15/08/2026
မြတ်တို့ Summer ပိတ်ရက်တွေလည်း ပြီးခါနီးပြီ ၊ ကျောင်းတွေလည်း မကြာခင် ပြန်တက်ကြရတော့မှာဆိုတော့ ဘန်ကောက်ကနေ Brno ပြန်ပါပြီ🇹🇭✈️🇨🇿
ဒီနှစ်လည်း ရက် ၅၀ကျော်လောက် ဘန်ကောက်မှာနေတာဆိုတော့ မနှစ်ကလိုပဲ Thailand Tourist Visa (E-Visa) လျှောက်ပြီး လာခဲ့တာပါ
မနှစ်ကတော့ Czech က ထိုင်းသံရုံးကနေ လျှောက်ဖြစ်ခဲ့ပြီး ဒီနှစ်တော့ Hungary ထိုင်းသံရုံးကနေ လျှောက်ဖြစ်ခဲ့ပါတယ်
ကျောင်းပိတ်ရက်မှာ မြန်မာပြည် ဒါမှမဟုတ် ထိုင်းကို ခဏလည်ချင်တဲ့ ကျောင်းသားတွေအတွက်လည်း နောက်ရက်ကျရင် Tourist visa လျှောက်ပုံလျှောက်နည်းလေး တင်ပေးပါ့မယ်ရှင့်🇹🇭
09/08/2026
🎓မြတ်အနေနဲ့ ဒီ Page လေးမှာ ပုံမှန်အားဖြင့် Consultation ရယ် Admission Service ယူတဲ့ Student တွေရဲ့ Result လေးတွေကို တင်ပေးဖြစ်သလို ကျောင်းလျှောက်ဖို့အတွက်ရော Visa လျှောက်ဖို့အတွက်ပါ သိသင့်တဲ့ Essential information တွေကိုပါ Sharing လုပ်ပေးနေကျဖြစ်ပါတယ်
🍀ဒီ Post လေးမှာတော့ မြတ်ဆီမှာ ရရှိနိုင်တဲ့ Education Service လေးတွေကို ပြောပြပေးသွားချင်ပါတယ်ရှင်
🎓Czech Republic ကိုပဲဖြစ်ဖြစ် တခြားနိုင်ငံကိုပဲ ဖြစ်ဖြစ် ကျောင်းလျှောက်တဲ့အခါမှာ လိုအပ်တဲ့ Notary နဲ့ certified True Copy လေးတွေကို မြတ်ဆီမှာ ဝန်ဆောင်မှု ရယူနိုင်ပါတယ်ရှင့်
Czech Republic မှာ ကျောင်းတက်မယ့် ကျောင်းသားကျောင်းသူတွေအတွက် Czech Embasy Yangon Superlegalization Service လေးလည်း ရှိပါတယ်
🎓GED နဲ့ ကျောင်းလျှောက်မယ့် ကလေးတွေအတွက်လည်း Diploma & Transcript Apostille Service နဲ့ e-diploma, e-transcript payment service လေးတွေ ရယးနိုင်ပါတယ်ရှင့်
🎓Visa ဖြေဖို့အတွက် MOFA ထုပြီးသား Police Clearance လေးတွေအတွက်လည်း Czech Translation Service လေးကို Czech နိုင်ငံရဲ့ လိုင်စင်ရ Sworn translator (Court-Approved translator) နဲ့ချိတ်ဆက်လုပ်ဆောင်ပေးပါတယ်
🎓Visa pick up လုပ်ဖို့ Health insurance အတွက်လည်း မြတ်တို့ဆီမှာ ဝယ်ယူနိုင်ပါတယ်
✨မြတ်တို့ဆီမှာ Czech Education နဲ့ပတ်သက်တဲ့ Hands-on experience လေးတွေ မျှဝေပေးရင်း ဒီလို Documentation Services လေးတွေလည်း ရရှိနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ရပါတယ်ရှင်🥰
31/07/2026
