Cyber Burma

Cyber Burma

แชร์

https://github.com/cyberburma to pursue careers in the field of cybersecurity.

🔥We’re a non-profit providing mentorship programs for our young generations and building great future leaders in cyber industry.

🔥It's always our pleasure and excited to be part of ur journey!

🔥Our Git Hub. Cyber Burma is a non-profit group with a clear mission to empower and provide guidance to the talented youths and senior IT professionals have been deprived of opportunities. These circumst

21/04/2026

👉 လက်တို့ပြီးတော့ ပြောရဦးမယ်။

ကိုယ့်လူတွေ ရေလိုက်လွဲမှာဆိုးလို့ ပြောတာပါ။

ကျွန်တော် ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ အခုအတိုင်းအတာ တစ်ခုထိ ဖြတ်သန်းဖူးပါပြီ။​

အဲဒီကာလ တလျောက်လုံးမှာ ဘုတ်အဖွဲ့တွေကို အကြံပေးတယ်၊ CIO / CTO / CISO တော်တော်များနဲ့ အလုပ်တွဲလုပ်ဖူးတယ်။​

ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကိုင်တွယ်ခဲ့သလို ကိုယ်တိုင်လည်း CISO အဖြစ် ဦးဆောင်ခဲ့ဖူးပါတယ် ...

အဲဒီကာတစ်လျောက်လုံးမှာ ... မနှစ်မြို့တာလေး တစ်ခုတော့ ရှိတယ်။​

- Technical အရမ်းဆန်လွန်းတယ်
- Business Language နဲ့ နည်းလည်အောင် ပြောပေးပါလား

စတဲ့ စတဲ့ ကိတ်စ တွေပေါ့ဗျာ ....

CISO တစ်ယောက်ဟာ ဘုတ်အဖွဲ့တွေ ၊​ လူကြီးတွေနားလည်အောင် ပြောဆိုဆက်သွယ်ဖို့ လိုအပ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

ဒါပေမဲ့ .... ဆိုက်ဘာလုံခြုံရေး ပြဿနာတွေဟာ အခြေခံအားဖြင့် နည်းပညာရပ်ဆိုင်ရာတွေ ဖြစ်တယ်။

နည်းပညာဆိုင်ရာ အခြေခံမရှိရင် ဘယ်လို သူတို့ကို နားလည်အောင် ပြောမလဲ။​

အရာအားလုံးကို ရိုးရှင်းအောင် လိုက်ညှိနေရင် အမှန်တရားတွေ ပျောက်ဆုံးသွားတတ်ပါတယ်။

တကယ့် Risk ရဲ့ Impact ကို လျှော့ပေါ့ပြောသလို ဖြစ်သွားပြီး ဘုတ်အဖွဲ့ဟာ အရှိတရားကို မသိတော့ဘဲ အဆင်ပြေအောင် ပြုပြင်ထားတဲ့ စကားတွေကိုပဲ ကြားရပါတော့တယ်။

ဒါဟာ CISO တစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်ဘူး ...

တခါတလေကျရင် ဘုတ်အဖွဲ့ နားလည်လွယ်တဲ့ ဘာသာစကား (ဒါမှမဟုတ်) ဘာသာပြန်ရမယ့် ဝန်ထုပ်ဝန်ပိုးကို CISO အပေါ်မှာပဲ ပုံမချသင့်ဘူး။

ဘုတ်အဖွဲ့ဝင်တွေနဲ့ အမှုဆောင်အရာရှိတွေ အပါအဝ်င် ဆိုက်ဘာနဲ့ ပတ်က်တိ့ Risk ကို အဓိပ္ပာယ်ရှိရှိ နားလည်ဖို့ တာဝန်ရှိပါတယ်။

တကယ့် ဆိုက်ဘာ တိုက်ခိုက်ခံရတဲ့ အချိန်မျိုးမှာ Slide တွေက အရေးမကြီးတော့ပါဘူး။

နည်းပညာပိုင်းဆိုင်ရာ နက်နက်နဲနဲ သိနားလည်မှုကမှ တကယ့်အဆုံးအဖြတ် ဖြစ်လာတာပါ။

CISO တစ်ယောက်ရဲ့ တာဝန်ဟာ ဘာသာပြန်ပေးဖို့သက်သက် မဟုတ်ပါဘူး။

Business (အဖွဲ့အစည်း) ကို ကာကွယ်ဖို့ပဲ။​

တစ်ခါတလေမှာ ရိုးရှင်းအောင် ပြောလို့မရတဲ့ နည်းပညာဆိုင်ရာ အမှန်တရားတွေကို တည့်တည့်ပြောဖို့ လိုတယ်။

