25/04/2025
Hello teachers…… Please check it out for this great opportunity
အပြောင်းအလဲမြန်ဆန်သော ပညာရေးစနစ်အတွက် "Mastering E-Learning Design for Modern Educators" ဆိုတဲ့ အခမဲ့ သင်တန်းကောင်းတစ်ခုကို E-Learning Lab က ယူဆောင်ပေးလာပြီ ဖြစ်ပါတယ်🙌
ဘာကြောင့် ဖွင့်လှစ်ရတာလဲ? ✍️
✅ E-Learning ၏ အခြေခံနိယာမများကို နားလည်ပြီး လက်တွေ့အသုံးချနိုင်ရန်
✅ သင်ယူမှုပုံစံများ (ဥပမာ - ကိုယ်တိုင်သင်ယူခြင်း၊ အုပ်စုလိုက်သင်ယူခြင်း) ကို စနစ်တကျဒီဇိုင်းဆွဲနိုင်ရန်
✅ သင်ခန်းစာများအား ရည်မှန်းချက်နှင့်အညီ ချိတ်ဆက်တည်ဆောက်နိုင်ရန်
✅ AI၊ Storyboard များ၊ အသံနှင့် Animations များကို အသုံးပြု၍ စိတ်ဝင်စားဖွယ်သင်ခန်းစာများ ဖန်တီးနိုင်ရန် ဖြစ်ပါတယ်။
ဘယ်လို လေ့လာသင်ယူရမလဲ? ✌️
E-Learning Lab ဟာCSO Academy ရဲ့ သင်တန်းကျောင်းတစ်ခုအနေနဲ့ ရှိတာဖြစ်တဲ့အတွက် CSO Academy Learning Platform မှာ သင်ယူရမှာ ဖြစ်ပါတယ်။ ပိုမိုထိရောက်စေဖို့ Cohort တွေ ခွဲပြီး ဖွင့်လှစ်ပေးမှာပါ။ ဒါ့အပြင် Communication Channel အနေနဲ့ Telegram Group ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Telegram Group ကို အသုံးပြုမှာ ဖြစ်လို့ မေးချင်ဆွေးချင်တာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ဆွေးနွေးနိုင်ပါတယ်။ နောက်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Network ရရှိစေဖို့ CSO Academy ရဲ့ Community of Best Practices ကို Join လို့ရမယ့် အခွင့်အရေးရမှာ ဖြစ်ပါတယ်။
Self-Paced အနေနဲ့ May 5 - 18 အထိ လေ့လာသင်ယူရမှာ ဖြစ်ပြီး Live Session အနေနဲ့ကတော့ နှစ်ချိန်ရှိပါတယ်။ Onboarding အတွက် ပထမ Live Session ကို Zoom နဲ့ May 2 မှာ ပြုလုပ်သွားမှာပါ။ ဒုတိယ Live Session ကတော့ May 19 မှာ လုပ်သွားမှာ ဖြစ်ပြီး Course ကို အဆုံးထိတက်ပေးတဲ့သူတွေအတွက် Graduation Session လို့လည်း ပြောလို့ ရပါတယ်။
ဘာတွေ လေ့လာသင်ယူရမလဲ? 🤝
✅ E-Learning ၏ အခြေခံများ (E-Learning မိတ်ဆက်၊ အရေးပါပုံ၊ အသုံးပြုပုံများ၊ သင်ယူမှုပုံစံအမျိုးမျိုးနှင့် ကိုယ်တိုင်သင်ယူခြင်း)
✅ သင်ကြားရေးဒီဇိုင်းမော်ဒယ်များနှင့် သင်ယူမှုနည်းလမ်းများ (Bite-sized၊ ဂိမ်းအခြေပြု Game-based၊ ပညာရေးဆိုင်ရာ Academic စသည့် သင်ကြားရေးဒီဇိုင်းမော်ဒယ်အမျိုးမျိုးနှင့် Scenario-Based နှင့် Personalized သင်ယူမှုနည်းပညာများ)
✅ သင်ယူမှုရည်မှန်းချက်များနှင့် ပန်းတိုင်ညှိယူခြင်း (သင်တန်းအဆင့်နှင့် အကြောင်းအရာအဆင့်၊ သင်ယူမှုရည်မှန်းချက်များကို သတ်မှတ်ခြင်း၊ SMART ရည်မှန်းချက်များကို ရေးသားခြင်း)
✅ သင်တန်းဖွံ့ဖြိုးရေးအခြေခံများ (Storyboard ဖန်တီးခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနှင့် Scripts၊ Audio-Visuals နှင့် Animation များကဲ့သို့သော သင်ယူမှုပစ္စည်းများ ထုတ်လုပ်ခြင်း)
✅ E-Learning တွင် အကဲဖြတ်ခြင်းနှင့် စစ်ဆေးခြင်း (အကဲဖြတ်ခြင်း၏ အခြေခံမူများ၊ Formative Assessment နှင့် Summative Assessment အကြား ကွာခြားချက်၊ Kirkpatrick Model ကို အသုံးချခြင်း၊ နှင့် ထိရောက်သော Assessment Model များ ဖန်တီးခြင်း)
