Phyo Phyo Aung Short Videos

เส้นทาง เว็บไซต์ ติดต่อ โรงเรียนนี้

Phyo Phyo Aung Short Videos ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Phyo Phyo Aung Short Videos, เว็บไซต์เพื่อการศึกษา, Bangkok

Contact: 09940084444 အားလုံးပဲ မင်္ဂလာပါရှင် ဖြိုးရဲ့ ဒုတိယမြောက် ထပ်ဖွင့်တဲ့ Pageမှာ အကျိုးရှိစေမဲ့ ဗီဒီယိုတိုတွေ စိတ်ခွန်အားပေးမယ့် စာတွေကို အမြဲတင်ပေးနေပါမယ်၊ ဒီ Pageကိုလဲ Like & Follow လုပ်ထားပြီး အမြဲလာလေ့လာဖို့ရာ ပြောချင်ပါတယ်။

စာရေး၊ စာဖတ်ခြင်းက ဖြိုးရဲ့ဘဝကို မတူညီတဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့တာပါ။ ဒီလိုကောင်းတဲ့အရာတွေကို မြင်စေချင်တဲ့ စေတနာနဲ့ တ...
28/09/2026

စာရေး၊ စာဖတ်ခြင်းက ဖြိုးရဲ့ဘဝကို
မတူညီတဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့တာပါ။

ဒီလိုကောင်းတဲ့အရာတွေကို မြင်စေချင်တဲ့ စေတနာနဲ့
တစ်ခါတလေ လူမုန်းခံပြီး စာဖတ်ဖို့ တိုက်တွန်းရတာပါ။

ဖြိုးလိုမျိုး စာအုပ်ထဲကနေတစ်ဆင့်
ဘဝရဲ့အမြင်တွေကို ပြောင်းလဲချင်ရင်

ဖြိုးကိုယ်တိုင်ဖန်တီးပေးထားတဲ့ Shwenote ရှိတယ်။

ShweNote နဲ့အတူတူ အခုကစပြီး ပြောင်းလဲလိုက်ရအောင်လား။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

လောကမှာ "အလကား” ဆိုတာ မရှိဘူး။ ငွေကြေးမပေးရတဲ့ အရာတိုင်းရဲ့ နောက်ကွယ်မှာ အချိန်၊ အာရုံစိုက်မှု ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်စ...
27/09/2026

လောကမှာ "အလကား” ဆိုတာ မရှိဘူး။

ငွေကြေးမပေးရတဲ့ အရာတိုင်းရဲ့ နောက်ကွယ်မှာ
အချိန်၊ အာရုံစိုက်မှု ဒါမှမဟုတ်
ကိုယ့်ရဲ့ စိတ်စွမ်းအင်တစ်ခုခုကို ပေးဆပ်နေရစမြဲပါ။

မျက်မြင်ကုန်ကျစရိတ် မရှိတာတွေက
တကယ်တော့ အန္တရာယ်အများဆုံးပါပဲ။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

26/09/2026

အချစ်နဲ့တွေ့ရင် "အ" သွားတတ်တဲ့
မိန်းကလေး မဖြစ်ပါစေနဲ့။

သူဘာလုပ်လုပ် အရာရာ ငြိမ်ခံပြီး
လိုက်လျောနေတာ အချစ်မဟုတ်ပါဘူး။

"နင်မရှိလည်း ငါ့ဘဝက ဖြစ်တယ်" ဆိုတဲ့
Abundant Mindset မျိုး မွေးပါ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့
အမျိုးသမီးတစ်ယောက်ဟာ
ကိုယ့်ကို တန်ဖိုးမထားတဲ့ ဆက်ဆံရေးမျိုးကို
ပြတ်ပြတ်သားသား "NO" လို့ ငြင်းပယ်တတ်ပါစေ။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

ဘဝဆိုတာ မနက်ဖြန် ဘာဖြစ်လာမလဲဆိုတဲ့ အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုပါပဲ။ အရာရာဟာ မသေချာခြင်းတွေနဲ့ တည်ဆောက်ထားတာမို့ အဲဒီမရေရာမှု...
25/09/2026

ဘဝဆိုတာ မနက်ဖြန် ဘာဖြစ်လာမလဲဆိုတဲ့
အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုပါပဲ။

အရာရာဟာ မသေချာခြင်းတွေနဲ့
တည်ဆောက်ထားတာမို့ အဲဒီမရေရာမှုတွေကို
ရန်သူလို မတွန်းထုတ်ဘဲ
သဘာဝကျကျ အတူယှဉ်တွဲ
လက်တွဲသွားတတ်ဖို့ပဲ လိုပါတယ်။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

24/09/2026

အရမ်းသဘောကောင်းလွန်းတဲ့ အမျိုးသမီးတွေ မဖြစ်မနေ သိထားရမယ့် အချက် 💡

ငြိမ်ခံမနေပါနဲ့ (Passive မဖြစ်ပါနဲ့)
ရန်လည်းလိုက်မဖြစ်ပါနဲ့ (Aggressive မလုပ်ပါနဲ့)
ကိုယ့်တန်ဖိုးကို ထိန်းသိမ်းပြီး Assertive ဖြစ်အောင်နေပါ။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

