08/10/2025
덥다 // 뜨겁다
춥다 // 차갑다
Ps,
- 뜨겁다 ကို အရမ်းပူတဲ့ 날씨အတွက်လည်း သုံးနိုင်ပါတယ်
- Personality or Relationship ဆိုင်ရာမှာသုံးချင်ရင် 'Hot' ဖြစ်တယ် 'Cool' ဖြစ်တယ် ပြောချင်ရင်လည်း "뜨겁다, 차갑다" နဲ့ သုံးပေးလို့ရပါတယ်
#너를위한한국어
#가을쌤
08/10/2025
-들 ➡️ -s, es, ies ➡️ -များ
English စာမှာ 2 ခု (သို့) 2 ခုနဲ့အထက်ဖြစ်သွားတာနဲ့ Noun မှာ -s, es, ies ပေါင်း၊ plural noun အဖြစ်ပြောင်းပေးရပေမယ့် Korea စာမှာကျ နေရာတကာအမြဲတမ်း Noun ကို -들 (အများကိန်း) လိုက်ပေါင်းပေးစရာမလိုပါဘူး။ Korean language မှာ Noun တစ်ခုက ရိုးရိုးရေးထားလည်း ဝါကျပေါ် မူတည်ပြီး Singular လည်းဖြစ်နိုင်သလို Plural လည်းဖြစ်နိုင်ပါတယ်၊ အဲ့ဒီတော့ -들 ထည့်လည်းရ၊ မထည့်လည်းရ အခြေအနေလည်း ရှိနိုင်သလို၊ Plural ပေမယ့် *လုံးဝ*မထည့်ရတဲ့ အခြေအနေတွေလည်းရှိပါတယ်၊
-들 ထပ်ပြီး Plural ပြောင်းပေးစရာမလိုဘဲ အလိုလို Plural Noun ဖြစ်သွားတဲ့အခါမျိုးက....
▶️ ပမာဏ / အရေအတွက် + Measure Word နဲ့ ပေါင်းပြောတဲ့ အများကိန်းမှန်း ကျိန်းသေသိသွားတဲ့အခါမျိုးမှာ ရှေ့မှာ (ပမာဏ/အရေအတွက်ကို ကိန်းဂဏန်းနဲ့ ဖော်ပြပြီးသားဖြစ်တာကြောင့်) Noun ကို -들 ထပ်ထည့်စရာမလိုပါဘူး
❌ 고양이들 2 마리를 봤어요.
❌ 고양이 2 마리들을 봤어요.
✅ 고양이 2 마리를 봤어요.
(I saw 2 cats.)
❌ 3 가지 음식들을 먹어 봤어요.
✅ 3 가지 음식을 먹어 봤어요.
▶️ "많다" ဆိုပြီး အဲ့ဒီ Noun ကို ရည်ညွှန်းပြီး ပြောတဲ့အခါမျိုးမှာလည်း Plural Noun မှန်း "많다" နဲ့ ညွှန်ပြပြီးတာကြောင့် -들 ထည့်ပြီး အများနာမ်အဖြစ် ပြောင်းပေးစရာမလိုပါဘူး
❌ 왜 이렇게 신발들이 많아요?
✅ 왜 이렇게 신발이 많아요?
❌ 저는 옷들 많이 있어요.
✅ 저는 옷 많이 있어요.
▶️ နောက်တစ်ခုက ရည်ညွှန်းတဲ့နာမ်က အဲ့နေရာ / အဲ့အခြေအနေမှာဆို ကျိန်းသေပေါက် အများကိန်းမှန်း generally သိနေတဲ့ အခါမျိုးမှာပါ၊ အဲ့လိုအခြေအနေမျိုးမှာလည်း Noun ကို -들 ထည့်စရာမလိုဘဲ သူ့ဘာသာ Plural Noun ဖြစ်သွားမှာပါ
❌ 동물원에서 코끼리들을 봤어요.
✅ 동물원에서 코끼리를 봤어요.
