The Amy

The Amy

แชร์

"Style Meets Soul"
✨ The Amy | Style Educator & Fashion Architect

12/05/2026

စကတ်နဲ့ ဖိနပ်... ဘယ်လိုတွဲဝတ်မလဲ? 💡👠

စကတ်အမျိုးမျိုးနဲ့ အလိုက်ဖက်ဆုံး ဖိနပ်အတွဲအစပ်တွေကို သိဖို့ Video ကို အဆုံးထိကြည့်လိုက်ပါ!
✅ Mini Skirt = Flats/Sneakers
✅ Midi Skirt = Loafers/Slingbacks
✅ Maxi Skirt = Chucky Sandals/Platform Shoes
Save ထားဖို့လည်း မမေ့နဲ့ဦးနော်! ✨

11/05/2026

ဒေါက်မြင့်ဖိနပ် စီးရင် ဘာလို့ ခြေထောက် နာတတ်သလဲ? 🤔

ပွဲတက်တွေအတွက် ဒေါက်ဖိနပ် အမြင့်ကြီးတွေ ဝယ်တဲ့အခါ လမ်းလျှောက်ရတာ မငြိမ်ဘူး ဖြစ်နေရင် ဒီ Video လေးကို အဆုံးထိ ကြည့်လိုက်ပါ။ ဒေါက်ရွေးနည်း အမှန်ကို သိသွားရင် ဒီ Video လေးကို ကျေးဇူးတင်နေပါလိမ့်မယ်။💃✨

Amy ရဲ့ VIP Client အစ်မ အတွက် Personal Shopping လုပ်ပေးရင်း သူ့ကို ဒေါက်ဖိနပ် ရွေးနည်းပြောပြရင်း အားလုံးကို Share ချင်လို့ Video လေး လုပ်ဖြစ်တာပါ။ တကယ်လို့ကိုယ်က ပွဲတစ်ခုအတွက် ဒေါက်ချွန်ဖိနပ် အမြင့်ကြီးတွေ ရွေးရတော့မယ်ဆိုရင် ဒီ Tip လေးက အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။

Amy ရဲ့ Video လေးကို စောင့်မျှော်နေကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အများကြီး အများကြီး ကျေးဇူးတင်ပါတယ်။🥰🥰

01/05/2026

မအိပ်ခင်ကိုယ့်ကိုယ်ကိုယ် မျက်လုံးလေးမှိတ်ပြီး ဒီစာလေးရေးလိုက်ပါ။
"Dear Me, 📝
You’ve done so well! ဒီနေ့အထိ
ကြိုးစားလာခဲ့သမျှအတွက် ကျေးဇူးပါပဲ။
ခက်ခဲတဲ့အချိန်တွေမှာ တောင့်ခံနိုင်ခဲ့တဲ့
ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တာပဲ။ 💖
ပင်ပန်းတာတွေက ခဏပါပဲ...
ကိုယ့်အိပ်မက်တွေကို ယုံယုံကြည်ကြည်နဲ့ပဲ
ရှေ့ဆက်ကြမယ်။
တခြားသူတွေနဲ့ နှိုင်းယှဉ်စရာမလိုဘဲ
ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားနဲ့ကိုယ်
ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားမယ်လေ။ ☁️🌈
ပိုပြီး တောက်ပတဲ့ နေ့ရက်တွေ စောင့်ကြိုနေမှာပါ။
Love you always, Me!"

❤️

01/05/2026

Busy ✨👠

30/04/2026

Quality Night Times 😴✨

30/04/2026

Everyday Makeup Routine! ✨ 🌸 🎀 ✨ 💖 ☁️ 🍭 💄 🧚‍♀️ အမှန်တိုင်းပြောရရင် makup routine vlog က မရိုက်တတ်သေးပါဘူး ... 😁😁 ဒီတိုင်း ပြင်တာလေးကို Record လုပ်ထားတဲ့ သဘောပါပဲ​... ဒီရက်ပိုင်းက အပြင်တွေချည်းသွားနေရတော့ Video မတင်နိုင်ဖြစ်နေတာ ရှိတာလေးတွေ Editing လုပ်ပြီး တင်နေရတာပါရှင် 🥹... မကြာခင်မှာ ပြန်တွေ့မယ်နော်။ 😍

29/04/2026

Style Tip by Amy: 'Dare to be bold.' 👠

လူတော်တော်များများက အရောင်ရဲရဲ (Bold Colors) တွေကို ဝတ်ဖို့ ကြောက်ကြတတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Wardrobe ထဲမှာ Strategy မှန်မှန်နဲ့ ပေါင်းစပ်တတ်ရင် အရောင်ရဲရဲတွေက ကိုယ့်ရဲ့ Glow-up ကို အများကြီး အထောက်အကူပြုပါတယ်။

