Extreme adjectives လေးတွေလေ့လာကြရအောင်နော် 📚
Rachel Education
We turn language challenges into academic success.
25/04/2026
📚 English Vocabulary Tip
Stop saying “very” all the time! 👀
ပို natural ဖြစ်တဲ့ English ပြောချင်ရင် Extreme Adjectives သုံးကြည့်ပါ ✨
✅ very good = amazing
✅ very bad = awful
✅ very tired = exhausted
✅ very happy = delighted
✅ very scared = terrified
✅ very hot = boiling
✅ very cold = freezing
✅ very hungry = starving
🩷 Example:
I am very tired. ❌
I am exhausted. ✅
The food is very good. ❌
The food is amazing. ✅
ဒီလိုပြောင်းသုံးရင် ပိုပြီး natural sounding ဖြစ်ပါတယ် ✨
ဒီနေ့ မင်းဘယ်စကားလုံးကို သုံးမလဲ? 👇
Comment မှာ ရေးပေးပါနော်
Follow Teacher Flora for easy English tips 💛
23/04/2026
📚 English Vocabulary for Daily Use
ဒီနေ့ လွယ်လွယ်ကူကူ အသုံးဝင်တဲ့ feeling words 4 လုံး လေ့လာကြမယ်နော် ✨
1️⃣ Shy = ရှက်တတ်သော / ရှက်ရွံ့သော
ဥပမာ - She is shy to speak in class.
👉 သူမက အတန်းထဲမှာ စကားပြောဖို့ ရှက်တတ်တယ်။
2️⃣ Embarrassed = အားနာသော / မျက်နှာပူသော
ဥပမာ - I felt embarrassed when I made a mistake.
👉 အမှားလုပ်မိတော့ ကျွန်မ မျက်နှာပူသွားတယ်။
3️⃣ Excited = စိတ်လှုပ်ရှားသော / ပျော်ရွှင်စွာ စောင့်မျှော်သော
ဥပမာ - The students are excited for the trip.
👉 ကျောင်းသားတွေ ခရီးထွက်ဖို့ စိတ်လှုပ်ရှားနေကြတယ်။
4️⃣ Nervous = စိတ်လှုပ်ရှားပြီး စိုးရိမ်သော / ကြောက်ရွံ့သော
ဥပမာ - He was nervous before the exam.
👉 စာမေးပွဲမတိုင်ခင် သူ စိတ်လှုပ်ရှားပြီး စိုးရိမ်နေတယ်။
Remember:
✅ Shy = personality
✅ Embarrassed = feeling after awkward moment
✅ Excited = happy feeling
✅ Nervous = worried feeling
ဒီနေ့ မင်းဘယ် feeling မျိုးဖြစ်နေသလဲ? 👇
Comment မှာ ရေးပေးပါနော် ✨
21/04/2026
📚 ကျောင်းသားတော်တော်များများ English ဘာကြောင့် အားနည်းနေရတာလဲ?
English အားနည်းတာက စာမလိုက်နိုင်လို့ မဟုတ်ပါဘူးရှင်။
မှန်ကန်တဲ့ foundation နဲ့ practice မရသေးလို့ပါ။
English အားနည်းသူတွေမှာ အများဆုံးတွေ့ရတဲ့ အကြောင်းရင်း ၃ ချက်👇
1️⃣ Vocabulary အားနည်းခြင်း
စကားလုံးမသိရင် စာဖတ်တဲ့အခါ meaning နားလည်ဖို့ ခက်သွားတတ်ပါတယ်။
2️⃣ Sentence Structure နားမလည်ခြင်း
Sentence structure ကို မသိသေးရင် စာကြောင်းရှည်လာတာနဲ့ confuse ဖြစ်တတ်ပါတယ်။
3️⃣ Confidence မရှိခြင်း
မှားသွားမလားဆိုတဲ့ စိတ်ကြောင့် မမေးရဲ၊ မဖြေရဲ၊ မလေ့ကျင့်ရဲ ဖြစ်သွားတတ်ပါတယ်။
ဒါပေမယ့် စိတ်မပူပါနဲ့ 🩷
English က တဖြည်းဖြည်း လေ့ကျင့်ရတဲ့ skill တစ်ခုပါ။
တိုးတက်ဖို့ဆိုရင်👇
✅ နေ့စဉ် vocabulary နည်းနည်းစီလေ့လာပါ
✅ Short sentences များများဖတ်ပါ
✅ မှားမှာမကြောက်ဘဲ practice လုပ်ပါ
✅ မရှက်မကြောက်ဘဲ မေးပါ၊ပြောပါ
မိဘများအတွက်လည်း
ကလေးတွေ English အားနည်းနေတာ အပြစ်တင်စရာမဟုတ်ပါဘူးရှင့်။
မှန်ကန်တဲ့ guidance နဲ့ encouragement ပေးဖို့ပဲ လိုပါတယ်ရှင် ✨
မိမိသားသမီး (သို့) ကိုယ်တိုင် English လေ့လာရာမှာ အခက်ဆုံးက ဘာဖြစ်မလဲရှင့်?