နားထောင်လို့ကောင်းအောင်ပဲ လိုက်ပြောနေတဲ့ CISO ဟာ အဖွဲ့အစည်းကို ကာကွယ်နေတာမဟုတ်ဘဲ နားထောင်ကောင်းတဲ့ ပုံပြင်ပြောနေတာပဲ ဖြစ်နေလိမ့်မယ်။

ပုံပြင်ပြောရုံနဲ့တော့ Cyber Risk တွေကို မတားဆီးနိုင်ဘူး။

CISO နဲ့ ဘုတ်အဖွဲ့ဝင်တွေဟန်ချက်ညီနေမှ ရတာပါ။

နည်းပညာပိုင်း ကျွမ်းကျင်ပိုင်နိုင်မှု အမြဲရှိနေဖို့ လိုပါတယ်။

ဘုတ်အဖွဲ့တွေလဲ မသိရင် လေ့လာဖို့ လိုပါတယ်။​

Simplify your language တို့ ၊ Business Language နဲ့ ပြောပါလို့ မလိုအပ်ရင် အမြဲတမ်း မလုပ်ဖို့လိုတယ် ...

နိုင်ငံတကာမှာ ဘုတ်အဖွဲ့ဝင်တွေ ဆိုက်ဘာလုံခြုံရေး အသိမရှိတာဟာ ဥပဒေကြောင်းအရပါ ပြသာနာရှိပါတယ်​ ...

19/04/2026

Breaking - NIST ရဲ့ ထုတ်ပြန်ချက်အရ NVD (National Vulnerability Database) မှာ တင်လာသမျှ CVE အရေအတွက်ဟာ မကြုံစဖူး သိသိသာသာ မြင့်တက်လာတဲ့အတွက် ဦးစားပေး မဟုတ်တဲ့ (Non-priority) Vulnerability တွေကို Serverity Rating ပေးတာ ခေတ္တရပ်နားထားမယ်လို့ သိရပါတယ်။

CVE အရေအတွက်ဟာ ၂၀၀% ကျော်အထိ မြင့်တက်လာတာကြောင့် Backlog တွေ တောင်ပုံရာပုံ ဖြစ်နေတယ်လို့လဲ​ ဆိုထားပါသေးတယ်။​

AI ကြောင့် Vulnerability တွေ ရှာရတာ အရင်ထက်ကစာရင် လွယ်လာတာလဲ​ပါလိမ့်မယ်။​

ဒါတောင် Claude ရဲ့ Mythos တရားဝင် ထွက်လာရင် ဒီထက် အဆ ၁၀၀ ဆိုးသွားမယ်ထင်တယ်။​



09/04/2026

အသာလုပ်ပါ ၊ မဟုတ်သေးပါဘူး 😅

Photos from Cyber Burma's post 05/04/2026

🛡️ OWASP မှ LLM (Large Language Model)၊ Generative AI နှင့် Agentic AI တို့၏ Lifecycle တစ်ခုလုံးဖြစ်သော Develop, Build နှင့် Govern အဆင့်များတွင် ရှိသင့်သည့် Security လိုအပ်ချက်များကိုလေ့လာဆန်းစစ်ကာ ၊​ လက်ရှိဈေးကွက်အတွင်းရှိ Commercial Tools များနှင့် Open Source Solution များကို Lifecycle အဆင့်အလိုက် အမျိုးအစားခွဲခြား ပြသထားပါသည်။

DevOps နှင့် SecOps ပညာရှင်များအတွက် များပြားလှသော AI Security Solutions များအကြား မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရန် အထောက်အကူပြုမည့် Document တစ်ခုပဲ ဖြစ်ပါတယ်။​

Comment တွင်ပေးထားသော Link မှတစ်ဆင့် Original File ကို Download ရယူ လေ့လာနိုင်ပါသည်။



03/04/2026

😱Oracle မှာ ၃၄ နှစ်တိုင်တိုင် လုပ်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးသမားကတော့​ အထုတ်ခံရလို့ ရင်ဖွင့် ...

