15/05/2023
Young Learners - 4 Skills သင်ရိုးအတွက် ထိရောက်ပြီး ကောင်းမွန်တဲ့ Course Series လေး တစ်ခုအကြောင်း ပြောပြချင်လို့ပါ ...
Incredible English
Starters to Level 6 ထိ ရှိပါတယ် ...
Level 1 ခု ကို သူက Unit 9 ခု ပါတာမို့ သိပ်မနည်းလွန်း မများလွန်းပဲ ကလေးတွေအတွက် Course Book ကို ဖြည်းဖြည်းနဲ့ မှန်မှန် သွားလို့ရပါတယ်နော် ...
ဒီ Course Book ရဲ့ Course Structure က
1. Vocabulary (with Picture and Listening)
2. Story (Listening and Video)
3. Grammar for Speaking Practice (with Listening)
4. Song (with Listening)
5. Fun Activity (with Listening and Art/Craft Activity)
6. Phonics
7. Listening Only
8. Reading (One for three units)
*** ဒီစာအုပ်မှာက ကောင်းတဲ့တစ်ချက်ကလေ Listening အတွက် သေချာကို စနစ်တကျ Practice ကောင်းကောင်း လုပ်ပေးတာပါပဲ ... ကျွန်မ သင်တဲ့ကလေးတွေဆို ဒီစာအုပ် ၂ အုပ်မြောက်မှာတင် Listening Skill သိသိသာသာ တိုးတက်လာတာ တွေ့ရတယ် ...
*** တစ်ခုကတော့ Speaking အတွက်မှာ တီချယ့်ဘက်က သင်ခန်းစာမှာ ပါတဲ့ Grammar အလိုက် Speaking Pattern တွေ အလိုက်ကို သေချာ Practice လုပ်ပေးနိုင်ရင်လည်း အတော့်ကို ထိရောက်တယ် ...
*** ဒီစာအုပ်က စာအုပ်ကိုင်သင်တဲ့ တီချယ်တွေဘက်က လုပ်ရတာပိုများတယ် ... Listening & Speaking ကို အသားပေးတဲ့ Course Book ဖြစ်တာမို့ Reading & Writing အတွက်တော့ နောက်ထပ် ပေါ့ပေါ့ပါးပါး စာအုပ်လေးတစ်အုပ်နဲ့ တွဲသင်ရင် တော်တော် ထိရောက်တယ် ...
ကျွန်မဆို Oxford Reading & Writing နဲ့ တွဲသင်တာမို့ နှစ်ခုလုံးက အတော်ကို အဆင်ပြေတယ် ...
*** ဒါက အတွေ့အကြုံ Share ပေးတာမို့ အိမ်မှာ စာပြန်သင်ပေးချင်တဲ့ မေမေတို့နဲ့ တက်သစ်စ တီချယ်တွေအတွက် ရည်ညွှန်းပြီး ပြောပြပေးတာပါနော် ....
*** Resource ကို Telegram Channel မှာ တင်ပေးပါ့မယ် ...
😊😊😊
English with Julie