Educator SISU Oscar

Educator  SISU Oscar

แชร์

International Finnish-British School Bangkok

25/06/2023

အခမဲ့ ထိုင်းနိုင်ငံ ထိပ်တန်းဆေးရုံ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု

ပထမဆုံးအနေဖြင့်
မြန်မာအသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျ။ Risland Developer နှင့် My Property House တို့မှ ပူးပေါင်းဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ထိုင်း ထိပ်တန်း Samitivej Sukhumvit ဆေးရုံ၌ အခမဲ့ဆေးစစ်ဆေးရေး အတွက် လူ အယောက် ၂၀ ကို ကမ်းလှမ်းထားပါသည်။သင်သည် အသက် ၃၅ နှစ်အထက်ရှိပြီး မည်သည့်စီးပွားရေးအသင်းမဆို၏ အဖွဲ့ဝင်တစ်ဦးဖြစ်မည်ဆိုလျှင် အခမ်းအနားတွင် မှတ်ပုံတင်နိုင်ပါသည်။ The cost for Hotel(5 Star), Air-ticket(MAI) and Medical Check-up is USD1000 but it free Now!!!!!!

ယခု Event အတွင်းတွင် Developer Risland မှာကျော်ကြားတဲ့ စီမံကိန်း ၄ ခု၊ Livin Ramkhamhaeng, The Livin Phetkkasamg, Skyrise Sukkhumvit 64 နှင့် Cloud 23 တို့ကို ၂၀ ရာခိုင်နှုန်းကျော် လျှော့ချမှု၊ အပို ၂% လျှော့ချမှု၊ လွတ်လပ်သော အိမ်အဆင်တန်ဆာ၊ အခမဲ့ ပိုင်ဆိုင်ခွင့် စီမံခန့်ခွဲမှုတို့ဖြင့် တိုးမြှင့်ရောင်းချပေးမှာဖြစ်ပါသည်။ မြန်မာနိုင်ငံသို့သာ ရောင်းချသော ယူနစ် ၅၀၀ ကျော်ရှိသည့် ထိပ်တန်းစီမံကိန်းများမှာ ဘီတီအက်စ်နှင့် ၁၅၀ မီတာ‌အဝေးတွင်သာရှိပြီးနိုင်ငံတကာကျောင်း များ Shoping Mall များစွာ အနီးတွင်ရှိသော projects များဖြစ်ပါသည်။

Yangon 21-22 July Pan Pacific Hotel Amber Room 1000-1800

Mandalay 23 Jul Mecure Mandalay Hill . Anawrahta Ballroom 1000-1800

📲 To Contact -
09765452927 Bo Bo
0998165526 Ms. Aye

16/06/2023

100,000 Time City coupon for every one that come
5,000,000 Lucky Draw for Every that come.

Come and listen to investment in Thailand and Thailand property

All Free, This Sat and Sun Pan Pacific Hotel, Jade Room. R floor.

Free hotel stay and Tickets and many promotion

11/01/2023

အသုံးများတဲ့ Idioms တွေ သိပြီးပြီလား ?

English လို ပြောရင် Idioms တွေ ထည့်သုံးတဲ့အခါ ပိုပြီး အထာကျပါတယ်။ သတိထားဖို့က ကိုယ်သုံးတဲ့ Idioms တွေက လက်တွေ့ဘဝမှာ သုံးနေကြဖို့နဲ့ အများကြီး ရောမသုံးမိစေဖို့ လိုပါတယ်။

💁🏻‍♀️ဒီနေ့ MY Language & Business School က ပြောပြမယ့်
ဒီ Idioms (7) လုံး ကို သိထားမယ်ဆို အတော်အဆင်ပြေပြေ ပြောဆိုနိုင်မှာပါ။

1. Hit the hay

အရမ်းပင်ပန်းလာတယ်၊ ထိုးအိပ်လိုက်ချင်ပြီလို့
ပြောချင်ရင် သုံးပါတယ်။

E.g. "Sorry, guys, I have to hit the hay now!"

2. Up in the air

ဘာမှ မသေချာ၊ မရေရာ၊ ဘာ Plan မှ မဆွဲရသေးဘဲ လေထဲက တိုက်အိမ်လို ဖြစ်နေတဲ့နေရာမျိုးမှာ သုံးနိုင်ပါတယ်။

E.g. "Hey, did you ever figure out those plans?"
"No, they’re still up in the air for now. We’ll figure everything out later."