မြတ်ရယ် 2024-2025 Czech ကိုရောက်ရောက်ချင်း ပထမနှစ်တုန်းက PVZP insurance ဝယ်ထားပြီး နေမကောင်းတာလည်း ထွေထွေထူးထူးမဖြစ်တော့ insurance ကြီး ဒီတိုင်းပဲ တစ်နှစ်ပြည့်ပြီး expired ဖြစ်သွားရော
နောက်နှစ်ကျတော့ အသိညီမလေးတစ်ယောက်က insurance နဲ့ မျက်မှန်လုပ်လို့ရတယ်ဆိုတာ ပြောပြတာရယ် သူငယ်ချင်းကလည်း pharmacy က prescription မလိုဘဲ ဝယ်တဲ့ဆေးတွေအတွက် PVZP နဲ့ ပြန် claim လုပ်လို့ရတယ်လို့ ပြောတာရယ်ဆိုတော့ ကိုယ်လည်း သေချာအောင် ကိုယ့် insurance contact person ကို မေးကြည့်လိုက်တယ်။
အဲ့တော့မှာ PVZP insurance policy မှာ "Superior Standard (Above Standard)" ဆိုတဲ့ benefit ရှိပြီး တစ်နှစ်ကို CZK 3,600 အထိ claim လုပ်နိုင်တယ်ဆိုတာ သိလိုက်ရပါတယ်။
ဒီရက်ပိုင်း ကျောင်းသားလေးတွေအတွက် insurance ဝယ်ပေးရင်း policy ကို အသေးစိတ်ပြန်ဖတ်မိတော့မှ ဒီ nadstandard (superior standard) က မျက်မှန်နဲ့ over-the-counter ဆေးတွေတင် မဟုတ်ဘူး ဆိုတာ သတိထားမိတယ်။
Superior Standard Benefit အောက်မှာ (policy အရ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီဆိုရင်) ဒါတွေလည်း claim လုပ်လို့ရပါတယ်တဲ့—
✅ Prescription မလိုဘဲ pharmacy က ဝယ်တဲ့ဆေးဝါးနဲ့ healthcare products
✅ မျက်မှန်၊ contact lenses နဲ့ hearing aids
✅ Hormonal contraception
✅ Plastic fixation (lightweight plaster)
✅ Wheelchair နဲ့ walking frames
✅ ဆေးရုံတက်ရတဲ့အခါ Superior room upgrade ဒါမှမဟုတ် special diet
✅ Dental hygiene နဲ့ white filling လို premium dental materials
✅ Preventive health check-ups (ဥပမာ blood tests၊ skin examination စတာတွေ)
✅ ဆေးရုံကို သွားလာဖို့ transportation cost (policy အရ သတ်မှတ်ထားတဲ့ limit နဲ့)
✅ အချို့သော vaccination တွေ (standard insurance cover မဖြစ်တဲ့ vaccine မျိုး)
တကယ်တော့ မြတ်တို့တွေ insurance ဝယ်ထားရုံနဲ့တင် မပြီးဘဲ ကိုယ်ဝယ်ထားတဲ့ policy မှာ ဘယ်လို benefits တွေ ပါလဲဆိုတာ ဖတ်ထားရင် ကိုယ့်အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်မှာပါ
📌 သတိထားရမှာတစ်ခုကတော့ Insurance company တစ်ခုနဲ့တစ်ခု၊ Plan တစ်ခုနဲ့တစ်ခု coverage နဲ့ claim conditions မတူနိုင်ပါဘူး။ ဒါကြောင့် Claim မလုပ်ခင် ကိုယ့် insurance မှာပါတဲ့ policy wording နဲ့ condition တွေကို အရင်စစ်ဆေးတာ အကောင်းဆုံးပါနော်။
30/07/2026
Deadline နီးမှလုပ်ရင် ပို idea ထွက်တယ်
