English 2024 မှာ မေးခဲ့တဲ့ မေးခွန်းဟောင်း 7 စုံနဲ့ 2025 မှာမေးခဲ့တဲ့ မေးခွန်းဟောင်း 13စုံ စုစုပေါင်း အစုံ 20 download လုပ်လို့ရမဲ့ pdf file link
TT Academy
Academy for the Matriculation students
14/10/2025
Basic Writing Episode 3
Verb Infinitive ( to + infinitive )
ဒီ video ထဲမှာတော့ Verb Infinitive 2 မျိုးရှိတဲ့ အထဲက to နဲ့ တွဲသုံးတဲ့ to + infinitive အကြောင်းလေးရှင်းပြထားပါတယ်
ဒီ video ကိုလေ့လာပြီးသွားရင်တော့ S+V+O သုံးပြီးပဲ တိုတိုတုတ်တုတ် ရေးနေရာကနေ နောက်တစ်ဆင့်တက်ပြီး to + infinitive ကိုသုံးပြီး Reason or Purpose ဆိုတဲ့ အကြောင်းပြချက် ရည်ရွယ်ချက်လေးတွေ ထပ်ပေါင်းပြီးရေးနိုင်လာပါမယ်
Basic writing Episode 3 video ကြည့်ရန် YouTube link
https://youtu.be/DCF3klxDIl4?si=CN80P8TvGroOlcVg
Video ထဲမှာပါတယ် သင်ခန်းစာတွေကိုလဲ အောက်က link လေးထဲမှာ photo တစ်ခုချင်းစီ တင်ပေးထားပါတယ် လိုက်ကြည့်လိုက်လို့နားလည်ပြီးသားဆိုရင် video ကြည့်ပြီး အချိန်မကုန်ရအောင်ပါ
https://www.facebook.com/share/p/1MMhSr59Jx/
Episode 3 ရဲ့ exercise sentence 10 ကြောင်းကို ရေးနိုင်ရင်လဲ comment မှာ ရေးပြသွားလို့ရပါတယ်ဗျာ ပြင်စရာလေးတွေလိုအပ်လာခဲ့ရင် ပြန်ပြီးပြင်ပေးသွားပါ့မယ်
အားလုံး အဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
Basic Writing Episode 3 Verb Infinitive ( to + infinitive ) Basic Writing Episode 3 Verb Infinitive ( to + infinitive )
14/10/2025
Basic writing Episode 3 video
Verb infinitive ( to + infinitive )
မှာပါတဲ့ သင်ခန်းစာတွေကို နားလည်ပြီးသားလူတွေ video ကြည့်ပြီးအချိန်မကုန်ရအောင် အမြန်လေ့လာလို့ရအောင် ပုံလေးတွေတင်ပေးလိုက်ပါတယ် ဖတ်ကြည့်လိုက်လို့ နားလည်ပြီးသားဆိုရင် video ကြည့်စရာမလိုတော့အောင်ပါ
Basic Writing Episode 3 Video ကို လေ့လာချင်ရင်တော့ အောက်က YouTube link မှာ ကြည့်နိုင်ပါတယ်
https://youtu.be/DCF3klxDIl4?si=CN80P8TvGroOlcVg
Episode 3 ရဲ့ exercise 10 ကြောင်းကို ရေးနိုင်ရင် comment မှာရေးပေးသွားလို့ရပါတယ် အဖြေပြင်ပေးဖို့လိုလာခဲ့ရင် ပြန်ပြင်ပေးပါ့မယ်
အားလုံး အဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
12/10/2025
Basic Writing Episode 2
Singular and plural forms of verbs
Singular and Plural Subjects
စာကြောင်းတစ်ကြောင်းကို မှန်အောင်ရေးတဲ့အချိန်မှာ Tense က အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါ
Subject နဲ့ လိုက်လျောညီထွေဖြစ်မဲ့ verb , tense ကိုရေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ် tense ဆိုတဲ့ ခေါင်းစဉ်အောက်ကိုမသွားခင်မှာ ဒီ video ထဲမှာတော့ Subject အနည်း အများကိုလိုက်ပြီး လိုက်လျောညီထွေဖြစ်မယ့် verb အနည်းအများ ဘယ်လို သုံးရမယ် ဆိုတာလေး ရှင်းပြပေးထားပါတယ်
Basic writing Episode 2 video ကြည့်ရန် YouTube link
https://youtu.be/82g3gBaru-Q?si=HnF_gUy1CkXS5JQM
Video ထဲမှာပါတယ် သင်ခန်းစာတွေကိုလဲ အောက်က link လေးထဲမှာ photo တစ်ခုချင်းစီ တင်ပေးထားပါတယ် လိုက်ကြည့်လိုက်လို့နားလည်ပြီးသားဆိုရင် video ကြည့်ပြီး အချိန်မကုန်ရအောင်ပါ
https://www.facebook.com/share/p/1BkuFBHeBn/
အားလုံး အဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
Basic writing Episode 2 Singular and Plural forms of verbs ဒီ video ထဲမှာတော့ Subject အနည်း အများ verb အနည်း အများ ဘယ်လိုသုံးရတယ် ဆိုတာလေး ပြပေးထားပါတယ်
12/10/2025
Basic writing Episode 2 video
Singular and plural forms of verbs and Subjects
မှာပါတဲ့ သင်ခန်းစာတွေကို နားလည်ပြီးသားလူတွေ video ကြည့်ပြီးအချိန်မကုန်ရအောင် အမြန်လေ့လာလို့ရအောင် ပုံလေးတွေတင်ပေးလိုက်ပါတယ် ဖတ်ကြည့်လိုက်လို့ နားလည်ပြီးသားဆိုရင် video ကြည့်စရာမလိုတော့အောင်ပါ
Basic Writing Episode 2 Video ကို လေ့လာလို့ရတဲ့ YouTube link
https://youtu.be/82g3gBaru-Q?si=HnF_gUy1CkXS5JQM
အားလုံး အဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
01/01/2025
Happy New Year .