ဒီတစ်ခါ Oracle က ဝန်ထမ်းလျှော့တာ တော်တော်များတယ်။​​

၃ သောင်းခန့်အထိ အလုံးအရင်းနဲ့ လျှော့ချခဲ့တာပါ။

အလုပ်ထုတ်တဲ့အခါမှာ HR က ကြိုတင်အကြောင်းကြားတာမျိုး၊ မန်နေဂျာက ခေါ်ယူဆွေးနွေးတာမျိုး လုံးဝမရှိဘဲ အီးမေးလ်တစ်စောင်တည်းပဲ ပို့ပြီး ထုတ်လိုက်တာပါ။​

အလုပ်ထုတ်စာကို ဝန်ထမ်းတွေ ရုံးမရောက်ခင်၊ ဘယ်သူမှမရှိသေးတဲ့ မနက်စောစော ၆ နာရီဝန်းကျင်မှာ ပေးပို့ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

မနက် အိပ်ရာနိုးနိုးချင်းမှာ အလုပ်ပြုတ်စာကြီးကို ဖတ်လိုက်ရတဲ့ ခံစားချက် ကတော့ ဘယ်လိုမှ​ အဆင်ပြေ မနေပါဘူး။​

လစာမျာများ ရသူတွေရဲ့ နောက်ကွယ်မှာ ခုလိုမျိုး ပေးဆပ်မှုတွေ ရှိတတ်ပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုကိုယ် လစာနည်းလို့ ဆိုပြီးလဲ​ စိတ်ဓါတ်မကျနဲ့ နော်။​

Tech Company ကြီးတွေမှာ လုပ်နေသူတွေဟာ အချိန်မရွေး ပြုတ်သွားနိုင်တယ်ဆိုတာကို ကြိုတင်သိနားလည်ထားကြသလို၊ ဒီလိုမျိုးတွေ သတင်းတွေကြားရင် အမြဲလိုလို အထုတ်ခံရမယ့်အရေးကို စိုးထိတ်နေကြရပါတယ်။

ကျွန်မအသိ Oracle က ဝန်ထမ်းတစ်ယောက်ဆိုရင်လည်း အလုပ်ထုတ်ခံရဖို့ ရာခိုင်နှုန်း တော်တော်များနေတာမို့၊ တစ်ညလုံး အိပ်မပျော်နိုင်ဘဲ မိမိဆီကို ရောက်လာမယ့် 'အလုပ်ထုတ်စာ' ကိုပဲ ရင်တထိတ်ထိတ်နဲ့ ထိုင်စောင့်နေရတဲ့အထိ စိတ်မသက်မသာ ဖြစ်နေရရှာပါတယ်။

Corporate လောကမှာတော့ သစ္စာတရား ဆိုတာထက် -လုပ်ငန်းလိုအပ်ချက်- ကသာ အဆုံးအဖြတ် ပေးသွားတာပါပဲ။

03/04/2026

🇺🇸 အီရန်ဟက်ကာတွေရဲ့ သတင်းပေးနိုင်ရင် ကန်ဒေါ်လာ (၁၀) သန်း ဆုကြေးပေးမည် ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထပ်မံကြေညာထုတ်။​

🇺🇸အမေရိကန်အစိုးရအရာရှိတွေနဲ့ ကုမ္ပဏီတွေကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်နေတဲ့ အီရန်ကျောထောက်နောက်ခံပြု Handala နဲ့ Parsian Afzar Rayan Borna အဖွဲ့တွေမှာ ပါဝင်တဲ့ ဟက်ကာတွေရဲ့ အချက်အလက်တွေကို ပေးနိုင်သူအား ဒေါ်လာ (၁၀) သန်း ဆုကြေးပေးမယ်လို့ ထပ်မံကြေညာလိုက်ပါတယ်။
🇺🇸
အကျဥ်းချုံးပြောရရင်

>>> Handala အဖွဲ့ဆိုတာ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနနဲ့ ဆက်နွှယ်နေပြီး မကြာသေးမီက FBI ရဲ့ ဒါရိုက်တာတစ်ယောာက် တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အီးမေးလ်ကို ဟက်ပြီး အချက်အလက်တွေ ခိုးယူခဲ့ပါတယ်။ FBI ကလဲ အတည်ပြုထားပါတယ်။​

>>> Parsian Afzar Rayan Borna ကတော့ အစိုးရအတွက် ဆိုက်ဘာထောက်လှမ်းရေးနဲ့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်ပေးနေတဲ့ အီရန်အိုင်တီကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။​

ရွာက ဘဘကြီးနေတဲ့ အိမ်များ ဖြစ်နေမလားပဲ ...