ပုံမှန်အချိန်ထက် ပိုကောင်းကောင်းလုပ်နိုင်တယ်လို့ ခံစားရတယ်
Deadline ဝေးတဲ့အချိန်ဆို idea လည်း မထွက်သလို လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိမနေဘူး
ဒါက ကျွန်မကိုယ်တိုင် ကြုံခဲ့တဲ့ procrastination trap တစ်ခုပါ
အရင်ကတော့ ကိုယ်တိုင်လည်း assignment တွေကို deadline နေ့ ဒါမှမဟုတ် deadline မတိုင်ခင် နာရီပိုင်းအလိုမှ ကပ်လုပ်တာမျိုးတွေ 95%လောက်အထိ ရှိခဲ့ပါတယ်
တကယ်တော့ ကျွန်မတွေတွေ ဒါကို လုပ်ရမယ်ဆိုတာ သိထားတဲ့အချိန်ကနေ deadline အချိန်အထိ လုပ်ရမယ့်ကိစ္စ မပြီးသွားမချင်း ဒါနဲ့ ပတ်သက်တဲ့ stress တွေ anxiety တွေကို မသိမသာ ထမ်းပိုးထားမိတာပါ။ တခါတလေဆို ဒီစိတ်နဲ့တင် လူက လေးလံနေတာကိုပါ ခံစားရသလို deadline နေ့ ဒါကိုလုပ်တဲ့အခါမှာလည်း အချိန်မှီပြီးမှ ဖြစ်မယ်…. မပြီးရင်ရော ဆိုတဲ့ စိတ်ပါတွဲပါလာတာကို သတိထားမိလာပါတယ်
တချို့ assignment တွေမှာဆို … လုပ်ပြီးကာမှ ဒါလေးဖြည့်လိုက်မိရင် ကောင်းသား၊ အချိန်လေးများရခဲ့ရင် ဒီလိုလေး ပြင်လိုက်ရမှာ … ပြန်စစ်လိုက်ရင် ဒီထက် အမှတ်ပိုရနိုင်တယ် ဆိုတဲ့ အခြေအနေလေးတွေပါ ကြုံခဲ့ရဖူးပါတယ်..
လက်ရှိ oxford တက္ကသိုလ်ကနေ ဘွဲ့ရထားပြီး assignent တွေ exam တွေမှာ အမြဲတမ်း အမှတ်ကောင်းကောင်းရလေ့ရှိတဲ့ သူငယ်ချင်းကို ဒီအကြောင်းရင်ဖွင့်ဖြစ်တော့ သူက ကျွန်မကို သူလုပ်ဖြစ်တဲ့ habit လေးတစ်ခုကို အကြံပေးလာပါတယ်
ဒါက တကယ့် deadline မတိုင်ခင် Virtual deadline တစ်ခု set လုပ်ထားဖို့ရယ်၊ အဲ့ဒီ deadline အမှီ အပြီးလုပ်ပြီးတဲ့အခါ ကိုယ်လုပ်ထားတဲ့အရာကို အနည်းဆုံးတစ်ခေါက်လောက်ပဲဖြစ်ဖြစ် ပြန်ကြည့်၊ proofread လုပ်ပြီး ဘာတွေ ပိုကောင်းအောင်လုပ်လို့ရသေးလဲ ..ဘယ်လို refine လုပ်လို့ရလဲဆိုတာ reflect လုပ်ကြည့်ဖို့ပါ။
တကယ်လည်း ကျွန်မ ဒါကို စမ်းကြည့်တဲ့အခါ အရင်ကထက် outcome တွေကို ကိုယ် ပိုစိတ်ကျေနပ်လာပြီး result တွေလည်း ပိုကောင်းလာပါတယ်။
သိသာလာတာတစ်ခုက deadline နဲ့၀ေးတဲ့အချိန် စိတ်အေးလက်အေး လုပ်လို့ရတာဖြစ်လို့ စာဖတ်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ resource တွေ reference တွေရှာတဲ့အခါမှာပဲဖြစ်ဖြစ် ခေါင်းအေးအေးနဲ့စဥ်းစားနိုင်ပြီး ရှုထောင့်ပေါင်းစုံကနေ ပိုစဥ်းစားနိုင်လာသလို ကိုယ် present လုပ်ရမယ့်အကြောင်းအရာအတွက်ကိုလည်း အပေါ်ယံ တစ်ပွဲတိုးမဟုတ်ဘဲ ထဲထဲ၀င်၀င် ပိုသိလာရတာပါ။