နှစ်သစ်မှာ အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာ
30/08/2024
အထက်တန်းကျောင်းသား ကျောင်းသူတွေအတွက် Essay letter ရေးတတ်ဖို့ အချက် 3 ချက် နဲ့ TT Academy ရဲ့ သင်ပေးတဲ့ပုံစံ
အထက်တန်းကျောင်းသားတွေအတွက် Essays Letter ရေးတဲ့အခါမှာ အခြေခံအကျဆုံး အချက်က Tense နဲ့ Grammer လုံးဝမှားလို့ မရပါဘူး
ဥပမာ
Mg Mg kill a dog . မှာ kill မှာ s ကျန်ခဲ့တာမျိုး Mg Mg က အနည်းမို့လို့ kills ဖြစ်ရမယ်
Mg Mg kill a dog yesterday . မှာ kill က V2 ဖြစ်ရမယ် yesterday မနေ့က သတ်ခဲ့တာမို့လို့ Tense က Past tense - killed ဖြစ်ရမယ်
အဲ့လို အမှားမျိုးတွေကို ဂုဏ်ထူးမှန်းထားတဲ့သူက မှားလို့ ရှမ်းလို့မရဘူး မှားသွားရင် ဂုဏ်ထူးထွက်နိုင်ချေတအားနဲသွားပြီ အဲ့ဒါကြောင့် မမှားအောင် ရေးပါ ရေးပြီးပြန်စစ်ပါ
အဲ့ဒါကြောင့် Essay Letter ကို လေ့ကျင့်တဲ့ အချိန်မှာ Grammer rules တွေကို အဓိကထားသင်တာပါ
Grammar rules တွေနဲ့ simple sentence လေးတွေကို မှန်ကန်အောင်ရေးလာနိုင်ပြီ ကို့ရဲ့ အတွေးလေးတွေကို မှန်အောင် ရေးတတ်လာပြီ ဆိုရင် နောက်တစ်ဆင့်က Writing Style ကို လေ့ကျင့်ရမှာ ဘယ်လိုလေ့ကျင့်ရမှာလဲဆိုတော့ ထည့်ရေးလိုက်ရင်လှသွားမဲ့ စကားစုလေးတွေရေးတဲ့ပုံစံလေးတွေကို မှတ်ထားရမယ်
ဥပမာ
I try hard. ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားသည်
I try to the best of my abilities. ကျွန်တော် ကျွန်တော့်မှာ ရှိတဲ့ အကောင်းဆုံးသော အရည်အချင်းတွေနဲ့ အစွမ်းကုန်ကြိုးစားသည်
အဲ့ဒီစာကြောင်း 2 ကြောင်းရဲ့ အဓိပ္ပါယ်က အတူတူပဲ ဒါပေမဲ့ to the best of my abilities ဆိုတဲ့ စာစုလေးက ပိုလှသွားစေတယ် အဲ့ဒါကြောင့် ကျောင်းသားတွေက ဂုဏ်ထူးရှင်တွေရေးထားတဲ့ essay letter တွေ sample essay letter တွေကို ထိုင်ကျက်မနေပဲ အသုံးအနှုန်းလှတဲ့ ပုံစံလေးတွေကို မှတ်ထားပြီး ကို့ရဲ့ ကိုယ်ပိုင် essay letter ထဲကို ထည့်ရေးရမှာ အဲ့တော့မှာ ကို့ရဲ့ writing style ကလှလာမှာ ကျွန်တော့် ကျောင်းသားတွေကို သင်တဲ့ ပုံစံက စာသင်ချိန်တိုင်းမှာ စကားစုလေးဖြစ်ဖြစ် writing style လေးတစ်ခုခု ဖြစ်ဖြစ် အမြဲပါပါတယ် သင်ပြီးတိုင်း နောက်စာသင်ချိန်တိုင်းမှာ အဲ့ဒီပုံစံကို သုံးပြီး ရေးခိုင်းတယ် ကိုရေးတာလေးတွေက ခက်ခက်ခဲခဲ မှတ်ရတာမဟုတ်ပဲနဲ့ လှလာတဲ့ အခါသူတို့ ပိုပျော်လာတယ် ယုံကြည်မှု ပိုတိုးလာတယ် ပိုပြီးရေးချင်လာတယ် အဲ့ဒီလိုနဲ့ Writing Skill ကိုတိုးတက်အောင်လုပ်ရပါမယ်
