"ဝ"လုံးလေးကနေ စသင်ခဲ့တဲ့ ကလေးတွေ😍
စာပုဒ်ကြီးတွေ ဖတ်နေပါပြီ😍
တချို့ကလေးတွေဆို ကျောင်းမှာရော အိမ်မှာပါ ထိုင်းစကားပဲ ပြောကြတာ။ ကိုယ်နဲ့မြန်မာစာသင်မှပဲ မြန်မာစကားပြောဖြစ်ကြတာ။ သင်္ချာမှာ အမြှောက်သင်ခန်းစာသင်ရင် သူတို့က အလီကို ထိုင်းလိုဆိုတွက်ကြတာ။😀 ထိုင်းကျောင်းတစ်ဖက်နဲ့ မြန်မာစာလည်း လွတ်မသွားအောင် ကြိုးစားနေကြတာ မိဘတွေရော၊ သားသမီးတွေပါ အရမ်းတော်ကြပါတယ်။😍)
ထိုင်းကျောင်းတက်ပြီး မြန်မာစာကို အွန်လိုင်းအတန်းတက်ချင်တဲ့ (၆-၇)နှစ် ကလေးတွေ အတွက်
အတန်းသစ်ဖွင့်ပေးဖို့ ရှိပါတယ်။😍
ကြိုတင် စာရင်းပေးထားလို့ ရပါပြီ။😍
𝗟𝗲𝗮𝗿𝗻 𝗙𝗼𝗿 𝗙𝘂𝘁𝘂𝗿𝗲
ဘာသာစကားတစ်ခုခုသင်ယူပြီး မိမိဘဝကိုမြှင့်တင်လိုက်ပါ။
ဆရာဂျာရဲ့ အငယ်ဆုံးလေးတွေ😍
တနင်္လာနေ့ ကနေ သောကြာနေ့ အထိ ထိုင်းကျောင်းတက်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်နှစ်ရက်တည်း မြန်မာစာသင်ရပေမယ့် စာဖတ်တတ်နေကြပြီ။😍
(တချို့ကလေးတွေဆို ကျောင်းမှာရော အိမ်မှာပါ ထိုင်းစကားပဲ ပြောကြတာ။ ကိုယ်နဲ့မြန်မာစာသင်မှပဲ မြန်မာစကားပြောဖြစ်ကြတာ။ ထိုင်းကျောင်းတစ်ဖက်နဲ့ မြန်မာစာလည်း လွတ်မသွားအောင် ကြိုးစားနေကြတာ မိဘတွေရော၊ သားသမီးတွေပါ အရမ်းတော်ကြပါတယ်။😍)
ဒီအရွယ်လေးတွေ သင်ရတာ တကယ်ပျော်စရာကောင်းတယ်။😍
ထိုင်းကျောင်းတက်ပြီး မြန်မာစာကို အွန်လိုင်းအတန်းတက်ချင်တဲ့ (၆-၇)နှစ် ကလေးတွေ အတွက် ဒီနှစ်ကုန်ရင် အတန်းသစ်ဖွင့်ပေးဖို့ အစီအစဥ်ရှိပါတယ်။
ကြိုတင် စာရင်းပေးထားလို့ ရပါပြီ။🤩
20/03/2025
ထိုင်းစာသင်တန်းရော၊
အတန်းစာ အတန်းတွေရော
အချိန် အကန့်အသတ်မရှိ နားထားပါတယ်နော်။☺
(၂၀၂၅ ထဲမှာ ပြန်ဖွင့်ဖြစ်ဖို့ မသေချာပါဘူး☺)
အတန်းလာမေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ပြန်ဖွင့်ဖြစ်ရင် ပြန်ပြောပါမယ်။
ပုံနဲ့မဆိုင်ပေမယ့် ဆရာဂျာ မှန်းသိအောင် တင်တာပါ😁😍
26/02/2025
📌 ထိုင်းစာ Level 2 အောင်စာရင်း📃
ကြိုးစားမှုရဲ့ ရလဒ်လေးတွေပေါ့😍
အလုပ်အချိန်နဲ့ အဆင်မပြေတဲ့သူတွေက မဖြေကြရဘူး(စိတ်မကောင်းပါဘူး☺)
ပန်းတိုင်ဆီသို့ တစ်နေ့နည်းနည်းချင်းစီ ရွေ့လျားခဲ့ကြတာ ခရီးတော်တော်ပေါက်နေပါပြီ😍
ဆရာနဲ့တူတူလည်း ဆက်ရွေ့ကြမယ်😍
ဆရာ မအားတဲ့အချိန်တွေမှာလည်း ကိုယ့်ဘာသာကိုယ်ဆက်ရွေ့ကြရမယ်နော်😍
ဒီခရီးကို စတင်ခဲ့ပြီမို့ ပန်းတိုင်အထိရောက်အောင်သွားကြပါ😍