✅ Production (E-Learning သင်တန်းတစ်ခုကို ဒီဇိုင်းဆွဲခြင်းမှ စတင်၍ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်ယူမှုပစ္စည်းအမျိုးမျိုး ဖန်တီးခြင်းနှင့် အကဲဖြတ်ခြင်းများအထိ လုပ်ငန်းစဉ်တစ်ခုလုံး)
✅ ကိရိယာများနှင့် အရင်းအမြစ်များ (E-Learning ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော Tool များ နှင့် Resource များကို မိတ်ဆက်ပေးမည်ဖြစ်ပြီး၊ AI မှထုတ်လုပ်သော ဓာတ်ပုံများနှင့် အသံများ၊ Screencast ကိရိယာများ၊ ဗီဒီယိုတည်းဖြတ်ကိရိယာများ၊ ဆူညံသံဖယ်ရှားကိရိယာများ၊ Animations ကိရိယာများများ) စတာတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေ လေ့လာသင်ယူသင့်သလဲ? 👋
✅ တက္ကသိုလ်ဆရာများ
✅ အသက်မွေးဝမ်းကြောင်း သင်တန်းဆရာများ
✅ မြို့ပြနဲ့ ကျေးလက်ရှိ ဆရာများ
✅ NGO ၊ CSO မှ ဝန်ထမ်းများ
✅ Corporate လေ့ကျင့်ရေးဆရာများ
✅ E-Learning ကိုစိတ်ဝင်စားတဲ့သူများ
✅ E-Learning နယ်ပယ်ကို စတင်ဝင်ရောက်ချင်တဲ့ ဆရာ၊ ဆရာမများအနေနဲ့ လေ့လာသင်ယူသင့်ကြောင်း ပြောကြားလိုပါတယ်။
လေ့လာသင်ယူပြီးရင်ရော ဘာတွေရရှိသွားမလဲ? 🫰
✅ အွန်လိုင်းသင်ကြားရေးအတွက် စနစ်တကျဒီဇိုင်းဆွဲနိုင်မယ်
✅ သင်ယူသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေ ဖန်တီးနိုင်မယ်
✅ နည်းပညာကို အသုံးချပြီး စိတ်ဝင်စားဖွယ်သင်ယူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီသင်တန်းလေးကို Cohort တွေ ခွဲပြီး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Cohort 1 ကိုတော့ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင်တော့ အောက်က Registration Form လေးမှာ ဖြည့်ပေးလို့ ရပါတယ်။ Deadline ကတော့ မြန်မာအချိန် April 30 ရက်နေ့၊ ည 11 နာရီ 59 နာရီ ဖြစ်ပါတယ်။
တက်ရောက်ခွင့်ရသူတွေကို May 1 ရက်နေ့မှာ Email ကနေ ဆက်သွယ်ပေးသွားမှာပါ။
Link: https://forms.gle/aLhpxt3KnLSvLfgG7
11/02/2025
Grab your chance
🌟ကမ္ဘာ့အဆင့်မီ ပညာရေး အခွင့်အလမ်းတွေကို အမြဲတမ်းရှာဖွေနေတဲ့ လူငယ်တွေအတွက်သာ
သင်က ဩစတြေးလျရဲ့ ကမ္ဘာထိပ်တန်း တက္ကသိုလ်တွေမှာ ပညာသင်ဖို့ အိပ်မက်မက်နေသူတစ်ယောက်လား?
အဲ့ဒီအိပ်မက်ကို လက်တွေ့ အဖြစ်ပြောင်းလဲရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ အတွက် ကျွန်တော်တို့ Poe Sone Kyuu - Learning Studio ကနေ Webinar လေးတစ်ခု ယူဆောင်လာပါပြီ။
သင်ရဲ့ ပညာရေးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ Australia Awards Scholarship ဟာ အကောင်းဆုံးအခွင့်အလမ်းတစ်ခုပါ။ အကောင်းဆုံးပညာသင်ဆုတွေထဲက တစ်ခုလို့ပြောလို့ရပြီး နှစ်စဉ် Postgraduate, Master, Doctoral program တွေအတွက် Australia ရဲ့ ကမ္ဘာအဆင့်မီ ထိပ်တန်းတက္ကသိုလ်တွေမှာ Full Scholarship နဲ့ တက်ရောက်ခွင့် ပေးအပ်နေတဲ့ ပညာသင်ဆု တစ်ခုဖြစ်ပါတယ်။ မြန်မာကျောင်းသားတွေအနေနဲ့ကတော့ Master တန်းအတွက်သာ လျှောက်ထားနိုင်ပါတယ်။
ဒီပညာသင်ဆုနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေ၊ လျှောက်ထားနည်းတွေ၊ Scholarship Winner ဖြစ်ဖို့ လိုအပ်တဲ့ Tips တွေကို ကျွန်တော်တို့ရဲ့ Webinar လေးကနေတစ်ဆင့် မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
ဘာတွေ အဓိက မျှဝေသွားမှာလဲ?