ဒါကြောင့် ကျွန်မလို procrastination trap ကြောင့် စိတ်ဖိစီးရတဲ့သူတွေအတွက် ကိုယ်တိုင်ရော ဒီလိုအခြေအနေလေးတွေ ကြုံခဲ့ရဖူးမယ်ဆိုရင် ဒီနည်းလမ်းလေးတွေ စမ်းကြည့်စေချင်ပါတယ်
30/07/2026
ရှေ့ရက်က ကျွန်မရဲ့ Coach Teacher နဲ့ Reflection Session မှာ Academic Skill အကြောင်းပြောဖြစ်ကြပါတယ်
တီချယ်က Academic Skills လို့ပြောလိုက်ရင် ဘာတွေကိုပြေးမြင်လဲလို့ မေးတဲ့အချိန် ကျွန်မစိတ်ထဲမှာ ပုံမှန် Reading, Writing ဆိုတာတွေအပြင်
Presentation Skills,
Critical Thinking နဲ့ Critical Reading
Research (ဒီနေရာမှာ သုတေသနဆိုတာထက် တစ်ခုခုကို စနစ်တကျ ထဲထဲဝင်ဝင်လေ့လာတဲ့) Skill ဒါမှမဟုတ် အလေ့အကျင့်ကောင်းတွေ၊
time management နဲ့ Prioritization စတာတွေကလည်း ခုခေတ် 21st Century ရဲ့ Academic skills တွေထဲမှာ ပါလာပြီလို့ ခေါင်းထဲတန်းတွေးမိလာပါတယ်
ဒါကြောင့် High School Graduate တွေ Prospective University Student တွေအတွက် Academic Skill Training Free Workshop လေးတွေ လုပ်ပေးဖို့ စီစဉ်နေပါတယ်
စိတ်ဝင်စားတယ်ဆိုရင် လို့ မန့်ခဲ့ပေးပါ
Training Agenda အသေးစိတ် ထွက်လာတဲ့အခါ မြတ်တို့ Admin တွေကနေတစ်ဆင့် အကြောင်းကြားပေးသွားပါမယ်ရှင်
29/07/2026
မြတ်ဆီမှာ Visa Assist ယူခဲ့ကြတဲ့ ကလေးတွေထဲကနေ ရှေ့ရက်က Masaryk University BMF တက်မယ့် ညီမလေးနဲ့ CZU Informatics တက်မယ့် မောင်လေးလည်း Visa ရကြပါပြီ 🎉
ကျောင်းသားတွေရဲ့ Education Journey မှာ ခုလို ကူညီပေးခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်
ရှေ့ဆက်လျှောက်ရမယ့် ပညာရေးလမ်းကြောင်းမှာလည်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်စေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့် 🤩
24/07/2026
Page မှာ Study Abroad နဲ့ပတ်သက်တာလေးတွေ sharing လုပ်ပေးရင်း သတင်းကောင်းလေးတွေလည်း တင်ပါရစေရှင့်😍😍
MEJ ကနေ Visa Assist ယူထားသူလေးတွေထဲကနေ ဒီရက်ပိုင်း Visa Approved ဖြစ်သွားသူလေးတွေပါ🤩
ခုလက်ရှိ မြတ်တို့ဆီကနေ Visa Approved ရထားတဲ့ ကျောင်းသားကျောင်းသူဦးရေ 30 ကျော် ရှိလာပါပြီ
Visa Interview ဖြေထားတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သတင်းကောင်းလေးတွေအတွက်လည်း ရင်ခုန်နေပါတယ်ရှင့်🍀🍀🍀
21/07/2026