Vocabulary / Reading / Confidence 👇 Comment မှာရေးပေးနော်။
20/04/2026
📚 မင်္ဂလာပါရှင်…
အခုကစပြီး ဒီ page ကို ပြန်လည် run သွားပါမယ်။
အရင်လိုပဲ English ကို ကြိုက်နှစ်သက်သူများ၊ လေ့လာချင်သူများ၊ တိုးတက်ချင်တဲ့ ကျောင်းသားကျောင်းသူများအတွက် အသုံးဝင်တဲ့ content တွေ ပြန်တင်ပေးသွားပါမယ်။
ဒီ page မှာ ဘာတွေတင်ဖြစ်မလဲ? 👇
✅ English Literature lessons
✅ Vocabulary for Secondary Students
✅ Grammar & Writing Tips
✅ Reading Skills
✅ Exam Support
✅ Motivation for Students
အထူးသဖြင့် Secondary Students တွေအတွက် English foundation ကောင်းလာအောင် လွယ်လွယ်ကူကူ နားလည်အောင် ရှင်းပြပေးသွားပါမယ်။
English ကို ကြောက်စရာ subject မဟုတ်ဘဲ
တိုးတက်လို့ရတဲ့ skill တစ်ခုဖြစ်အောင် အတူလေ့လာကြမယ်နော် 🩷
ဒီ page ကို follow လုပ်ထားပြီး post တွေမလွတ်အောင် စောင့်ကြည့်ပေးပါရှင်။
Comment မှာလည်း
ဘယ် topic တွေသင်ချင်လဲ ရေးထားလို့ရပါတယ် 👇
Tr. Flora ရဲ့ Literature Enrichment Programme ကို တက်မယ့် သားသားမီးမီးတို့အနေနဲ့ ဘာတွေ တိုးတက်ပြောင်းလဲလာမလဲ? 📚✨
သားသားမီးမီးတွေ English စာသင်ယူတဲ့အခါ ဖိအားတွေမရှိဘဲ သဘာဝကျကျ တိုးတက်လာဖို့ဆိုတာက မိဘတိုင်းရဲ့ ဆန္ဒလေးတစ်ခုဖြစ်ပါတယ်။
Tr. Flora ရဲ့ Literature Enrichment Programme လေးမှာဆိုရင် ကလေးငယ်တွေကို စာအလွတ် ကျက်မှတ်ခိုင်းတာမျိုးမဟုတ်ဘဲ Stories တွေ၊ Poems တွေကနေတဆင့်….
