13/08/2026
“ဖခင်သည် မိခင်ဖြစ်သူအပေါ် ပြုမူဆက်ဆံသည့် နည်းလမ်းအားဖြင့် သားသမီးများအတွက် ဝိညာဉ်ရေးရာနှင့် စိတ်ခံစားမှုဆိုင်ရာ အဝန်းအဝိုင်းကို ဖန်တီးပေးသူ ဖြစ်သည်။”
Rev. Larry Brown
Rhema Bible Church Bangkok မှ နောက်ဆုံးထွက်တရားဒေသနာ - မကုန်ဆုံးနိုင်သော မိခင်မေတ္တာ”
✨Language : English-Thai✨
https://youtu.be/zrlgVIoR2gg?si=AlbEqLifV9mY5Ilh
🔎ပိုမိုသိရှိလိုပါက
www.rhemathailand.org
07/08/2026
“ကျမ်းစာလာ စစ်မှန်သောယုံကြည်ခြင်းသည် သင်၏မျှော်လင့်ခြင်းကို ရုပ်လုံးပေါ်စေသည်။”
Rev. Keith Higginbotham
Rhema Bible Church Bangkok မှ နောက်ဆုံးထွက်တရားဒေသနာ - ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း
✨Language : English-Thai✨
https://youtu.be/42jzICNNk4o?si=ThqFEFb7eP-OFQCs
🔎ပိုမိုသိရှိလိုပါက
www.rhemathailand.org
31/07/2026
ဤတစ်ပတ်လုံးတွင် မဲဆောက်ကျောင်းခွဲမှ ကျောင်းသား/သူများသည် အောက်ပါဘာသာရပ်နှစ်ခုကို အထူးလေ့လာသင်ယူခဲ့ကြရပြီး ကြီးစွာသော ကောင်းချီးမင်္ဂလာများကို ခံစားခဲ့ကြရပါသည်-
✝️ အသွေးတော်ပဋိညာဉ် (Blood Covenant)
🌱 ဝိညာဉ်ရေးရာ တည်ဆောက်ခြင်းဆိုင်ရာ အခြေခံမူများ (Principles of Spiritual Formation)
ဤသီတင်းပတ်သည် ယေရှုခရစ်တော်အားဖြင့် လူသားများအပေါ်ထားရှိသော ဘုရားသခင်၏ မေတ္တာတော်နှင့် သစ္စာစောင့်သိတော်မူခြင်းကို ကျောင်းသားတိုင်း ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နားလည်စေခဲ့သည့် ရက်သတ္တပတ်တစ်ပတ် ဖြစ်ခဲ့ပါသည်။
🌾🕊️ရီးမားမဲဆောက်ခရစ်ယာန်ကျောင်းခွဲမှ ကျောင်းသား၊ သူများထံ ဤကြီးမြတ်သော သမ္မာတရားများကို လာရောက်သင်ကြားဝေမျှပေးခဲ့သည့် အမေရိကန်ပြည်ထောင်စုမှ ဆရာမကြီး Rev. Tracey P. Farmer ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဘုရားသခင်သည် ဆရာမကြီးအား သာ၍ ကောင်းချီးပေးပါစေ။
#ကျေးဇူးတော်၌ကြီးထွားခြင်း #သွေးပဋိညာဉ် #မဲဆောက်ဌာနခွဲ #အမှုတော်အတွက်ပြင်ဆင်ခြင်း #ရီးမာကျောင်းသားများ #ကျမ်းစာသင်အံခြင်း #ဘုရားသခင် #နှုတ်ကပတ်တော် #သန့်ရှင်းသောဝိညာဉ်တော်
24/07/2026
တစ်ပတ်တာပတ်လုံး ဘုရားသခင်၏နှုတ်ကပတ်တော် တရားထူးတရားမြတ်များဖြင့် ပြည့်ဝစုံလင်ခဲ့ပါသည်။