👉Eligibility Criteria and Selection Process
👉How to write a strong application (Personal Statement, Development Impact Plan)
👉Life in Australia
ဦးဆောင်ဆွေးနွေးမယ့်သူတွေက?
Australia Awards Scholarship winner တွေ ဖြစ်တဲ့ မအေးစန္ဒာချစ် နှင့် မလေးသဉ္ဇာနွယ် တို့ကနေ စကော်လားရှစ်နဲ့ပတ်သတ်တဲ့ သတင်းအချက်တွေ အပြင် အကြံပြုချက်တွေကို မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။
Ma Aye Sandar Chit’s Bio
Aye Sandar Chit is an Australia Awards scholar who earned her Master’s in Education from the University of Adelaide in 2020. With over two decades of experience in education, she currently works in higher education as an instructor and teacher trainer while also serving as a freelance education expert, contributing to diverse educational initiatives. Passionate about supporting others, she also volunteers as a mentor, guiding individuals through scholarship applications and academic pathways.
Ma Lay Thinzar Nwe’s Bio
Lay Thinzar Nwe is an Australia Awards Alumna and got her Master’s in International Development Practice from Monash University, Australia in 2019. She has experience in project management and stakeholder coordination, particularly in conflict-affected areas. Following her graduate studies, she has been actively engaged in initiatives aimed at enhancing digital civic engagement, fostering inclusive participation, and improving access to information. Her work focuses on leveraging technology-driven solutions to support civil society organizations and advance digital transformation in complex and challenging environments.
Webinar Info:
🗓️Date: 16 February, 2025
⏱️Time : 3:00 to 4:30 PM
📍Virtual Platform: Zoom
Registration Info:
Webinar တက်ရောက်လိုသူတွေအနေနဲ့ အောက်မှာပေးထားတဲ့ Google Form လေးကို ဖြည့်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ လျှောက်ထားသူများကို February 15 ရက်နေ့မှာ Email ကနေတစ်ဆင့် Webinar zoom link ပေးပို့သွားမှာ ဖြစ်ပါတယ်။
Registration Form :
https://docs.google.com/forms/d/e/1FAIpQLSfAgIEO2BSuf4c49VkSCUl1uJ2RnLvp0TWskW6ns1Aw5gHX4A/viewform?usp=sharing
Light your future with us!!!
06/02/2025
မြန်မာနိုင်ငံမှာ Menstruation နဲ့ပတ်သက်ရင် ပြောရမှာ ရှက်ကြတယ်ဟုတ်? Taboo တစ်ခုလိုဖြစ်နေတော့ အမျိုးသမီးများ အနေနဲ့ ဒီအကြောင်းကို သိချင်ရင်တောင် ပွင့်ပွင့်လင်းလင်း မဆွေးနွေးနိုင်ကြပါဘူး။
ဒါတင်သာမက အသက်ကြီးပိုင်း အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာဗဟုသုတအပိုင်း အားနည်းနေပါသေးတယ်။
လူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီအရာတွေနဲ့ ပတ်သက်ပြီး knowledge sharing ပြန်လုပ်ချင်တယ် voice ကို မြှင့်တင်ချင်တယ်ဆိုရင် 💚Healthy Her Journey: A Webinar About Menstrual Knowledge 🩸and Old Women’s Health👵 ဆိုတဲ့ Webinar လေးကို မိတ်ဆက်ပေးချင်ပါတယ်။
💚Healthy Her Journey: A Webinar About Menstrual Knowledge 🩸and Old Women’s Health👵 ဆိုတဲ့ Webinar ဟာ WHI Myanmar နဲ့ MELISSA တို့ပူးပေါင်းပြုလုပ်ပြီး မြန်မာနိုင်ငံမှာ awareness လိုအပ်ပြီး ကျန်းမာရေးအသိအားနည်းနေတဲ့ area တွေဖြစ်တဲ့ အမျိုးသမီး ဓမ္မတာလာခြင်း🩸၊ အမျိုးသမီးကျန်းမာရေး🙆♀️နဲ့ ဆက်စပ်ပြီး လူငယ်အမျိုးသမီးတွေအတွက် သိသင့်သိထိုက်စရာများကို 👩⚕️Guest speaker နှစ်ဦးဖြစ်တဲ့ Dr. Yadanar နဲ့ ဆရာမ Sandar Hlaing တို့မှ ဆွေးနွေးဝေမျှပေးသွားမယ့် Webinar ဖြစ်ပါတယ်။
Healthy Her Journey Webinar Schedule ကတော့ 🗓️
🗓️Date: 8th February 2025 & 9th February 2025
⏰Duration: 07:00-08:30 PM (MMT) | 1 hours & 30 minutes
