20/08/2026
⚠️ ဒီသင်တန်းဟာ လစဉ်မဖွင့်လှစ်ဖြစ်တော့ပါဘူး•••
နောက်တစ်ပတ်စဉ်ကို ၂၀၂၇ ခုနှစ်မှာမှ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် ယခု Batch-52 ကို လက်မလွတ်တမ်း အမြန်ဆုံး တက်ရောက်ထားကြဖို့ အထူး တိုက်တွန်းလိုက်ရပါတယ်။
➡️သင့်ရဲ့ စကားပြောပုံနဲ့ ဆက်ဆံရေးစွမ်းရည်ကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ U Aung -LGTI ရဲ့ Public Speaking & Communication Skills (PSCS Batch-52) သင်တန်းကြီးသို့ အမြန်ဆုံး တက်ရောက်ရန် ဖိတ်ခေါ်လိုက်ပါတယ်။
📅 သင်တန်းကာလ: ၁ လ ကြာမြင့်မည်။
⏰ သင်တန်းအချိန်: အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ (ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီအထိ)
🗓️ စတင်မည့်ရက်: ဩဂုတ်လ ၂၁ ရက်နေ့
💰 သင်တန်းကြေး: ၄၉,၉၀၀ ကျပ်
(LGTI သင်တန်းသားဟောင်းများအတွက် Discount သီးသန့် ရှိပါမည်)
📥 သင်တန်းတက်ရောက်လိုပါက Comment တွင် "PSCS" ဟု မန့်ခဲ့ပါခင်ဗျာ။
20/08/2026
BOSS ဖြစ်ချင်ရင်...
"B.O.S.S" Investment Master Class သင်တန်းကို တက်ရောက်ပါ
"From Business Owner to Stock Strategic Investor..."
လုပ်ငန်းရှင်အများစု၊ လခစားအများစု၊ ငွေကိုင်ပြီးလမ်းပျောက်သူအများစု ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ "ပင်ပန်းခံ စီးပွားရှာပြီး ရရှိလာတဲ့ငွေတွေကို စနစ်တကျ မစီမံနိုင်ဘဲ ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ ပိတ်မိနေခြင်း" ပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ Active Operator အဆင့်မှာတင်ရပ်တန့်မနေဘဲ၊ ဝန်ထမ်းများလည်း ပိုလျှံတဲ့လစာငွေ၊ လက်ဝယ်ငွေကိုင်လမ်းပျောက်သူအများစု ကိုယ့်ရဲ့ငွေတွေကို Stock နဲ့ Gold (Physical & Digital Gold) Asset တွေထဲမှာ ပါးနပ်စွာ ရင်းနှီးမြှုပ်နှံပြီး Strategic Investor အဆင့်ဆီ ကူးပြောင်းဖို့ အချိန်တန်ပါပြီ။
🔥 B.O.S.S Master Class မှာ ဘာတွေ လက်တွေ့ လေ့လာရမလဲ?
ဒီသင်တန်းဟာ စာအုပ်ထဲက သီအိုရီတွေကိုပဲ သင်ပေးမှာ မဟုတ်ပါဘူး။ Fundamental Analysis + Technical Reading + Investor Psychology သုံးခုလုံးကို ပေါင်းစပ်ပြီး လက်တွေ့ တတ်မြောက်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📊 Stock Investment မှာ ဘယ်လို Company မျိုးတွေကို ရွေးချယ်ရမလဲ၊ ဘာကြောင့် ရွေးချယ်သင့်သလဲဆိုတဲ့ စံနှုန်းများ။
🚩Physical & Digital Gold Investing စတော့တင်မကဘဲ တစ်နှစ်စာ "ရွှေ ပြက္ခဒိန်" နဲ့၊ ရွှေကို ရေရှည် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသည့် စနစ်။
📈 Timing & Chart Literacy အဖြစ် Chart ကို တုန်လှုပ်မှုမရှိဘဲ Entry/Exit မှန်ကန်စွာ ကြည့်ရှုနည်း (ခဏခဏ ရောင်းလိုက်ဝယ်လိုက် လုပ်စရာမလိုသည့် ရေရှည်စနစ်)။
💻 Account Setup & Live Practice အဖြစ် Trading / Investing Account များ ဘယ်လို ဖွင့်ရမလဲ၊ ဘာတွေ လိုအပ်မလဲဆိုတာကအစ Live Chart ပေါ်မှာ လက်တွေ့ ပြသပေးသွားမှာ ဖြစ်ပါတယ်။