မဲဆောက်ဌာနခွဲမှ ကျောင်းသား/သူ (၃၈) ဦးစလုံးသည် "ရွေးနုတ်ခြင်းဆိုင်ရာအမှန်တရား ၁" နှင့် "ကျမ်းစာအနက်ဖွင့်ဆိုခြင်း" ဘာသာရပ်များမှတစ်ဆင့် ကြီးမားလှသော ဘုရားသခင်၏ကျေးဇူးတော်အတွက် ချီးမွမ်းကြပါသည်။
ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်နှင့် အသီးပွင့်ဆုံးသော အသက်တာဖြင့် အမှုတော်မြတ်၌ ပါဝင်ဆက်ကပ်နိုင်ကြရန်အတွက် နှုတ်ကပတ်တော်ကို မှန်ကန်စွာအနက်ဖွင့်ပြီး စိတ်အားထက်သန်စွာဖြင့် အတူတကွ သင်ယူလေ့လာနေကြပါစို့။ 🍃
#ကျမ်းစာကျောင်း #မဲဆောက် #ကျမ်းစာအနက်ဖွင့်ဆိုခြင်း #ရွေးနှုတ်ခြင်း #အသက်တာတည်ဆောက်ခြင်း #ရီမားကျမ်းစာကျောင်းကောလိပ်
23/07/2026
“ခရစ်တော်ယေရှုကဲ့သို့သော အမြင်ဟူသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် တစ်ထပ်တည်းကျသော နှလုံးသားရှိခြင်း ဖြစ်သည်။
စီရင်ဆုံးဖြတ်ခြင်းဖြင့် မဟုတ်ဘဲ မေတ္တာနှင့် ကရုဏာစိတ်ဖြင့် ကြည့်ရှုခြင်း ဖြစ်သည်-ရိတ်သိမ်းစရာ လယ်ကွင်းများ မှည့်ဝင်းနေသည်ကို မြင်တွေ့ပြီး ဘုရားသခင်၏ လုပ်ဆောင်သူအဖြစ် အစေခံရန် အသင့်ရှိနေခြင်း ဖြစ်သည်။”
Rev. Kamsing Ruamwong
Rhema Bible Church Bangkok မှ နောက်ဆုံးထွက်တရားဒေသနာ- ခရစ်တော်ယေရှုကဲ့သို့သော အမြင်
✨Language : Thai✨
https://youtu.be/-gHatMly-yI?si=55HIeSzr-1rm8iTg
🔎ပိုမိုသိရှိလိုပါက
www.rhemathailand.org
22/07/2026
📝ရီးမားဘန်ကောက် ကျမ်းစာသင်ကျောင်းဘန်ကောက်ကျောင်းခွဲသည် (မြန်မာဘာသာ) ညကောင်း ၂၀၂၆ စာသင်နှစ် ၂ နှစ်တွဲဘွဲ့ဒီဂရီအစီအစဉ်အတွက် ကျောင်းသားသစ်များကို လက်ခံနေပြီဖြစ်သည်။
🗓️လျှောက်လွှာများကို ယနေ့ကနေစပြီ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ထားပါသည်။
➡️ လျှောက်ထားရန် နှိပ်ပါ
คลิกสมัคร:
docs.google.com
18/07/2026
ယခုတစ်ပတ်လုံးတွင် ကျွန်ုပ်တို့၏ မဲဆောက်ကျောင်းသား/သူများသည် "ခရစ်ယာန်အခြေခံအုတ်မြစ်များ ( ၁ ) " နှင့် "ရွေးနုတ်ခြင်း၏သမ္မာတရား ၂" ဘာသာရပ်များကို စိတ်အားထက်သန်စွာဖြင့် အသေးစိတ် စနစ်တကျ သင်ယူလေ့လာခဲ့ကြသည်။
ကျောင်းသား/သူများအနေဖြင့် ဤသမ္မာတရားကို မိမိတို့၏အသက်တာနှင့် အမှုတော်မြတ်၌ အသီးပွင့်ဝေဆာစွာ လက်တွေ့အသုံးချနိုင်ကြမည်ဖြစ်သောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
#ကျမ်းစာကျောင်း #မဲဆောက် #ခရစ်ယာန်အခြေခံအုတ်မြစ်များ #ရွေးနှုတ်ခြင်း #အသက်တာတည်ဆောက်ခြင်း