3. Kill two birds with one stone.

သူ့ကိုတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဖြစ်တဲ့နေရာတွေမှာ အသုံးများတာ သိကြမှာပါ။

E.g. Why not go to the post office on your way to the mall and kill two birds with one stone?

4. Takes two to tango

သူ့အဓိပ္ပါယ်ကတော့ Tango ကရင် လူနှစ်ယောက်လိုတာပေါ့နော်။
များသောအားဖြင့် ကိစ္စတစ်ခုမှာ သံသယဝင်ရင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့အခါ ပြောကြပါတယ်။

E.g. David isn’t the only guilty one here! After all, it takes two to tango.


5. Blow off steam

သူကတော့ ရှင်းပါတယ်။ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး စိတ်တအားတိုနေရင် သုံးပေါ့။

E.g. "Hey, I’m feeling pretty angry right now. I’m going to go blow off some steam."

6. A tough cookie

သူ့ကိုကျ စိတ်ပိုင်းဆိုင်စာ သန်မာကြံ့ခိုင်တဲ့လူကို တင်စားပြောကြတာ ဖြစ်ပါတယ်။

E.g. Debbie’s a tough cookie. She doesn’t mind when people criticise her work.

7. Stabbed in the back

"နောက်ကျောက မင်းထိုးတဲ့ဓါး စျေးပေါလိုက်တာပေါ့"။

ယုံကြည်ရတဲ့ တစ်ယောက်ယောက်က သစ္စာဖောက်သွားတဲ့အခါ ပြောလို့ရပါတယ်။

E.g. I don’t want to be Hayley’s friend anymore, she stabbed me in the back!

ကဲ... ဒီလို Idioms တွေ သိရပြီဆိုတော့ အခုပဲ စလေ့လာလိုက်ပါတော့နော်။

ကိုယ်အကြိုက်ဆုံး၊ အသုံးများဆုံး Idiom တစ်မျိုးကိုလည်း Comment မန့်သွားကြပါဦး။

Address- 3rd Floor, Room (210), Shop House-2, Time City, Kamayut Township, Yangon, Myanmar
Phone- +95 9 942 836630
[email protected]

&Businessschool

Photos from Educator  SISU Oscar's post 09/01/2023

သွားလာရေးပါ အဆင်ပြေစေမယ့် Time City မှာ တည်ရှိတဲ့ MY Language & Business School

အခုလို အပြင်သင်တန်းတွေ ပြန်တက်ကြရတဲ့အခါ
လုံခြုံစိတ်ချရပြီး အချက်အချာကျကျ နေရာတွေ၊ သွားလာရအဆင်ပြေစေတဲ့ နေရာတွေ ဖြစ်ဖို့ လိုပါတယ်။

တကယ်တော့ စာသင်ကြားတယ်ဆိုကတည်းက
ပတ်ဝန်းကျင်က အဆင်ပြေပြေ သွားလာနိုင်ပြီး အေးဆေးလုံခြုံတဲ့နေရာတွေကသာ ပိုပြီး အဆင်ပြေပြေ သင်ယူသမျှကို စိုးရိမ်စရာမလိုဘဲ တတ်မြောက်လွယ်စေမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်က ကောင်းမွန်အဆင်ပြေနေတယ်ဆိုရင် -

💠 ကျောင်းသားတွေက အာရုံစိုက်ရ ပိုလွယ်ကူတယ်။
💠 ဆရာနဲ့ ဆက်ဆံရေးလည်း ပိုပြေတယ်။
💠 စာ ဆွေးနွေးရမယ်ဆိုရင်တောင် Confidence ပိုရှိပြီး
Motivation ပိုရပါတယ်။
💠 ကျောင်းသားအချင်းချင်းလည်း ရင်းနှီးနွေးထွေးလွယ်တယ်။

✅ ဒီတော့ သင်ယူရလွယ်ကူပြီး လိုရာ ပညာရေးပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။

ဒီလို ကျောင်းသားတွေရဲ့ သင်ယူမှုစနစ်နဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထည့်သွင်းအလေးထား ဖန်တီးထားတဲ့
Time City Third Floor မှာ တည်ရှိတဲ့ MY Language & Busines School ရဲ့ စာသင်ခန်းတွေနဲ့ မိတ်ဆက်ပေးသွားပါမယ်။

