The Happy Land - Travel & Tour

The Happy Land - Travel & Tour

แชร์

Blogger/Student

10/08/2026

ခွေးချစ်သူလေးတွေအတွက် ဘန်ကောက်က ထူးခြားတဲ့ Café လေးတစ်ခု…

ဘန်ကောက်မှာ ကော်ဖီဆိုင်တွေ အများကြီးရှိပေမယ့် ဒီ Dog Country Cafe ဆိုတဲ့ ဆိုင်လေးကတော့ တကယ်ထူးခြားပါတယ်🧐

ဆိုင်ထဲကို တံခါဖွင့်ပြီး ဝင်လိုက်တာနဲ့ အာဝုလေးတွေက ဟိုပြေးဒီပြေးနဲ့ ချစ်စရာကြီးတွေချည်းပဲ😍

ကော်ဖီသောက်နေရင်းနဲ့ ဘေးနားမှာ အာဝုလေးတစ်ကောင်က လာထိုင်မယ်
ဟော နောက်တစ်ကောင်က လာချွဲနေမယ်
တစ်ခါတလေမှာ သူတို့ကတောင် ကိုယ့်ထက် ဓာတ်ပုံရိုက်ရာ ပိုကြိုက်နေတတ်ကြသေးတာနော်🤭

အမျိုးအစားပေါင်း ၃၀ ကျော်နဲ့ အကောင်ရေစုစုပေါင်းက ၃၀၀ နဲ့ ၄၀၀ ကြားတောင်ရှိတာမို့ အာဝုချစ်သူလေးတွေနဲ့ အာဝုလေးတွေအကြောင်း လေ့လာချင်သူလေ‌လာချင်သူတွေအတွက်လည်း စိတ်ကြိုက်ပဲပေါ့💯

ဝင်ကြေးကလည်း Package အလိုက် ဘတ် ၂၀၀ ကနေ ၃၀၀ ဝန်းကျင်လောက်ပဲရှိတာဖြစ်ပြီး အချိန်ကန့်သတ်ထားခြင်းလည်း မရှိပါဘူးရှင်🥰

လိပ်စာလေးကတော့👇
📌Address; Phutthamonthon Sai 2 Road, Sala Thammasop, Thawi Watthana, Bangkok, Thailand

ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 🥰
The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781








Photos from The Happy Land - Travel & Tour's post 08/08/2026

ကမ္ဘာ့အကြီးဆုံး လူလုပ်လှိုင်းရေကန် (Artificial Wave Pool) ကြီး အဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ Siam Amazing Park😱
ဘန်ကောက်မှာ ပင်လယ်ကမ်းခြေနားအထိ မသွားရဘဲ ပင်လယ်လှိုင်းတွေနဲ့ ဆော့ကစားချင်တယ်ဆိုရင်တော့ Siam Amazing Park ရှိနေပါပြီ🧐

လှိုင်းကြီးတွေ စီးဆင်းလာတဲ့အချိန် ရေထဲဆင်းပြီး ဆော့ကစားရတာက ပုံမှန်ရေကူးကန်တွေနဲ့ လုံးဝမတူဘဲ သဘာဝပင်လယ်ပြင် ရောက်နေသလိုမျိုး တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါနော်👀

ဒါတင်မကသေးဘဲ Water Park ဘက်မှာ အဝကဲပြီးတာနဲ့ Amusement Park ဘက်ကို ဆက်သွားပြီး ရင်တလှပ်လှပ်နဲ့ သည်းထိတ်ရင်ဖို စွန့်စားရမယ့် ရိုလာကိုစတာကြီးတွေကိုလည်း ဆက်စီးလို့ရတာကြောင့် တစ်နေကုန် စိတ်ကြိုက်ပျော်ရွှင်နိုင်မယ့် နေရာလေးပဲ ဖြစ်ပါတယ်ရှင်🥰

✔ ကစားချိန် အကန့်အသတ်မရှိ
✔ Lunch ဘူဖေး အဝစားလို့ရမယ့်အပြင်
✔ ကွင်းထဲမှာရှိတဲ့ ကစားနည်းမှန်သမျှ စိတ်ကြိုက်ကစားခွင့်ရဖို့
“The Happy Land” မှာ Ticket လေးတွေ ကြိုဝယ်သွားဖို့ မမေ့ပါနဲ့ဦးနော်💯

ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 🥰

The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781









Photos from The Happy Land - Travel & Tour's post 07/08/2026

ချစ်ရသူလေးနဲ့ သမုဒ္ဒရာကြီးထဲမှာ Romance ဆန်ဆန်လေး ဒိတ်ပြီး ကမ္ဘာကျော် Celebrity ‌တွေနဲ့ ဓာတ်ပုံရိုက်ချင်လား?