ဒီ Webinar မှာဆိုရင် “LANN” ကလည်း media partner အနေနဲ့ ပါ၀င်ထားပါတယ်။ Webinar လေးကို စိတ်၀င်စားတဲ့ လူငယ်တွေအနေနဲ့ registration form လေးကို ဖြည့်လို့ရပါတယ်။
https://forms.gle/6tGQf3P9Wc6y6syM8
Webinar အကြောင်း အသေးစိတ်သိရှိလိုပါက WHI Myanmar နဲ့ MELISSA တို့ရဲ့ page မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။
WHI Myanmar
https://www.facebook.com/share/p/1LoPZtvmBH/
MELISSA
https://www.facebook.com/share/p/1MyD7MkUXZ/
06/12/2024
📣 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 💢
Hello Hello ✨
〽️ ခုလာမဲ့ ဒီဇင်ဘာလ 7 ရက်နဲ့ 8 ရက်နေ့တွေမှာ 𝗠𝗘𝗟𝗜𝗦𝗦𝗔, Conversa Community, HEAA Foundation , တို့ပူးပေါင်းပြီးတော့ ❝ Together for A Change ❞ ဆိုတဲ့ Virtual Workshop Program လေးတစ်ခု ပြုလုပ်သွားမယ်ဆိုတာ သိပြီးပြီဟုတ် ❓
⭕ Technology Facilitated Violence တွေ၊ Psychological and Emotional Abuse တွေ အကြောင်းအပါအဝင် နောက်ဆက်တွဲမှာ ဘယ်လိုမျိုး Resilience ကို တည်ဆောက်သွားသင့်သလဲဆိုတဲ့ အကြောင်းအရာတွေကို အကြောင်းအရာတွေကို မတူညီတဲ့ Session တွေနဲ့ ဆွေးနွေးသွားကြမဲ့ ဒီပွဲလေးကိုတော့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ ဓမ္မတာလာခြင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ကျားမရေးရာလေ့လာမှု အကြောင်းအရာတွေကို လူထုဆီ မျှဝေပေးနေတဲ့ 𝗠𝗘𝗟𝗜𝗦𝗦𝗔, Scholarship Programs တွေအကြောင်း၊ Scholarship ရဖို့ အထောက်အကူဖြစ်စေမဲ့ အချက်တွေအပြင် အခြား ဗဟုသုတတွေကိုပါ မျှဝေပေးလျက်ရှိတဲ့ Conversa Community တို့အပါအဝင်လူမှုအသိုင်းအဝိုင်းရဲ့ အလုံးစုံသော Well-Being ကို ရှေးရှူပြီးတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးအကြောင်းအရာတွေကို မျှဝေပေးနေတဲ့ HEAA Foundation တို့အတူ ပူးပေါင်းပြီး ပြုလုပ်တဲ့ Online Program လေးမှာဆိုရင် လူငယ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအရ အရပါ ကျန်းမာလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကို ကူညီတည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ Organization အပါအဝင် မတူညီတဲ့ နယ်ပယ်မျိုးစုံက Organization တွေဖြစ်တဲ့
◽Mental Heal
◽The Convo
◽Better Tomorrow
◽For the Future Myanmar
◽LANN
◽Talk with me
◽Youth Know-versity
◽𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗶
◽Transform With Me
◽ The Bridge
စတဲ့ နယ်ပယ်အသီးသီးက Organization 10 ခုကနေ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 အနေနဲ့ ပါဝင် အားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ 💯
💢 အခုလို နှစ်ရက်တာ ကျင်းပသွားမဲ့ Event မှာဆိုရင် လူငယ်တွေအများစု ကြုံတွေ့နေရတဲ့ Digital ကတဆင့် အကြမ်းဖက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုတွေ အကြောင်းကို အချက်အလက်မှန်မှန်ကန်ကန် နဲ့ ပြည့်ပြည့်စုံစုံ ပြောကြားသွားမှာဖြစ်ပြီး အခြားသိချင်တဲ့ အကြောင်းအရာတွေကိုပါ Guest Speaker တွေနဲ့ လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဆိုတော့ လုံးဝကို လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပဲနော်။
⭕ ❝ Together for A Change ❞ Program လေးရဲ့ အသေးစိတ်အချက်အလက်တွေက
Date: 7th & 8th Dec , 2024 ( Sat & Sun )
Time: 7:00 PM to 9:00 PM
Venue: Virtual Zoom Platform
ဖြစ်ပြီးတော့ ပါဝင်ဆွေးနွေးသွားကြမဲ့ Guest Speaker တွေကို အောက်မှာဖော်ပြပေးထားတဲ့ Link ကနေ ဖတ်ကြည့်နိုင်ပါတယ်ရှင်။
Program Details 📌
Link : https://shorturl.at/k9ykL
💢 ပိတ်ရက်မှာ အချိန်ကိုလည်း အကျိုးရှိရှိအသုံးပြုနိုင်ပြီး ဘဝအတွက် အရေးကြီးတဲ့ ဗဟုသုတတွေကိုပါ ရချင်တယ်ဆိုရင်တော့ အခုပဲ အောက်က Registration Form မှာ စာရင်းပေးလိုက်တော့နော်...။
🖇️ Registration Link 🖇️
https://forms.gle/myMQ3thaa5fahjd98