ကျွန်မတို့တွေ International Student တစ်ယောက်အနေနဲ့ နိုင်ငံအသစ် ပတ်၀န်းကျင်အသစ်တစ်ခုမှာ ကျောင်လာတက်ကြတယ်ဆိုတာ တကယ့်တကယ် ပြန်တွေးကြည့်ရင် ကိုယ့်ကိုယ်ကို အသစ်ကနေ ပြန်တည်ဆောက်ရတဲ့ ခရီးတစ်ခုလိုပါပဲ
ကိုယ်တိုင်လည်း international student တစ်ယောက်ဖြစ်သလို Teacher တစ်ယောက်၊ Consultant တစ်ယောက် အနေနဲ့international student တွေရဲ့ challenge တွေကို ပြန်တွေးကြည့်တဲ့အခါမှာ ဒီအခြေအနေလေးတွေကို တွေ့လာရပါတယ်
ပထမတစ်ခုကတော Academic ပိုင်းနဲ့ ဆက်စပ်တဲ့ Language Barrier ပါ
တချို့က English ကို နားလည်တယ်။ ဒါပေမယ့် Classroom Discussion မှာ လက်မထောင်ရဲဘူး။ ကိုယ်ပြောမယ့် စကားမှားသွားမှာ ကြောက်ကြတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း 'ငါက မတော်ဘူး၊ မလုပ်နိုင်ဘူးထင်တယ်' ဆိုတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။
ဒီနေရာမှာ .. တကယ်တမ်းက မပြောတတ်တာထက် အမှားလုပ်မိမှာကို ကြောက်တဲ့ စိုးရိမ်စိတ်တစ်ခုကြောင့်ပါ ။ Communication မှာပဲဖြစ်ဖြစ် Language ပိုင်းမှာပဲ ဖြစ်ဖြစ် တခါတရံ အမှားလုပ်မိလည်း ရပါတယ်။
အဲဒီအမှားတွေကပဲ ကိုယ့်ရဲ့ Language နဲ့ communication skill တွေကို ပိုတိုးတက်လာစေတာပါ။ ကိုယ့်ရဲ့ opinion တွေကို ရဲရဲ၀ံ့၀ံ့ ထုတ်ပြောဖို့နဲ့ ကိုယ့် Language skill အပေါ် ယုံကြည်မှုလေး နည်းနည်း ထည့်လိုက်ရင် ဒီအခက်အခဲကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သွားမှာပါ
နောက်တစ်ခုကတော့ identity crisis နဲ့ comparison trap ပေါ့နော်
မရှက်တမ်း ၀န်ခံရရင် ကျွန်မကိုယ်တိုင်လည်း ခဏခဏ ဖြစ်တတ်တဲ့အရာလို့ ပြောလို့ရပါတယ်
တချို့ကျတော့...
ကိုယ့်နိုင်ငံမှာ Achievement တွေ အောင်မြင်မှုတွေ ရခဲ့တာမျိုး ရှိမယ်။ Top Student ဖြစ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပေမယ့်
ဒီကိုရောက်တဲ့အခါ လူတိုင်းက ကိုယ့်ပန်းတိုင်နဲ့ ကိုယ်၊ ကိုယ့် Pace နဲ့ ကိုယ် ကြိုးစားနေကြတဲ့သူတွေချည်းဆိုတော့ ဘယ်သူ့ဘယ်သူကမှ အတော်ဆုံးဆိုတာမျိုး မဟုတ်တော့ဘဲ လူတိုင်း သူ့ကြိုးစားမှုနဲ့သူ အကောင်းဆုံးရလဒ်တွေ ရနေကြတာမျိုး တွေ့ရပါလိမ့်မယ်
@တစ်ဖက်မှာ ကျပြန်တော့လည်း...
Social Media ဖွင့်လိုက်ရင် Scholarship ရတဲ့သူတွေ၊ LinkedIn မှာ internship ရကြောင်းတင်ထားတာတွေ
Instagram ဖွင့်လိုက်ရင် Europe အနှံ့ ခရီးသွားနေတဲ့ သူငယ်ချင်းတွေ ...
ဒီလိုမြင်ရတဲ့အခါ...
"ငါကရော ဘာဖြစ်ချင်တာလဲ..."
"ငါ့ကြိုးစားမှုက လုံလောက်ရဲ့လား..."