ဘန်ကောက်မြို့လယ်ကောင်မှာရှိတဲ့ Siam Paragon Shopping Mall ကြီးရဲ့ အောက်ထပ်မှာဆိုရင် ခန့်မှန်းခြေဧရိယာ 10,000 စတုန်းရန်မီတာလောက်ထိ ကျယ်ဝန်းတဲ့ Sea Life Ocean World ဆိုတဲ့ အဏ္ဏဝါရေအောက်ပြတိုက်ကြီး ရှိပါတယ်😱

အရှေ့တောင်အာရှမှာ အကြီးမားဆုံးဖြစ်ပြီး ပင်လယ်သတ္တဝါ မျိုးစိတ်ပေါင်း ၄၀၀ ကျော်နဲ့ ငါးမျိုးစိတ်ပေါင်း ၃၀,၀၀၀ ကျော်ကို ၂၇၀ ဒီဂရီ မှန်ဥမင်လိုဏ်ခေါင်းကြီးထဲကနေ တဝကြီး‌ အနီးကပ် လေ့လာနိုင်မှာဖြစ်လို့ သမုဒ္ဒရာရေအောက်ကြီးရဲ့ အလယ်ကို ကိုယ်တိုင်ရောက်သွားသလို ခံစားရမှာ သေချာပါတယ်နော်🥰

အထူးသဖြင့် Jellyfish Zone ကို ‌ရောက်တဲ့အခါ အမှောင်ထဲမှာ တလက်လက်တောက်ပနေတဲ့ ဂျယ်လီငါးလေးတွေက ဒီနေရာရဲ့ ဓာတ်ပုံရိုက်လို့အကောင်းဆုံး Photo spot တစ်ခု ဖြစ်ပြီး အရမ်းချစ်စရာကောင်းပြီး ဖော်ရွေလွန်းတဲ့ ပင်ဂွင်းလေးတွေကလည်း စိတ်ကြည်နူးစရာလေးတွေမို့ ဒီပိတ်ရက်မှာ ချစ်ရသူလေးနဲ့ Romance ဆန်ဆန်လေး ဒိတ်ဖို့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲနော်😍

Sea Life Ocean World မှာ လည်ပြီးတာနဲ့ ကမ္ဘာကျော် Celebrity တွေနဲ့အတူ ဓာတ်ပုံတွေတဝကြီးရိုက်နိုင်မယ့် Madame Tussauds ကိုလည်း ဝင်ကြည့်ဖို့ မမေ့ပါနဲ့‌ဦးနော်✔
Madame Tussauds မှာဆိုရင် ကမ္ဘာကျော် Celebrity တွေနဲ့ တစ်ထပ်တည်းနီးပါးအထိ တူအောင်ပြုလုပ်ထားတဲ့ ဖယောင်းရုပ်ထုတွေရှိတာကြောင့် Celebrity ကြီးတွေနဲ့ ပုံစံတူ Post လေးတွေပေးရင်း ဓာတ်ပုံရိုက်ရတာဟာလည်း ပျော်စရာ အမှတ်တရလေးတစ်ခုပါပဲရှင်🤭

ဒီတစ်ပတ် ပိတ်ရက်အတွက် Entrance Ticket လေးတွေကို The Happy Land မှာ ကြိုတင်ဝယ်ယူနိုင်ပါပြီ✅

ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 🥰

The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

Photos from The Happy Land - Travel & Tour's post 06/08/2026

ဖူးခက်ကို ရောက်ဖြစ်တဲ့အခါ ဒီနေရာလေးကိုတော့ အချိန်ပေးပြီး သွားကြည့်စေချင်ပါတယ်👇
ဖူးခက်မှာ တစ်နေ့လုံး ကဲပြီးတဲ့အခါ ညဘက်ကို ဟိုတယ်ထဲမှာပဲ ပြန်နားတော့မယ်ဆိုရင်.. မင်မင်က လုံးဝခွင့်မပြုဘူးနော် 👀

✔ Beach တွေလည်း လည်ပြီးပြီ
Island Tour တွေလည်း သွားပြီးသွားပြီဆိုရင်တော့…
ညဘက်မှာ အပြတ်ကဲလို့ရမယ့် Carnival Magic ဆိုတဲ့ Theme park လေးရှိပါသေးတယ်နော် 💯