⭕ ဒါ့အပြင် အခုပြုလုပ်သွားမဲ့ Program လေးအကြောင်းကိုပိုပြီး ပြည့်ပြည့်စုံစုံသိချင်တာမျိုးရှိရင် Host Organization တစ်ခုဖြစ်တဲ့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 ရဲ့page Chatbox မှာ သွားရောက်မေးမြန်းကြဖို့ကိုလည်း အကြံပြုလိုက်ပါတယ်ရှင်...။
22/11/2024
Media Partnership LANN × Better Tomorrow
ဟလို LANNers တို့ရေ
💁🏻♀️ ဒီနေ့မှာတော့ LANNers တို့ကို အသိပေးစရာ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတဲ့ Better Tomorrow ကနေပြီးတော့ အခမဲ့ ပညာပေးသင်တန်းတစ်ခုကို လာမယ့် နိုဝင်ဘာလ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တို့မှာ အွန်လိုင်းကနေ တဆင့် ကျွမ်းကျင်ဆရာဝန်တွေမှ ပို့ချပေးသွားမယ့်အကြောင်း ဖြစ်ပါတယ်။
⚕️✨ (၂) ရက်တာ သင်တန်းမှာ လူငယ်တိုင်းသိထားသင့်တဲ့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာတွေကို အရင်နဲ့မတူဘဲ နေ့စဥ်ဘဝမှာ အကျိုးရှိရှိပြန်လည်အသုံးချလို့ရမယ့် ဗဟုသုတတွေကိုပါ ပြောပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။?
👨🏻⚕️ သင်တန်းပထမရက်ရဲ့ မနက်ပိုင်းမှာ ဒေါက်တာဟန်မင်းဗိုလ်မှ Healthy relationship, Consent & Communication ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။
⏰🗓️ သင်တန်းပို့ချပေးမယ့်အချိန်ကတော့ နိုဝင်ဘာလ (၂၃)ရက်နေ့ မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁၂) နာရီအထိ ဖြစ်ပါတယ်။
👨🏻⚕️ ပထမရက်ရဲ့ ညနေပိုင်းမှာဆိုရင် ဒေါက်တာဇွဲလင်းသူက Sexual Health and Safety ဆိုတဲ့ခေါင်းစဥ်နဲ့ ရှင်းလင်းပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ⏰🗓️
သင်တန်းပို့ချပေးမယ့်အချိန်ကတော့ နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ (၇)နာရီခွဲကနေ (၉) နာရီအထိ ဖြစ်ပါတယ်။
👩🏻⚕️ သင်တန်းရဲ့ ဒုတိယရက် မနက်ပိုင်းမှာတော့ ဒေါက်တာအေးမွန်မွန်ခန့်က Menstrual Health, Hygiene and Healthy Lifestyle for All ဆိုတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပို့ချပေးသွားမှာဖြစ်ပါတယ်။ ⏰🗓️ အချိန်ကတော့ နိုဝင်ဘာလ (၂၄)ရက်နေ့ မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁၂) နာရီအထိ ဖြစ်ပါတယ်။
✍🏻 🙋🏻♀️ဒုတိယရက် ညနေပိုင်းချိန်မှာ ဆရာမ စူးရှမေမှ Sexual Violence, Abuse and Rights အကြောင်းကို ပို့ချဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ⏰🗓️ နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေ (၄) နာရီမှ (၅)နာရီခွဲအထိ ဖြစ်ပါတယ်။
💁🏻♀️ ဒုတိယရက် ညပိုင်းအချိန်မှာတော့ (၂)ရက်တာ အတွေ့အကြုံတွေကို ဖလှယ်ရင်း စကားစမြည်ပြောကြမယ့် closing ceremony လေးပါရှိဦးမယ့်အပြင် Better Tomorrow ဘက်နေပြီး နောက်ဆုံးအထိ တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးတဲ့ သင်တန်းသားတွေကို (၂) ရက်တာမှာ ကုန်ကျမယ့် အင်တာနက်ဖိုးတွေကို ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။
ဒီသင်တန်းလေးအတွက် Better Tomorrow နဲ့အတူ media partner အဖြစ် ပူးပေါင်းပါဝင်ပေးထားတဲ့ အဖွဲ့အစည်းတွေကတော့
MELISSA
https://www.facebook.com/MelissaGCW?mibextid=kFxxJD
For The Future Myanmar
https://www.facebook.com/profile.php?id=100083357270189&mibextid=kFxxJD
LANN
https://www.facebook.com/LANNMyanmareducation?mibextid=kFxxJD
Hype Community
https://www.facebook.com/HypeCommunitySpace?mibextid=kFxxJD
HEAA Foundation
https://www.facebook.com/profile.php?id=61566855394212&mibextid=kFxxJD
Treat With Me
https://www.facebook.com/treatwithmemyanmar?mibextid=kFxxJD
တို့ဖြစ်ပါတယ်။
ကဲ… သင်တန်းလာတက်ပြီး ဘဝအတွက် လိုအပ်တဲ့ ဗဟုသုတတွေကို ရရှိမယ့်အပြင် ပိတ်ရက်ကိုအကျိုးရှိရှိ အသုံးချမယ်ဆိုတဲ့ [...] လေးတို့က အခုပဲ registration လုပ်ဖို့ အောက်က လင့်လေးကို နှိပ်လိုက်ပါနော်။
Registration link 🔗 🖇️
https://docs.google.com/forms/d/e/1FAIpQLSc5IMkxoGVLR9ngMneS0vGG79Fb4RxVAqiW12yR-V2LSg7_NQ/viewform
14/07/2024
ပုံပြင်နားထောင်ကြမယ် ✨✨
သားသားမီးမီးတို့ရေ မင်္ဂလာပါ 👑
LANN ရဲ့ တတိယမြောက်ပုံပြင်လေးကနေ ကြိုဆိုပါတယ်နော်..🕊️🕊️.