"ငါ နောက်ကျကျန်ခဲ့ပြီလား"
ဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ပါတယ်
ဒီလိုဖြစ်လာရင် ကိုယ့်ကိုယ်ကို သတိပေးရမှာက လူတိုင်းရဲ့ Timeline တွေ၊ အခြေအနေတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာပါ။ ခုချိန် Europe အနှံ့ ခရီးသွားနေတဲ့ သူငယ်ချင်းတစ်ယောက်က လွန်ခဲ့တဲ့ ၂နှစ်လောက်က ကိုယ့်လိုပဲ ပညာရေးပိုင်း၊ ငွေကြေးပိုင်းမှာ settle ဖြစ်ဖို့ ကြိုးစားနေရတဲ့ သူတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ကိုယ်ကိုယ်တိုင်က ကိုယ်လုပ်နိုင်တဲ့ potentialရှိသလောက် အမှန်တကယ်သာကြိုးစားနေတယ်ဆိုရင် အချိန်တစ်ခုရောက်တဲ့အခါ ကိုယ့်ကြိုးစားမှုတွေ အရာထင်လာပြီး ကိုယ့် identity ကို ကိုယ် မြင်ရလာမှာပါ။
နောက်ထပ် Challenge တစ်ခုကတော့ Loneliness ပါ
ကိုယ်က နိုင်ငံအသစ်ရောက်တဲ့အခါ...
ကိုယ့် မိသားစုကလည်း အနားမှာ ရှိမနေဘူး။ နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ သူငယ်ချင်းတွေလည်း ခုချိန် ဘေးမှာ မရှိဘူး။ Time zone တွေ မတူကြလို့ပဲဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် .. တခါတလေ Stress များတဲ့နေ့တွေ၊ စိတ်ဓာတ်ကျတဲ့နေ့မှာ "ဒီနေ့ ဘယ်လိုနေလဲ၊ အစစအရာရာ အဆင်ပြေရဲ့လား" လို့ မေးပေးမယ့်လူတောင် မရှိတဲ့အချိန်တွေ ရှိတတ်ပါတယ်။
ဒါပေမယ့် ငါက Strong ဖြစ်မှ ရမယ်ဆိုတာမျိုးနဲ့ Loneliness ကို တစ်ယောက်တည်း ခံနိုင်ရမယ်လို့ တွေးစရာမလိုပါဘူး
ကျွန်မတို့တွေ နိုင်ငံအသစ်မှာ ကိုယ်နဲ့ လိုက်လျောညီထွေရှိမယ့် Community အသစ်ကို တည်ဆောက်နိုင်တာကလည်း Survival Skill တစ်ခုပါပဲ။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ Classmate တစ်ယောက်ယောက်နဲ့ ကော်ဖီသွားသောက်တာပဲဖြစ်ဖြစ်၊ Student Club တစ်ခုခု Join ထားပြီး activity တွေ လုပ်တာပဲဖြစ်ဖြစ်၊ နောက်ဆုံး.. ကျောင်းတွေမှာ ရှိတဲ့ Counselling session လေးတွေ ယူကြည့်တာပဲဖြစ်ဖြစ်ပေါ့.. ဒါမျိုးလေးတွေ လုပ်ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံခြားမှာ တစ်ယောက်တည်း အထီးကျန်တယ်ဆိုတဲ့အခြေအနေကို အနည်းနဲ့ အများ ကျော်ဖြတ်နိုင်မှာပါ
ရှေ့မှာ ပြောခဲ့တဲ့ challenge တွေကို ကျွန်မလိုပဲ အနည်းနဲ့အများ ဖြတ်ကျော်ခဲ့ပြီးတဲ့ ကျောင်းသားတွေအတွက်လည်း Congratulations ပါ။ ခုလက်ရှိ ဒီ Challenge တွေ ကြုံနေရတဲ့ ကျောင်းသားတွေအတွက်လည်း ဒီစာလေးက စိတ်ပိုင်းဆိုင်ရာ အထောက်အကူတစ်ခုဖြစ်ဖို့ မျှော်လင့်သလို Prospective students တွေအတွက်လည်း ဒီလို challenge တွေ ကြုံလာတဲ့အခါ ဒီစာလေးထဲက suggestion လေးတွေကို ပြန်သတိရစေဖို့ reminder လေးတစ်ခုလည်း ဖြစ်ပါတယ်