30/03/2026

✈️ Breaking - Lockheed Martin ဝန်ထမ်းများကို "ခင်ဗျားတို့ရဲ့ အိမ်တွေ - မစ်ဆိုင်းဒုံးရဲ့ ပစ်မှတ်တွေဖြစ်သွားမယ်" ဟုအထိ ခြိမ်းခြောက်လာသည့် Handala Hacking Group

🔹အမေရိကန်ရဲ့ ထိပ်တန်းစစ်ဘက်ကာကွယ်ရေးနှင့် ဖိုက်တာဂျက်လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော Lockheed Martin သည် တစ်ပတ်အတွင်း အီရန်ကျောထောက်နောက်ခံပြု Handala APT အဖွဲ့ရဲံ နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဆိုသည့် သတင်းကတော့ စိတ်ဝင်စားစရာပဲ အိုင်ပီရေ။​

🔹မတ်လ ၂၃ရက်နေ့မှာ Handala အဖွဲ့သည် Lockheed Martin ရဲ့ နာမည်ကြီး F-35 ကိုယ်ပျောက်တိုက်လေယာဉ် နည်းပညာအချက်အလက်များအပါအဝင် အရေးကြီးဒေတာစုစုပေါင်း 375 TB ကို ခိုးယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး၊ ဒေတာတွေကို ပြန်လိုချင်ရင် ဒေါ်လာသန်းပေါင်းများစွာဖြင့် တောင်းခံခဲ့သည်။

🔹ပထမတိုက်ခိုက်မှုအပြီး ၃ ရက်အကြာတွင် Handala အဖွဲ့ကပဲ Lockheed Martin ဝန်ထမ်းများရဲ့ ကိုယ်ရေးအချက်အလက်များကိုပါ ရရှိထားကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

🔹ဝန်ထမ်းများအနေဖြင့် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ရန်နှင့် ၄၈ နာရီအတွင်း ကုမ္ပဏီမှ နုတ်ထွက်ရန် ရာဇသံပေး ခြိမ်းခြောက်ခဲ့သည်။

🔹Handala အဖွဲ့သည် ဝန်ထမ်းများရဲ့ မိသားစုဝင်များအကြောင်း၊ အိမ်လိပ်စာ၊ နေ့စဉ်သွားလာမှု အလေ့အထနှင့် ကြိုက်နှစ်သက်သည့် အစားအစာများအထိ အသေးစိတ်ဖော်ပြကာ ဝန်ထမ်းများကို တိုက်ရိုက်ဆက်သွယ်ခဲ့သည်။

🔹အဲဒါအပြင် "Lockheed Martin မှာ ဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အိမ်တွေ မစ်ဆိုင်းဒုံးရဲ့ ပစ်မှတ်တွေဖြစ်သွားမယ်" ဟုအထိ ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြောင်း သိရသည်။

🔹Lockheed Martin ဘက်ကတော့ ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရသည့် အခြေအနေကို သိရှိကြောင်းနှင့် လုံခြုံရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့သော်လည်း၊ ဒေတာများ အမှန်တကယ် ခိုးယူခံရခြင်း ရှိ၊ မရှိကိုမူ တရားဝင် အတည်ပြုခြင်း မရှိသေးပေ။

🔹 FBI ကတော့ Handala အဖွဲ့ကို အမှုန့်ချေဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း ပြောဆိုထား။​​

🔹F-35 နည်းပညာအချက်အလက်များ အီရန်လက်ထဲ ရောက်သွားပြီလားဆိုသည်မှာ အတည်မပြုနိုင်သေးသော်လည်း၊ လက်ရှိဖြစ်ပေါ်နေသော ဆိုက်ဘာစစ်ပွဲဇာတ်လမ်းများ နှင့် ပထဝီ နိုင်ငံရေးမှာ အတော်ပင် ရှုပ်ထွေးနေသဖြင့် အရာရာကို စဉ်းစားချင့်ချိန်နိုင်ကြပါစေ။

🔹တိုက်ခိုက်မှုနှစ်ခုလုံးကို Handala အဖွဲ့တစ်ဖွဲ့တည်းကပဲ​ လုပ်သွားတလားဆိုတာကိုပါ Cyber Burma အနေနဲ့ အချိန်ကန့်သတ်ချက်ရှိတဲ့အတွက် ၁၀၀% အတည်ပြုမပေးနိုင်ပါ။​