ဒီနေ့မှာတော့ မောင်ပိုးတီလေးက မောင်ဖိုးဝကို မွေးနေ့လက်ဆောင်ပေးဖို့ ကြိုးစားနေတဲ့ဇာတ်လမ်းလေးကို နားထောင်ရမယ်ဖြစ်ပါတယ်💫
ပုံပြင်လေးထဲမှာ မောင်ပိုးတီလေးတို့က စာမေးပွဲကြီးအပြီး ကျောင်းပိတ်ကျရင် ဘာလုပ်ကြမလဲဆိုတာ ပြောနေကြတယ်တဲ့🌟🖇️
မောင်ပိုးတီလေးက သူ့မေမေတို့နဲ့အတူ ဘိုးဘိုးကြီးတို့ရွာကို သွားလည်ဖို့ စီစဉ်နေတယ်တဲ့လေ🚗
အဲ့ဒီအချိန်မှာပဲ မောင်ဖိုးဝက ကျောင်းပိတ်ရက်အပြီး ရောက်လာမယ့် သူ့မွေးနေ့ကို လာဖို့ ပိုးတီလေးကို ဖိတ်လိုက်တယ်တဲ့ 🎂🎊
ပိုးတီလေးလည်း သူငယ်ချင်းမွေးနေ့ဆိုတော့ သွားရမှာပေါ့နော် ကလေးတို့ဆိုရင်ရော သွားကြမှာလား❓❓
ပိုးတီလေးခမျာ အိမ်ရောက်တော့ ဖိုးဝကို မွေးနေ့လက်ဆောင်ပေးဖို့ အကြံထုတ်ရတော့တာပေါ့ 💭
ဖိုးဝက စကိတ်စီးသင်တော့မှာဆိုတော့ စကိတ်စီးဖိနပ်လေး လက်ဆောင်ဝယ်ပေးဖို့ အကြံရသွားတယ်တဲ့🎉🎁
အဲ့ဒါနဲ့ ပိုးတီလေးက သူ့မေမေကို ဝယ်ပေးဖို့ ပူဆာတာတော့ စကိတ်ဖိနပ်က ဈေးအရမ်းကြီးလို့ မေမေက တစ်ဝက်ပဲစိုက်နိုင်မယ်တဲ့လေ 🙇
ကျန်တဲ့တစ်ဝက်ကတော့ မောင်ပိုးတီလေးရဲ့ ကိုယ်ပိုင်ငွေနဲ့ဝယ်ရမယ်တဲ့💵💵
ပိုးတီလေးက ကလေးဆိုတော့ ကိုယ်ပိုင်ငွေ ဘယ်ရှိပါ့မလဲနော် သားသားမီးမီးတို့မှာရော ရှိကြလား💰
ဒီလို ကိုယ်ပိုင်ငွေမရှိတဲ့ မောင်ပိုးတီလေးကို ကိုယ်ပိုင်ငွေတွေရလာအောင် မေမေက အကြံပေးလိုက်တယ်တဲ့ ✨💫
ကဲ ဒီတော့
📮 မောင်ပိုးတီလေးကို မေမေက ဘယ်လိုအကြံတွေပေးလိုက်တာလဲ
💸မောင်ပိုးတီလေးရဲ့ ကိုယ်ပိုင်ငွေဆိုတာကရော ဘာလဲ
🎉🎁မောင်ပိုးတီလေးက ဖိုးဝကို လက်ဆောင်ဝယ်ပေးဖို့ ကိုယ်ပိုင်ငွေတွေရအောင် ကြိုးစားမှာလားဆိုတာ ပုံပြင်လေးထဲမှာ ဆက်ပြီးနားထောင်လိုက်တော့နော် ...