ဒီနေရာလေးက ပုံမှန် Theme Park တစ်ခု ဆိုတာထက်ကို ပိုပါတယ်😱
ဘယ်နေရာကိုပဲကြည့်ကြည့် မီးရောင်စုံလေးတွေ၊ Photo spot လှလှလေးတွေနဲ့ ဒီနေရာရဲ့ အဓိက Highlight လို့ ပြောရမယ့် River Carnival Parade မှာ ဆိုရင်လည်း အရမ်းမိုက်တဲ့ Performance တွေနဲ့ ဖျော်ဖြေပွဲရှိတာကြောင့် အချိန်ဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်တော့ပါဘူး😬

💡 မင်မင်ကတော့ Phuket Trip စီစဉ်တဲ့အခါ Carnival Magic ကို ညဘက်အစီအစဉ်ထဲ ထည့်ထားလိုက်ဖို့ အကြံလေးပေးချင်ပါတယ်ရှင်🥰

ရည်းစားလေးနဲ့သာ ဒီလိုညမျိုးလေး ဖြတ်သန်းရမယ်ဆိုရင်တော့…👀

မင်မင်ကတော့ အတူသွားဖို့ ရည်းစားအရင်ရှာလိုက်ဦးမယ်ကွယ်😪

🎟️ Carnival Magic Entrance Ticket ကို The Happy Land မှာ ကြိုတင်ဝယ်ယူနိုင်ပါပြီ။
ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 🥰

The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781








05/08/2026

ဘန်ကောက်ကိုရောက်ပြီး ဒီ Cruise ကို မစီးဖူးသေးဘူးဆိုရင်တော့ နောင်တရမှာပါနော်😉

ဒီcruise ကတော့ မိန်းကလေး ကာကာတွေတွက်ပါနော်🤫

ဘန်ကောက်မှာ Cruise တွေအများကြီးရှိတဲ့ထဲက ပုံမှန် Cruise တွေနဲ့ မတူတဲ့ Experience တစ်ခု ကို ရချင်တယ်ဆိုရင် မင်မင်က ဒီ Cruise လေးကိုပဲ ညွှန်းပေးချင်ပါတယ်ရှင့်

👉ကျောက်ဖယားမြစ်ကြီးရဲ့ညအလှကို ဘူဖေးစားရင်းတဝကြီးခံစားရမယ့်အပြင်

နောက်ထပ်အံ့ဩဖွယ်ရာကတော့ လှေပေါ်မှာ ဗလတောင့်တောင့် ကိုကိုတွေရဲ့
အသည်ယားစရာ “Dance Performance” လေးတွေနဲ့ဆိုတော့ တွေးကြည့်ရုံနဲ့တင် မင်မင်တော့ ရင်ခုန်နေပါပြီနော်😜

ကဲကဲ သူများထက်ဦးအောင် သွားကြည့်ဖို့ မင်မင်တို့ Happy Land မှာ Riverside Cruise Ticket တွေကို ကြိုတင်ဝယ်ယူနိုင်ပါပြီ💯

ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်🥰
The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781








Photos from The Happy Land - Travel & Tour's post 04/08/2026

🐉🙏 Phrae မြို့က အံ့မခန်း နဂါးရုပ်တုကြီး ✨

ထိုင်းလိူမျိုးတွေရဲ့ကြားထဲမှာ လတ်တလော နာမည်ကြီးနေတဲ့ ထိုင်းနိုင်ငံ Phrae မြို့ရှိ Wat Sawan Niwet ဘုရားကျောင်းက လှပခန့်ညားတဲ့ နဂါးရုပ်တုကြီး💚

ထိုင်းယုံကြည်မှုအရ နဂါး (Naga) ဟာ ဗုဒ္ဓဘာသာကို စောင့်ရှောက်သူ၊ ကာကွယ်ပေးသူအဖြစ် သတ်မှတ်ထားကြပြီး ကံကောင်းခြင်း၊ စည်းစိမ်ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းတို့ရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်ရှင့်🙏✨

နဂါးရုပ်တုရဲ့ အသေးစိတ် လက်ရာတွေက အလွန်သေသပ်လှပပြီး ဘုရားကျောင်းရဲ့ ခမ်းနားမှုကို ပိုမိုပေါ်လွင်စေတာကြောင့် ထိုင်းလူမျိုးတွေ ရဲ့ ကြားထဲမှာ နာမည်ကြီးနေတာဖြစ်ပါတယ်ရှင့်