❌ 시험점수들
✅ 시험점수
👉🏻 ထည့်ပေးရမယ့်အချိန်တွေက ကိုယ်ရည်ညွှန်းတာ တစ်ခုထဲလား၊ အများလားဆိုတာ နားထောင်သူ အထင်မလွဲအောင် သေချာပြောပေးရမယ့် အခါမျိုးမှာပါ
➡️ 인기 있는 스마트폰이 여시 있어요. (Singular)
➡️ 인기 있는 스마트폰들이 여기 있어요. (Plural)
➡️ 방에 바퀴벌레가 있어요. (Singular)
➡️ 방에 바퀴벌레들이 있어요. (Plural)
➡️ 한국 사람은 이렇게 생각해요.
(Maybe both Singular and Plural)
➡️ 한국 사람들은 이렇게 생각해요.
(Plural)
#너를위한한국어
#가을쌤
08/10/2025
한국어 토픽 (1) 시험을 위해 하루에 시험지 하나씩 실제 시험처럼 함께 풀어봅시다!
이벤트에 참석하시려면 댓글에 이름을 적어주시고, https://t.me/koreantopikexam 텔레그램 채널에 들어와 주세요. 참석 신청을 해주신 분들은 시험 날에 확인 후 점수를 알려드리겠습니다.
시험 날짜는 10월 11일부터 10월 20일까지이며, 총 열흘 동안 하루에 한 세트씩, 총 10개의 시험지를 보게 됩니다.
그럼 토픽 시험을 위해 열심히 함께 공부합시다! 💪🏻
Let’s take one TOPIK I test paper per day and practice together as if it’s the real exam!
If you’d like to join this event, please write your name in the comments and join the Telegram channel at https://t.me/koreantopikexam.
Participants who register will have their attendance checked and scores shared on the test days.
The test period is from October 11 to October 20, lasting 10 days, with one test paper per day (total of 10 tests). Let’s study hard together to prepare for the TOPIK exam! 💪🏻
ကိုရီးယား TOPIK (1) စာမေးပွဲအတွက် တစ်နေ့ကို စာမေးပွဲ မေးခွန်းဟောင်းတစ်စုံစီ အတူတူဖြေကြည့်ရအောင်။
မေးခွန်းဟောင်းဖြေဆိုဖို့အတွက် ပါဝင်ချင်သူတွေကတော့ ပို့စ်အောက်မှတ်ချက်မှာ "နာမည်"ရေးပြီး စာရင်းပေးသွင်းနိုင်ပါတယ်၊ ပြီးရင် ဒီ https://t.me/koreantopikexam Telegram Channel ကို ဝင်ရောက်ပေးပါ။
စာရင်းပေးထားသူများကို စာမေးပွဲနေ့မှာ ဖြေဆိုထားသော အဖြေများကို စစ်ဆေးပေးပြီး ရမှတ်ကို ပြန်ပေးမှာဖြစ်ပါတယ်။
စာမေးပွဲကာလက အောက်တိုဘာ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြစ်ပြီး စုစုပေါင်း ၁၀ ရက်၊ တစ်နေ့လျှင် စာမေးပွဲမေးခွန်းတစ်စုံ၊ စုစုပေါင်း ၁၀ စုံ ဖြေဆိုရမှာပါ။
ဒါဆိုရင် TOPIK စာမေးပွဲအတွက် အတူတူ ကြိုးစားပြီး လေ့ကျင့်ကြရအောင်နော်။ 💪🏻
📌 Event Link
https://www.facebook.com/share/1FRjHNg3h2/
#너를위한한국어
#가을쌤
08/10/2025
Grammar >>> .....까지 • to / .....အထိ 🤔 အမြဲတမ်း ဒီအဓိပ္ပာယ်တစ်ခုထဲမဟုတ်ဘူးနော်
➡️ 1시부터 3시까지 수업이 있어요.
1နာရီကနေ 3နညရီအထိ အတန်းရှိတယ်။
➡️ 지난주 일요일부터 목요일까지 여행했어요.
ကျန်ခဲ့အပတ်က တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ခရီးထွက်ခဲ့တယ်။
➡️ 오늘부터 내일까지 콘서트 할 거예요.
ဒီနေ့ကနေ မနက်ဖြန်အထိ ဖျော်ဖြေပွဲလုပ်မှာပါ။
👉🏻 ဒီလိုအခြေအနေမျိုးမှာတော့ 까지 က to / အထိ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာပါ၊ ဒါပေမယ့် အောက်ကဝါကျလေးတွေ ဆက်ဖတ်ကြည့်ပါနော်
➡️ 9시까지 출근하세요.
