20/12/2025
#၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း
Victory for All #Online Course available Now
20/12/2025
#၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း
04/09/2025
ဆရာမောင်အေးကို
23/08/2025
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာချက်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို စက်တင်ဘာ ၂ ရက် (အင်္ဂါနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်သည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၁၉ ရက် အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်သည်-
(၁) မြစ်ကြီးနားတက္ကသိုလ်
(၂) လွိုင်ကော်တက္ကသိုလ်
(၃) ဘားအံတက္ကသိုလ်
(၄) ဟားခါးတက္ကသိုလ်
(၅) မုံရွာတက္ကသိုလ်
(၆) ရွှေဘိုတက္ကသိုလ်
(၇) စစ်ကိုင်းတက္ကသိုလ်
(၈) ထားဝယ်တက္ကသိုလ်
(၉) တောင်ငူတက္ကသိုလ်
(၁၀) ပြည်တက္ကသိုလ်
(၁၁) ပဲခူးတက္ကသိုလ်
(၁၂) မကွေးတက္ကသိုလ်
(၁၃) ပခုက္ကူတက္ကသိုလ်
(၁၄) မန္တလေးအဝေးသင်တက္ကသိုလ်
(၁၅) မိတ္ထီလာတက္ကသိုလ်
(၁၆) ကျောက်ဆည်တက္ကသိုလ်
(၁၇) မော်လမြိုင်တက္ကသိုလ်
(၁၈) စစ်တွေတက္ကသိုလ်
(၁၉) ရန်ကုန်အဝေးသင်တက္ကသိုလ်
(၂၀) တောင်ကြီးတက္ကသိုလ်
(၂၁) ကျိုင်းတုံတက္ကသိုလ်
(၂၂) ပုသိမ်တက္ကသိုလ်
(၂၃) ဟင်္သာတတက္ကသိုလ်
(၂၄) မအူပင်တက္ကသိုလ်
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်။
အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
13/08/2025
https://www.myanmarexam.org/news/78
✅အမှတ်စာရင်းများကို သေချာစွာ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော် နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးခွဲ)၊ ရန်ကုန် တို့တွင် တိုက်ရိုက်လာထုတ်သော တစ်ဦးချင်းထုတ်သူများကိုသာ ထုတ်ပေးပါမည်။ အဖွဲ့လိုက် ထုတ်မပေးသေးပါ။
✅ ယခင်ကဲ့သို့ စောင်ရေကောင်တာခွဲ၍ ထုတ်ပေးမည်မဟုတ်ဘဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ်ထုတ်ပေးပါမည်။ မိမိထုတ်ယူလိုသော ခုံနံပါတ်တွင် ကချင်ပြည်နယ်မှ ခုံနံပါတ်ဖြစ်ပါက ကချင်ပြည်နယ်ထုတ်ပေးသည့် ကောင်တာတွင်သာ အမှတ်စာရင်းလျှောက်လွှာ တင်ရပါမည်။ အခြား မသက်ဆိုင်သည့်ကောင်တာများတွင် တင်လို့မရပါ၊ ထုတ်မပေးပါ။
✅ ၁၃-၈-၂၀၂၅ ရက်နေ့တွင် ပြည်နယ်များ၏ အမှတ်စာရင်းများ စတင်ထုတ်ပေးပါမည်။ အခြား တိုင်းဒေသကြီးများမှ အမှတ်စာရင်းများ မထုတ်ပေးသေးပါ။
✅ ၁၄-၈-၂၀၂၅ ရက်နေ့တွင် ပြည်နယ်များနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးများ၏ အမှတ်စာရင်းများ စတင်ထုတ်ပေးပါမည်။ အခြား တိုင်းဒေသကြီးများမှ အမှတ်စာရင်းများ မထုတ်ပေးသေးပါ။
✅ ကျန်သည့် တိုင်းဒေသကြီးများ၏ အမှတ်စာရင်းထုတ်ပေးသည့်ရက်ကို ဆက်လက်ကြေညာပေးပါမည်။
✅ တိုကင်စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ကနဦးတွင် တိုကင်(၅၀) ဖြင့်စတင် ဆောင်ရွက်ပါမည်။ တစ်ဦးလျင် အများဆုံး (၃)စောင်ထိသာထုတ်ပေးပါမည်။
✅ လည်ဆွဲကတ်နှင့် တိုကင်ထုတ်ယူရန်အတွက် အမှတ်စာရင်းထုတ်ယူရန် လာရောက်သူ၏ မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားကတ် တစ်ခုခုယူခဲ့ရပါမည်။
✅ အမှတ်စာရင်းလျှောက်လွှာတွင် ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရဘာသာများ ဖြည့်စွက် တင်သွင်းရပါမည်။ အချက်အလက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
27/07/2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
ဘာသာတွဲအလိုက် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူများစာရင်း
🌟 May this be the first of many great accomplishments in your journey ahead. We are incredibly proud of you! 🌟
DME
လမှစတင်၍
G12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက်
Day special အထူးတန်းခွဲများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
26/07/2025
📣📣📣📣📣📣
၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊
#အောင်ချက်ရာခိုင်နှုန်း ၄၈.၀၆% ဖြစ်ပြီး
ပဲခူးတိုင်းဒေသကြီး (အရှေ့) အောင်ချက်ရာခိုင်နှုန်း ၄၆.၃၄% ဖြစ်သည်။
မြန်မာ့အလင်းသတင်းစာ
26/07/2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကြေညာရာတွင် https://www.myanmarexam.org/ ၌ ယခင်နှစ်များအတိုင်း စာစစ်ဌာနအလိုက် အောင်စာရင်းများကို PDF ဖိုင်များဖြင့်လည်း ရယူကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။ ခုံနံပါတ်ဖြင့် ရိုက်ရှာနိုင်သည့် စနစ်အတွက်လည်း ၎င်း Website တွင် Link ချိတ်ထားပါသည်။ ခုံနံပါတ်ဖြင့် ရှာဖွေနည်းကို အောက်ပါ Post တွင် ဖတ်နိုင်ပါသည်။
https://www.facebook.com/dme.gov.mm/posts/122163670844542021
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မည်သည့် အောင်စာရင်း App မှ ထုတ်မထားပါ။ အောင်စာရင်းဖိုင်ဖြစ်စေ၊ ခုံနံပါတ်ဖြင့် ရှာသည့် စနစ်ဖြစ်စေ Official Website များတွင် ကြည့်ရှုနိုင်အောင် ဆောင်ရွက်ထားပါသည်။ ပုံများမှာ အောင်စာရင်းကြေညာသည့် အချိန်တွင် https://www.myanmarexam.org/ ၌ တွေ့မြင်ရမည့် နမူနာပုံများဖြစ်ပါသည်။
အောင်စာရင်းကြေညာမည့် Website ကို Technical Team က အချိန်ပြည့် စောင့်ကြည့်နေပြီး ပုံမှန်လည်ပတ်နေပါသည်။ ဖွင့်မရလျင် Faecbook မှ တိုက်ရိုက် မဖွင့်ဘဲ Internet Browser တစ်ခုခုမှ ဖွင့်ကြည့်ပါ။ VPN ဖွင့်/ပိတ် လုပ်၍ ဖွင့်ပါ။ ရိုက်ထည့်သည့် လိပ်စာ မှန်/မမှန် ပြန်စစ်ပါ။ Facebook မှ တိုက်ရိုက်ဖွင့်မရပါက အောက်ပါ Post တွင်လည်း ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/dme.gov.mm/posts/122163539756542021
12/06/2025
Grade - 12 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ထုတ်ယူနိုင်။ 📣📣📣📣📣
ဇွန် ၉၊ စစ်ကိုင်း။
မကြာမီတွင် ဖြေဆိုကြရမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် Grade - 12 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် (SUOE) တွင် ထုတ်ယူနိုင်ပြီဖြစ်ပါသည်။
လာမည့် ဇွန် လ ၁၆ ရက်နေ့တွင် စတင်ဖြေရမည့်စာမေးပွဲအတွက် ဖြေဆ်ိုခွင့်ကတ်ပြားများဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လွန်စွာမှ အရေးကြီးလှပါသည်။
အဆိုပါ ကတ်ပြားများကို ရုံးချိန်များဖြစ်သည့် မနက်ခင်း ၉ နာရီ မှ ညနေ ၄ နာရီအတွင်းအဆိုပါ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် သွားရောက်ထုတ်ယူရမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
05/06/2025
နည်းပညာကိုစိတ်ဝင်စားသာလူငယ်များ
ပညာသင်ခွင့်ရရှိစေရေးအတွက်
#အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်ပါက မည်သူမဆို လာရောက်လျှောက်ထားနိုင်ပါသည်၊
#စာသင်နှစ် ၃ နှစ် တက်ရောက်ရပါမည်
#ဖွင့်လှစ်မည့်သင်တန်းများ
၁။ Information Technology
သုတနည်းပညာသင်တန်း
၂။ Automotive Technology
မော်တော်ယာဉ်နည်းပညာသင်တန်း
၃။ Building Service Technology
အဆောက်အဦပြုပြင်ထိန်းသိမ်းခြင်းနည်းပညာသင်တန်း
#လျှောက်လွှာပိတ်ရက် ၃၀/၆/၂၀၂၅
#ဆက်သွယ်ရန်
09250966277
09253427223
15/05/2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မှာ
ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊အားကစားကြေး၊ စာရေးကိရိယာကြေး၊စာကြည့်တိုက်ကြေး အပါအဝင် . . . .
မည်သည့်ငွေမှ လုံးဝမကောက်ခံဘဲ
KG မှ G-12 အထိ အခမဲ့ထောက်ပံ့ပေးမယ့် စာအုပ်စာတမ်းနဲ့ ဝတ်စုံများပါ။
Credit*
MAK
| จันทร์ | 08:00 - 08:00 |
| อังคาร | 08:00 - 08:00 |
| พุธ | 08:00 - 20:00 |
| พฤหัสบดี | 08:00 - 20:00 |
| ศุกร์ | 08:00 - 20:00 |
| เสาร์ | 08:00 - 20:00 |
| อาทิตย์ | 08:00 - 20:00 |