03/12/2025
International School က ကလေးတွေ English တော်တာလည်းမပြောနဲ့ Advanced Level မှာ
သင်တဲ့ Nuances တွေကို Grade - 1 / Year - 1 မှာ
ကတတည်းက Shades of meaning ဆိုပြီး
အခြေခံလေးတွေစသင်နေရပြီ။ တစ်ဆင့်ချင်း
တစ်တန်းချင်း မြင့်သွားတဲ့ သင်ရိုး။
ဒါမျိုး မြန်မာကျောင်းမှာမရှိဘူးထင်တယ်။
(Native တွေတော့ထည့်မပြောနဲ့လေနော်။ မြန်မာပြည်တွင်းရဲ့ ကလေးတွေရဲ့ English skill ကိုပဲ
ဘာလို့ကွဲပြားလဲယှဉ်ပြပေးတာ။ အထူးသဖြင့်
Brainworks ကစာတွေက အခြား IS ကျောင်းတွေထက် တစ်ဆင့်/တစ်တန်းမြင့်တယ် စားများတယ်
ပိုခက်တယ်၊ ပိုကောင်းတယ်။)
CEFR B1, B2 သင်တန်းတွေဖွင့်နေတဲ့ သင်တန်းကျောင်းတွေတောင် သိပ်မသင်ကြဘူးထင်တယ်။
CEFR C1 (Advanced level) မှာတော့ Nuances တွေကို သိကိုသိရမှာ။ သင်ကိုသင်ရတယ်။
Shades of meaning ဆိုတာက အဓိပ္ပာယ်
ခပ်ဆင်ဆင်စကားလုံးသို့မဟုတ် စကားစုတွေရဲ့
ပြောင်းလဲမှုဒီဂရီပဲ။ ဥပမာ - Big, Large, Huge, Enormous, Gigantic ဆိုတာ ကြီးမားတာကိုပဲ
ပြောချင်တာ ဒါပေမဲ့ ဘယ်လိုကြီးတယ်ဆိုတဲ့ ဒီဂရီပေါ်မူတည်ပြီး အဓိပ္ပာယ် ဆိုလိုရင်းပြောင်းလဲတယ်။ မြန်မာစကားမှာလည်းရှိတယ် ကြီးတဲ့အရာကိုပဲ "ကြီးလိုက်တာ၊ အကြီးကြီးပဲ၊ အရမ်းကြီးလိုက်တာ၊ ဧရာမကြီးပဲ၊ နည်းနည်းနောနောကြီးမဟုတ်ဘူး"
ဆိုပြီး ကိုယ်ပြောချင်တဲ့ ဒီဂရီကိုရွေးချယ်ပြောပြီး အဓိပ္ပာယ် ဆိုလိုချက် အတိမ်အနက်ကွဲပြားတယ်။
ပြီးတော့ တော်လိုက်တာ၊ ထက်မြတ်လိုက်တာ၊ ဉာဏ်ကောင်းလိုက်တာ၊ ထူးချွန်လိုက်တာ၊
လျှမ်းလျှမ်းတောက်နေတာပဲ ဆိုတဲ့ စကားလုံးကလည်း Shades of meaning ပါပဲ။ အင်္ဂလိပ်မှာလည်းထို့အတူပဲ Clever, Smart, Bright, Intelligent, Gifted .... ဆိုပြီး တော်တာ ထက်တာကို ဆိုလိုရင်းခပ်ဆင်ဆင်ဖြစ်ပြီး အဓိပ္ပာယ်ကွဲတယ်။
အောက်ပုံပါစာမှာ Soaked နဲ့ Damp ကရေစိုတာကိုပဲပြောချင်တာ။ ဒါပေမဲ့ Soaked ဆိုတာက ရွှဲရွှဲစိုနေတာကိုဆိုလိုပြီး Damp ဆိုတာက ရေသောက်ရင်း ဖိတ်စိုသွားတဲ့သဘောကိုဆိုလိုချင်တာ။
Pour နဲ့ Spill ကလည်း မှောက်ကျ/ချတယ်/လောင်းထည့်တယ်ဆိုတာကို ပြောချင်တာပဲ။ သို့သော်
Pour ဆိုတာက တစ်ခုခုထဲကို ထည့်ဖို့ လောင်းချတာကိုပြောချင်တာ။ Spill ဆိုတာကတော့ ဖိတ်စင်တာ မှောက်ကျတဲ့သဘောကို ပြောချင်တာ။
Don't spill the milk. နွားနို့တွေဖိတ်မကျစေနဲ့။
Can you pour some water? ရေနည်းနည်းထည့်
ပေးလို့ရမလား။
တကယ်တော့ သင်ရိုးဟောင်းဆိုရင် ဆရာတို့
ငယ်ငယ် စတုတ္ထတန်း လှုမှုရေးမှာကတည်းက
မြန်မာဝေါဟာရရဲ့ Nuances တွေက သင်ကြားပေးနေပြီးသားပါ။ English ဘာသာရပ်မှာသာ
ထည့်မသင်ပေးတာ။ အမှန်တရားပြောရရင်
သင်ပြသူရဲ့ အရည်းအချင်းမမှီတာလည်းပါတာပေါ့။ Grammar တောင် အလွတ်ကျက်စနစ်လေ 😁
ဆရာ ဘာကိုသတိရသလဲဆိုတော့ ......