https://www.youtube.com/watch?v=uJHxmjT5hKU
အခုလို မောင်ပိုးတီလေး ဘာတွေလုပ်နေလဲဆိုတာ စိတ်ဝင်စားရင် LANN ရဲ့ Facebook နဲ့ Youtube channel လေးကို စောင့်ကြည့်ပေးဖို့ ဖေဖေမေမေတို့ကိုပူဆာလိုက်တော့နော်
#ပုံပြင် #ကလေးပုံပြင် #ပိုးတီ
Story for Kids Story 3
13/07/2024
ပုံပြင်နားထောင်ကြမယ်....✨✨
သားသားမီးမီးတိုရေ မင်္ဂလာပါ💫
LANN ကနေ သားသားမီးမီးတိုအတွက် ဒုတိယမြောက်ပုံပြင်လေး ယူဆောင်လာပါပြီနော်🕊🕊
ဒီနေ့မှာတော့ မောင်ပိုးတီလေးက သူ့ရဲ့သူငယ်ချင်း မောင်ဖိုးဝလေးကို ပြန်ပြီး ဆရာကြီးလုပ်နေတဲ့ ပုံပြင်လေးကို နားထောင်ရမှာဖြစ်ပါတယ်
ပုံပြင်လေးကတော့ တစ်နေ့ မောင်ပိုးတီလေး အိပ်ယာနိုးလာတော့ မောင်ဖိုးဝကို စောစောစီးစီး စက်ဘီးစီးသွားဖိုခေါ်တယ်တဲ့🚲🚲
မောင်ဖိုးဝလေးခမျာ ညတုန်းက ဖုန်းကြည့်နေတော့ အိပ်ရေးမဝရှာဘူးလေ ဒီလိုမလန်းမဆန်းဖြစ်နေမှတော့ သူဘယ်လိုက်ချင်ပါ့မလဲနော်💤💤
ပြီးတော့ မောင်ဖိုးဝက သူ့စက်ဘီးက ဟောင်းပြီး တခြားသူငယ်ချင်းတွေမှာ စက်ဘီးအသစ်လေးရှိနေတာကို ဖုန်းကြည့်ရင်းနဲ့ တွေ့လိုက်မိတော့ အားငယ်နေရှာတယ်တဲ့🙇
အဲ့ဒီမှာပဲ ဆရာကြီးမောင်ပိုးတီက ပညာပေးတော့တာပါပဲ 👑
မောင်ပိုးတီလေး ပြောပြတဲ့အထဲမှာ မကောင်းဆိုးဝါးကြီးအကြောင်းပါတယ်နော် သားသားမီးမီးလေးတို🧞🧞
မောင်ဖိုးဝက အဲ့ဒါကြောင့် မလန်းမဆန်းဖြစ်နေတာတဲ့💤💤
ပြီးတော့ မောင်ဖိုးဝကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကိုပါ နည်းလမ်းတွေပေးသွားတယ်တဲ့နော် ....🌀🌀
မောင်ပိုးတီလေး ပြောသွားတာတွေ အသေးစိတ်သိချင်ရင်တော့ video လေးထဲမှာ ဆက်ပြီး နားထောင်လိုက်နော် သားသားမီးမီးတို ...💦
နားထောင်ပြီးရင်လည်း သူငယ်ချင်းတွေကို ပြန်ဝေမျှပေးနော်💫💫
https://www.youtube.com/watch?v=YLHEsM20GQY
အခုလို မောင်ပိုးတီလေး ဘာတွေလုပ်နေလဲဆိုတာ စိတ်ဝင်စားရင် LANN ရဲ့ Facebook နဲ့ Youtube channel လေးကို စောင့်ကြည့်ပေးဖို ဖေဖေမေမေတိုကိုပူဆာလိုက်တော့နော်
#ပပြင် #ကလေးပုံပြင် #ပးတီ
Story for kids _Sotry 2
If you like the video, please give us a like.
11/07/2024
ပုံပြင်နားထောင်ကြမယ်......✨✨
မင်္ဂလာပါသားသားမီးမီးတို့ရေ
သားသားမီးမီးတို့အတွက် LANN ကနေ ဒီတစ်ခေါက်ပုံပြင်လေးတစ်ပုဒ်ပြောပြဖို့ ယူလာပါပြီနော်🕊🕊
ပုံပြင်လေးက မောင်ပိုးတီလေးနဲ့ သူ့ရဲ့ သူငယ်ချင်း မောင်ဖိုးဝတို့ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်....
ပုံပြင်လေးထဲမှာ မောင်ပိုးတီလေးက ဗိုင်းရပ်စ်ဆိုးကြီးကြောင့် အိမ်ထဲမှာပဲ အမြဲနေနေရတော့ ပျင်းနေတယ်တဲ့..💫💫
အဲ့ဒါကြောင့် မောင်ဖိုးဝလေးက ဖုန်းဆက်ပြီး game ကစားဖို့ စိန်ခေါ်တယ် တဲ့လေ..🎮
မောင်ပိုးတီလည်း ဘယ်ငြိမ်ခံမလဲ ကစားဖို့ လက်ခံလိုက်တာပေါ့ ....