နောက်ဆုံးအနေနဲ့က တွေးတတ်အောင် လေ့ကျင့်ရတာပါ
စာကြောင်းတွေကို မှန်အောင် လှအောင်ရေးတတ်လာပြီဆိုပင်မဲ့ ခေါင်းစဥ်တစ်ခု ပေးလာတဲ့အခါ တွေးတတ်လာရင် ရေးတတ်လာပါမယ် တွေးတတ်ဖို့လဲ လေ့ကျင့်ရပါမယ် အကြမ်းဖျင်းပြောရရင်တော့
ပေးထားတဲ့ခေါင်းစဥ်ကို နားလည်ရမယ်
ခေါင်းစဥ်နဲ့ ပတ်သက်ပြီး ဘာတွေရေးလို့ရမလဲ တွေးနိုင်ရမယ်
တွေးထားတဲ့ အတွေးတွေကို ဘာပြီးရင် ဘာရေးမယ်ဆိုတာ outline ရေးပြီးရင်စရေးလို့ရပြီ
ဥပမာ
Importance of having a good relationship with friends ဆိုတဲ့ essay ခေါင်းစဥ်အတွက် စဥ်းစားတဲ့ အခါ
ခေါင်းစဥ်ကို အရင်နားလည်ရမယ် သူငယ်ချင်းတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိခြင်းရဲ့ အရေးကြီးမှုကို ရေးရမှာ
ဘာတွေတွေးလို့ရလဲ တွေးလို့ရနိုင်တာလေးတွေ အကုန် အကြမ်းဖျင်းခေါင်းစဥ်လေးတွေတို့ထားလိုက်
No man is an island ဆိုတဲ့ စကားပုံ
A friend in need is a friend indeed ဆိုတဲ့ စကားပုံ
Friend ဆိုတာဘာလဲ
Good relationship with friend ဆိုတာဘာလဲ
good friend လဲရှိနိုင်သလို
bad friend လဲရှိနိုင်တယ်
သူငယ်ချင်းတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိတာ ဘာတွေ ကောင်းလဲ
မရှိရင် ဘာတွေမကောင်းဘူးလဲ
ကိုယ်တွေ့ဖြစ်ရပ်
ကောင်းတဲ့ဆက်ဆံရေးရှိရင် ဘာတွေလုပ်နိုင်လဲ
မရှိရင် ဘာတွေမလုပ်နိုင်ဘူးလဲ
နောက်ဆုံးနိဂုံးချုပ်ရင် အပေါ်က အချက်တွေကြောင့် သူငယ်ချင်းတွေနဲ့ကောင်းတဲ့ ဆက်ဆံရေးရှိခြင်းက အရေးကြီးပါတယ်ဆိုတဲ့ အချက်လေးနဲ့ အဆုံးသတ်မယ်
နောက်ဆုံးအနေနဲ့ ဘာပြီးရင် ဘာရေးမယ်ဆိုတဲ့ outline လေးရေးပြီး essay တစ်ပုဒ်ကို စရေးလို့ရပါပြီ
အဲ့တော့ essay letter အတွက် ကျောင်းသားကျောင်းသူ အားလုံးကို အကြံပေးချင်တာက
1.simple sentence တွေကို Grammar rules မှန်မှန်နဲ့ အရင်ရေးနိုင်အောင်ကြိုးစားပါ
2.Writing style လေးတွေပါ လှလာအောင် တဖြေးဖြေးကြိုးစားသွားပါ
3.Critical thinking အတွေးလေးတွေတိုးတက်လာအောင် essay ကောင်းလေးတွေကို ဖတ်ပါ ကိုယ်တိုင်တွေးပါ ကိုယ်တိုင်ရေးပါ လို့ အကြံပေးချင်ပါတယ်
ကျွန်တော့်ကို မိဘတွေလာမေးကြတယ်
essay letter ကို ဘာသင်ရိုးနဲ့သင်မှာလဲ
ဘယ်စာအုပ်နဲ့သင်မှာလဲ
တစ်ပတ်တစ်ပုဒ် ကျက်ခိုင်းမှာလား ရေးရမှာလား
ဆရာရေးလာတာကို ကျက်ရမှာလား
ဘယ်နှစ်လသင်ရင် ရေးတတ်ပြီလဲဆိုတဲ့ မေးခွန်းလေးတွေအတွက်ကိုလဲ တစ်ခါတည်းဖြေပေးသွားပါမယ်
ကျွန်တော်ရဲ့ သင်ရိုးက အပေါ်က အကြံပြုထားတဲ့ အချက် 3 ချက်ပါဗျာ
1.simple sentence လေးတွေရေးတတ်အောင် အရင်လေ့ကျင့်မယ်