🤔 9နာရီအထိ အလုပ်သွားပါ/ အလုပ်ဆင်းပါ။ ❌
ဒီနေရာမှာ AM / PM ထည့်မရေးထားတော့ သာမာန်ကြည့်လိုက်ရင် "까지 အထိ" နဲ့သုံးထားတာဆိုတော့ အလုပ်ကို တစ်နေ့လုံး ည 9 နာရီအထိ လုပ်ပြီးမှ အလုပ်ဆင်းဆိုပြီး ပြောချင်တာလို့ ထင်သွားတတ်ပါတယ်၊ နောက်မှာ "퇴근" မဟုတ်ဘဲ "출근" သုံးထားတာကြောင့် ဘာသာပြန်ချိန် ဇဝေဇဝါဖြစ်သွားနိုင်ပါသေးတယ်၊ ဒီစာကြောင်းရဲ့ ဆိုလိုရင်းက
👉🏻 9နာရီမှာ (9နာရီကျရင်/ 9နာရီ နောက်ဆုံးထားပြီး) အလုပ်သွားပါ/ အလုပ်ဆင်းပါ (အလုပ်ကို လာခဲ့ပါ) ဆိုပြီး ပြောချင်တာပါ
အဲ့ဒီတော့ ဒိလိုအခြေအနေမျိုးမှာဆို 까지 က 'to / အထိ' ဆိုတာထက် 'at / မှာ' ဆိုပြီး အဓိပ္ပာယ်ထွက်သွားတာပါ
➡️ 내일 학교에 7시까지 오세요.
မနက်ဖြန် ကျောင်းကို 7နာရီအထိ လာခဲ့ပါ။ ❌
မနက်ဖြန် ကျောင်းကို 7နာရီကျရင် လာခဲ့ပါ။ ✅
➡️ 파티가 3시에 시작하니까 2시까지 오세요.
ပါတီပွဲက 3နာရီကျရင် စမှာမို့ 2နာရီအထိ လာခဲ့ပါ။ ❌
ပါတီပွဲက 3နာရီကျရင် စမှာမို့ 2နာရီကျရင် (2နာရီ နောက်ဆုံးထားပြီး) လာခဲ့ပါ။ ✅
➡️ 이메일을 내일까지 보내세요.
email ကို မနက်ဖြန်ကျရင် (မနက်ဖြန် နောက်ဆုံးထားပြီး) ပို့ပေးပါ။ ✅
#너를위한한국어
#가을쌤
08/10/2025
Quality Verb or Adjective နဲ့ Grammar
(__고 싶다 ~ want to__ ~ __ချင်သည်) ကို တွဲသုံးတဲ့အခါ သတိထားရမယ့်အချက်‼️
__고 싶다 Grammar Pattern နဲ့ Action Verb တွေနဲ့ တွဲသုံးတဲ့အခါ ဘာမှထွေ"ထူး"ပြောင်းစရာမလိုဘဲ သုံးရတဲ့ပုံစံမို့ 여러분 တို့ အားလုံးလည်း အမြဲမှန်ကြမှာပါ၊ ဒါပေမယ့် QV / Adj နဲ့ တွဲသုံးရင် ပထမဟာလို တိုက်ရိုက်ဆက်လိုက်လို့မရဘဲ အဲ့ဒီ QV / Adj ကို + 아/어/여지다 Grammar ထပ်ပေါင်းပေးဖို့ လို့တယ်ဆိုတာ သိကြပါသလား 🧐 ဥပမာ ဝါကျလေးတွေနဲ့ ကြည့်ကြည့်ပါမယ်နော် 👉🏻
📌 Action Verb + 고 싶다
✅ 보고 싶다 ➡️ တွေ့ချင်သည်၊ သတိရသည်
✅ 먹고 싶다 ➡️ စားချင်သည်
✅ 공부하고 싶다 ➡️ စာလုပ်ချင်သည်
📌 Quality Verb or Adjective
+ 고 싶다 ❌
+ 아/어/여지고 싶다 ✔️
ပိန်ချင်သည်
❌ 날씬하고 싶다
✅ 날씬해지고 싶다
ကျန်းမာရေးကောင်းချင်သည်
❌ 건강하고 싶다
✅ 건강해지고 싶다
လှချင်သည်
❌ 예쁘고 싶다
✅ 예뻐지고 싶다
Ps 📣
Difference between _고 싶다 & _고 샆어하다
ဒီ 2 ခုလုံးရဲ့ အဓိပ္ပာယ်က (__ချင်သည်၊ want to, prefer to) ချင်း တူတူပါပဲ၊ ဒါပေမယ့် ဘယ်လိုသုံးတာချင်း ကွာတာလဲဆိုတော့
▶️ ကိုယ့်ကိုယ်တိုင်ရဲ့အကြောင်း / ကိုယ့်ဖြစ်ချင်တဲ့အရာ / ကိုယ့်ဆန္ဒကို ပြောရင် 👉🏻 고 싶다
▶️ အခြားသူရဲ့အကြောင်း / အခြားသူဖြစ်ချင်တဲ့အရာ / အခြားသူဆန္ဒကို ပြောရင် 👉🏻 고 싶어하다 ကို သုံးပေးရမှာပါ 🙋🏻♀️
e.g.,
✅ 저는 김밥을 먹고 싶어요.