စိုးရိမ်ပူပန်မှုဆိုတာ ....ကိုယ့်နောက်ကွယ်က အရိပ်တစ်ခုပါပဲ။ ကြီးမားသယောင် ထင်ရပေမဲ့ လက်တွေ့မှာတော့ လေဟာနယ်တစ်ခုပဲ။ မမြင်ရ...
23/09/2026

စိုးရိမ်ပူပန်မှုဆိုတာ ....
ကိုယ့်နောက်ကွယ်က အရိပ်တစ်ခုပါပဲ။
ကြီးမားသယောင် ထင်ရပေမဲ့
လက်တွေ့မှာတော့ လေဟာနယ်တစ်ခုပဲ။
မမြင်ရတဲ့ အရိပ်ကို ကြောက်လန့်နေမယ့်အစား
မျက်နှာချင်းဆိုင် ရင်ဆိုင်ကြည့်လိုက်ပါ၊
ဘာမှ မဟုတ်တော့တာကိုသိရလိမ့်မယ်။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

22/09/2026

ကိုယ့်ကို တန်ဖိုးမထားဘဲ ကတိမတည်တတ်တဲ့သူမျိုးရဲ့မလေးစားတဲ့ အပြုအမူကို နားလည်သည်းခံမနေပါနဲ့။ ဒါဟာ မာနကြီးတာ မဟုတ်ဘူး၊ ဖြိုးတို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ အမျိုးသမီးတစ်ယောက်မှာရှိရမဲ့ ကိုယ်ပိုင်စည်းမျဉ်း Self-Respect တစ်ခုပါ။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

21/09/2026

မဖြစ်သေးတာတွေကို ကြိုတွေးပြီး ပင်ပန်းမခံပါနဲ့။
အခုလက်ရှိ လုပ်နေတဲ့အလုပ်ပေါ်မှာ
နှလုံးသားပါနှစ်ပြီးလုပ်ပါ။
အချိန်တိုင်းကို တန်ဖိုးထားဖြတ်သန်းပြီး
ဘယ်လိုရလဒ်ပဲထွက်လာပါစေ
ကိုယ့်အားထုတ်မှုအတွက် ကိုယ်ဂုဏ်ယူလိုက်ပါ။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

လူတစ်ယောက်ရဲ့ ဘဝမှာ အကြီးမားဆုံး အောင်မြင်မှုဆိုတာ သူများဆီက အသိအမှတ်ပြုမှု ရတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ တန...
20/09/2026

လူတစ်ယောက်ရဲ့ ဘဝမှာ
အကြီးမားဆုံး အောင်မြင်မှုဆိုတာ
သူများဆီက အသိအမှတ်ပြုမှု ရတာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ တန်ဖိုးထားတတ်လာတာပါ။
သူများ ကိုယ့်ကို လေးစားဖို့ထက်
ကိုယ့်သိက္ခာကို ကိုယ်တိုင် လေးစားတတ်ဖို့ က အဓိက။

သူများ သဘောကျတာ ခံရဖို့ထက်
မှန်ထဲက ကိုယ့်ပုံရိပ်ကို ကိုယ်တိုင် ပြုံးပြုံးကြီး
သဘောကျနေဖို့ က အရေးကြီးတယ်။

တစ်လောကလုံး ယုံကြည်ပေးနေရင်တောင်
ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘူးဆိုရင်
ဘယ်တော့မှ ခရီးမပေါက်ပါဘူး။

သူများဆီမှာ ရှိတာတွေကို လိုက်အားကျပြီး
စိတ်ဆင်းရဲနေမယ့်အစား
ကိုယ့်လက်ထဲက အရာတွေကို တန်ဖိုးထားတတ်မှ
စစ်မှန်တဲ့ ငြိမ်းချမ်းမှု ရတာပါ။

အပြင်ဘက်က အလင်းရောင်ကို လိုက်ရှာနေတာထက်
ကိုယ့်အတွင်းစိတ်ထဲက အလင်းကို
အရင်ထွန်းညှိလိုက်ပါ။

ကိုယ့်ကိုကိုယ် အပြည့်အဝ ချစ်တတ်သွားတဲ့အခါ
ကမ္ဘာကြီးကလည်း သင့်ကို မုချ လေးစားလာပါလိမ့်မယ်။

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

19/09/2026

ကိုယ့်ကို အမြင်မကြည်တဲ့သူတွေအတွက် အချိန်ကုန်မခံပါနဲ့။ သူတို့ ဘယ်လိုပဲထင်ထင် ဂရုမစိုက်ဘဲ ကိုယ့်လမ်းကို ယုံကြည်မှုအပြည့်နဲ့ ဆက်လျှောက်ပါ။ အဲ့လိုနေတတ်လာတဲ့အခါ ဘယ်သူမှ ကိုယ့်ကို လာထိလို့မရတော့ဘူးဆိုတာ သူတို့အလိုလို သိသွားပါလိမ့်မယ်။ ✨

#လန်းလန်းဆန်းဆန်းကံ့ကော်ပန်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Phyo Phyo Aung Short Videos โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Phyo Phyo Aung Short Videos:

ทางลัด

แชร์