✅ Reading
✅ Listening
✅ Speaking
✅ Writing
စတဲ့ 4 Skills ကို ကလေးငယ်တွေကိုယ်တိုင် သဘာဝကျကျ တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးသွားမယ့် Programme လေးတစ်ခုဖြစ်ပါတယ်။
✨ Flourish with Flora မှာ တက်ရောက်တဲ့ ကလေးငယ်တွေအနေနဲ့ ငယ်စဉ်ကတည်းက Literature နဲ့ ရင်းနှီးကျွမ်းဝင်သွားစေမှာဖြစ်ပြီး နောင်တစ်ချိန်မှာ IGCSE, ESL/EFL, GED RLA စတဲ့ အဆင့်မြင့်ပညာရေး လမ်းကြောင်းတွေပေါ် လျှောက်လှမ်းတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။
📚 Literature Enrichment Programme လေးကိုဆိုရင် စာတွေဖတ်နေရတယ်ဆိုတဲ့ ဖိအားတွေ မရှိစေဘဲ Literature ကို ချစ်မြတ်နိုးလာပြီး English ဘာသာစကားကို ပျော်ရွှင်စွာ လေ့လာနိုင်စေရန်အတွက် Level အဆင့်အနေနဲ့ (3) ဆင့်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🌱 Level 1 (Story Explorers)
ဒီ Level လေးကိုဆိုရင်တော့ အသက် ၇-၈ နှစ်အရွယ် သားသားမီးမီးလေးတွေ တက်ရောက်နိုင်မှာဖြစ်ပြီး အတန်းပြီးဆုံးသွားတဲ့အခါ English Stories နဲ့ Poems တွေကို စိတ်ဝင်တစား နားထောင်တတ်လာစေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဓိကအချက်တွေဖြစ်တဲ့ "ဘယ်သူ၊ ဘယ်နေရာ၊ ဘာဖြစ်တာလဲ" ဆိုတာတွေကို နားလည်လာနိုင်၊ ပုံလေးတွေကိုကြည့်ပြီး စာကြောင်းတိုလေးတွေ စရေးလာနိုင်မယ့်အပြင် English လို ပြောတဲ့အခါမှာလည်း ကြောက်ရွံ့မှုမရှိဘဲ ယုံကြည်မှုစတင်ရရှိလာမှာပဲ ဖြစ်ပါတယ်။
🌿 Level 2 (Creative Readers)
ဒီ Level လေးကိုဆိုရင်တော့ အသက် ၉-၁၀ နှစ်အရွယ် သားသားမီးမီးလေးတွေ တက်ရောက်နိုင်မှာဖြစ်ပြီး အတန်းပြီးဆုံးသွားတဲ့အခါ Short Stories တွေကို ကိုယ်တိုင်နားလည်အောင် ဖတ်ရှုလာနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်၊ နေရာနဲ့ အဓိကအကြောင်းအရာတွေကို ခွဲခြားသိမြင်လာပြီး Stories နဲ့ Poems တွေအပေါ် ကိုယ်ပိုင်အမြင်တွေကိုပါ ပြောပြလာနိုင်မယ့်အပြင် ဝေါဟာရကြွယ်ဝလာပြီး Paragraph အတိုလေးတွေ၊ ကဗျာလေးတွေနဲ့ Creative Writing တွေကိုပါ စမ်းသပ် ပြောဆိုရေးသားတဲ့အပိုင်းမှာ ပိုပြီးကျွမ်းကျင်လာမှာပဲ ဖြစ်ပါတယ်။
🌳 Level 3 (Confident Thinkers)
ဒီ Level လေးကိုဆိုရင်တော့ အသက် ၁၁-၁၂ နှစ်အရွယ် သားသားမီးမီးလေးတွေ တက်ရောက်နိုင်မှာဖြစ်ပြီး အတန်းပြီးဆုံးသွားတဲ့အခါ စာပိုရှည်တဲ့ Text တွေကို ယုံကြည်မှုရှိရှိ ဖတ်ရှုလာနိုင်မှာ ဖြစ်ပါတယ်။ စာပေရဲ့ နက်နဲတဲ့ အဓိပ္ပာယ်၊ ခံစားချက်နဲ့ ပေးချင်တဲ့ Message တွေကို နားလည်လာပြီး Group Discussion တွေမှာ ကိုယ်ပိုင်အမြင်ကို ရှင်းလင်းပြတ်သားစွာ ဆွေးနွေးလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Creative Writing နဲ့ Reflection Writing တွေကိုပါ စနစ်တကျ ရေးသားလာနိုင်ပြီး Secondary Level English ကို တက်လှမ်းဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
✔ Level 1 အတန်းလေးကို Monday & Tuesday (10:00 to 11:30)
✔ Level 2 အတန်းလေးကို Thursday & Friday (10:00 to 11:30)
✔ Level 3 အတန်းလေးကို Wednesday & Thursday (1:00 to 2:30) ဆိုပြီး ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
အတန်းလေးကို ဘယ်သူသင်ကြားပေးမှာလဲ?
✅ Flourish with Flora ရဲ့ Founder ဖြစ်တဲ့ Tr. Flora ကနေပြီး ဦးဆောင်သင်ကြားပေးမှာဘဲဖြစ်ပါတယ်ရှင်။
✅ Tr. Flora က Literature အတန်းတွေကို Year 1 ကနေစပြီး IGCSE/GED စတဲ့အတန်းတွေရဲ့ English exam coach အဖြစ်တာ၀န်ယူသင်ကြားပေးနေတဲ့ အတွေ့အကြုံရင့်ဆရာမတစ်ဦးဘဲ ဖြစ်ပါတယ်ရှင်။
သားသားမီးမီးလေးတွေကို စာမေးပွဲအတွက် စာသင်တာမျိုးမဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချလာနိုင်မယ့် ထူးချွန်ထက်မြက်တဲ့ ကလေးငယ်တစ်ဦး ဖြစ်လာစေချင်တယ်ဆိုရင်တော့...
Flourish with Flora ရဲ့ Literature Enrichment Programme ကို တက်ရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
🎁 Special Offers
✨ Free Placement Test
✨ 15% OFF (In December)
✨ 10% OFF (In January)
📞 ဆက်သွယ်ရန်
📱 Thai Phone - +66633174469
👉 ဒီလို နှစ်ခါမရနိုင်တဲ့ အခွင့်အရေးမျိုးကို ရရှိဖို့ Flourish with Flora ရဲ့ page messenger မှာ အခုဘဲ အတန်းလာရောက် အပ်နှံလိုက်တော့နော် 📝
✨𝗧𝗵𝗶𝗻𝗸 𝗪𝗶𝘀𝗲𝗹𝘆 • 𝗟𝗲𝗮𝗿𝗻 𝗛𝗮𝗽𝗽𝗶𝗹𝘆 • 𝗦𝗵𝗶𝗻𝗲 𝗚𝗹𝗼𝗯𝗮𝗹𝗹𝘆 ✨
01/01/2026
Happy New Year 🎉
နှစ်သစ်မှစ၍ ကျန်းမာချမ်းသာပြီး ပျော်ရွှင်မှုများ၊ အောင်မြင်မှုများဖြင့် ပြည့်စုံပါစေကြောင်း Flourish with Flora Family မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။
06/12/2025
ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အကြောင်းတွေက ဆရာမအတော်များများက sharing အတော်လေးလုပ်နေကြတာမို့ ဘာမှ sharing မလုပ်ဖြစ်တာကြာပါပြီ။
ဒါပေမယ့် ခုတစ်လော groups တွေထဲမှာ ဆရာ၊မအတော်များများ အလုပ်မရလို့ / အလုပ်လျှောက်တာဘာပြန်စာမှမရလို့ စိတ်ဓါတ်ကျကြောင်း၊ လမ်းပျောက်ကြောင်း ခနခနရေးလာကြတာတွေ့လို့ ဒီစာလေးရေးဖြစ်တာပါ။
၁) ခုက အလုပ်ခေါ်ရာသီမဟုတ်တဲ့အပြင် second term ကိုတောင် တစ်၀က်လောက်ရောက်နေပြီမို့ အလုပ်ခေါ်တာကရှားပါတယ်။ဒါကြောင့် တောင့်ခံနိုင်သေးရင် February ၊ March ၊ April ၊ May လလယ်တွေမှာ အားသွန်ခွန်စိုက် လျှောက်ကြပါနော် trs
2) အလုပ်ခေါ်စာတွေ့ရင် နောက်မှလျှောက်မယ်နော်ဆိုပြီး အချိန်မဆွဲဘဲ မဆိုင်းမတွလေး ခေါ်စာတွေ့တာနဲ့လျှောက်ကြည့်ပါနော်။ applicants များလို့ အလုပ်ခေါ်သူတွေက အကုန်လုံးလိုက်မဖတ်နိုင်ကြပါဘူး။ CV အရင်တင်သူက interview ရဖို့ chance ပိုများပါတယ် trs
3) အလုပ်တွေဆက်တိုက်လျှောက်နေပေမယ့် ဘာ reply မှမလာဘူးဆိုတာကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါဘဲ။ applicants များတယ် ၊ နိုင်ငံပေါင်းစုံကလူတွေကလျှောက်ကြတယ် စတာတွေကြောင့် email ပြန်ရတာကရှားပါတယ်။ဒါက ပုံမှန်ဘဲမို့ စိတ်မညစ်ကြပါနဲ့နော် trs
4) Introduction video မှာ neutral accent ၊ correct pronunciation ဖြစ်ဖို့ကို အထူးသတိထားပေးပါနော်။
5) CV မှာ ကိုယ့်ရဲ့ strengths တွေကို သေချာပေါ်အောင် ရေးပါ။
6) Demonstration လုပ်ပြဖို့လိုလာရင်လည်း လွယ်ကူတဲ့သင်ခန်းစာကိုရွေးပြီး fun ဖြစ်တဲ့ activities တွေပါတဲ့ lesson တစ်ခုအနေနဲ့ သင်ပြပေးရင် သဘောကျကြပါတယ်ရှင်။
7) လိုလို၊မလိုလို English proficiency tests (TOEIC, IELTS, TOEFL...) တွေကိုဖြေထားပါနော်။လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ English level က ဘယ်လိုဆိုတာကို သေချာသိနေကြဖို့ကအရေးကြီးပါတယ်။