❌ 제 동생은 김밥을 먹고 싶어요.
✅ 제 동생은 김밥을 먹고 싶어해요.
❌ 친구는 미국에 가고 싶어요.
✅ 친구는 미국에 가고 싶어해요.
❌ 그 사람은 너를 보고 싶어.
✅ 그 사람은 너를 보고 싶어해.
#너를위한한국어
#가을쌤
07/10/2025
📣 Recommended Books for Korean Advanced Learners
📚 한국어 속담 • 한자성어
📚 한국어 의성어 • 의태어
📚 한국어 관용 표현
PDF Link Collection 🇰🇷
👇🏻 Telegram Channel Link
🔗 https://t.me/foryourkoreanbygaeul
Page မှာ ဒီစာအုပ်လေးတွေထဲက စကားပုံ၊ idiom တစ်ခုချင်းစီရဲ့အဓိပ္ပာယ်နဲ့ ဥပမာဝါကျတွေ ရှင်းလင်းချက်နဲ့ post တစ်ခုချင်းစီလည်း တင်ပေးထားတာမို့ အောက်က link ထဲမှာ သွားလေ့လာလို့ရပါတယ် 🙋🏻♀️
📚 한국어 속담 • 한자성어
📎 https://www.facebook.com/100076613806450/posts/799073575989762/
📚 한국어 의성어 • 의태어
📎 https://www.facebook.com/100076613806450/posts/799091265987993/
📚 한국어 관용 표현
📎 https://www.facebook.com/100076613806450/posts/799099249320528/
#너를위한한국어
#가을쌤
06/10/2025
💯 Best Books for Korean Grammar Points
📚 Korean Grammar in Use (Beginner)
📚 Korean Grammar in Use (Intermediate)
📚 Korean Grammar in Use (Advanced)
PDF Link Collection 🇰🇷
👇🏻 Telegram Channel Link
🔗 https://t.me/foryourkoreanbygaeul
#너를위한한국어
#가을쌤
06/10/2025
🙋🏻♀️ Fun Fun Korean
📚Textbooks Level 1 to 4
📚Workbooks Level 1 to 2
PDF Link Collection 🇰🇷
📎 Textbook (Level 1)
https://t.me/foryourkoreanbygaeul/76
📎 Textbook (Level 2)
https://t.me/foryourkoreanbygaeul/77
📎 Textbook (Level 3)
https://t.me/foryourkoreanbygaeul/78
📎 Textbook (Level 4)
https://t.me/foryourkoreanbygaeul/79
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
📎 Workbook (Level 1)
https://t.me/foryourkoreanbygaeul/80
📎 Workbook (Level 2)
https://t.me/foryourkoreanbygaeul/81
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
👇🏻 Telegram Channel Link
🔗 https://t.me/foryourkoreanbygaeul
#너를위한한국어
#가을쌤
05/10/2025
🔈Counting Days in Korean
❓Sino or Native Korean numbers 🧐
ကိုရီးယားလို နေ့ရက်တွေကို ရေတွက်တဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုရေတွက်ရမလဲဆိုတာ လေ့လာကြည့်ရအောင် 🤔