တစ်ခန်းချင်းစီဟာ သန့်ရှင်းကျယ်ဝန်းပြီး

✅ Aircon
✅ IP Board များ
✅ သက်သောင့်သက်သာရှိစေမယ့် ပရိဘောဂများနဲ့ ကျောင်းသားများ အဆင်ပြေပြေ လေ့လာနိုင်ရေးကို ရှေးရှုထားပါတယ်။

ဒီလို အဆင်ပြေပြေ အေးအေးဆေးဆေးစာသင်ခန်းတွေမှာ

🔝 Local , Foreigner Teachers တွေကိုယ်တိုင် စနစ်တကျ
စေတနာရှေ့ထားသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အခုပဲ တစ်ပုံချင်းစီ ထောက်ကြည့်လိုက်ပါ။ 👇🏻

Address- 3rd Floor, Room (210), Shop House-2, Time City, Kamayut Township, Yangon, Myanmar
Phone- +95 9 942 836630
[email protected]

&Businessschool

Photos from Educator  SISU Oscar's post 05/01/2023

English Skill 5 လအတွင်း​ အမြန်တတ်အောင်လုပ်နည်း 5 နည်း

"2023 မှာတော့ Scholarship ရပြီး နိုင်ငံခြားသွားချင်ပြီ။
ငါ့ English Skill ကတော့ ပုံမလာဘူး။ ခုလို 5 လတည်းနဲ့
ဖြစ်နိုင်ပါ့မလား ? လာရွှီးနေတယ်"လို့ မထင်လိုက်ပါနဲ့။🧏🏻‍♀️

🔥 "စိတ်သာ အဓိက" ဆိုတဲ့အတိုင်း ကိုယ်သာ တကယ်ကြိုးစားချင်စိတ်အပြည့်ရှိမယ်ဆို ဖြစ်နိုင်ပါတယ်လို့ အားပေးပါရစေ။

ပိုပြီး နည်းလမ်းမှန်မှန်လေ့လာနိုင်မဲ့ နည်းလမ်းကောင်း 5 ခုကိုလည်း MY Language & Busines School က အကြံပေး၊ မျှဝေပေးသွားဦးမှာပါ။

အခုပဲ တစ်ပုံချင်းစီ ထောက်ကြည့်လိုက်တော့နော်။ 👇🏻

Address- 3rd Floor, Room (210), Shop House-2, Time City, Kamayut Township, Yangon, Myanmar
Phone- +95 9 942 836630
[email protected]

&Businessschool

05/01/2023

Happy Mother’s Day
အမေများနေ့မှာ အမေတွေအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ

04/01/2023

🔸လွတ်လပ်ရေးနေ့ တို့မမေ့🔸

ဇန်နဝါရီလ၊ ၄ ရက်နေ့၊ ၂၀၂၃ ခုနှစ်။

ယနေ့ကျရောက်သော ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့အား မြန်မာနိုင်ငံသားအားလုံးနှင့်တကွ MY Language & Business School မှ ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။

Photos from Educator  SISU Oscar's post 03/01/2023

နှစ်သစ်မှာ အင်္ဂလိပ်စာကို အခြေခံကနေစပြီး သင်ယူဖို့ ပြင်ဆင်နေပြီလား? 🤔

အသံထွက်မှန်မှန်နဲ့ သေချာလေ့လာချင်တဲ့သူတွေအတွက် Foreigner Teacher တွေနဲ့ Local Teacher တွေ ပူးပေါင်းပြီး စနစ်တကျ သင်ကြားပေးနေတဲ့ MY Language & Business School ရဲ့ General English Class အတန်းလေးရှိနေပါပြီ🥰

သင်တန်းရက်တွေကိုလည်း Weekday Class တွေ ဖြစ်တဲ့ ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ မှာ တက်ရောက်နိုင်သလို Weekend Class ပဲ တက်ချင်တဲ့သူတွေအတွက်လည်း စနေ၊ တနင်္ဂနွေ ဆိုပြီး အဆင်ပြေမယ့် အတန်းကိုရွေးချယ်ပြီးတက်ရောက်နိုင်မှာပါ💁‍♀️

Foreigner Teacher တွေနဲ့ Local Teacher တွေ ပူးပေါင်းပြီး သင်ကြားပေးမှာဖြစ်ပြီး သင်ကြားချိန် ၄၂ နာရီနဲ့ လေ့ကျင့်ချိန် ၃ နာရီ စုစုပေါင်း ၄၅ နာရီ အတွင်းမှာ စနစ်တကျသင်ကြားပေးမှာပါ🥰

သင်တန်းချိန်အသေးစိတ်နဲ့ သင်ကြားပေးမယ့်ဆရာတွေကတော့

Weekdays Classes - 10 weeks
(45 hours for each level)
Teaching Time- 42 hours
Practice Time with Foreigner- 3 hours
Wed, Thurs, Fri
Starter - 10:00-11:30 (Tr. Calvin - Local)
Elementary- 12:00- 1:30 (Tr. Calvin- Local)
Pre-inter-1:45-3:15 (Tr. Val- Foreigner)

Weekend Classes - 12 weeks
(45 hours for each level)
Teaching Time- 42 hours
Practice Time with Foreigner- 3 hours
Sat & Sun
Starter - 9:00-11:00 (Tr. Min Thiha- Local)
Elementary- 11:30-1:30 (Tr. Min Thiha- Local)
Pre-inter- 2:00-4:00 (Tr. Karma) တို့က သင်ကြားပေးမှာပါ💁‍♀️

သင်တန်းကြေးအသေးစိတ်ကတော့
👉Starter- 120,000
👉Elementary- 150,000
👉Pre-Intermediate - 230,000 ကျသင့်မှာဖြစ်ပြီး
Normal Price -500,000ကိုမှ Foundation Package အပ်နှံပါက 450,000 ပဲကျသင့်မှာဖြစ်ပြီး Free Course Books ကိုပါ လက်ဆောင်ပေးသွားမှာပါ💁‍♀️

Last Enrollment Date ကတော့ January 15 ရက်နေ့ မလို့ အခုပဲအမြန်ဆုံးလာရောက်အပ်နှံလိုက်တော့နော်❗

Enroll Now❗

🎓MY Language & Business School🎓

Youth Network လေးတစ်ခုမှာ Work Experience လေးလည်းယူရင်း English လည်း improve ဖြစ်အောင်လေ့လာလိုတဲ့ လူငယ်တွေအတွက် သင်တန်းအခမဲ့ join ရင်း Recommendation Letter, Appreciation Certificate တွေရနိုင်မယ့် အခွင့်အရေးတွေလည်းရှိနေတာမို့ အသေးစိတ်သိလိုပါက အောက်ပါ link ကနေတစ်ဆင့်အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=587135313422638&id=100063785240487&mibextid=qC1gEa

Phone : +95 9 942 836630
Email : [email protected]
Address : 3rd Floor, Room (210), Shop House-2, Time City, Kamayut Township, Yangon, Myanmar

&business -intermediate

31/12/2022

နှစ်သစ်မှာ လုပ်ငန်းစီးပွါးတိုးတက်လို့ အောင်မြင်မှုအသစ်တွေရရှိပါစေကြောင်းMy Language and Business School မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်🥰

29/12/2022

GED နဲ့ နိုင်ငံတကာပညာရေး​ ဘယ်လိုချိတ်ဆက်မှုရှိလဲ ?

2022 မှာ အနာဂတ်ပျောက်တဲ့ ကျောင်းသားလူငယ်တွေအတွက် ရွှေရောင်ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ GED နဲ့ နိုင်ငံတကာမှာ ပညာသွားသင်မယ်ဆို ဘယ်လိုချိတ်ဆက်မှုတွေ ရှိမလဲဆိုတာ ဒီနေ့ ပြောပြပေးသွားပါမယ်။

GED ဆိုတာကတော့ မြန်မာနိုင်ငံမှာ အထက်တန်းမအောင်သေးတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံတကာမှာ ကျောင်းသွားတက်ချင်သူတွေအတွက် တကယ်ကောင်းမွန်တဲ့ General Educational Development ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အထက်တန်းပြီးဆုံးကြောင်း စာမေးပွဲလက်မှတ်ပဲဖြစ်ပါတယ်။