"ရွပ်ရွပ်ချွန်ချွန် တော်လှန်သည်" ဆိုတဲ့ စကားလုံးပါ။
မြန်မာစာဝေါဟာရမှာပဲ တော်လှန်ပုံ တော်လှန်နည်းကို ဒီဂရီမြင့်မားစွာ တော်လှန်ကြောင်းသင်ပေးခဲ့တဲ့
ဝေါဟာရလို့ ထင်မြင်မိတယ်။ စာပေတတ်မြောက်မှု၊ စာပေဖတ်ရှုမှု၊ စာပေအသုံးချနိုင်စွမ်းအားပေါ်မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုပုံ၊ ဝေါဟာရကြွယ်ဝပုံ၊ ဝေါဟာရ
သုံးနှုန်းတတ်မှု၊ ဝါကျဖွဲ့စည်းတည်ဆောက်နိုင်ပုံ၊
ပြောင်မြောက်စွာရေးသားပြောဆိုနိုင်စွမ်း၊
စကားအသွားအလာ ဟန်ညီညီနဲ့ ထိရောက်မှုအတိမ်အနက်တွေကွဲပြားသွားတာဟာ ပညာရေးနဲ့ဆိုင်ပါတယ်။ လှတောသားတွေကတော့ စကားရှယ်ကြွယ်ပါတယ်။ ဗဟုသုတကြွယ်ဝတာနဲ့မတူဘူး။
Native speaker ဖြစ်တိုင်း ထိထိမိမိ ပြောင်ပြောင်မြောက်မြောက် ဖွဲ့နွဲ့ပြီးမသီကုံးတတ်သလို
စကားပြောတတ်တယ်လို့မဆိုလိုနိုင်ပါဘူး။
Language တစ်ခုကို apply လုပ်တတ်တာနဲ့
ကြွယ်ဝပိုင်နိုင်ပြောင်မြောက်စွာပြောဆိုနိုင်တာနဲ့
မတူပါဘူး။ မွေးလာကတည်းက English စကားပြောတဲ့ လူဖြူမို့ English စကားပြောတတ်တာဖြစ်နေတာပါ။ ဒါဟာမထူးဆန်းပါဘူး။ မွေးကတည်းက မြန်မာစကားပြောသူအဖို့ မြန်မာစကားပြောတတ်တာမထူးဆန်းသလိုပေါ့။ ဒါပေမဲ့ စကားပြောတတ်ပုံချင်းကွာတယ်ဆိုတာ သင်တို့သိမယ်ထင်တယ်။ လေ့လာသင်ယူနိုင်မှုပေါ်မှာပဲမူတည်ပါတယ်။ Native တွေကို အရှုံးမပေးဖို့ ခွန်အားပေးတာပါ။ ကြိုးစားရင် သင်လည်း Native ကို ကျော်နိုင်ပါတယ်။
စာဆက်သင်ရမယ်ဆိုရင် 😁
Nuances တွေကတော့ Factors အများကြီးအပေါ်မူတည်တယ်။ အင်မတန်သိမ်မွေ့နက်နဲလှတယ်။
အသေးစိတ်တိတိကျကျပြောဆိုရာမှာသုံးတယ်။
အဓိပ္ပာယ်၊ ခံစားချက်၊ လေသံအတက်အကျ (Tone) တွေပေါ်မူတည်ပြီး အဓိပ္ပာယ် ဆိုလိုရင်းကွဲတယ်။
မြင်သာအောင်ပြောရရင် "ကျေးဇူးတင်ပါတယ်"
ဆိုတာကို လေသံအပျော့အပြင်း၊ မျက်နှာအမူအရာ၊ ကိုယ်ခန္ဓာအမူအရာတွေနဲ့ ပြောတဲ့အခါမတူညီကြဘူး.......