ဒီနေ့ Outfit မှာဆိုရင် အနီရောင် Skirt ကို အဖြူရောင် Bling Bling လေးနဲ့ ဝတ်လိုက်တော့ bold ဖြစ်ပြီး Refreshing ဖြစ်တဲ့ Look တစ်ခုကို ဖန်တီးထားပါတယ်။ တစ်ခါတလေ Bold ဖြစ်အောင် တစ်လှမ်းတိုးဖို့ တိုက်တွန်းချင်ပါတယ်။

ဒီနေ့ Look ကို 1 to 10 ဘယ်လောက် ပေးမလဲ? အောက်မှာ ပြောပြခဲ့ပေးဦးနော်! 😜

27/04/2026

patterns, colors, and pure fun into my own wearable art ✨🎀🌸☘️🖤

26/04/2026

Fashion Stylist ဖြစ်ချင်သူများအတွက် သိထားသင့်တဲ့ Fashion Stylist (၅) မျိုးအကြောင်း 🧥✨ 👗✨

Amy ကို Fashion Stylist ဖြစ်ချင်တယ် ... ဘယ်က စ ရမလဲ? ဘယ်လို လေ့လာရမလဲ? ဆိုပြီး Chat Box တွေ မှာ မေးကြတယ်။ အဲဒါကြောင့် ဒီနေ့ Fashion Stylist ဘယ်နှစ်မျိုး ရှိလဲဆိုတာရယ် ... ကိုယ်စိတ်ဝင်စားပြီး အားသာတဲ့ ဖက်ကို ရွေးနိုင်အောင်လို့ ပြောပြထားပါတယ်။

Fashion Stylist လို့ပြောလိုက်တိုင်း အဝတ်အစား ရွေးပေးရုံပဲလို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့ လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီအလိုက် တာဝန်တွေ၊ စိန်ခေါ်မှုတွေ လုံးဝကွာခြားပါတယ်နော်။

1. Editorial Stylist: ဒီနယ်ပယ်က "Storytelling" ကို အသက်သွင်းရတာပါ။ Magazine တစ်စောင်အတွက် ဒါမှမဟုတ် ဓာတ်ပုံရိုက်ကူးမှုတစ်ခုအတွက် Concept တစ်ခုတည်းကနေ ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် ဖန်တီးရပါတယ်။ ဓာတ်ပုံဆရာ၊ Model၊ Makeup Artist တွေနဲ့ ညှိနှိုင်းပြီး အနုပညာဆန်ဆန် ဖန်တီးမှုတွေကို အဓိကထားရပါတယ်။

2. Personal Stylist / Image Consultant: ဒါက "Psychology" နဲ့ အများကြီး သက်ဆိုင်ပါတယ်။ Client တစ်ဦးရဲ့ ကိုယ်ခန္ဓာပုံစံ (Body Shape)၊ အရောင်အသွေး (Seasonal Color) ကို ခွဲခြမ်းစိတ်ဖြာရုံတင်မကဘဲ သူတို့ရဲ့ စိတ်နေသဘောထားနဲ့ လူမှုဘဝမှာ ပိုယုံကြည်မှုရှိလာအောင် စတိုင်လ်တွေကို တည်ဆောက်ပေးရတဲ့သူတွေပါ။

3. Celebrity Stylist: Red Carpet နဲ့ ပွဲတက်တွေမှာ အနုပညာရှင်တွေကို အကောင်းဆုံးပုံစံနဲ့ မြင်တွေ့ရအောင် ဖန်တီးပေးရပါတယ်။ ဒီနေရာမှာ "Risk Management" က အရမ်းအရေးကြီးတယ်။ အဝတ်အစား ပျက်စီးတာမျိုး၊ ပွဲနဲ့ မလိုက်ဖက်တာမျိုး မဖြစ်အောင် PR တွေ၊ Brand တွေနဲ့ အမြဲ ချိတ်ဆက်ထားရပါတယ်။

4. Wardrobe Stylist: ရုပ်ရှင်နဲ့ Music Video တွေအတွက် ဇာတ်ကောင်ရဲ့ အတိတ်၊ ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုတွေကို အဝတ်အစားကနေတစ်ဆင့် ပြောပြရတာပါ။ ဇာတ်လမ်းရဲ့ ခေတ်ကာလ (Period Styling) ကို တိကျမှန်ကန်အောင် လုပ်ဆောင်ရတဲ့ အနုပညာမျိုးပါ။

5. Brand / Commercial Stylist: Brand တွေရဲ့ ကြော်ငြာရိုက်ကူးမှုမှာ ကုန်ပစ္စည်းကို ပိုရောင်းရအောင် (Sales Conversion) စတိုင်လ်ဖန်တီးပေးရတာပါ။ Marketing Strategy ကို နားလည်ပြီး Consumer တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

Fashion လောကမှာတော့ ဒီ (၅) မျိုးလုံးကို Hybrid ပုံစံနဲ့ ကျွမ်းကျင်အောင် လုပ်ဆောင်ကြတာ များပါတယ်။ ကိုယ်က ဘယ်အပိုင်းမှာ ပိုပြီး စိတ်ဝင်စားလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

နောက်ထပ် သိချင်တဲ့ အကြောင်းအရာလေးတွေကို Comment မှာ ရေးပေးထားခဲ့လို့ ရပါတယ်နော်။ Fashion Stylist ကို စိတ်ဝင်စားတဲ့သူလေးတွေရှိလား?