ဟိုမှာ အရမ်းလှပတဲ့ အရာတွေက ကြိုးစားတဲ့မင်းတို့လေးတွေကို အသင့်စောင့်နေကြတယ်😍
Level 2 ပြီးပြီဖြစ်လို့ စာရေးစာဖတ်နည်းတွေ အားလုံးနီးပါးသိသွားကြပြီ Self-study များများလုပ်ကြပါ😍
အားလုံးကိုအများကြီးဂုဏ်ယူပါတယ်🥇🥈🥉🏆🎊🎉🎈🎈🎈👏👏👏✌💪
အခန့်လေးတို့အဖွဲ့😍✌💪
Soelin Aúñĝ
Htet Thu
Phyo Lwin
Zwe Si Thu Lwin
ပန်းတိုင်ဆီသို့ တစ်နေ့နည်းနည်းချင်းစီ ရွေ့လျားခဲ့ကြတာ ခရီးတော်တော်ပေါက်နေပါပြီ😍
ဆရာနဲ့တူတူလည်း ဆက်ရွေ့ကြမယ်😍
ဆရာ မအားတဲ့အချိန်တွေမှာလည်း ကိုယ့်ဘာသာကိုယ်ဆက်ရွေ့ကြရမယ်နော်😍
ဒီခရီးကို စတင်ခဲ့ပြီမို့ ပန်းတိုင်အထိရောက်အောင်သွားကြပါ😍
ဟိုမှာ အရမ်းလှပတဲ့ အရာတွေက ကြိုးစားတဲ့မင်းတို့လေးတွေကို အသင့်စောင့်နေကြတယ်😍✌💪
Level 2 ပြီးပြီဖြစ်လို့ စာရေးစာဖတ်နည်းတွေ အားလုံးနီးပါးသိသွားကြပြီ Self-study များများလုပ်ကြပါ😍✌💪
ဒါက သင်တန်းမှာ သင်တဲ့သင်ခန်းစာမှန်သမျှကို Video ပြန်လုပ်ပြီး Telegram Channel မှာ ပြန်တင်ပေးတဲ့ ပုံစံလေးတစ်ပုဒ်ပါ😍
Video ပြန်လုပ်ပေးခြင်းရည်ရွယ်ချက်က
- သင်တန်းမဝင်အားတဲ့ရက်မှာဖြစ်စေ၊
- အိမ်စာပြန်လုပ်ရင်း အသံထွက်မမှတ်မိတော့ရင်ဖြစ်စေ
Video လေးတွေကို ကြည့်ပြီး ရာသက်ပန်ပြန်လေ့လာလို့ရအောင် စီစဥ်ပေးခြင်းဖြစ်ပါတယ်😍
ဘာသာစကားတစ်ခုကို တာဝန်အရလေ့လာတာမျိုးမဟုတ်ဘဲ ရင်ထဲကတကယ်တတ်မြောက်ချင်လို့ လေ့လာတာမျိုးပဲဖြစ်သင့်ပါတယ်။
ထိုင်းဘာသာစကားလေ့လာနေတဲ့သူတိုင်း အသံထွက်နည်းစနစ်အမှန်တွေသိပြီး၊ အမှန်တကယ်တတ်မြောက်ကြပါစေ😍✌💪
Ei Thazin Nwe
Hsu Myat
Aye Nandar Soe
Chan Mon
အမြဲကြိုးစားနေတဲ့ အတော်လေးတွေ😍
10 မှတ် ဖိုးလုပ်ခိုင်းတာ Video Edit လုပ်ရင်း အလွတ်ရသွားကြတယ်ဆိုလို့ 100 မှတ်ပေးချင်သွားတယ်😀😍✌💪👏👏👏
Level 2 ပြီးရင် စာလုံးတွေ ပေါင်းဖတ်တတ်နေပါပြီနော်😍
ဒီကလေးတွေ တဖြည်းဖြည်းတိုးတက်လာတာကို မြင်နေရတာမို့ ဒီထက် ပိုတော်လာကြမယ်ဆိုတာကို ယုံကြည်မှုအပြည့်အဝရှိတယ်😍✌💪
Level 2 အပြီး
วัฒนธรรมไทย ခေါင်းစဥ်နဲ့
Assignment 10 မှတ်တန်လေးလုပ်ခိုင်းတာ
เอาไปเลย 100 คะแนน😍✌💪👏👏👏
ဒီတစ်ခေါက် ကလေးတွေကို Video Edit လုပ်ဖို့ပါ ဖိအားပေးကြည့်လိုက်တာ။
တွေးထားတာထက် ပိုကောင်းတဲ့ Editing skill တွေပါတွေ့ရတယ်။
สะใจมากคับบบ👏👏👏
ပုံလေးတွေနဲ့စိတ်ဝင်စားစရာကောင်းအောင် Edit ထားတာမို့ အဆုံးထိကြည့်ရင်း တစ်ခုခုရသွားကြပါစေနော်❤
Naing Linn Htet