🔹စကားမစပ်: ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ လူသိများတဲ့ Cyber Kill Chain Framework ကို ၂၀၁၁ ခုနှစ်က Lockheed Martin ကုမ္ပဏီကိုယ်တိုင် စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။




Photos from Cyber Burma's post 29/03/2026

🙌 CISSP Program Registration Opens Now (2026 May Intake)

Program ပြီးလို့ ၄၅ ရက်အတွင်း CISSP Certification ရရှိနိုင်ခဲ့လျှင် SG$ 500 ကို ပြန်လည် ပေးအပ်ပေးသွားမည်ဖြစ်သည်။​

ယခုနှစ် program သည် အရင်တွေနှစ်တွေလို မဟုတ်ပဲ​ ပြန်လည် ပြင်ဆင်ထားပါတယ်။

ကျွန်တော်တို့ Program သည် CISSP Exam preparation သီးသန့် မဟုတ်ပဲ တကယ့် လုပ်ငန်းခွင်မှာ ရှိတဲ့ Security Leader တစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့

✅ Strategic thinking
✅ Risk-based decision making
✅ Business-aligned security mindset
✅ Real-world case discussion
✅ Leadership perspective

စသည့် mindset တွေကို build လုပ်ဖို့ ရည်ရွယ်ပါတယ်။ အဓိက ရည်ရွယ်ချက်က CISSP ရဲ့ Topic များအပြင် “security professional” ကနေ “security leader” ကို ကူးပြောင်းလို့ရအောင် framework ပေးခြင်း ဖြစ်ပါတယ်။

Program Details

🚀 Program သည် SG$ 1,000 ကျသင့်မည်မည်ဖြစ်ပြီး ၊​ ရရှိငွေရဲ့ တဝက်ကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများ မှတဆင့် လူမှုကောင်းကျိုးများလုပ်ဖို့အတွက် အရင်နှစ်တွေကလိုပဲ ပေးအပ်လှူဒါန်းသွားပါမည်။ ကျန်တဝက်ကို ကျွန်တော်တို့ရဲ့ Operation Cost နှင့် အခြားအထွေထွေအတွက် နှုတ်ယူမည် ဖြစ်ပါသည်။​

🚀 Program ပြီးလို့ ၄၅ ရက်အတွင်း CISSP Certification ရရှိခဲ့လျှင် SG$ 500 ကို ပြန်လည် ပေးအပ်ပေးသွားမည်ဖြစ်သည်။​

🚀 သင်တန်းအပ်ရန် Registration Form ကို Comment မှာ အသေးစိတ်ကြည့်နိုင်ပြီး အခက်ခဲရှိပါက Cyber Burma page ကနေ တဆင့် ဆက်သွယ်နိုင်ပါသည်။

မှတ်ချက် ။​ စာမေးပွဲအောင်ဖို့ အတွက် သီးသန့်ပဲဆိုရင် မတက်ဖို့ တိုက်တွန်းပါရစေ။

28/03/2026

Breaking - အင်ဒိုနီးရှားဟာ အသက် ၁၆ နှစ်အောက် ကလေးငယ်များကို Social Media (လူမှုကွန်ရက်) အသုံးပြုခွင့်ကို ပိတ်ပင်တဲ့ ပထမဆုံးသော အရှေ့တောင် အာရှနိုင်ငံ ဖြစ်လာ။​​

ရည်ရွယ်ချက်ကတော့ ကလေးသူငယ်များအား ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်အတွက်ဖြစ်သည်။​​

"နည်းပညာဟာ ကျွန်တော်တို့ကလေးတွေရဲ့ ကလေးဘဝကို စတေးဖို့အတွက် မဟုတ်ဘဲ လူသားမျိုးနွယ်ကို အကျိုးပြုဖို့အတွက် ဖြစ်ရပါမယ်။

ဒါကြောင့် အသက် ၁၆ နှစ်အောက် ကလေးတွေအနေနဲ့ လူမှုကွန်ရက်နဲ့ ကွန်ရက်ချိတ်ဆက်ရေး ဝန်ဆောင်မှုတွေ အပါအဝင် အန္တရာယ်ရှိနိုင်ခြေရှိတဲ့ ပလက်ဖောင်းတွေမှာ အကောင့်ဖွင့်သုံးစွဲခွင့်ကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်" ဟု ဝန်ကြီး Meutya Hafid က ဆိုပါသည်။​

