10/08/2023
🪴 Beginner Tips
ဆေးခြောက်သောက်တိုင်း အမြဲတမ်း ကောင်းတဲ့ခံစားချက်ကို မရနိုင်ပါဘူး၊။ အဲ့တာကြောင့် ပထမဆုံးစသောက်မယ့် beginner တွေ အနေနဲ့ နောက်လုံး၀မသောက်ချင်လောက်အောင် မကောင်းတဲ့အတွေ့အကြုံ တွေနဲ့ မတွေ့စေချင်တာကြောင့် experience ရှဲပေးသွားပါမယ်ဗျ။
ဆေးခြောက်စစမ်းကြည့်ချင်တဲ့သူတွေမှာ ရွေးချယ်စရာအနေနဲ့ Smoke လုပ်မလား ၊ Edibles စားမလား နှစ်ခုရှိတယ်ပေါ့ဗျာ။
ဒါတွေကတော့ common ဖြစ်တဲ့ Option တွေပေါ့။ Smoking ကတော့ အဆုတ်ကနေတစ်ဆင့်သွေးထဲရောက်ပြီး တန်း High တာဖြစ်တဲ့အတွက် သူ့အတွက်အချိန်မလိုပါဘူး။Edibles တွေက လွယ်လွယ်ပြောရရင် အစာချေဖျက်ပြီး သွေးထဲရောက်မှစ High တာမျိုးပေါ့၊ သူက အချိန်လိုတယ် ၊ အစာမရှိရင် ပိုမြန်မယ် ၊ အစာရှိနေရင် ပိုကြာမယ်ပေါ့ ။သူ့ရဲ့အားသာချက်က Smoking ထက် High တာပိုကြာပါတယ်။ပုံမှန် ၂နာရီ ၃နာရီလောက်ထိတောက်လျောက် High နေတာမျိုးမို့ပါ။
အခုမှစပြီးစမ်းချင်တဲ့သူတွေအတွက် ကျနော်ကတော့ Smoking ကိုပဲရွေးချယ်စေချင်တယ်ဗျ၊ ချက်ချင်း High တဲ့အတွက် ကိုယ့်အတွက် comfortable မဖြစ်ဘူးလို့ခံစားရတဲ့အချိန်မှာရပ်လိုက်လို့ရပေမယ့် Edibles ကတော့အကုန်လုံး သွေးထဲရောက်နှင့်ပြီးသားမို့ ပြန်လမ်းမရှိတာမျိုးပေါ့။ လူတိုင်းမှာ Tolerance (ခံနိုင်ရည်အား) မတူညီတဲ့အတွက် ခန္တာကိုယ်က react လုပ်တာမတူညီကြပါဘူး။ အဲ့တော့ကိုယ့်ရဲ့ Tolerance ကိုလည်းသိအောင်အရင်လုပ်ဖို့ အရေးကြီးပါတယ်။
Smoke လို့အဆင်မပြေတဲ့သူတွေကတော့ Edible ကို try တဲ့အခါ 10mg , 20mg လောက်ပဲပါတဲ့ ပမာဏကိုပဲစားစေချင်ပါတယ်၊ ဆေးခြောက်ရဲ့ effect ကခန္တာကိုယ်အခြေအနေအပေါ်မူတည်နေတဲ့အတွက် Physically ဖြစ်ဖြစ် Mentally ဖြစ်ဖြစ် အဆင်သင့်ဖြစ်မနေတဲ့အချိန်မှာ စစချင်း Try ချင်တဲ့သူတွေအတွက် အဲ့လိုချိန်တွေတော့ရှောင်စေချင်တယ်ဗျ။ စိတ်အခြေအနေမကောင်းတဲ့အချိန်တွေမှာဆို Paranoid တွေအထိပါဖြစ်စေတဲ့အတွက် ကောင်းတဲ့အတွေ့အကြုံကိုရမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ဆေးခြောက်က comfortable မဖြစ်တဲ့အခါ ချွေးစေးပြန်တာတွေ၊ ခေါင်းကိုက်တာတွေ၊ အန်ချင်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲ့အချိန်ကျတွေတစ်ချို့သူတွေက မကောင်းတဲ့အတွေးတွေ၀င်လာတက်ကြတာများပါတယ်။
ကျနော်အကြံပေးချင်တာကတော့ ပထမဆုံးစစမ်းချင်သူတွေကိုတစ်ယောက်ထဲရှိနေတဲ့အချိန် ထက် သူငယ်ချင်းနဲ့ပဲ ဖြစ်ဖြစ် စိတ်ချတယ်လို့ခံစားတဲ့သူတွေနဲ့ ကိုယ့်ကိုကို safe ဖြစ်တယ်လို့ခံစားရတဲ့နေရာမှာပဲ try စေချင်ပါတယ်။ Safe ဖြစ်တယ်လို့ခံစားနေရရင် အရမ်းဆိုးတဲ့အတွေ့အကြုံမျိုးတွေထိရောက်ဖို့က နည်းပါတယ်။ အဲ့လိုဖြစ်လာရင်လဲ အရမ်းကြီးစိုးရိမ်မနေပဲ စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထားပြီး သကြားရည် (သို့) အချိုဓာတ်ပါတဲ့အရည်တွေ သောက်ပေးတာတို့ ငရုပ်ကောင်းသောက်တာတို့ လုပ်ပေးလို့ရပါတယ်ဗျ။
🪴ကဲဒီအပတ်တော့ဒီလောက်ပါပဲဗျ၊နောက်အပတ်တွေမှာလည်း ဆေးခြောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ Sharing လုပ်ပေးမှာမို့ Page ကို Like&Follow လုပ်သွားဖို့လဲမမေ့ပါနဲ့ဗျ။
**dnesday
17/07/2023
🪴New posts every w**dnesday.
🪴Keep in touch for more saychouk related content.
Follow us on Instagram :
14/07/2023
🪴 Happy Friday
🪴 အေးဆေး သီချင်းလေးဖွင့် ဆေးခြောက်သောက်ပြီး မျောရတာ ကြိုက်တဲ့ဘော်ဒါတွေ ရှိလား။
ကျွန်တော်ကတော့ တစ်ယောက်တည်း သောက်ဖြစ်တဲ့ အချိန် နားကြပ်တပ် ကိုယ်ကြိုက်တဲ့ သီချင်းတွေဖွင့်ပြီး အနားယူရတာ ကြိုက်တယ်။
ဘော်ဒါ တွေနဲ့သောက်ဖြစ်ရင်လည်း laptop တစ်လုံး အလယ်မှာချ Youtube ဖွင့်ပြီး အချင်းချင်း နားထောင် ဖြစ်တဲ့ သီချင်းတွေ share လုပ်ရင်း မျောကြတယ်။ အဲ့ဒါကို Chill Session ဆိုပြီး ခေါ်ဖြစ်တယ်။
🪴အဲ့ experience ကို share လုပ်ချင်လို့ ကျွန်တော်တို့ လတ်တလော မျောရတာ ကြိုက်တဲ့ သီချင်းတွေကို စုပြီး Spotify မှာ playlist လုပ်ထားပါတယ်။ မျောချင်လို့ပဲ ဖြစ်ဖြစ်၊ သီချင်းနားထောင်ရတာ ကြိုက်လို့ပဲ ဖြစ်ဖြစ် အောက်က link မှာ ဝင်နားထောင်လို့ရပါတယ်။
https://open.spotify.com/playlist/7tgujHSRlDo8Fgs9xlIFej?si=SciA85ghRAOOnQnGFfFVuA
🪴Playlist ကိုလည်း ပုံမှန် update လုပ်ပေးသွားပါမယ်။ဘော်ဒါတို့ မျောဖြစ်တဲ့ သီချင်းတွေ ရှိရင်လည်း comment မှာ share ပေးသွားပါဦး။
12/07/2023
🪴 Hello from Saychouk
🪴အခုတစ်ခေါက်မှာတော့ ဆေးခြောက်ပင်မှာပါဝင်တဲ့ compounds တွေကိုအကြမ်းဖျင်းရှင်းပြပေးချင်ပါတယ်။
ဆေးခြောက် အပင်ကိုအဓိကအားဖြင့် အရွက် (leaves) ၊အဖူး (flowers or buds) ၊ အရိုး (stems) ဆိုတဲ့ သုံးမျိုးဖြင့်ဖွဲ့စည်းထားပါတယ်။ အဖူးပေါ်မှာမြင်တွေ့ရတဲ့ တလက်လက်ဖြစ်နေတဲ့ အမှုံလေးတွေမှာ Terpenes လို့ခေါ်တဲ့ chemical compounds တွေပါရှိပါတယ်။ ဆေးခြောက်ပင်ရဲ့ အနံ့ ၊ အရသာကိုအဓိကအားဖြင့် Terpenes တွေဆီကရရှိပါတယ်။ ဒါ့အပြင် Psychoactive ဖြစ်စေတဲ့ Chemical compounds တွေပါဝင်တာကြောင့် အဲ့ဆေးခြောက်သောက်တဲ့အခါမှာ ကျနော်တို့ရဲ့သွေးထဲမှတစ်ဆင့် ခန္တာကိုယ်နဲ့ဦီးနှောက်ကိုရောက်ပြီး High စေပါတယ်။
ဒီ ပါဝင်တဲ့ components တွေထဲက Cannabinoids လို့ခေါ်တဲ့ compounds တွေဟာဆေးခြောက်ပင်တွေမှာ အများဆုံးရှိတတ်ပြီး ငရုတ်ကောင်းပင်နဲ့အခြားအပင်အနည်းစုမှာလဲရှိတတ်ပါတယ်။ (Terpenes နဲ့ Cannabinoids ကိုပေါင်းပြီး "Terpenoids" လို့လဲခေါ်ကြပါတယ်) ။
Cannabinoids မှာအဓိကအားဖြင့် အားလုံးသိကြတဲ့ THC (Tetrahydrocannabinol) နဲ့ CBD (Cannabidiol) ကအများဆုံးပါ၀င်ပြီး အခြားသော CBGA (Cannabigerolic acid) , CBN (Cannabinol) လို့ခေါ်တဲ့အခြား Chemicals compounds တွေလဲပါ၀င်ပါတယ်။
ဆေးခြောက်ပင်တွေမှာပါ၀င်တဲ့ THC , CBD ပမာဏတွေဟာ တစ်ပင်နဲ့တစ်ပင်မတူတဲ့အတွက် Strain အမျိုးအစားပေါ်မူတည်ပြီး သက်ရောက်တဲ့ effect ကကွာခြားတာဖြစ်ပါတယ်။
ပါ၀င်တဲ့ THC ရာခိုင်နှုန်းများလေ ပိုပြီးဆေးခြောက်ပင်ရဲ့ Effect ကပိုပြီး Strong ဖြစ်တယ်လို့လဲသတ်မှတ်လို့ရပါတယ်။
🪴ပြီးခဲ့တဲ့အပတ်မှာတော့ ဆေးခြောက်သောက်ရင်ဘာလို့ high လဲဆိုတာကို ဖော်ပြပေးထားပါတယ်။ မဖတ်ရှုရသေးတဲ့လူများအတွက် အောက်ပါ link မှာကြည့်ရှု နိုင်ပါတယ်။
https://facebook.com/100094461002655/posts/104682316023802/
🪴နောက်အပတ်မှာတော့ THC နဲ့ CBD ကွာခြားပုံနဲ့ အသေးစိတ်ကိုဆက်လက်ဖော်ပြပေးသွားမှာ page လေးကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။
Instagram :
**dnesday
07/07/2023
🪴Page ကို like and share လုပ်ပေးတဲ့သူအားလုံးကျေးဇူးအထူးပါ။
ရှေ့လျှောက်လည်း ဆေးခြောက် နဲ့ပတ်သတ်တဲ့ content တွေ မပြတ်တင်သွားဖို့ရှိပါတယ်။ Instagram မှာလည်း follow လုပ်လို့ရပါပြီဗျ။
🪴Thank you all for showing love.
More contents related to saychouk coming right up.
Make sure you follow us on instagram .
06/07/2023
🪴ဆေးခြောက်သောက်ရင်ဘာကြောင့် High လဲ?
ကျနော်တို့ဆေးခြောက်သောက်ရင် high နေပြီ high တာကောင်းနေပြီ စတဲ့ စကားတွေကို ကြားဖူးနေပါလိမ့်မယ်။ ဘာကြောင့် High လဲဆိုရင်ဆေးခြောက်ပင်မှာရှိတဲ့ Terpenes လို့ခေါ်တဲ့ Chemical compounds တွေကြောင့်ဖြစ်ပါတယ်။
🪴 Terpenes ဆိုတာဘာလဲ?
Terpenes ဆိုတာကတော့သဘာ၀အတိုင်းဖြစ်ပေါ်နေတဲ့ Chemical compounds တစ်ခုဖြစ်ပြီး အပင်တွေမှာအများဆုံးတွေ့ရပါတယ်။ ဆေးခြောက်ပင်တွေရဲ့ Terpenes တွေမှာပါ၀င်တဲ့ Chemical compounds တွေက ဆေးခြောက်ပင်တွေကို အမျိုးအစားအလိုက် မတူညီတဲ့အနံ့ အရသာနဲ့ မတူညီတဲ့သက်ရောက်မှု ကိုဖြစ်စေတယ်။ တနည်းအားဖြင့် ကျနော်တို့ဟာ Terpenes တွေကို သွေးထဲရောက်စေပြီးတော့ High တယ်ဆိုတဲ့ခံစားမှုကိုရစေတာဖြစ်ပါတယ်။
🪴 Terpenes တွေကအပင်ရဲ့ဘယ်နေရာတွေမှာရှိလဲ?
Terpenes ဆိုတာ sticky ဖြစ်တဲ့ Chemical compounds ဖြစ်ပြီး Bud (ခေါ်) Flower ပေါ်မှာရှိနေတဲ့ crystal လေးတွေအဖြစ်မြင်တွေ့နိုင်ပါတယ်။ Bud ပေါ်မှာပမာဏအများဆုံးရှိနေပြီး အပင်ရဲ့ အရွက် ၊ အရိုးတွေမှာလဲ ပမာဏ အနည်းငယ်ရှိနေတတ်ပါတယ်။ အဲ့တာကြောင့် ကျနော်တို့ဟာ Bud ကိုအဓိက Grind (ချေ)ပြီးသောက်ကြတာဖြစ်ပါတယ်။ Trim ခေါ် Bud နဲ့ အနီးဆုံးမှာရှိနေတဲ့ အရွက်တွေမှာလဲ Terpenes ပမာဏ တစ်ခုရှိတဲ့အတွက် အသုံးပြုကြပါတယ်။ များသောအားဖြင့် Edible (w**d ပါတဲ့ စားစရာများ) တွေပြုလုပ်တဲ့နေရာမှာ အသုံးများပါတယ်။
🪴Terpenes ထဲမှာပါတဲ့ chemical compounds တွေအကြောင်းကို နောက်တစ်ပုဒ်မှာ ရှင်းပြပေးသွားပါမယ်။ အလျင်းသင့်သလို ဆေးခြောက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာဖြစ်လို့ အဆင်ပြေရင် Page ကို Like & Share လုပ်ပေးသွားလို့ရပါတယ်ဗျ။