ဖူးမြော်ရင်း ကုသိုလ်ယူနိုင်သလို အမှတ်တရဓာတ်ပုံလှလှလေးတွေလည်း ရိုက်ကူးနိုင်ပါတယ်ရှင့်📸🐉

Phrae မြို့ကို အလည်အပတ်သွားမယ်ဆိုရင် ဒီအံ့မခန်း နဂါးရုပ်တုကြီးကို သွားရောက်ဖူးမြော်ဖို့ မမေ့ပါနဲ့နော်💛

📍 Wat Sawan Niwet

https://maps.app.goo.gl/afjdX2zSL3tSQWU18?g_st=ic

ထိုင်းနိုင်ငံ မြို့အနှံ့ အလည်သွားဖို့ ကားငှား၀န်ဆောင်မှုရယူလိုပါက Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်❗

The Happy Land တွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများ
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

👉 ဆက်သွယ်ရန် -
☎️ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

Photos from The Happy Land - Travel & Tour's post 04/08/2026

Shopping ပြီးရင် ဘယ်သွားရမလဲ?🤔
၁ နာ‌ရီလောက်ပဲ အချိန်ပေးရုံနဲ့ Bangkok Night ကို ပိုပြီးအမှတ်တရဖြစ်စေမယ့် Show တစ်ခု ရှိပါတယ်။

ဘန်ကောက်မှာ Rooftop bar တွေ၊ ညစျေးတွေပဲ ပတ်သွားရတာ ပျင်းနေပြီဆိုရင်…
အခုတစ်ခေါက် မဖြစ်မနေ သွားကြည်သင့်တာကတော့ Golden Dome Cabaret Show ပါပဲ။
💯

1997 ခုနှစ်ကတည်းက ဖျော်ဖြေလာခဲ့တဲ့ ဒီ Show ဟာ အလှပဆုံး Costume တွေ၊ မီးရောစုံတွေ၊ International Music နဲ့ Professional Dance Performance တွေကို ၁ နာရီအတွင်း အပြည့်အဝ ခံစားနိုင်တဲ့ Bangkok ရဲ့ လူကြိုက်များတဲ့ Cabaret Show တွေထဲက တစ်ခုဖြစ်ပါတယ်။

Show က Family-friendly ဖြစ်တာကြောင့် Friends၊ Couples နဲ့ Family Trip အတွက်လည်း သင့်တော်ပါတယ်။ Show ပြီးသွားတဲ့အခါ Performer တွေနဲ့လည်း အမှတ်တရဓာတ်ပုံရိုက်လို့ရပါတယ်နော် 📸

💡Central Rama 9, Jodd Fairs Night Market ဒါမှမဟုတ် Huai Khwang Area ကို လည်ပတ်ပြီးတဲ့နောက် Golden Dome Cabaret Show ကို တစ်ဆက်တည်းဝင်ကြည့်ဖို့ List ထဲ ထည့်ထားလိုက်ပါဦး✅

📍 Location: Ratchadaphisek Road, Huai Khwang, Bangkok
🕔 Show Time: 5:00 PM • 6:30 PM • 8:00 PM
⏱️ Duration: Around 60 to 75 minutes.

Golden Dome Cabaret Show Entrance Ticket ကို The Happy Land မှ အလွယ်တကူ ကြိုတင်ဝယ်ယူနိုင်ပါပြီ။

နာမည်ကြီးတဲ့ Tourist Attraction နေရာတွေရဲ့ Entrance ticket တွေကစလို့ ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 🥰

The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781








Photos from The Happy Land - Travel & Tour's post 03/08/2026

⚽ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ "မှန်းတိုင်းလွဲ" တယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Moo Deng ဆိုတဲ့ ရေမြင်းလေးကို အပြင်မှာ မြင်ဖူးကြပြီလား?

