ Experience ရလာရင် Trinity TYLEC သို့ International House CYLT ကိုဆက်သွားပါ။

Stage 7 — Continuous Professional Development
British Council TeachingEnglish courses/events/resources နဲ့ Cambridge English Teaching Framework ကိုသုံးပြီး monthly development plan လုပ်ပါ။

စာသားများကို ကူးယူခွင့်မပြုပါ။ Post ကို လွတ်လပ်စွာမျှဝေနိုင်ပါတယ်။
လိုအပ်ချက်များရှိနိုင်တာမို့ အနည်းဆုံး ဘယ်ကစရမလဲ ဆိုတာကိုတော့ ဒီ post ကနေ အနည်းငယ်သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ✨🎉

16/05/2026

ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့
“The Architects of Invisible Companions — Imaginary Friends & Child Psychology” ပဲ ဖြစ်ပါတယ်။ 🧠✨

ကလေးဘဝမှာ “မမြင်ရတဲ့ သူငယ်ချင်း” တစ်ယောက်နဲ့ စကားပြောတာ၊ ကစားတာ၊ အတူတူနေသလို စိတ်ကူးယဉ်တာတွေ ကြုံဖူးကြလား။ တချို့မိဘတွေက ဒီလို imaginary friends တွေရှိတာကို စိုးရိမ်တတ်ကြပေမယ့် child psychology အမြင်အရတော့ ဒါဟာ ကလေးရဲ့ imagination, emotional development, social thinking နဲ့ creativity တွေကို ပြသနိုင်တဲ့ စိတ်ဝင်စားစရာ phenomenon တစ်ခု ဖြစ်ပါတယ်။

Imaginary friends ဆိုတာ ကလေးတွေ “အထီးကျန်လို့” သို့မဟုတ် “ပြဿနာရှိလို့” ဖြစ်လာတာပဲလား။ ဒါမှမဟုတ် သူတို့ရဲ့ brain က social world ကို လေ့လာနေတဲ့ natural developmental process တစ်ခုလား။ ကလေးတွေဟာ မမြင်ရတဲ့ character တွေကို ဖန်တီးပြီး feelings တွေကို process လုပ်တာ၊ conflict တွေကို role-play လုပ်တာ၊ language နဲ့ storytelling skill တွေကို တိုးတက်အောင် လေ့ကျင့်တာမျိုး ဖြစ်နိုင်မလားဆိုတာကို ဒီအပတ်မှာ အင်္ဂလိပ်လို စိတ်ဝင်စားစရာ ဆွေးနွေးကြမှာပါ။

🎧 Listening Week

ဒီအပတ်က Listening Week ဖြစ်တဲ့အတွက် Topic နဲ့ ပတ်သက်တဲ့ YouTube video လေးတစ်ခုကို ကြိုတင်နားထောင်ထားရမှာ ဖြစ်ပါတယ်။ Video link ကို Telegram group ထဲမှာ ကြိုတင်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

✨ What’s in it for you?

• Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ Listening, vocabulary building, idea sharing, discussion, interaction စတဲ့ skill တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။

• Psychology-Based Discussion: Child psychology, imagination, emotional intelligence, creativity, parenting perspectives စတဲ့ topic တွေကို English လို critical thinking နဲ့ ဆွေးနွေးနိုင်မှာပါ။

• Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မယ့် ပတ်ဝန်းကျင်။

• Interesting & Thought-Provoking Topic: Imaginary friends ဆိုတဲ့ ရိုးရှင်းသလိုထင်ရတဲ့အရာက ကလေးတွေရဲ့ mind, emotions, creativity နဲ့ social development ကို ဘယ်လိုဖော်ပြနေသလဲဆိုတာကို ကိုယ့်အမြင်နဲ့ချိတ်ပြီး ဆွေးနွေးလို့ အရမ်းကောင်းပါတယ်။

• Networking: အင်္ဂလိပ်စာ လေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရမယ့် အခွင့်အရေး။

📅 Schedule & Details
• Days: Every Saturday အပတ်စဉ် စနေနေ့တိုင်း
• Time: 7:30 PM to 9:00 PM
• Platform: Zoom Online
• Fees: 100% Free

🚀 How to Join?

ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ ကြိုတင်နားထောင်ရမယ့် Listening Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

👉 Join Telegram Group Here:
https://t.me/bright_hill_international

English စကားပြောဆိုရာမှာ Fluency တိုးတက်ဖို့ဆိုတာ လက်တွေ့ Practice လုပ်တာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူး။ အခုပဲ Group ထဲဝင်ထားပြီး စနေနေ့တိုင်းမှာ ဆုံကြရအောင်! 🦋⛰️

မ join ခင် video ကို ကြိုတင်နားထောင်ထားပြီး discussion မှာ active ဖြစ်ဖြစ် ပါဝင်ပေးပါနော် ✨

Photos from Fluency Butterfly International's post 15/05/2026

A big thank you to everyone who joined our Integrated Speaking Practice Session on “What Is Prompt Engineering and Why Does It Matter?” 💛

Your presence, curiosity, thoughtful ideas, and active participation made the session truly meaningful and inspiring.

In this session, we explored how to communicate with AI more effectively, why clear instructions matter, and how a weak prompt can be improved into a stronger and more specific prompt. More importantly, this was not only about learning Prompt Engineering. It was also about using English to think, discuss, question, explain, and share real-life ideas with confidence.

This session was part of our Integrated Speaking Practice, where learners improve English through reading, vocabulary building, listening, speaking, critical thinking, discussion, and interaction. Through the topic of Prompt Engineering, participants had the chance to practice English while also learning a practical AI communication skill that is becoming increasingly important in today’s world.

Every session gives learners a safe and supportive space to practice, make mistakes, learn from one another, and speak more naturally. Thank you for bringing your energy, opinions, and willingness to learn together.

Join our Telegram group for upcoming free practice sessions:
https://t.me/bright_hill_international

Keep learning. Keep growing. Keep speaking with confidence.
And keep asking better questions, to people and to AI.

Fluency Butterfly International × Bright Hill International 🦋⛰️

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Sukhumvit 64
Bangkok
10260