ဒီလိုနဲ့ မောင်ပိုးတီနဲ့ မောင်ဖိုးဝလေးက အိမ်ထဲမှာပဲ နေရင်းဂိမ်းလေးတစ်ခု အပြိုင်ကစားဖြစ်ကြတယ်တဲ့...🏆
ဂိမ်းလေးပြီးတော့ မောင်ပိုးတီလေးမှာ အမှတ်တွေ အများကြီးရသွားတယ်တဲ့ကွယ်...🏅🏅
ကဲ ဒီလိုဆိုရင်...
🖲 မောင်ပိုးတီလေးတို့ ဘာဂိမ်းလေးကစားဖြစ်ကြလဲ
🖲 မောင်ပိုးတီလေးတို့ ဘယ်လိုမျိုးတွေ ကစားဖြစ်ကြတာလဲ
🖲 မောင်ပိုးတီလေးက ဘာလို့ အမှတ်တွေ အများကြီးရသွားတာလဲ .... ဆိုတာ ပုံပြင်လေး ကိုနားထောင်ပြီး သူငယ်ချင်းတွေနဲ့ ပြန်မျှဝေကြည့်ကြနော်💬💬
သားသားမီးမီးတို့ရော မောင်ပိုးတီတို့လို ဂိမ်းလေးလိုက်ကစားကြည့်ကြမလားဆိုတာလည်း ပြောသွားကြဦးနော်...
နောက်နေ့တွေမှာလည်း မောင်ပိုးတီလေး ဘာတွေ ထပ်လုပ်မလဲဆိုတာ စိတ်ဝင်စားရင် LANN ရဲ့ page လေးကို စောင့်ကြည့်ပေးကြဦးနော်..... Youtube မှာလည်း LANN channel လေးရှိနေပြီမို့ မောင်ပိုးတီလေးကို စောင့်ကြည့်ဖို့ subscribe လုပ်သွားကြဦးနော်.... တာ့တာ သားသားမီးမီးလေးတို့🙋🙋♀️
PS: အမှားပါခဲ့ရင် နားလည်ပြီး ထောက်ပြကူပေးပါနော်။ LANN အနေနဲ့ သင်ယူပြီး နောက်ပုံပြင်တွေမှာ တိုးတက်အောင်ကြိုးစားသွားပါမယ်။
https://www.youtube.com/watch?v=RUDTm1FLOno&list=PLb0DKcG3vcNZ3TvOrB9BxtPD_LCAMcnUD
#ပုံပြင် #ကလေးပုံပြင်
Story for Kids
30/06/2024
🎉 Exciting News! 🎉
ဒီညမှာတော့ Storytellers4DigiGen ရဲ့ ပါဝင်ခွင့်ရသူတွေကို ရွေးချယ်သွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ လူဦးရေ ကျော်လွန်သွားတာကြောင့် ဒီညမှာပဲ လျှောက်လွှာကို ပိတ်လိုက်ပြီဖြစ်ပါတယ်။ ပါဝင် တက်ရောက်ခွင့်ရတဲ့ သူတစ်ဦးချင်းစီကို Selected email ပေးပို့သွားမှာဖြစ်လို့ သူငယ်ချင်းတို့ရဲ့ Email လေးကို စောင့်မျှော်လိုက်တော့နော် ။
ပါဝင်ခွင့်ရတဲ့သူတွေကိုလဲ Equal Rise နဲ့ LANN က ဂုဏ်ပြုလိုက်ပါတယ် ။ Trainingနေ့ မှာ တွေ့ကြမယ်နော်။
🗓️ Training Program Start Date: 4. 7.2024
Comic Storytelling
📅 July 4, 2024
🕡 6:30 - 8:30 PM (MMT)
Data Visualization Storytelling
📅 July 5, 2024
🕡 6:30 - 8:30 PM (MMT)
Visual Storytelling
📅 July 6, 2024
🕘 9:00 - 11:00 AM (MMT)
Digital Storytelling
📅 July 6, 2024
🕘 9:00 - 11:00 AM (MMT )
📍 Location: Zoom
🎉 Exciting News! 🎉
We are thrilled to announce the selected participants for our upcoming training program! 🌟👩🏫👨🏫 Congratulations to all those who made it through the selection process. 🥳 Get ready to embark on a rewarding learning journey with us.
🗓️ Training Program Start Date: 4. 7.2024
Comic Storytelling
📅 July 4, 2024
🕡 6:30 - 8:30 PM (MMT)
Data Visualization Storytelling
📅 July 5, 2024
🕡 6:30 - 8:30 PM (MMT)
Visual Storytelling
📅 July 6, 2024
🕘 9:00 - 11:00 AM (MMT)
Digital Storytelling
📅 July 6, 2024
🕘 9:00 - 11:00 AM (MMT )
📍 Location: Zoom
Stay tuned for further details and instructions. Let's make this training program a fantastic experience together! 🚀
24/06/2024
Dateline is approaching. Don’t miss the great chance