8) လုံး၀မဖြစ်တဲ့အဆုံးမှ agency တွေနဲ့လက်တွဲဖို့ ဆုံးဖြတ်ပါနော် trs (agency နဲ့တွဲလုပ်တဲ့အခါ ကျောင်းပိတ်ရက်တွေ လစာမရတာ၊ လစာကိုဖြတ်ယူတာ ၊ လစာကို အေဂျင်စီကနေတစ်ဆင့်ရတာ ၊ အချိန်မှန်မရတာတွေ ဖြစ်တတ်လို့ပါရှင့်)
9) မဖြစ်မနေ agency နဲ့လုပ်မယ်ဆို Arna , ACC Thailand တို့ကတော့ အသိဆရာမတွေလုပ်တာကြားရသလောက်တော့ သိပ်မဆိုးလှပါဘူး trs
စိတ်ဓါတ်မကျဘဲ ပုံမှန်လေး ဆက်လျှောက်နေရင် အထိုက်တန်ဆုံးအရာက ကိုယ့်ဆီရောက်လာမှာမို့ အားလုံးဘဲ good luck 🍀 ပါနော် Teachers
28/10/2025
Module 3 ဖွင့်ပြီမို့ register လုပ်လို့ရပါပြီ trs ။ထိုင်းမှာ ရေရှည် ဆရာမအဖြစ်ရပ်တည်မယ်ဆိုရင် KSP က module 7 ခုလုံးပြီးမှ permanent teaching licence ရမှာဖြစ်ပြီး temporary teaching licence သက်တမ်းတိုးဖို့ကလည်း ဒီ modules တွေထဲက တစ်ခုကို လက်ရှိတက်ရောက်ထားကြောင်း သက်သေပြရမှာမို့ တက်ဖို့လိုကိုလိုပါတယ် trs (ကိုယ့် temporary teaching licence ရဲ့နံပါတ်တွေထည့်ရတာမို့ ထိုင်းကျောင်းတွေမှာ အလုပ်ရပြီးသားဆရာမတွေဘဲ တက်လို့ရပါတယ်)
เปิดอบรมหลักสูตรมาตรฐานความรู้วิชาชีพครู (KSP 7 Module) รอบที่ 1/2569
สถาบันคุรุพัฒนา สำนักงานเลขาธิการคุรุสภา เปิดรับสมัครเข้ารับการอบรม หลักสูตรมาตรฐานความรู้วิชาชีพครู (KSP 7 Module)
หน่วยการเรียนรู้ที่ 3 “เนื้อหาวิชาที่สอนหลักสูตร ศาสตร์การสอน และเทคโนโลยีดิจิทัลในการจัดการเรียนรู้”
เพื่อพัฒนาสมรรถนะด้านความรู้วิชาชีพของครูให้สอดคล้องกับการเปลี่ยนแปลงของโลกยุคใหม่
📘 ภาคภาษาไทย รุ่นที่ 005 อบรมระหว่าง มกราคม 2569 – พฤษภาคม 2569
เปิดรับสมัครตั้งแต่วันที่ 29 ตุลาคม – 29 พฤศจิกายน 2568 หรือจนกว่าจะครบจำนวน 500 คน
📙 In English Version
Batch 003 Training Period: February 2026 – May 2026
Registration opens for 500 participants
From 29 October – 29 November 2025 or until full capacity
📌 ผู้สนใจสามารถศึกษารายละเอียดและลงทะเบียนได้ที่
🌐 เว็บไซต์: https://bit.ly/4hc6R5E
หรือสแกน QR Code
08/10/2025
📚✨ IGCSE English 0500 Paper 2 — မနက်ဖြန် exam အတွက် မမေ့သင့်တဲ့အချက်များ! ✨📚
Hey smart students 💕
မနက်ဖြန် 0500 Paper 2 ဖြေရတော့မယ်ဆိုတော့ အနည်းငယ်စိတ်လှုပ်ရှားနေကြပြီလား? 😎
📌 Tr. Flora က ဒီ post လေးမှာ သတိထားရမယ့်အချက်တွေအားလုံးကို တစ်ခါထဲနဲ့ သိသွားပြီး အမှတ်ပြည့်ရဖို့အတွက် အဓိကအချက်တွေကို စုပေးထားပါတယ်။
✍️ 1️⃣ Directed Writing (Section A)
📖 သတိထားရမယ့်အချက်များ
✅ မေးခွန်းကို ဂရုစိုက်ဖတ်ပြီး Audience / Purpose / Format ကို underline လုပ်ပါ။
✅ Text ထဲက idea တွေကို သုံးဖို့မမေ့ပါနဲ့။
Texts ထဲကစာတွေကို အတိအကျမကူးပါနဲ့။
✅ Paragraph တစ်ခုမှာ texts ထဲက main idea တစ်ခုပေါ်မူတည်ပြီး ကိုယ့်ထင်မြင်ချက် သို့မဟုတ် suggestion တစ်ခု ထည့်ရေးပါ။
✅ PEEL (Point / Evidence / Explain / Link) ပုံစံနဲ့ရေးပါ။
✅ Tone ကို တစ်မျိုးတည်းပဲထားပါ။
formal ဆို formal (no contraction), informal ဆို natural ဖြစ်အောင် ရေးပါ။
✅ introduction ကို strong ဖြစ်အောင်ရေးပါ။ (speech မှာဆို questions လေးတွေထည့်ပြီး engagement ယူပါ။)
✅ Conclusion ကို recommendation or reflection သဘောတရားတစ်ခုနဲ့ပိတ်ပါ။
💬 Directed writing အတွက် Format မျိုးစုံကို ပြန်နွှေးထားပါ။
📌 Article 📰 ဆိုရင် Title, clear intro, opinion, ending
Letter 💌 ဆိုရင် Address, greeting, paragraph flow, sign-off
Report 📋 ဆိုရင် Headings, findings, recommendations
Speech 🎤 ဆိုရင် Greeting, persuasive tone, conclusion line
🕐 Timing ကလည်း high scores ရဖို့ အရေးကြီးပါတယ်။
🧭 Plan > 10 to 15 mins
🖊️ Write > 35 to 40 mins
🔍 Proofread > 5 to 10 mins
‼️ Planning က အမှတ်များများရဖို့ ၊ writing ကို organization ကောင်းအောင် support လုပ်ပေးတာမို့ Don’t rush your plan!
🖋️ 2️⃣ Composition (Section B)
🧠 Choose ONE only – Narrative or Descriptive
Narrative ရေးမယ်ဆိုရင်
📍 Plan structure
- Beginning
- Conflict
- Climax
- Resolution
📍 Tension တက်အောင် short sentences သုံးပါ။
📍 Feeling ကို တိုက်ရိုက်မပြောဘဲ Action နဲ့ဖော်ပြပါ။
📍 အဆုံးမှာ twist သို့မဟုတ် သင်ခန်းစာနဲ့အဆုံးသတ်ပါ။
Descriptive ရေးမယ်ဆိုရင် –
🎨 Imagery (sight, sound, smell, touch, taste) တွေသုံးပါ။
🎨 Move the description like a camera (wide, zoom, detail, emotion)
🎨 Figurative language (simile, metaphor, personification) သုံးပါ – (အရမ်းအများကြီးတော့ မသုံးသင့်ပါဘူး။)
🎨 Keep verbs strong
(“glimmered”, “echoed”, “shivered” စတဲ့စကားလုံးမျိုးပါ။)
💡 Magic Tip: “Show, don’t tell.”
❌ Don't say.
“I was scared.”
✅ Sah
“My heartbeat thudded like a drum in my chest.”
🌟 And remember: Think like a reader, write like a writer!
💬 ဒီ post လေးကို မနက်ဖြန် စာမေးပွဲဖြေမယ့် သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါနော် 💪
ကလေးတွေအားလုံး Grade ကောင်းကောင်းတွေ ရနိုင်ကြပါစေ။ ✨
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok
10160
เวลาทำการ
| จันทร์ | 08:00 - 20:00 |
| อังคาร | 08:00 - 20:00 |
| พุธ | 08:00 - 20:00 |
| พฤหัสบดี | 08:00 - 20:00 |
| ศุกร์ | 08:00 - 20:00 |
| เสาร์ | 08:00 - 20:00 |
| อาทิตย์ | 08:00 - 20:00 |