01/08/2026
https://www.facebook.com/share/p/1Bisk6D4Pu/
🔴 ပညာဒါန အတန်းကြော်ငြာ 🔴
လာမယ့် ၂၀၂၆ခုနှစ် ၈လပိုင်း ၁၂ရက်နေ့မှာ
English Pronunciation Essentials ဆိုတဲ့ အသံထွက်အတန်းလေးတစ်ခု ပညာဒါနသင်ပေးဖို့ရှိပါတယ်။ အဦးဆုံး comment ပေးတဲ့ လူအယောက် ၅၀ သာ လက်ခံပါမယ်။ စိတ်ပါဝင်စားသူများ အောက်ကအသေးစိတ်အချက်အလက်တွေကို အရင်သေးစိတ်ဖတ်ပြီး *အတန်းပြီးအောင်တက်နိုင်မနိုင် သေချာစဥ်းစားပြီးမှ Comment မှာ *Yes/yes/YES လို့ အဆင်ပြေတဲ့တစ်ခု ရိုက်ခဲ့ပါ။ အသေးစိတ်ကို Messenger ကနေ အကြောင်းပြန်ပေးပါမယ်။
🔴 ဘာသင်မှာလဲ?
👉 RP Received Pronunciation (BrE) ကို အဓိကသွားမှာဖြစ်ပါတယ်။ အသေးစိတ်အကျဆုံး Phonemes အသံတွေရဲ့ကစလို့ Stress၊ Connected Speech နဲ့ Intonation စတဲ့သဘောတရားတွေ ပါပါမယ်။ အသံထွက်လေ့ကျင့်ပုံနည်းစနစ် တစ်ချို့ကိုပါ ပူးတွဲသင်ကြားပေးမှာပါ။ ဆရာနဲ့အတူလည်း လေ့ကျင့်ရမှာပါ။
🔴 ဘယ်သူတွေတက်သင့်လဲ?
👉 အင်္ဂလိပ် အသံထွက်အားနည်းတဲ့သူတွေ မိမိဘာသာဆက်ပြီး self study လုပ်ဖို့ အသံထွက်သဘောတရားတွေကိုနားလည်ချင်တဲ့သူတွေတက်ပါ။
🔴 ဘယ်လောက်ကြာမလဲ?
👉 အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းသင်မယ့် ဒီအတန်းက ၂၀၂၆၊ ၈လပိုင်း တစ်လလုံးနဲ့ ၉လပိုင်းလလယ်လောက်အထိသွားပါမယ်။ စာသင်တာရော လေ့ကျင်တာပါ ပါမှာမို့လို့ တစ်ချိန်ကို ၁နာရီခွဲလောက်ကြာပါမယ်။
🔴 ဘယ်အချိန်လဲ?
👉🏻 ၁၂.၈.၂၀၂၆ ဗုဒ္ဓဟူးနေ့ကနေစပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း Thailand Time (ထိုင်းအချိန်) ည ၉နာရီခွဲကနေ ၁၀နာရီခွဲအထိပါ။ မြန်မာအချိန်ဆို ည ၈ခွဲကနေ ၁၀နာရီပါ။
🔴 ဘာနဲ့သင်မှာလဲ?
👉 Zoom Meeting နဲ့သင်မှာပါ။ အင်တာနက်ကောင်းရပါမယ်။ နားကြပ်ရှိရင်တော့ပိုအဆင်ပြေတယ်။ မရှိလည်း ပြဿနာမရှိပါဘူး။
အားလုံးအဆင်ပြေကြပါစေ။
22/07/2026
လိုအပ်သူများ စာအုပ်ကို Pre-order မှာယူနိုင်ပါပြီခင်ဗျာ။ အောက်က မူရင်း post အောက်က Comment မှာ book လို့ရိုက်ပြီး အထူးဈေးနှုန်း ၆၀၀၀ ကျပ်တည်းနဲ့ မှာယူလိုက်ပါ။
https://www.facebook.com/share/p/1D2KvW8w6s/
06/04/2025
အင်္ဂလိပ် ဂျာမန် ဂျပန် ထိုင်း စတဲ့ ဘာသာစကားတွေကို
အခမဲ့ လေ့လာဖို့ စိတ်၀င်စားတယ်ဆိုရင်
Effortless Language Lab ကို
Like and Follow လုပ်ထားလို့ရပြီနော်။
29/03/2025
ဆရာ့တပည့်များ မိတ်ဆွေများ ပါဝင်ပေးကြပါ။
🟥 Effortless Language Lab ရဲ့
'ပညာသင်ယူ၊ ငလျင်ဘေးကူ' အစီအစဥ်မှာပါ၀င်ပြီး အင်္ဂလိပ်အသံထွက် Red Level ကို လေ့လာရင်း မိမိတတ်နိုင်သလောက်
မြန်မာပြည်ငလျင်ဘေးအတွက် ထည့်၀င်ကူညီလိုက်ပါ။
🟥 ဒီအတန်းမှရတဲ့ အလှူငွေအားလုံးကို
မန္တလေးက ပြည်သူတွေအတွက်အတွက်
ရွက်ဖျင်တဲတွေလှူဖို့ အသုံးပြုသွားပါမယ်။
English Pronunciation (Red Level) ဒီအတန်းမှာ
🇬🇧 Consonant, Monothongs, Dipthongs
🇬🇧 Consonant Clusters
🇬🇧 Syllabic Consonants
🇬🇧 Silent Letters
🇬🇧 Syllable Stress
🇬🇧 Aspiration
စတဲ့ အသံတွေနဲ့ အသံထွက်သဘောတရားတွေကို
လက်တွေ့လေ့ကျင့်ခန်းတွေလုပ်ရင်း
လေ့လာရမှာဖြစ်ပါတယ်။
▪️Date: April 3rd 4th 5th & 6th 2025
(ဒီသတ်မှတ်ရက်မှာ မြန်မာပြည်က လှမ်းတက်ချင်သူတွေ မီး ဝိုင်ဖိုင် အဆင်မပြေတာကြောင့် သင်္ကြန်အပြီးမှာ အတန်း
ရက်ကိုပြန်ကြေငြာပေးပါမယ်။)
▪️Time: 9pm Bangkok Time
▪️Type: 100% Online
▪️Platform: Microsoft Team
🙏 အတန်းမစခင် ပြင်ဆင်စရာ အသေးစိတ်အချက်အလက်တွေကိုသိရဖို့ အောက်ပါ Telelgram Link ကို Join ပေးပါခင်ဗျာ။
https://t.me/+ObGzckGYaIthNjU1
အတန်းတက်ဖို့ အဆင်မပြေလို့
အလှူငွေပဲထည့်၀င်လိုသူများ
အောက်က Kpay ကို လှူလို့ရပါတယ်။
09773704116 (Kpay)
Phyo Hein Kyaw
Teacher’s Profile
Hein Zin @ Sayar Steven
▪ B.E. (Mechanical)
▪ Diploma in English Language Teaching
▪ Diploma in Buddha Dhamma
▪ Diploma in TESOL (Candidate)
▪ Certificate in Effective Lesson Planning
▪ Certificate in Teaching Writing Skills to ESL Students
▪ Cambridge TKT Core Modules
#ပညာသင်ယူငလျင်ဘေးကူ
23/02/2025
https://www.facebook.com/share/1A8UFiDeZe/
တူမလေးပျောက်သွားလို့ပါ😭
12ရက်နေ့မနက်၉နာရီအကျော် သန်လျင် ပျင်တောင်ကျောင်းရှိ နေအိမ်ခြံထဲတွင်ဆော့နေရင်း အချိန်ခဏလေးအတွင်းမှာပျောက်သွားတာပါရှင့်
တူမလေးကအသက်၃နှစ် ဒီနေ့မှပြည့်တာပါ စကားလဲကောင်းစွာမပြောတတ်သေးပါဘူးရှင့် တွေ့ရှိသူများ ဆက်သွယ်ပေးပါရန် အကူညီတောင်းခံအပ်ပါတယ်ရှင်
ဆက်သွယ်ရန်ဖုန်း
09 694605741
09 421717861