👨🏫 သင်ကြားပေးမည့်သူများ:
Week 1 Trainer ( U Aung - LGTI )
Week 2-4 Trainer ( Ko Hein )
🗓️ သင်တန်းကာလ ၁ လ ကြာမြင့်ပါမယ်။
✅ (WEEK 1 : Fundamental)
Mindset: ရင်းနှီးမြှုပ်နှံသူတစ်ဦးရဲ့ရေရှည်စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းများနဲ့ Right Investment Concepts
Financial Statements: Balance Sheet နှင့် Cash Flow ကိုဖတ်ရှူနည်း
Valuation: အမှန်တကယ် တန်ဖိုးရှိသည့် ရှယ်ယာများကို ရွေးချယ်ခြင်း
Geopolitics: ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ပဋိပက္ခများက ဈေးကွက်အပေါ် ရိုက်ခတ်ပုံများကို သုံးသပ်ခြင်း
✅ (WEEK 2 : Technical & Price Action)
Chart : Market history နှင့် စျေးဇယားကိုဖတ်နည်း
Price Action & S/R: ဈေးနှုန်းလှုပ်ရှားမှုများကို လေ့လာပြီး Support နှင့် Resistance level များကို နေရာချခြင်း
Buy the Dip: ဈေးကွက် ရုတ်တရက် ထိုးကျချိန်များတွင် အကောင်းဆုံးဈေးနှုန်းဖြင့် အခွင့်အရေးယူ ဝယ်ယူမည့် နည်းစနစ်
✅ (WEEK 3: Risk & Portfolio Strategy)
Portfolio Construction: stock share တစ်ခုကို အကျိုးအမြတ်အများဆုံးရရန် စနစ်တကျ တည်ဆောက်ခြင်း
Diversification: Risk ကို လျှော့ချရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍစုံအောင် ခွဲဝေစုဆောင်းခြင်း
Risk Management & Exit: အရှုံးကို ထိန်းချုပ်ကာ အမြတ်အစွန်းနှင့် အချိန်ကိုက် ရယူမည့် Exit Strategy ချမှတ်ခြင်း
✅ (WEEK 4: Gold & Live Simulation)
Gold Framework: ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံရန်နှင့် ရေရှည်ကိုင်ဆောင်ရန် core strategy သင်ကြားခြင်း
Live Analysis: လက်ရှိဖြစ်ပျက်နေသော ဈေးကွက်အခြေအနေများကို တိုက်ရိုက်ကြည့်ရှုကာ အသုံးချခြင်း
Portfolio Simulation: သင်တန်းပြီးဆုံးပါက မိမိကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အစအဆုံး လက်တွေ့ဖန်တီး စမ်းသပ်နိုင်ရန်သင်ကြားပေးခြင်း
📅 သင်တန်းစတင်မည့်ရက်: 5 Nov 2026
Week 1: Nov 5, 6, 7, 8 (ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ )
Week 2: Nov 13, 14, 15 (သောကြာ၊ စနေ၊ တနင်္ဂနွေ)
Week 3: Nov 20, 21, 22 (သောကြာ၊ စနေ၊ တနင်္ဂနွေ)
Week 4: Nov 27, 28, 29 (သောကြာ၊ စနေ၊ တနင်္ဂနွေ)
⏰ သင်တန်းချိန်: ညစဉ် ၇ နာရီမှ ၉ နာရီအထိ
💰 သင်တန်းကြေး ၅၀၀,၀၀၀ ကျပ်
🎁 (RI / LGTI သင်တန်းသားများအတွက် Special Discount ရှိပါမည်)
Online Zoom ဖြင့် တိုက်ရိုက်တက်ရောက်ရပါမယ်။
(တိုက်ရိုက်မတက်ရောက်နိုင်သူများအတွက် FB private group , Telegram Private Group မှာလေ့လာဖို့ Video Record ပြုလုပ်ပေးပါမည်။)
📥 လုပ်ငန်းရှင်ဘဝ၊ လခစားဘဝ၊ ငွေကိုင်ပြီးလမ်းပျောက်သူဘဝကနေ Strategic Investor ဖြစ်လာဖို့အတွက် ယခုပဲ "BOSS" လို့ မန့်ပြီး အမြန်ဆုံး အပ်နှံလိုက်ပါခင်ဗျာ!