အရင်ဆုံး 여러분တို့နဲ့ အရင်းဆုံးအခေါ်အဝေါ်က လတစ်လချင်းစီရဲ့ ဘယ်နှရက်နေ့လဲဆိုတာကို ပြောတဲ့အခါဖြစ်မှာပါ
[ ___ရက်နေ့]
Eg.,
1st January ▶️ 1월 1일
5th April ▶️ 4월 5일
22nd November ▶️ 11월 22일
ဒီနေရာမှာ ရက်တွေကို (1일 - 일일, 5일 - 오일, 22일 - 이십이일) ဆိုပြီး Sino-Korean Numbers နဲ့ သုံးပါတယ်
ဒါပေမယ့် ရိုးရိုး 👉🏻 ဘယ်နှရက်ရှိတယ်၊ ဘယ်နှရက်ရှိပြီ၊ ဘယ်နှရက်ကြာမှာ ဆိုပြီး ပြောချင်တဲ့အခါ Native Korean Numbers နဲ့ သုံးရပါတယ်၊ ဒါပေမယ့် ဒီနေရာမှာကျ Native Korean Numbers တွေဖြစ်တဲ့ "하나, 둘, 셋, 넷, 다섯, ..." or "한, 두, 세, 네, 다섯, ..." ကို အသုံးပြုပြီး နောက်ကနေ " + 일 / 날 ရက် " ဆိုပြီး ပေါင်းသုံးပေးရတာမျိုးမဟုတ်ဘဲ စကားလုံးအသစ်အနေနဲ့ ထပ်မှတ်ပေးရမှာပါ
[ ___နေ့ / ___ရက် / ရက်ပေါင်း___]
Eg.,
1️⃣ 하루
2️⃣ 이틀
3️⃣ 사흘
4️⃣ 마흘
ဆိုပြီးတော့ပါ၊ ဒါလေးတွေလည်း ရင်းနှီးပြီးသားဖြစ်မှာပါ၊ နောက်ပိုင်း ရက်တွေထိလည်း ဘယ်လိုရေတွက်ရလဲဆိုတာ ပုံထဲမှာ လေ့လာကြည့်လို့ရပါတယ်
🔺 10 ရက်အထက်ဆိုရင် 열 + 하루 / 이틀 / 사흘 / ..... ဆိုပြီး အနောက်က ဆက်ပေါင်းပေးရုံပါပဲ
🔺 20 ရက်ဆို "스무날" ပြီးရင် 20 ရက်အထက်ဆို 스무 + 하루 / 이틀 / 사흘 / ..... ဆိုပြီး အနောက်က ဆက်ပေါင်းပေးရမှာပါ
-------------------------------------------------------------------------------
ဒါပေမယ့် Sino-Korean numbers ကိုပဲ ရေတွက်ပေးလည်း ရတဲ့အခြေအနေတွေရှိပါတယ်၊ အဲ့ဒါတွေက written form အနေနဲ့ reporting, scheduling လုပ်တဲ့အခါမျိုးတွေမှာပါ၊ ဒီနေရာမှာ ဘာသာပြန်ရင် "ဘယ်နှရက်နေ့" မဟုတ်ဘဲ "ဘယ်နှရက်" ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ၊ ပြီးတော့ နောက်က noun တစ်ခု ထပ်ပေါင်းပြီး အသုံးပြုတဲ့ အခြေအနေမျိုးတွေမှာရော 일,이, 삼,사, ... နဲ့ သုံးပေးလည်း ရပါတယ် ၊ ဥပမာ
▶️ 일일행사
▶️ 삼일시험
▶️ 오일여행
ဆိုပြီး နောက်က event or အဲ့ဒီရက်ကို ရည်ညွှန်းတဲ့ noun တစ်ခုခုနဲ့ တွဲသုံးတဲ့အခါမျိုးမှာပါ၊
-------------------------------------------------------------------------------
🤔 How to memorize generally
Spoken language ➡️ 하루, 이틀, 사흘, 사흘, .....
Writing, Scheduling, Reporting ➡️ 일일, 이일, 삼일, 사일, .....
ပုံမှန် ရက်ရေတွက်ရင် 1ရက် နဲ့ 2ရက် ကိုတော့ Spoken ရော Written ရောမှာ "하루, 이틀" နဲ့ပဲ အများဆုံး အသုံးပြကြပါတယ်
#너를위한한국어
#가을쌤