16/01/2026
✅ Inequality ✅
Inequality ဆိုတာဘာလဲ?
Inequality ဆိုတာ တန်ဖိုးတွေကို နှိုင်းယှဉ်ဖော်ပြတဲ့
သင်္ချာပုံစံ ဖြစ်ပါတယ်။
Equal (=) မဟုတ်ဘဲ
👉 ပိုကြီး / ပိုသေး
👉 အနည်းဆုံး / အများဆုံးတွေကို
ပြချင်တဲ့အခါ Inequality ကို သုံးပါတယ်
> ပိုကြီး than
< ပိုသေး than
≥ အနည်းဆုံး (greater than or equal to)
≤ အများဆုံး (less than or equal to)
Example
x > 3 → x က 3 ထက်ပိုကြီး
y < 4 → y က 4 ထက်ပိုငယ်
Open circle ⚪ → မပါ (>,
04/01/2026
🇲🇲 Independence Day 🇲🇲
ဇန်နဝါရီ (၄) ရက်
မြန်မာနိုင်ငံလွတ်လပ်ရေးနေ့
လွတ်လပ်ရေးဆိုတာ
ရခဲ့တာတင်မက
နားလည်ရမယ့် သမိုင်း
ထိန်းသိမ်းရမယ့် တာဝန် ဖြစ်ပါတယ်။
ပညာရေးဟာ
နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေးကို
တည်တံ့ခိုင်မာစေတဲ့ အခြေခံအင်အားဖြစ်ပြီး
ကျောင်းသားကျောင်းသူများရဲ့ သိမြင်မှုက
အနာဂတ်မြန်မာနိုင်ငံကို ဖန်တီးပါလိမ့်မယ်။
သမိုင်းကို လေ့လာပြီး
တာဝန်ယူတတ်သော မျိုးဆက်ဖြစ်အောင်
အတူတကွ လေ့လာသင်ယူကြပါစို့။
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို
လေးစားဂုဏ်ယူစွာ အမှတ်ရပါသည် 🇲🇲
STS - Study to Success
01/01/2026
🎆 Welcome 2026 🎆
နှစ်သစ်မှာ ကျောင်းသားကျောင်းသူများ
ပညာရေးမှာ အခက်ခဲအတားအဆီးမရှိ
လိုရာရောက်နိုင်ပါစေ
IGCSE Exam ကိုလည်း
လွယ်လွယ်ကူကူဖြေဆိုနိုင်ပါစေလို့
STS - Study to Success မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်
25/12/2025
🎄 Merry Christmas 🎄
May your days be filled with joy, peace, and love
ပျော်ရွှင်မှု၊ ချမ်းသာခြင်းနဲ့ မေတ္တာအပြည့်နဲ့
ခရစ်စမတ်နေ့လေးဖြစ်ပါစေ။ 🎅
STS - Study to Success
19/12/2025
🎍Happy Karen New Year🎍
ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးနေ့အား
STS မှ
ဂုဏ်ပြုကြိုဆိုအပ်ပါသည်
STS - Study to Success
17/12/2025
❤️****GS To IS****❤️
Government School ကနေ International School
ပြောင်းတက်ချင်တယ် အသက်ကကြီးနေပြီ
ဘယ်အတန်းတက်ရမလဲဆိုသူအတွက်ကို
အရေးကြီးတဲ့ အကြံဥာဏ်လေးပေးပါရစေ
ခဏခဏလာမေးကြလို့ပါ
ကျနော်ကိုယ်တိုင် International School မှာစာသင်နေတဲ့
ဆရာတယောက်ပါ
အတန်းထဲဝင်လိုက်ရင် Group 3 ခုမြင်ရပါတယ်
(1) IS တောက်လျှောက်တက်လာသူ
(2) PS/Dual Program မှပြောင်းလာသူ
(3) Placement Test ဖြေပြီးမှအတန်းjoinလာသူ
ထိုထဲမှ No.3ကလေးများသည်
50% မှာစာလိုက်နိုင်သော်လည်း
ကျန်သော 50% မှာမနိုင်ဝန်ထမ်းနေရသည်ကိုတွေ့ရပါတယ်
ဒါဆိုဘယ်လိုလုပ်ကြမလဲ❓❓❓❓
2020 နောက်ပိုင်း အကြောင်းကြောင်းကြောင့်
ပညာရေးရပ်ထားရတယ်
အခုမှIS တက်မယ်ဆိုအဆင်ပြေနိုင်မလားဆိုရင်
Home schooling or self study လုပ်ကြည့်ပါ
ကလေးအနေနဲ့self study ကအနားမှာ
ကလေးရဲ့မေးခွန်းတွေကိုဖြေနိုင်တဲ့သူရှ်ိမှအဆင်ပြေမှာပါ
Home schooling အတွက်
(1) English proficiency ကောင်းအောင်ပြင်ထားပါ
IS Course တွေက Secondary မှာစပြီး
IGCSEအတွက် foundation ဖြစ်နေပါပြီ
(2) Maths အတွက် သေချာလေးပြင်ဆင်စေချင်ပါတယ်
အသက်အရွယ်အလိုက် Age 12 and above ဆို
IGCSEဖြေဖို့စဉ်းစားထားတယ်ဆို
Primary 5 6 လောက်ကစပြီး
Maths ကိုသေချာလုပ်စေချင်ပါတယ်
ISကျောင်းတွေမှာကလေးတွေကြောက်ကြတာ Mathsပါ
Mathematics သည်
ကျက်ဖြေရသည့်ဘာသာမဟုတ်သည့်အတွက်
“by doing only” တွက်ချက်ခြင်းဖြင့်သာ
နားလည်အောင်ကြိုးစားကြပါလို့အကြံပြုချင်ပါတယ်
STS - Study to Success
09/12/2025
⭐️2025 ရဲ့ နောက်ဆုံးလက်ခံဖြစ်တဲ့အတန်းလေးပါ⭐️
Maths B ကို ဆရာနဲ့practice လုပ်ချင်ပါတယ်ဆိုလို့
မအားတဲ့ကြားကရအောင်ညှ်ိပြီးသင်ပေးဖြစ်ပါတယ်✨
2026မှာ အတန်းချိန်လွတ်ရင်ကြေညာပေးပါမယ်ခင်ဗျာ
STS - Study to Success
06/12/2025
ဒီနေ့မှာတော့ trigonometry ရဲ့အချိုးလေးတွေကို
ဖော်ပြပေးမှာဖြစ်ပါတယ်🎇
Trigonometry ဆိုတာက တကယ့်real lifeမှာ
အသုံးချတာတွေထဲကတခုပါ
Trigonometry ရဲ့အချိုးvalue တွေကတော့
ကျောင်းသားတွေအနေနဲ့သိထားသိပါတယ်နော်
STS - Study to Success
21/11/2025
🎈Upper bound / Lower Bound 🎈
Upper Bound Lower Bound ကို ဘယ်မှာသုံးလဲဆိုရင်
1. Area / Volume တွေ
2.Speed/ Density စတဲ့ Physics measurement တွေ
3. Time measurement (Bus / Plane / Train) စတာတွေ ခန့်မှန်းတာ
4. Mass /Weight ချိန်ရမှာ အနီးစပ်ဆုံးယူရတဲ့နေရာတွေမှာ သုံးပါတယ်
Upper Bound / Lower Bound rule တချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်
STS - Study to Success
14/11/2025
14.10.25 တွင်ကျရောက်သော
အမျိုးသားနေ့အား
ဂုဏ်ပြုကြိုဆိုအပ်ပါသည်
STS - Study to Success