အဆိုပါ တားမြစ်ချက်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှစ၍ အဆင့်လိုက် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

အန္တရာယ်ရှိနိုင်ခြေရှိသည်ဟု သတ်မှတ်ထားသော လူမှုကွန်ရက်ပလက်ဖောင်းများမှာ YouTube၊ TikTok၊ Facebook၊ Instagram၊ Threads၊ X (ယခင် Twitter)၊ Bigo Live နှင့် Roblox တို့ ဖြစ်ကြသည်။

ဤစည်းမျဉ်းအရ သတ်မှတ်အသက်အရွယ်မပြည့်သေးဘဲ လက်ရှိအသုံးပြုနေသော အကောင့်များကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် အွန်လိုင်းမှ အနိုင်ကျင့်ခြင်း (cyberbullying)၊ ကလေးသူငယ်များအား အွန်လိုင်းမှတစ်ဆင့် ဖြားယောင်းသွေးဆောင်ခြင်း (online grooming) နှင့် ဒစ်ဂျစ်တယ်စွဲလမ်းခြင်းတို့ကို တိုက်ဖျက်ရန်အတွက် ဩစတေးလျနှင့် ဒိန်းမတ်ကဲ့သို့သော နိုင်ငံများနှင့်အတူ ပူးပေါင်းကာ ဤသို့သော ဘက်စုံကန့်သတ်ချက်ကို ပထမဆုံးအကောင်အထည်ဖော်သည့် အနောက်တိုင်းမဟုတ်သော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။



28/03/2026

Securitt Vulnerability / Misconfig တစ်ခုခုတွေ့လို့ အားကျိုး မာန်တက်နဲ့ IT ကို သွားပြောပြီးမှ​ ပြန်အဆူခံလိုက်ရလို့ ငြိမ်ငြိမ်လေး ကုပ်ပြီး ပြန်လာရတဲ့ နောင်တော် ဆိုက်ဘာလုံခြုံရေးသမားတွေ ရှိတယ်။​ 😅

အဲဒါ ဘာလို့လဲ .....

Photos from Cyber Burma's post 20/03/2026

🇦🇪 ဒူဘိုင်း ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာ (Dubai Cyber Security Strategy)

ယူအေအီးနိုင်ငံ (UAE) အတွက် ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာကို ၂၀၁၆ ခုနှစ်တွင် Dubai Electronic Security Center (DESC) က စတင်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါသည်။

နိုင်ငံအများစုမှာ ဆိုက်ဘာမဟာဗျူဟာများကို ချမှတ်ပြီးနောက်၊ များသောအားဖြင့် (၅) နှစ်လျှင် တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး တိုးတက်မှုအစီရင်ခံစာများ (Progress Reports) ထုတ်ပြန်လေ့ရှိပါသည်။ ယူအေအီးသည်လည်း ထိုနည်းတူပင် ဆောင်ရွက်ခဲ့ပါသည်။

အကောင်အထည်ဖော်ပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် မဟာဗျူဟာ အကျဉ်းချုပ်အစီရင်ခံစာကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး၊ နောက် (၅) နှစ်အကြာ ၂၀၂၃ ခုနှစ်တွင် မဟာဗျူဟာရဲ့ သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများကို ဖော်ပြသည့် ဒုတိယမြောက် အစီရင်ခံစာကို ထပ်မံထုတ်ပြန်ခဲ့သည်။

Report (အစီရင်ခံစာ) တွေက ထုတ်ပြန်ခဲ့သည်မှာ ကြာခဲ့ပါပြီလေ...

သို့သော်လည်း မနေ့က ပြန်ဖတ်မိတာ ဖတ်ရတာ အရမ်းလွယ်ပြီး၊ ရေးသားတင်ပြပုံ ရှင်းလင်းတယ်လို့ ခံစားရတဲ့အတွက်ကြောင့် လေ့လာချင်သူတွေအဖို့ လွယ်လွယ်ကူကူ လေ့လာနိုင်မယ်ထင်လို့ မျှဝေလိုက်ပါတယ်ရှင့်

Original Files များကို Telegram တွင် Download ရယူ၍ အသေးစိတ် လေ့လာနိုင်ပါတယ်။​



ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

https://www.cyberburma.com/

ที่อยู่


Bangkok