2.simple sentence လေးတွေရေးနေရင်းနဲ့ writing style လေးလှလာအောင် နေ့တိုင်း usage တစ်ခုစီ ထည့်ပြီး လေ့ကျင့်ပေးသွားမယ်
3. Critical Thinking ကိုတိုးတက်စေဖို့ ခေါင်းစဥ်တစ်ခုပေးပြီး တွေးခိုင်းမယ် ရေးခိုင်းမယ် ရေးထားတာတွေကို မှန်မမှန် ပြန်စစ်ပေးမယ် ပြီးရင် အဲ့ဒီခေါင်းစဥ်ကိုပဲ သူများရေးထားတာဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်ရေးထားတာဖြစ်ဖြစ် ရေးပြီးသား essayကောင်း တွေကနေ နမူနာယူသင့်တာလေးတွေကို အတူတူဖတ်မယ် ပေးထားတဲခေါင်းစဥ်အတွက် ထည့်ရေးလို့ရတဲ့ အချက်လေးတွေ အများကြီးသိလာတဲ့ အခါမှာ ရေးပြီးသားခေါင်းစဥ်ကိုပဲ နောက်တစ်ခေါက်ပြန်ရေးခိုင်းမယ် ပြန်စစ်ပေးမယ်
ဘယ်နှစ်လကြာမှာလဲဆိုတဲ့ မေးခွန်းအတွက်ကတော့ ကျွန်တော်က essay letter အတွက်ကို ရေးတတ်လာအောင် ရေးရဲလာအောင် တွေးရဲလာအောင် တွေးတတ်လာအောင် လေ့ကျင့်ပေးတဲ့သဘောပါ ကျွန်တော်နဲ့ အတူတူလေ့ကျင့်သလို ကို့ဘာသာ self study လုပ်လဲရတဲ့ အတွက်ကြောင့် ရပ်ချင်တဲ့အချိန်မှာရပ်လို့ရပါတယ် အချိန်မကန့်သတ်ထားပါဘူး
ပုံလေးကတော့ Essay letter and basic writing အတန်းက တောင်ကြီးသူတပည့်လေးတွေနဲ့အမှတ်တရ ပုံအသုံးပြုခွင့်ပြုတဲ့ တပည့်လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်
အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
မိဘတွေသိချင်ကြတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ profile အကြောင်းလေးပြောထားပါရစေဗျာ
ကျွန်တော်က 2004 ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးနဲ့အောင်ခဲ့တာပါ
ဆယ်တန်းအောင်ပြီးနောက်ပိုင်းထဲက ဆယ်တန်းကျောင်းသားတွေကို ဘာသာစုံ study guide လုပ်ပေးခဲ့တာပါ
ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ ဘာသာရပ်သင်ကိုယ်ပိုင် သင်တန်းဖွင့်ခဲ့ပြီး ဆယ်တန်းကျောင်းသားတွေကိုဘာသာရပ်တစ်ခုချင်းစီရော ဘာသာစုံရော study guide သဘောမျိုး teaching သဘောမျိုး သင်ပေးခဲ့တဲ့ အတွေ့အကြုံရှိပါတယ်
အခုတော့မြန်မာပြည်မှာ မနေဖြစ်တော့တဲ့အတွက် မြန်မာပြည်မှာ အရင်ကလုပ်ခဲ့တဲ့ အိမ်အရောက်သင်ပေးတာတို့ on campus သင်ပေးတာတို့ မလုပ်ပေးနိုင်တော့ပါဘူး Zoom face to face သင်ပေးတာမျိုး အချိန်မရွေးလေ့လာလို့ရတဲ့ ဈေးလဲသင့်တဲ့ offline video class လုပ်ပေးတာမျိုးလေးတွေပဲ သင်ပေးနိုင်ပါတော့တယ်ဗျာ
လောလောဆယ်တော့ ဘန်ကောက်မှာနေတဲ့အတွက် ဘန်ကောက်မှာရှိတဲ့ မြန်မာမိသားစုတွေရဲ့ ခလေးတွေအတွက် ပညာရေးနဲ့ပတ်သက်လို့တော့ ကူညီပေးလို့ရပါတယ်ဗျာ Zoom နဲ့သင်မယ်ဆိုရင်တော့ ကျွန်တော်ကြေငြာထားတဲ့ဈေးလေးအတိုင်းပဲ အပြောင်းအလဲမရှိပါဘူး အိမ်အရောက်သင်ချင်တာဆိုရင်တော့ နေရာအကွာအဝေးပေါ်မူတည်ပြီးဈေးနှုန်းလေးတွေ မတူတဲ့အတွက် တစ်ယောက်ချင်းစီအတွက်ကိုတော့ page messenger ကနေစုံစမ်းလို့ရပါတယ်ဗျာ
အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
08/08/2024
Zoom face to face သင်ချင်လို့ လာမေးကြတဲ့သူတွေအတွက် သင်တန်းကြေးလေးတစ်ခါတည်းပြောပေးထားပါတယ်ဗျာ
ကျွန်တာ်က ဘာသာစုံ study guide လုပ်ခဲ့တဲ့သူဆိုတော့ ဘာသာစုံကို study guide ပုံစံမျိုးရော တစ်ဘာသာတည်းကို teaching သဘောမျိုး သင်တာရော လုပ်ပေးနိုင်ပါတယ်
Study guide ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ ကျောင်း သို့မဟုတ် ကျူရှင်က သင်ပေးထားတဲ့ ပုံစံ သင်ပေးထားတဲ့ notes အတိုင်း ကျောင်းသားကို နားလည်အောင် ရှင်းပြပေးရတာပါ သူ့ကို ပုံစံ 2 မျိုးမမှတ်စေချင်တာပါ ကျောင်းက သင်ထားတဲ့ notesကမှတ်ရတာအဆင်မပြေဘူးဆိုမ ကျွန် တော့်ရဲ့ကိုယ်ပိုင် notes နဲ့ မှတ်ခိုင်းပါတယ် မိဘတွေ စိတ်ပူနေကြပုံစံလေး တွေရှိလို့ပါ ဆရာ 2 ယောက် သင်ရိုး2 ခု ပုံစံ 2 မျိုး မှတ်ရတယ် ဆိုတာမျိုး မဖြစ် အောင်ပါ
ဘာသာတစ်ခုခုကို teaching ပုံစံမျိုးသင်ပေးပါဆိုရင် တော့ အဲ့ဒီဘာသာနဲ့ပတ်သက်တဲ့ သင်တဲ့ notes သင် ပုံသင်နည်း ပုံစံအားလုံးကို ကျွန် တော့် ကိုယ်ပိုင်ပုံစံနဲ့ပဲ သင်ပေးပါတယ်
သင်တန်းကြေးကတော့ ကျွန် တော်က စာသင်ချိန်နဲ့ပဲ ယူပေးပါတယ် တစ်ဘာသာသင်သင် 2 ဘာသာသင်သင် study guide ပဲဖြစ်ဖြစ် teaching ပဲ ဖြစ်ဖြစ်
2 နာရီကြာတဲ့ စာသင်ချိန် တစ်ချိန် တစ်ပတ် 1 ချိန် တစ်လ ကို စုစုပေါင်း 4 ချိန်ကို တစ်ယောက်ကို 6 သောင်းပါ စာသင်ချိန် တစ်ချိန်မှာ break time 10 မိနစ်ပါပါမယ်
1 ယောက်ထပ်ပိုရင် 1 သောင်းစီတိုးသွားပါမယ်
ဥပမာ 2ယောက် ပေါင်းသင်ချင်တာ ဆိုရင် 7 သောင်း တစ်ယောက်ကို 3 သောင်းခွဲကျပါမယ်
5ယောက် ပေါင်းသင်ချင်တာ ဆိုရင် 1 သိန်း တစ်ယောက် 2 သောင်းပဲကျပါမယ်
ပြောပြထားတာလေးနားမလည်ရင် chat box ကနေမေးနိုင်ပါတယ်ဗျာ
စာသင်ချိန်နဲ့ ယူတာဖြစ်တဲ့အတွက် လဆန်းမဟုတ်ပဲ လဝက်ကစစ လကုန်ခံနီးစစ သင်တန်းကြေးကို စာသင်ချိန်နဲ့ပဲတွက်ယူပေးပါတယ်
Zoom face to face အပ်တော့မယ်ဆိုရင် စည်းကမ်းချက်လေးတွေရှိပါတယ်ဗျာ
1.Camera ဖွင့်ပေးထားရပါမယ်ဗျာ စာသင်တာထိ ရောက်ဖို့ရည်ရွယ်ချက်ပါ
2.သင်တန်း အပ်ပြီးလို့ Viber group ဖြစ်ဖြစ် Telegram group ဖြစ်ဖြစ်ဖွဲ့တဲ့အခါ ကျောင်းသားတစ်ယာက်အတွက် အုပ်ထိန်းသူတစ်ယောက်ပါပေးရပါမယ် ဖုန်းနံပါတ်လေးပေးထားရပါမယ် ကျောင်းသားနဲ့ပတ်သက်တာလေးတွေ အခြေအနေလေးတွေ သိရအောင်ပါ
3.ပေးထားတဲ့ စာသင်ချိန်ကို အတတ်နိုင်ဆုံးမပြောင်းပါနဲ့ ပြောင်းချင်တယ်ဆိုရင် 3 ရက်လောက်ကြို ပြောပေးစေချင်ပါတယ် ညှိလို့ရရင် ညှိပေးပါ့မယ် စာသင်ချိန် တွေကြပ်တဲ့ ရက်တွဆိုရင် ညှိရတာ အဆင်မပြေလို့ပါ ကျွန် တော့်ဘက်က မအားတာမျိုးလဲ ရှိနိုင်ပါတယ် ကျွန် တော်လဲ 3 ရက်လောက် ကြိုပြောပေးပါ့မယ် ဘယ်လို့မှ ညှိမရလို့ စာသင်ချိန် ဖျက်လိုက်ရရင် တော့ ဖျက်လိုက်ရတဲ့ စာသင်ချိန် တစ်ချိန်စာကို တွက်ပြီး ပိုက်ဆံပြန်ပေးပေးပါ့မယ် ကျောင်းသားဖက်က စာသင်ချိန်ဖျက်တာမျိုးကိုတော့ ကျွန်တော်ပိုက်ဆံပြန်မပေးပါဘူးဗျာ
4.သင်တန်းလစာကို လဆန်းပြီး တစ်ပတ်အတွင်းပေးပေးရပါမယ် တစ်ပတ် ကျော်သွားပြီ ဆိုတာနဲ့ page assistant ကဆက်သင်ဖြစ်မသင်ဖြစ် မေးပါမယ်ခင်ဗျာ သင်ဖြစ်ကြောင်း မသင်ဖြစ်ကြောင်းလေးကို comfirm လုပ်ပေးပါ
5.တစ်လသင်ကြည့်လို့ ကိုနဲ့ မကိုက်တာမျိုးဖြစ်ဖြစ် မအားတာမျိုးဖြစ်ဖြစ် သင်ပေးတာကို နားမလည်တာမျိုးဖြစ်ဖြစ် ကြုံလာခဲ့ရင် အားနာစရာမလိုပါဘူး လကုန်တာနဲ့ ဆက်မသင်ဖြစ် တော့တဲ့ အ ကြောင်းလေးလာပြောပေးပါ ကျွန် တော်ကိုယ်တိုင်လဲ လကုန်လို့ စာသင်ရတာ အဆင်မ ပြေတာမျိုး ရှိရင် ပွင့်ပွင့်လင်းလင်းလာပြောပါမယ် သင်တန်းကြေးပေးထားပြီးသားစာသင်ချိန် တွေ အတွက်ကိုတော့ ပိုက်ဆံပြန်မပေးပါဘူးဗျာ
ဒီစည်းကမ်းချက်လေးတွေက အဆင်ပြေတယ် ကိုနဲ့ကိုက်ညီတယ်ဆိုရင်တော့ zoom face to face သင်တန်းလေးများအပ်လို့ရပါပြီ
အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
05/08/2024
Offline grammar video class ကိုအမေးများကြပင်မဲ့ မအားတာနဲ့ရောအချိန်မရတာနဲ့ရော မလုပ်ဖြစ်ခဲ့ဘူး အခု August လမှာတော့ offline video class လေးစဖွင့်ပါမယ်ဗျာ
ဘာတွေပါမလဲဆိုတော့ ပညာဒါန video တင်ထားတဲ့ Grammar Group (I)(II)(III)(IV) မှာမပါတဲ့ Grade 12 Text book ထဲက Grammer ခေါင်းစဉ်ထဲက လေ့ကျင့်ခန်းတွေပါပါမယ်
သင်တန်းကာလဘယ်လောက်ကြာမှာလဲ ?
August နဲ့ September 2 လကြာပါမယ် အချိန်ယူပြီးပြင်ဆင်ရတဲ့အတွက် တစ်ပတ်ကို Video 2 ခုလောက်တင်ပေးသွားပြီး 30.9.2024 မှာ အပြီးသတ် တင်ပေးသွားပါမယ် အပြီးသတ်သင်ပြီးသွားလို့ video တွေဆက်မတင် တော့ပင်မဲ့ Facebook group ကတော့အမြဲတမ်းရှိနေမှာပါ 2 လမှာ သင်ရိုးအကုန်ပြီးသွားပင်မဲ့ group ကိုမဖျက်ပါဘူး အချိန်မရွေးပြန်လေ့လာလို့ရပါမယ်
Offline video group ဆိုတာဘာလဲ?
Video သင်ခန်းစာတွေကို Facebook private group လုပ်ပေးထားမှာဖြစ်ပြီး အချိန်မရွေး ကိုယ်အားတဲ့အချိန် လေ့လာချင်တဲ့သက်ဆိုင်ရာ ခေါင်းစဥ်ကိုပြန်ကြည့်နိုင်မှာပဲဖြစ်ပါတယ် WiFi ရှိဖို့ internet ရှိဖို့တော့လိုပါမယ်ဗျာ
ဘယ်အချိန်ထိ လေ့လာလို့ရလဲ ?
သင်တန်းကြေးပေးပြီး Facebook group ထဲကို ရောက်သွားရင် ရာသက်ပန် အဖွဲ့ဝင်ဖြစ်သွားပါပြီ အချိန်မကန့်သတ်ထားတဲ့အတွက် အမြဲတမ်း group ထဲမှာရှိနေမှာပါ Facebook account တစ်ခုတည်းကိုပဲ group ထဲကို တစ်ခါတည်းထည့်ပေးမှာပါ
ဘယ်သူတွေ တက်သင့်လဲ?
Grade 12 ရဲ့ English စာမေးခွန်းမှာ 10 မှတ်အတိအမှတ်ပြည့်ရနိုင်တဲ့အတွက် Grade 12 ကျောင်းသားတိုင်းအချိန်ယူပြီးလေ့လာသင့်ပါတယ် Grade 10 , 11 ကျောင်းသားကျောင်းသူတွေလဲ ကြိုတင်လေ့လာထားသင့်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်
ဘယ်သူသင်ပေးမှာလဲ?
2004 ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်ထားတဲ့ စာသင်နှစ်သက်တန်း ၂၀ နှစ်ရှိပြီဖြစ်တဲ့ ဆရာကိုယ်တိုင်သင်ပေးမှာပါ
သင်ပေးတာတွေကိုရောနားလည်ပါ့မလား?
ပညာဒါနသင်ပေးထားတဲ့ အောက်ကလင့်လေး တွေကို လေ့လာရင်း ကိုနားလည်တယ်အဆင်ပြေတယ်ဆိုရင် အခုပဲသင်တန်းလေးအပ်လိုက်တာ့နော်
Grammar Group (I)
https://www.facebook.com/share/p/mBdptp27MbRLetnP/?mibextid=oFDknk
Grammar Group (II)
https://www.facebook.com/share/p/hHtdRdVjWErtEQYV/?mibextid=oFDknk
Grammar Group (III)
https://www.facebook.com/share/p/tZenthpLYkAsfBZg/?mibextid=oFDknk
Grammar Group (IV)
https://www.facebook.com/share/p/qbupiGQ4zzkVMDXU/?mibextid=oFDknk
သင်တန်းကြေး ဘယ်လောက်လဲ ?
၄၀၀၀၀ ပါတစ်ခါတည်း အပြီးသတ်သင်တန်းကြေးပါ တစ်လတစ်ခါလဲ ပေးစရာမလိုပါဘူး အခုလမှာတော့ အထူးအစီအစဉ် လေးတစ်ခုရှိပါတယ် အခုသင်တန်း post လေးကို public နဲ့ ကို့ရဲ့ Facebook account မှာဖြစ်ဖြစ် group တစ်ခုခုမှာဖြစ်ဖြစ် public နဲ့ share လုပ်ပေးထားတဲ့ screenshot လေးကို အခုသင်တန်းpost ရဲ့အောက်မှာ comment လေးလာပေးရင် သင်တန်းကြေး ၃၀၀၀၀ ပဲကျသင့်ပါမယ်ဗျာ
အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာ
TT Academy
05/08/2024
Grammar Group (IV)
Video ကြည့်ယုံနဲ့ တစ်ခါထဲရသွားအောင် လေ့ကျင့်ခန်းကအစ အတူတူလုပ်ပေးထားပါတယ်
ထပ်မံလေ့ကျင့်ဖို့ 2002ကနေ 2022 ထိ ခေါင်းစဉ်တစ်ခုချင်းစီ အလိုက် အနှစ် 20 စာမေးခွန်းဟောင်းစုပေးထားပါတယ်
Notes တွေကျက်စရာမလိုပဲ ဘယ်လိုစဉ်းစားရမယ်ဆိုတာကအစသင်ပေးထားပါတယ်
မှတ်ရတာလဲ မများဘူး အလွယ်ဆုံးလဲဖြစ်တာမို့ ဆရာတင်ထားတဲ့ video ကြည့်ပြီး အတူတူလိုက်လုပ်လိုက်တာနဲ့ ရပြီးသားဖြစ်သွားပါလိမ့်မယ်
အပြာရောင် link လေးကိုနှိပ်ပြီး သက်ဆိုင်ရာ သင်ခန်းစာများကိုကြည့်ရှု့လေ့လာနိုင်ပါတယ်
သင်ထားတဲ့ Video ထဲက notes တွေတခါတည်းထုတ်ပေးထားပါတယ်
ရှေ့မှာ သင်ခဲ့တဲ့ Grammar Group I,II,III နဲ့ မတူတာက သူက ခေါင်းစဉ်တစ်ခုကို မှတ်စုတစ်ခုပါ ရှေ့က group တွေလို စုမှတ်လို့ ရောမှတ်လို့မရဘူး
ဒါပေမဲ့ မှတ်ရတာ လွယ်တယ်
အမေးလဲများတယ်
ခေါင်းစဉ်တစ်ခုရဖို့ အချိန်အကြာကြီးမပေးရဘူး
(1) It is / was Noun who/ that
https://m.facebook.com/story.php?story_fbid=147108358191546&id=100086771475946&mibextid=Nifty
(2) As soon As --- No sooner than
https://m.facebook.com/story.php?story_fbid=147110724857976&id=100086771475946&mibextid=Nif5oz
(3) If - Unless
https://m.facebook.com/story.php?story_fbid=147113701524345&id=100086771475946&mibextid=Nif5oz
(4) Nouns In Apposition
https://m.facebook.com/story.php?story_fbid=147116144857434&id=100086771475946&mibextid=Nif5oz
(5) Double Negative ( There is no noun who / that --- not ---)
https://m.facebook.com/story.php?story_fbid=147152834853765&id=100086771475946&mibextid=Nif5oz
(6) The Parallel Structure
https://m.facebook.com/story.php?story_fbid=147155321520183&id=100086771475946&mibextid=Nif5oz
(7) It take / took
(8) Relative pronoun ( who , that ,which ,...)
https://m.facebook.com/story.php?story_fbid=147156711520044&id=100086771475946&mibextid=Nif5oz
Video တွေကို စနစ်တကျကြည့်လို့ရအောင် ဒီ Grade 10,11,12 ပညာဒါန video free group ကို အရင် Join ပေးပါနော် Public လုပ်ပေးထားပါတယ်
https://www.facebook.com/groups/531602982296091/?ref=share_group_link
TT Academy ရဲ့ channel လေးတွကို like , subscribed and Join လုပ်ထားနိုင်ပါတယ်ဗျာ
YouTube channel
https://youtube.com/?feature=shared
Telegram channel
https://t.me/TTAcademy87
page
https://www.facebook.com/profile.php?id=100086771475946&mibextid=ZbWKwL
အားလုံးအဆင်ပြေအောင်မြင်ကြပါစေ
TT Academy
05/08/2024
Grammar Group (III)
So - that
Such - that
Too - to
Not - enough to
Enough to
Video ကြည့်ယုံနဲ့ တစ်ခါထဲရသွားအောင် လေ့ကျင့်ခန်းကအစ အတူတူလုပ်ပေးထားပါတယ်
ထပ်မံလေ့ကျင့်ဖို့ 2002ကနေ 2022 ထိ ခေါင်းစဉ်တစ်ခုချင်းစီ အလိုက် အနှစ် 20 စာမေးခွန်းဟောင်းစုပေးထားပါတယ်
Notes တွေကျက်စရာမလိုပဲ ဘယ်လိုစဉ်းစားရမယ်ဆိုတာကအစသင်ပေးထားပါတယ်
မှတ်ရတာလဲ မများဘူး အလွယ်ဆုံးလဲဖြစ်တာမို့ ဆရာတင်ထားတဲ့ video ကြည့်ပြီး အတူတူလိုက်လုပ်လိုက်တာနဲ့ ရပြီးသားဖြစ်သွားပါလိမ့်မယ်
အပြာရောင် link လေးကိုနှိပ်ပြီး သက်ဆိုင်ရာ သင်ခန်းစာများကိုကြည့်ရှု့လေ့လာနိုင်ပါတယ်
သင်ထားတဲ့ Video ထဲက notes တွေတခါတည်းထုတ်ပေးထားပါတယ်
https://youtu.be/bB-EAlnoa98
Video တွေကို စနစ်တကျကြည့်လို့ရအောင် ဒီ Grade 10,11,12 ပညာဒါန video free group ကို အရင် Join ပေးပါနော် Public လုပ်ပေးထားပါတယ်
https://www.facebook.com/groups/531602982296091/?ref=share_group_link
TT Academy ရဲ့ channel လေးတွကို like , subscribed and Join လုပ်ထားနိုင်ပါတယ်ဗျာ
YouTube channel
https://youtube.com/?feature=shared
Telegram channel
https://t.me/TTAcademy87
page
https://www.facebook.com/profile.php?id=100086771475946&mibextid=ZbWKwL
အားလုံးအဆင်ပြေအောင်မြင်ကြပါစေ
TT Academy
ที่ตั้ง
ประเภท
เบอร์โทรศัพท์
ที่อยู่
Bangkok
10310