19/08/2026
WG ဈေးထောင်တက်သွား
ရွှေဗေဒင်ဟောရင်
ကောင်းမလားပဲ😁
19/08/2026
"ငွေ" ဆိုတာ လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ မကင်းရာမကင်းကြောင်း အရာတစ်ခုဖြစ်ပြီး
ငွေကြေးဆိုင်ရာ အလေ့အကျင့်အပေါ် မူတည်
ဘဝပုံစံများလည်း ကွဲပြားသွားလေ့ရှိပါတယ်။
ငွေနဲ့ပတ်သက်ပြီး လက်တွေ့ခွဲခြားကြည့်ရင် အလေ့အကျင့်ပုံစံ (၆) မျိုး ရှိတာတွေ့ပါတယ်။
ဒီထက်လည်းရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီအလေ့အကျင့်တစ်ခုချင်းစီရဲ့နောက်ကွယ်မှာ
ဘဝအတွက် သတိပြုဖွယ်ရာ ငွေကြေးဆိုင်ရာ သင်ခန်းစာများရှိပါတယ်။
၁။ အရှာသမား
ရှာရလျှင် ပျော်ပြီး သုံးရမည်ဆိုပါက နှမြောတွန့်တိုနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သုံးသင့်တဲ့နေရာမှာမသုံးဘဲ ကပ်စေးနဲခြင်းကလည်း ရေရှည်ဘဝအရည်အသွေးကို ကျဆင်းစေတဲ့အပြင် Social Capital (လူမှုရေး အရင်းအနှီး) နဲ့ အခွင့်အလမ်းများစွာကို ဆုံးရှုံးစေပါတယ်။
Money is a tool, not a metric ဆိုတဲ့အတိုင်း ငွေဆိုတာ ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ မိမိရဲ့အရည်အချင်း တိုးတက်ရေး၊ ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးတို့အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံရမဲ့ "စွမ်းအင် (Energy)" ကိရိယာတစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။
၂။ အသုံးသမား
ငွေရှာဖို့စိတ်မဝင်စားဘဲ ရှိသမျှကိုသာ ထိုင်သုံးနေတဲ့အဖွဲ့ဖြစ်တယ်။ ဝင်ငွေစီးကြောင်း (Cash Inflow) မရှိဘဲ ထွက်ငွေ (Cash Outflow) သာ ရှိနေပါက ဘယ်လောက်များပြားတဲ့ အမွေအနှစ်ဖြစ်ပါစေ တနေ့သေချာပေါက် ဒုက္ခနဲ့ ရင်ဆိုင်ရမှာပါ။ ရေကန်ကြီးကို ရေအဝင်မရိဘဲ ထွက်ပေါက်ဖောက်ထားလိုက်သလို တနေ့ခန်းခြောက်သွားမှာ အသေအချာမို့ Active Inflow (အလုပ်လုပ်၍ရသော ဝင်ငွေ) သို့မဟုတ် Passive Inflow (ရင်းနှီးမြှုပ်နှံမှုမှရသော ဝင်ငွေ) တစ်ခုခုရှိအောင် အမြန်ဆုံးဖန်တီးရပါမယ်။
၃။ ရှာသုံးသမား
ရှာလိုက်၊ သုံးလိုက်နဲ့ ဘဝကို သမမျှတစွာ ဖြတ်သန်းနေသည့် အဖွဲ့လည်းရှိပါတယ်။ ကြည့်ရတာ အဆင်ပြေလှတယ်ဟု ထင်ရပေမဲ့ Compound Interest (ဆင့်ပွားတိုးတက်မှု) ကို အသုံးမပြုနိုင်ရင် ဘယ်တော့မှ ကြွယ်ဝချမ်းသာလာမှာ မဟုတ်ပါဘူး။
ဝင်ငွေတစ်ခုရရင် အသုံးစရိတ်ကို အရင်မဖယ်ဘဲ "ဝင်ငွေ – စုဆောင်း/ရင်းနှီးမြှုပ်နှံမှု = အသုံးစရိတ်" ဆိုတဲ့ ပုံသေနည်းအတိုင်း စိစစ်သုံးစွဲပြီး ပမာဏနည်းရင်နည်းပါစေ ရလောက်စုဆောင်းမြှုပ်နှံမှသာ စည်းစိမ်ဥစ္စာ တည်ဆောက်နိုင်မှာပါ။
၄။ ရှာမလောက်သမား
ရှာသမျှ ဝင်ငွေထက် ထွက်ငွေက အမြဲပိုများနေပြီး အကြွေးနွံထဲ ရောက်ရှိနေသူများ ဖြစ်ပါတယ်။
ဒါက ဘဝမှာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေတစ်ခုဖြစ်ပါ။ ဒီအခြေမျိုးဆိုရင် နည်းလမ်း (၂) မျိုးနဲ့ ဖြေရှင်းရပါမယ်။ ပထမအဆင့်အနေနဲ့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်များကို ရဲရဲဝံ့ဝံ့ လျှော့ချခြင်း (Cost Optimization) နဲ့ ဒုတိယအဆင့်က မိမိရဲ့ စွမ်းရည်ကိုမြှင့်တင်ပြီး ဝင်ငွေလမ်းကြောင်းသစ်များ ထပ်မံတိုးချဲ့ခြင်း (Income Expansion) တို့ကို ပြုလုပ်ရပါမယ်။
၅။ သုံးမလောက်သမား
ဘယ်လောက်ပင် ဝင်ငွေရှိပါစေ အလိုဆန္ဒ (Wants) ကို မထိန်းချုပ်နိုင်ဘဲ ပိုမိုသုံးစွဲချင်နေတဲ့အဖွဲ့ဖြစ်ပါ။ Lifestyle Inflation (ဝင်ငွေတိုးလာသည်နဲ့အမျှ သုံးစွဲမှုပါ လိုက်တိုးလာခြင်း) ထောင်ချောက်ထဲ သက်ရောက်နေသူများပုံစံပါ။ မဖြစ်မနေ လိုအပ်ချက် (Needs) နဲ့ လိုချင်တက်မက်မှု (Wants) ကို ပြတ်ပြတ်သားသား ခွဲခြားတတ်ရန်နဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီး
သုံးစွဲတတ်တဲ့အလေ့အကျင့်ကို ထိန်းချုပ်ရန်
လိုအပ်ပါတယ်။
၆။ ရှာလည်းမရှာ၊ သုံးလည်းမသုံးသမား
ဘာမှကိုလှုပ်ရှားမှုမရှိဘဲ ဘဝကို အေးစက်စွာ ဖြတ်သန်းနေမယ်ဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါက စီးပွားရေးဆိုင်ရာအရ လုံးဝရပ်တန့်နေတဲ့ အခြေအနေမို့ ယုတ္တိလုံးဝမရှိပါဘူး။ ဘဝတန်ဖိုးဆိုတာ ဖန်တီးမှု (Creation)၊ ပံ့ပိုးမှု (Contribution) တို့ပေါ်မူတည်လို့ သေးငယ်တဲ့ ပန်းတိုင်လေးကစပြီး အကောင်အထည်ဖော် လှုပ်ရှားသင့်ပါတယ်။
အနှစ်ချုပ်ရရင် ငွေကြေးဆိုင်ရာ အလေ့အကျင့်က မိမိ အနာဂတ်ဘဝကို ပုံဖော်ပေးနေခြင်း ဖြစ်တယ်ဆိုတာ
မမေ့ဖို့လိုပါတယ်။ ဒါကြောင့် မိမိက ဘယ်အဖွဲ့ထဲမှာ ပါဝင်နေတယ်ဆိုတာကို ဆန်းစစ်ပြီး Strategic Investor Mindset နဲ့ စနစ်တကျ စီမံခန့်ခွဲခြင်းကသာ စိတ်အေးချမ်းမှုနဲ့ အာမခံချက်ရှိတဲ့ ဘဝကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့တော့ ဘယ်အဖွဲ့ပါလည်းမသိပေမဲ့ ကျွန်တော်ကတော့ နံပတ် ၃ (ရှာသုံးသမား)အဖွဲ့ကပါ😁🥰
U Aung -LGTI
#လူမှုစီးပွား ာအုပ်
19/08/2026
ကိုယ့်ရဲ့အရည်အသွေးကို စကားလုံးတွေနဲ့ ချပြနိုင်ဖို့
စကားပြောစွမ်းရည်သင်တန်း အမှတ်စဉ် - ၅၂ စတင်ရန် (၁) ရက်သာ လိုပါတော့တယ်.....
ကိုယ့်မှာ အရည်အသွေးတွေ အများကြီးရှိနေပေမဲ့
တစ်ဖက်လူ နားလည်အောင် မချပြနိုင်တဲ့အခါ ကိုယ်တိုင်လည်း ယုံကြည်မှုလျော့နည်းလာသလို အခွင့်အလမ်းတွေနဲ့လည်း ဝေးကွာနေတတ်ပါတယ်။
တကယ်တော့ စကားပြောတတ်တယ်ဆိုတာ ကိုယ့်ရဲ့ အရည်အသွေးတွေကို လူတွေမြင်အောင် ချိတ်ဆက်ပေးတဲ့ တံတားတစ်ခုပါပဲ။ ဒီအတတ်ပညာကို ပိုင်နိုင်ထားတဲ့အခါ ကိုယ်ပြောချင်တဲ့အချက်ကို တစ်ဖက်လူ နားလည်အောင် ပြောပြနိုင်ရုံတင်မကဘဲ ကိုယ့်အပေါ် ယုံကြည်မှုပါ တိုးလာစေမှာပဲ ဖြစ်ပါတယ်။
ဒီသင်တန်းပြီးသွားတဲ့အခါ ကိုယ်တိုင် ရရှိသွားမယ့် အကျိုးရလဒ်တွေကတော့ -
✅ လူအများရှေ့မှာ ကြောက်စိတ်ကင်းကင်းနဲ့ ယုံကြည်မှုရှိရှိ စကားပြောတတ်လာမယ်။
✅ ကိုယ်ပြောချင်တာတွေကို ရောထွေးမသွားစေဘဲ တိတိကျကျပြောဆိုနိုင်မယ်။
✅ စကားလုံးတွေတင်မကဘဲ အသံနေအသံထားနဲ့ အမူအရာကိုပါ စနစ်တကျ အသုံးချတတ်လာမယ်။
✅ ဘယ်လိုအခြေအနေမှာမဆို ကိုယ့်ရဲ့ အရည်အသွေးကို အသိအမှတ်ပြုလာအောင် အကောင်းဆုံး ချပြလာနိုင်မယ်။
ဒီသင်တန်းက စာသင်တာသက်သက်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြင်ဆင်ပြီး အခွင့်အရေးသစ်တွေကို ဆုပ်ကိုင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။
အတူတူလေ့ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
ကိုယ့်ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြောင်းလဲမှုတစ်ခုကို အတူတူ စတင်လိုက်ကြရအောင်။ 🤝
📅 သင်တန်းအကျဉ်းချုပ်
🔹သင်တန်းကာလ: ၁ လကြာမြင့်မည်
🔹 စတင်မည့်ရက်: ၂၁ ဩဂုတ်လ ၂၀၂၆
🔹 အချိန်: အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ
(ည ၇ - ၉ နာရီ)
🔹 သင်တန်းကြေး: ၄၉,၉၀၀ ကျပ် 💰
တတ်ရောက်လိုပါက Comment မှာ "PSCS" လို့ ရေးပြီး 👇
LGTI-Life Guide Training Institute
#စကားပြောစွမ်းရည် #လူမှုဆက်ဆံရေး
18/08/2026
By One Session ရယူလိုသူများ၊ စက်တင်ဘာ ဒုတိယပတ်ထဲ ၁ ဦးရပါမယ်⬇️
18/08/2026
စကားပြောစွမ်းရည်သင်တန်းစတင်ဖို့ ၂ ရက်သာလိုပါတော့တယ်
နောက်အပတ်စဉ်က ၂၀၂၇ ခုနှစ်မှာမှ ရှိပါတော့မယ်ခင်ဗျာ။