အချိန်တွေကုန်တာမြန်လိုက်တာနော်😍
သူတို့လေးတွေတောင် ထိုင်းစာ Level 2 ပြီးသွားပြီ😍
17.9.2024 ကနေ 17.2.2025 အထိ ငါးလတာ ကာလကို အကျိုးရှိရှိဖြတ်သန်းခဲ့ကြလို့ အချိန်ဆွဲနေတဲ့သူတွေထက်စာရင် သူတို့အများကြီးသိသွားတတ်သွားကြပြီ။😍
Assignment လေးတွေ၊ အိမ်စာလေးတွေလုပ်ရင်း စာမေးပွဲအတွက်လည်း ကြိုးစားထားကြနော်။😍✌💪
25.2.2025 မှာ ဖြေဆိုမယ့် စာမေးပွဲကို အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ😍✌💪
မှတ်ချက် - တချို့ကလေးတွေအလုပ်ချိန်နဲ့မကိုက်လိို့ Video ထဲမှာ မပါကြဘူးနော်😍
16/01/2025
တောင်းဆိုသူတွေရှိလို့
Batch 2 (Zoom Class) Level 1 ပြန်လာပါပြီ😍
အပ်လို့ရပါပြီနော်😍
၁၀ ယောက်ပြည့်တာနဲ့ အတန်းစပါတယ်😍
သင်တန်းရက် ပြန်တင်ပေးပါမယ်။
သင်တန်းကြေး - Level 1 နှစ်လစာ ၆၀၀ ဘတ်တည်းပါ။
(Zoom နဲ့သင်ပေးတာအပြင် နေ့စဥ်သင်ပြီးသမျှကို သင်ခန်းစာသီးသန့် Video ပြန်လုပ်ပေးတာဖြစ်လို့ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပျက်ခဲ့ရင်တောင် စိတ်ပူစရာမလိုပါဘူးနော်😍)
နောက်ထပ် Level 1 ထပ်ဖွင့်ဖို့ အများကြီးကြာနိုင်တာမို့ ထိုင်းစာသင်ဖို့ဆန္ဒရှိရင် ဒီအတန်းမှာ Join လိုက်တော့နော်☺ (ထပ်ဖွင့်ပေးဖို့လည်း အချိန်မရှိတော့လို့ပါ။)
17/12/2024
ဆရာဂျာရဲ့ Level 2 အတန်းကနေ ပြန်လည်ကြိုဆိုပါတယ် တပည့်တို့😍💪✌
ပုံမှန်အတိုင်းကြိုးစားသွားပြီး ထိုင်းနိုင်ငံရဲ့ နေရာကောင်းတွေမှာ နေရာယူကြမယ်နော်😍💪✌
ဒီနေ့ ဆရာပြောခဲ့သလိုပဲ
စာကြိုးစားကြပါ။
အလုပ်ကြိုးစားကြပါ။
ကျန်းမာရေးဂရုစိုက်ကြပါ။
ပိုက်ဆံစုကြပါ။
Facebook မှာ အချိန်သိပ်မဖြုန်းကြပါနဲ့။
အောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေကို တကယ်ပိုင်ဆိုင်ကြရမယ်နော်😍💪✌
သင်တန်းသား/ပေါင်း ၁၇ယောက်ပါ။😍
နှစ်ယောက်က (ခွင့်)☺
09/12/2024
Batch 1 ကတော့ Level 1 ကို အောင်မြင်စွာနဲ့ ပြီးဆုံးသွားကြပြီး❤
လာမယ့် 17.12.2024 မှာ Level 2 တက်ကြတော့မယ်😍💪✌
ဗျည်း၊ သရ၊ ဝမ်နယု(က်) ရရင် Level 2 တက်လို့ရပါတယ်😍💪✌
Level 1 အတွက်လာမေးနေတဲ့သူတွေ ၅ယောက်အထက်ရှိနေလို့ တက်ချင်ပြီး အချိန်အဆင်ပြေတဲ့သူတွေက ကြိုတင် အပ်ထားလို့ရတယ်နော်။
လူပြည့်တာနဲ့ သင်ပါမယ်။😍💪✌
Level 1 မှာတောင် လက်ရေးတွေ အရမ်းလှကြတဲ့ကိုယ့်တပည့်တွေပေါ့😍
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok