01/05/2024
Why are Myanmar students choosing Language schools in Thailand and Japan?
ကိုယ်က နိုင်ငံရပ်ခြားကိုလဲ ပညာသင်သွားချင်တယ်။ နိုင်ငံအဝေးကြီးတွေနဲ့ နိုင်ငံကြီးတွေကိုလဲ မသွားဘဲ အာရှအတွင်းမှာပဲကျောင်းတက်ချင်တဲ့ လူငယ်များအတွက် မြန်မာကျောင်းသားတွေက သွားတာများကြတဲ့ နိုင်ငံ ၂ နိုင်ငံရှိပါတယ်။ ပထမတစ်ခုကတော့ ဆာကူရာပန်းတွေရဲ့ အိမ်ဖြစ်တဲ့ Japan နိုင်ငံဖြစ်ပြီးတော့ ဒုတိယတစ်ခုကတော့ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုများက မြန်မာနဲ့ ဆင်တူသလိုဖြစ်တဲ့ ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။
အခုအချိန်မှာ မြန်မာကျောင်းသားများအနေဖြင့် Thailand ဘက်က Language Schools တွေကို တက်ရောက်ဖို့ ရွေးချယ်ကြတာသည် များပြားလာတာပဲဖြစ်ပါတယ်။ တစ်ချို့သော ကျောင်းသားများအနေဖြင့် Japan ဘက်က Language Schools တွေကိုလဲ ရွေးချယ်နေကြစဲပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်အနေနဲ့ Thailand နှင့် Japan ရှိ Language Schools တွေကို ဘာကြောင့် ရွေးချယ်တယ်ဆိုတာကို ပြောသွားမှာပဲဖြစ်ပါတယ်။
Thailand ရှိ Language School များ
မြန်မာကျောင်းသားများအနေဖြင့် Thailand တွေ အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံတွင် Toursit Visa နဲ့ မနေထိုင်ဘဲနဲ့ Language school များမှပေးသော student visa များဖြင့် နေထိုင်ပြီး စာသင်ကြားလို့ရတာကြောင့်မလို့ ရွေးချယ်ကြတာပဲဖြစ်ပါတယ်။ Thailand ရှိ Language Schools များသည် စျေးအမျိုးအစား အစားစားရှိသော်လည်း မိမိတို့တက်ချင်သည့် ကျောင်းမှ ပေးသော visa သက်တမ်းများနှင့် စျေးနှုန်းများ၊ စားစရိတ် နေစရိတ် များကို ချင့်ချိန်ပြီး တက်ရောက်လို့ရပါတယ်ခင်ဗျ။
Thai Language School များကို join ခြင်းအားဖြင့် မိမိတို့အနေဖြင့် Thai စာကို Native များဖြင့် သင်ကြားရတာခြင်း, Student Visa များဖြင့် တရားဝင် နေထိုင်ခွင့်ရရှိခြင်းကြောင့် လက်ရှိတွင် ကျောင်းသူကျောင်းသားများ ရွေးချယ်ရန် စိတ်ဝင်စားနေကြသည့် လမ်းကြောင်းတစ်ခုလဲဖြစ်ပါတယ်။
အောက်ပါ ကျောင်းမှာသည် နာမည်ကြီးသော Thai Language School များပဲဖြစ်ပါတယ်။
Duke Language School
Jentana & Associates Thai Language School
Baan Aksorn Thai Language School
Japan ရှိ Language School များ
မြန်မာကျောင်းသူကျောင်းသားများအနေဖြင့် Japan အစိုးရ တက္ကသိုလ်များကို တိုက်ရိုက်လျှောက်ထားမှုများသည် အနည်းအကျဉ်းသာ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင်ဖြင့် JLPT N2 နှင့် EJU စာမေးပွဲများကို ဖြေဆိုထားပြီးမှသာ လျှောက်လို့ရနိုင်တာပဲဖြစ်ပါတယ်။
ထို့ကြောင့် မြန်မာကျောင်းသူကျောင်းသားများအနေဖြင့် Japan နိုင်ငံရှိ JLPT N level များနှင့် EJU စာမေးပွဲများအတွက် ပြင်ဆင်ပေးသည့် Langauge School များကို သွားရောက်ကြတာပဲဖြစ်ပါတယ်။
ထိုကျောင်းများကိုသွားဖို့အတွက်ဆိုရင်ဖြင့် မြန်မာ 10 တန်း + 9 တန်း + 8တန်း + 7 တန်း အောင်လက်မှတ်များနှင့် အမှတ်စာရင်းများ၊ JLPT N4 or N3 Certificate များနှင့် Show Money များဖြင့် လျှောက်ထားလို့ရပါတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း Show Money Ammount မတူသော်လည်း ပြင်ဆင်ရမယ့် မြန်မာ 10 တန်း + 9 တန်း + 8တန်း + 7 တန်း အောင်လက်မှတ်များနှင့် အမှတ်စာရင်းများသည် လိုအပ်ပါတယ်။ GED တို့နဲ့ Japan Language School များကို Join လို့မရပါဘူးခင်ဗျ။ GED နဲ့ဆိုရင်တော့ Japan Private Univeristy များတွင်သာ English Track များဖြင့် GEE + မြန်မာ 9 တန်း + 8တန်း + 7 တန်း အောင်လက်မှတ်များနှင့် အမှတ်စာရင်းများ၊ IELTS များနှင့် ကျွန်တော်တို့ လျှောက်ထားပေးပါတယ်။ ထို့ကြောင့်မလို့ Japan နိုင်ငံသို့ သွားရောက်ရန် စိတ်ပါဝင်စားသူများနှင့် လျှောက််ထားရန် အိမ်မက်ရှိသူများအနေဖြင့် အနည်းဆုံး 9 တန်းအောင်ထားဖို့လိုအပ်ပါတယ်ခင်ဗျ။
Japan Language School များကို join ခြင်းအားဖြင့် မိမိတို့အနေဖြင့် Japan စာကို Native များဖြင့် သင်ကြားရပြီး ကျောင်းချိန်ပြင်ပများတွင် Part time များကိုပါ လုပ်ကိုင်နိုင်ခြင်း စတဲ့ အချက်များကြောင့် လက်ရှိအချိန်တွင် အရွေးများကြသော Pathway တစ်ခုအဖြစ် ရှိနေခြင်းဖြစ်ပါတယ်။
😉အခုနောက်ပိုင်း အဆင့်အတန်းမြင့်နိုင်ငံတကာပညာရေးလမ်းကြောင်းတွေအကြောင်းကို ကျောင်းသား/သူများက စိတ်၀င်စားလာတာနဲ့အမျှ နိုင်ငံတကာပညာရေးလမ်းကြောင်းနဲ့ပတ်သတ်ပြီးကျောင်းသူ/သားများအနေနဲ့ မေးမြန်းဆွေးနွေးလိုသော အကြောင်းအရာတွေများစွာလည်းရှိလာပါတယ်ခင်ဗျ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ BlueprintEdu နှင့် Department of Research and Consultation မှာ လာရောက်စုံစမ်းမှုများ ပြုလုပ်နိုင်ပါတယ်ဗျ။
အားလုံးပဲ ပျော်ရွှင်စရာ နေ့လေးတွေပိုင်ဆိုင်ကြပါစေလို့ဆုမွန်းကောင်းတောင်းပေးလိုက်ပါတယ်။🦋