ကျေးဇူးပါ။ (Normal Tone)
ကျေးဇူးတင်ပါတယ်ခင်ဗျ။ (Polite Tone)
အေး ကျေးဇူးပဲ။ (Sarcastic Tone) ခနဲ့တဲ့တဲ့ပြောပုံ
ဥပမာ - "နင်အရမ်းဝလာပြီး အသားတွေ မည်းတူးနေတာပဲ" ဆိုတဲ့ ကဲ့ရဲ့ဝေဖန်တဲ့ အပျက်သဘောဆောင် စကားတစ်ခွန်းကို "အေး ကျေးဇူးပဲနော်" လို့ ခနဲ့ပြီး ရွဲ့ပြောလိုက်တာနဲ့
"နင်အရမ်းချောလာတယ်" ဆိုတဲ့ ချီးကျူးတဲ့အပြုသဘောဆောင် စကားတစ်ခွန်းကို
"ကျေးဇူးတင်ပါတယ်" လို့ စိတ်ထဲကပျော်ရွှင်ပြီး
ပီတိဖြစ်ပြီး ပြောလိုက်တာနဲ့ မတူညီသလိုပေါ့....
🙂Thank you! (Natural Tone) ပုံမှန်ပြော
😊Than....k you! (Soft & Polite Tone)
Thank ဆို လေသံဆွဲပြီးပြော....
😒 Huh! Thanks! (With sarcasm)
နှာခေါင်းရှုံးပြီး ရွဲ့ပြောဟန်.....
Cheap Vs Inexpensive Vs Reasonable
ဒီစကားလုံးသုံးလုံးက အဓိပ္ပာယ်အားဖြင့် ဈေးမကြီးတာကိုဆိုလိုတာဖြစ်တယ်။ ခပ်ဆင်ဆင်ပဲ ဒါပေမဲ့
အနက်အဓိပ္ပာယ် မတူဘူး။
Cheap ဆိုတာ ဈေးပေါတာကိုဆိုလိုတယ်
Low quality လို့မှတ်ယူနိုင်တယ်။
Inexpensive ဆိုတာကတော့ Not expensive လို့ဆိုလိုတာပဲ။ ဈေးမကြီးဘူးပေါ့။
Reasonable (price) ဆိုတာကတော့ ဈေးတော်တယ်၊ ဈေးချိုတယ်လို့ဆိုလိုတာပါ။
ဒီစကားလုံး သုံးလုံးရဲ့ အဓိပ္ပာယ် မသိမသာကွဲပြားမှုတွေကို Nuances တွေလို့ခေါ်တာပါ။ ဒါက အခြေခံဝေါဟာရ စကားလုံးတွေမို့ ဖတ်ရှုသူတို့ နားလည်ရလွယ်ကူပါတယ်။
CEFR C1 (Advanced level) မှာတော့
ပိုမို ခက်ခဲနက်နဲပြီး ရှုပ်ထွေးတဲ့ ဝေါဟာရတွေများပါတယ်။ ဥပမာပေးရမယ်ဆိုရင်
1. Ambiguous Vs Vague မရေရာသော
2. Compassion Vs Empathy စာနာတတ်ခြင်း
3. Evoke Vs Invoke ဖော်ပြသည်
4. Mitigate Vs Alleviate သက်သာစေသည်
5. Ambivalent Vs Conflicted ကွဲလွဲမတင်မကျဖြစ်
ဒီ အတွဲတွေရဲ့ သိမ်မွေနက်နဲကွဲပြားတဲ့ အဓိပ္ပာယ်ကို
Oxford/ Cambridge Dictionary မှာရှာကြည့်ပြီး ကွဲပြားမှု Nuances တွေကိုသိနိုင်ပါမယ်။ Example sentences တွေကိုပါဖတ်ပါ။ အဓိကကတော့ တိတိကျကျပြောဆိုချင်တဲ့အခါ၊ ကျစ်ကျစ်လစ်လစ်စာစီကုံးတဲ့အခါ အသုံးပြုရတာပါ။
လိုအပ်တာရှိ၊ မှားတာရှိ ဝန်တာမိ....🙏
သင်ယူနေဆဲ လေ့လာနေဆဲ ဆရာပေါက်စမို့ပါ...
Sharing with love 😘
Teacher Simon