2024 ခုနှစ်ကစပြီး ချစ်စရာအမူအရာလေးတွေကြောင့် Social Media တစ်ခုလုံးမှာ Viral ဖြစ်ခဲ့တဲ့ Moo Deng ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ Khao Kheow Open Zoo မှာ နေထိုင်တဲ့ Pygmy Hippopotamus လေးဖြစ်ပါတယ်🩷

2026 FIFA World Cup Final မတိုင်ခင် Argentina ကို ရွေးချယ်ခဲ့ပေမယ့် နောက်ဆုံးမှာ Spain က ဗိုလ်စွဲခဲ့တာကြောင့် "မှန်းတိုင်းလွဲတဲ့ ရေမြင်းလေး" ဆိုပြီး အင်တာနက်ပေါ်မှာ ထပ်ပြီတော့ နာမည်ကြီးသွားခဲ့တာပါ😂

ဒါပေမယ့် သူ့ရဲ့ ချစ်စရာအမူအရာတွေနဲ့ ဆော့ကစားနေတဲ့ပုံစံလေးတွေကြောင့် ကမ္ဘာတစ်ဝှမ်းက Tourist တွေဟာ Khao Kheow Open Zoo ကို သွားရောက်ပြီး Moo Deng ကို အပြင်မှာ တွေ့မြင်ဖို့ အထူးလာရောက်လည်ပတ်ကြပါတယ်။

Khao Kheow Open Zoo ဟာ Thailand ရဲ့ အကြီးဆုံး Open Zoo တွေထဲက တစ်ခု ဖြစ်ပြီး တိရစ္ဆာန်အမျိုးပေါင်း ၃၀၀ ကျော်၊ အကောင်ရေ ၈,၀၀၀ ကျော် ကို သဘာဝပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံးပုံစံအတိုင်း ကြည့်ရှုနိုင်တာက ဒီ Zoo ရဲ့ ထူးခြားချက်လို့ ပြောလို့ရပါတယ်။

💡Bangkok ကနေ ကားနဲ့ ၁ နာရီခွဲဝန်းကျင်လောက်သာ သွားရတဲ့ Khao Kheow Open Zoo ကို လည်ပတ်ပြီးတာနဲ့ နောက်ထပ် နာရီဝက်လောက် ဆက်သွားလိုက်မယ်ဆိုရင် Bang Saen ကမ်းခြေကိုလည်း ရောက်နိုင်တာဖြစ်လို့ တစ်ရက်တည်းမှာ Adventure နဲ့ Relaxation နှစ်မျိုးလုံးခံစားနိုင်မယ့် Day Trip လေးတစ်ခု စီစဉ်လို့လည်း ရပါတယ်နော် 💯

📍 Location: Khao Kheow Open Zoo, Chonburi Province, Thailand

Khao Kheow Open Zoo ကို သွားရောက်လေ့လာဖို့ Entrance Ticket နဲ့ ထိုင်းနိုင်ငံမှာ မြို့အနှံ့လည်ပတ်ဖို့ ကားအငှားဝန်ဆောင်မှုလိုအပ်ပါက Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင် 🥰

The Happy Land တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ👇
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

ဆက်သွယ်ရန် -
☎ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781








Photos from The Happy Land - Travel & Tour's post 02/08/2026

🐠 ဝင်ကြေး ၈၀ ဘတ်ပဲပေးရတဲ့ Bangsaen က ရေအောက်ကမ္ဘာလေးကို ရောက်ဖူးကြပြီးပြီလားရှင့် 🇹🇭🪼

ဒီနေရာလေးကတော့ ဘန်ကောက်ကနေ ကားနဲ့ ၁ နာရီခွဲလောက်ပဲ သွားရတဲ့ ချွန်ဘူရီ (Chonburi) ဘန်ဆန်ဘက်မှာရှိတဲ့ Bangsaen Aquarium လေးပါ ✨

Aquarium ထဲဝင်လိုက်တာနဲ့ ရောင်စုံ Jellyfish လေးတွေကြားမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရသလို 🪼📸 အမျိုးအစားစုံလင်တဲ့ ပင်လယ်ငါးလေးတွေကိုလည်း အနီးကပ်ကြည့်ရှုလေ့လာနိုင်ပါတယ် 🐟💙

ဒါ့အပြင် ပင်လယ်သတ္တဝါတွေအကြောင်း လေ့လာနိုင်တဲ့ Educational Zone တွေလည်းရှိတာကြောင့် ကလေးတွေအတွက် ပျော်စရာတင်မကဘဲ ဗဟုသုတရစေတဲ့နေရာလေးတစ်ခုပါရှင့် 🌊✨

ကဲ မေမေတို့ ဖေဖေတို့ရေ…
ကျောင်းပိတ်ရက်မှာ ကလေးတွေကို ဘယ်နေရာသွားပို့ရမလဲ စဉ်းစားနေတယ်ဆိုရင် ဒီနေရာလေးကို save ထားလိုက်ပါနော် 💕

ကလေးတွေအတွက်တင်မကဘဲ ကိုယ်ချစ်ရတဲ့သူနဲ့ aquarium date လေးလုပ်ချင်တဲ့သူတွေအတွက်လည်း အရမ်းလှတဲ့နေရာလေးတစ်ခုပါ 🪼💙

📍Bangsaen Aquarium, Chonburi 🇹🇭
🎟️ ဝင်ကြေး — ၈၀ ဘတ်

ထိုင်းနိုင်ငံ မြို့အနှံ့ အလည်သွားဖို့ ကားငှား၀န်ဆောင်မှုရယူလိုပါက Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်❗

The Happy Land တွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများ
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

👉 ဆက်သွယ်ရန် -
☎️ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

Photos from The Happy Land - Travel & Tour's post 02/08/2026

🐆🦒 ကဲ ကျားသစ်တွေ ၊ သစ်ကုလားအုပ်တွေနဲ့ အနီးကပ်နေပြီး ဒီလိုအမိုက်စားဓာတ်ပုံတွေ ဖန်တီးချင်ရင်တော့ ကန်ချန်နာပူရီကိုသာသွားပါနော် 🔥📸

ထိုင်းနိုင်ငံ Kanchanaburi Safari Park မှာတော့ သာမန် Safari ကြည့်ရုံမဟုတ်ဘဲ တိရစ္ဆာန်လေးတွေနဲ့ အနီးကပ်တွေ့ဆုံပြီး မမေ့နိုင်တဲ့ experience တွေ ရနိုင်ပါတယ်နော်✨

🐆 ကျားသစ်လေးတွေနဲ့ အနီးကပ်တွေ့ဆုံနိုင်မယ်
🦒 သစ်ကုလားအုပ်ကြီးတွေနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်မယ်
📸 ဒါအပြင်Social media မှာတင်လိုက်တာနဲ့ attention ရမယ့် content အမိုက်စားမျိုး ဖန်တီးလို့ရနိုင်ပါတယ်နော်🔥

ဘန်ကောက်ကနေ အသွားအပြန် ၆ နာရီလောက်ပဲဖြစ်လို့ ပိတ်ရက် ခရီးထွက်ဖို့ ဒီနေရာလေးက အသင့်တော်ဆုံးပါပဲရှင့်

အနီးနားမှာလဲ တခြားလည်စရာတွေလဲရှိပါသေးတယ်ရှင့်

သားသားမီးမီးလေးတွေအတွက်လည်း တိရစ္ဆာန်တွေကို စာအုပ်ထဲမှာပဲ လေ့လာရတာမဟုတ်ဘဲ ကိုယ်တိုင်တွေ့မြင်၊ ထိတွေ့ပြီး ပျော်ရွှင်စွာ သင်ယူနိုင်မယ့် learning experience ကောင်းတစ်ခု ရရှိစေချင်ရင် ဒီနေရာလေးကို မိဘတွေက ကျောင်းပိတ်ရက်တွေမှာ လိုက်ပို့ပေးလို့ရပါတယ်နော် ✨

📸 ပြီးတော့ Family trip အတွက်လည်း အရမ်းသင့်တော်ပြီးမိသားစုနဲ့အတူ ပျော်စရာအမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရပါသေးတယ်ရှင့်

📍 Kanchanaburi Safari Park 🇹🇭

https://maps.app.goo.gl/JFc5rMJfAxaTkfmv9?g_st=ic

ဖွင့်ချိန် ⏰ 9:00 - 5:00 pm

ပိတ်ရက်ဆို လူများတက်တာမို့ မသွားခင် လက်မှတ်ကြိုဝယ်ဖို့မင်မင်တို့က recommend ပါတယ်ရှင့်

မင်မင်တို့ဆီမှာလဲလက်မှတ်ဝယ်လို့ရပါတယ်ရှင့်

ထိုင်းနိုင်ငံ မြို့အနှံ့ အလည်သွားဖို့ ကားငှား၀န်ဆောင်မှုရယူလိုပါက Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်❗

The Happy Land တွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများ
✅ Attraction Entrance Tickets
✅ Hotel & Flight Booking Services
✅ Car Rental Service
✅ Visa Services

👉 ဆက်သွယ်ရန် -
☎️ Phone - (+66) 6-1351-9781
💬 Viber - +66 61-351-9781

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Soi Pracha Uthit Soi 17 Huai Khwang
Bangkok
10250