1942 ခုနှစ်မှာ စစ်ကြီးအတွင်း အထက်တန်းပညာမပြီးဆုံးသေးတဲ့ US စစ်သားတွေအတွက် ရည်ရွယ်စတင်ခဲ့တဲ့ GED ဟာ
အခုအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်း မ​ပြီးဆုံးဘဲ ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသူတွေအတွက် အင်မတန် အထောက်အကူ ပြုနေပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံအခြေအနေအရ ပညာဆက်သင်ယူလိုတဲ့ ကျောင်းသားတွေက GED ကို ရွေးချယ်ကြတာပါ။

GED ဟာ​ဆိုရင်

💡 Asia နဲ့ US မှာ ပညာဆက်လက်သင်ယူလိုသူများအတွက် အထူးအဆင်ပြေသင့်တော်ခြင်း

US High School ပြီးဆုံးကြောင်း Diploma ဖြစ်တာကြောင့်
US နဲ့ Asia က နိုင်ငံတွေမှာပါ အဆင့်မြင့်ပညာရေးခရီး ဆက်လျှောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Canada, UK, Australia, New Zealand စတဲ့ နိုင်ငံများရဲ့ Universities များမှာလည်း
တက်ရောက် ပညာသင်ကြားနိုင်ပါတယ်။

ဒီ Link မှာ ပါဝင်တဲ့ ကျောင်းတွေက GED ကို လက်ခံပါတယ်။

https://ged.com/en/university-acceptance/

.........................................................................

💡 သင်ကြားဖြေဆိုမှုပုံစံ လွယ်ကူရိုးရှင်းခြင်း

ဘာသာရပ် ၄ ခုပဲရှိတာကြောင့် Self study ဖြစ်စေ၊ အပြင်အတန်းတက်ပြီးဖြစ်စေ သင်ယူနိုင်ပါတယ်။

သင်ကြားပြီးလို့ ဖြေဆိုဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Online မှာရော အပြင် Centre တွေမှာပါ သွားရောက်ဖြေဆိုနိုင်မှာပါ။
ပထမတစ်ကြိမ်နဲ့ အောင်မှတ်မရရင်လည်း အချိန်အတော်ကြာ စောင့်စရာမလိုဘဲ (3) ကြိမ်ထိ ဖြေဆိုနိုင်မှာပါ။

💡နိုင်ငံတကာမှာ ပညာဆက်လက်သင်ယူသွားနိုင်ဖို့
အလေ့အကျင့် ရသွားခြင်း

စာကျက်ပြီး ကြက်တူရွေးနှုတ်တိုက် ဖြေရတာမျိုးမဟုတ်ဘဲ
ကိုယ့်ရဲ့ နားလည်နိုင်စွမ်းနဲ့ Critical thinking, Problem Solving စတာတွေနဲ့ ပေါင်းစပ်ပြီး ဖြေဆိုရတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ University တွေ ဆက်လက်သင်ယူတဲ့အခါမှာလည်း တခါတည်း အလေ့အကျင့်ရပြီးသား ဖြစ်သွားမှာပါ။
.........................................................................

💡အချိန်ကုန်သက်သာခြင်း

တစ်နှစ်လုံး ကိုယ်ကြိုက်တဲ့အချိန်မှာမှ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ပြင်ဆင်ချိန် 3 လလောက်ဆိုရပေမဲ့ 6 လလောက်ဆို
အတော်လေး အမှတ်များမှာဖြစ်ပါတယ်။

..........................................................................

💡ပိုက်ဆံကုန်သက်သာခြင်း

Exam Fees က တစ်ဘာသာကို $80 ခန့်သာ ကျသင့်မှာမို့ အတော်လေးသက်သာတယ်ပြောရပါမယ်။

ဒါကြောင့် နိုင်ငံတကာမှာ အလွယ်တကူအဆင်ပြေပြေနဲ့
အဆင့်မြင့် ပညာသင်ယူနိုင်ဖို့ဆိုရင်တော့ GED ကို မဖြစ်မနေ
ထည့်သွင်းသင့်ပါတယ်လို့ MY Language & Busines School က အကြံပြုချင်ပါတယ်။

Address- 3rd Floor, Room (210), Shop House-2, Time City, Kamayut Township, Yangon, Myanmar
Phone- +95 9 942 836630
[email protected]

&Businessschool

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangna
Bangkok