25/04/2026

ဆံပင်အရောင်ဆိုးများရင် သတိထားပါနော်။ 🥹🥹🥹 💆‍♀️

Amy ရဲ့ ဆံပင်တွေ အရောင်ဆိုးများပြီး ဘယ်လိုဖြစ်သွားလဲ ဒီ Video လေးထဲမှာ ပြောပြထားပါတယ်။

24/04/2026

AI နဲ့ Color Test လေးတွေ ခေတ်စားနေတယ်... တကယ်ကော ယုံရမလား? ✨🌈

AI နဲ့ Color Test လုပ်တာလေးတွေ ခေတ်စားနေတော့ စမ်းကြည့်ချင်တာ သဘာဝပါပဲ! Amy လည်း Fun ဖြစ်လို့ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ... အဖြေမှန်ကို ရှာချင်ရင်တော့ အဝတ်စလေးတွေတင်ပြီး Draping လုပ်ကြည့်တာက အကောင်းဆုံး ရွေးချယ်မှုပါပဲရှင်။

AI က အစပျိုးပေးဖို့တော့ ကောင်းပါတယ်။ ကိုယ့်ရဲ့ Undertone, Contrast Level, Bright/Muted စတာတွေကို ကိုယ်တိုင်သေချာသိပြီး ပြင်ဆင်ပြီးမေးရင်တော့ အဖြေက အတော်လေး မှန်နိုင်ပါတယ်။ ဒါပေမဲ့... AI ရဲ့ ရလဒ်ကို ၁၀၀% မယုံလိုက်ပါနဲ့ဦး၊ ဒီအချက်လေးတွေကို သတိထားကြည့်ရအောင်နော်! 👇

✨ ဘာကြောင့် AI ကို ၁၀၀% မယုံသင့်တာလဲ?

• အလင်းရောင်က အဓိကပဲ (Lighting Variable): AI ရဲ့ အချစ်တော်က အလင်းရောင်ပါပဲ! အခန်းထဲက မီးရောင်လေး နည်းနည်းလေးပြောင်းသွားတာနဲ့၊ နံရံက အရောင်လေး ပြန်ဟပ်လာတာနဲ့တင် AI ပေးတဲ့ အဖြေက လုံးဝ ပြောင်းသွားတတ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Undertone အထိ AI က မမြင်နိုင်ပါဘူး။ Overtone ကိုသာ သူက မြင်တာပါ။ အဲကြောင့် ထွက်လာတဲ့အဖြေကလည်း ကွဲသွားနိုင်ပါတယ်။

• ကင်မရာလေးရဲ့ စိတ်ကောက်မှု (Camera Calibration): ဖုန်းကင်မရာတစ်လုံးနဲ့ တစ်လုံး White Balance ချိန်ထားပုံက မတူကြပါဘူး။ AI ကလည်း ကိုယ့် Camera က Sensor ဖတ်တဲ့အတိုင်းပဲ တွက်တာဆိုတော့ အပြည့်အဝမှန်နိုင်ဖို့ခက်ပါတယ်။

• လူတွေရဲ့ Vibe (Human Nuance): Color Analyst (Professional) တွေက Undertone တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ မျက်ဝန်းအရောင်၊ ဆံပင်အရောင်၊ အရေပြား Texture နဲ့ လူတစ်ယောက်ချင်းစီရဲ့ "Vibe" ကိုပါ ထည့်တွက်ပေးတာပါ။ AI ကတော့ Formula အတိုင်းပဲ သွားတာဆိုတော့ Contrast တွေကို နားလည်ဖို့ နည်းနည်း ခက်ခဲနေဦးမှာပါ။

ဒီ Trend လေးကို အစ်ကိုတစ်ယောက်က Set လုပ်လိုက်တာ ပျော်ဖို့ကောင်းသလို စမ်းကြည့်ရတာလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အားလုံးလည်း ပျော်ပျော်ရွှင်ရွှင်ပါဝင်ကြတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ကိုယ့်ရဲ့ "Unique" ဖြစ်တဲ့ ကိုယ်ပိုင်အလှကိုတော့ AI ထက် ကိုယ်တိုင် အရင်ဆုံး ခံစားကြည့်ဖို့ မမေ့နဲ့ဦးနော်။ ✨💖

မနေ့က Post လေးကို Share ခဲ့သလို ဒီနေ့ Post လေးကိုလည်း အားလုံးနဲ့အတူတူ မျှဝေပေးဖို့ Request လုပ်ပါတယ်ရှင်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


37 Lasalle 19 Alley, Bang Na Tai, Bang Na
Bangkok
10260