Myanmar University of Social Science and Technology

Myanmar University of Social Science and Technology

แชร์

MUST is committed to develop the education sector without any political bias.

29/06/2026

𝐂𝐚𝐥𝐥 𝐟𝐨𝐫 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬 : 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐨𝐧 𝐃𝐞𝐦𝐨𝐜𝐫𝐚𝐜𝐲, 𝐅𝐞𝐝𝐞𝐫𝐚𝐥𝐢𝐬𝐦, 𝐚𝐧𝐝 𝐋𝐨𝐜𝐚𝐥 𝐆𝐨𝐯𝐞𝐫𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐄𝐦𝐞𝐫𝐠𝐢𝐧𝐠 𝐏𝐨𝐥𝐢𝐭𝐢𝐜𝐚𝐥 𝐋𝐞𝐚𝐝𝐞𝐫𝐬

နိုင်ငံရေးနှင့် လူမှုအသိုက်အဝန်းအတွင်း တက်ကြွစွာ ဦးဆောင်လှုပ်ရှားနေကြသည့် မျိုးဆက်သစ် ခေါင်းဆောင်ငယ်များအတွက် ရည်ရွယ်၍ Myanmar University of Social Science and Technology (MUST) ကနေ သင်တန်းတစ်ခုကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ယခုသင်တန်းသည် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများ အနေဖြင့် အုပ်ချုပ်ရေးစနစ်များနှင့် ဖွဲ့စည်းပုံများကို ပိုင်နိုင်စွာ နားလည်သဘောပေါက်ပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချနိုင်မည့် ပညာရပ်ဆိုင်ရာ အခြေခံသီအိုရီများနှင့် လက်တွေ့အတွေ့အကြုံများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် သေချာစွာ စနစ်တကျ ရေးဆွဲထားခြင်း ဖြစ်ပါသည်။

📍သင်တန်းအသေးစိတ် အချက်အလက်များ

📌သင်တန်းကာလ: (၄၅) ရက်
📌သင်တန်းတက်ရောက်ရမည့်ရက်: တနင်္လာနေ့ မှ သောကြာနေ့အထိ (အပတ်စဉ်)
📌သင်တန်းအချိန်: နံနက် ၁၀:၀၀ နာရီ မှ မွန်းတည့် ၁၂:၀၀ နာရီအထိ
📌လျှောက်လွှာပိတ်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်

📍လျှောက်ထားရန် နည်းလမ်း
သင်တန်းတက်ရောက်စိတ်ဝင်စားများသူများအနေဖြင့် ပိုစတာတွင်ပါရှိသော QR Code ကို Scan ဖတ်၍ ဖြစ်စေ ပူးတွဲပါ link ကနေတဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါပြီ။

Application link - https://docs.google.com/forms/d/e/1FAIpQLSemfGgIJBNcVkbj7VlQUBADOWNxKLhda55FZzw3dwDLTAfeyw/viewform

⚠️ ပေးပို့လာသော လျှောက်လွှာများအနက်မှ Shortlisted Applicants ကိုများကို သာ Interview အတွက် ဆက်သွယ် အကြောင်းပြန်ပေးသွားမည် ဖြစ်ပါသည်။

Photos from Myanmar University of Social Science and Technology's post 01/06/2026

ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ ရေးသားရန် ဖိတ်ခေါ်ခြင်း 📜✍️

၂၀၂၅ အလွန် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများနှင့် ပဋိပက္ခများကို ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ စနစ်တကျ လေ့လာဆန်းစစ်ပြီး အဖြေရှာချင်ပါသလား ?

နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံရေးဘောဂဗေဒ နယ်ပယ်က ပညာရှင်တွေအတွက် မိမိတို့ရဲ့ အသိပညာတွေကို ဖြန့်ဝေနိုင်မယ့် အခွင့်အလမ်းတစ်ခုကို MUST ကနေသင့်ဆီအရောက်ခေါ်လာနေပြီဖြစ်ပါတယ်။

စိတ်ပါဝင်စားသူ ပညာရှင်များအနေနဲ့ မိမိတို့ရဲ့ CV (with recent publications) နဲ့ Research Proposal ကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်မှာဖြစ်ပြီး နောက်ဆုံးလျှောက်ထားနိုင်မည့်ရက်ကတော့ ၂၀၂၆၊ ဇွန်လ ၁၄ ရက်နေ့ဖြစ်ပါတယ်။

ထပ်မံသိရှိလိုသော အသေးစိတ်အချက်အလက်များကို ပူးတွဲပါ ကြော်ငြာမှာလည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

Photos from Myanmar University of Social Science and Technology's post 26/04/2026

The deadline is extended to 30 April 2026 !!!

17/04/2026

ကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 💦 နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံးကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီးပြီဖြစ်လို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း MUST ဝိုင်းတော်သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏✨

11/04/2026

💦💦💦သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကာလအတွင်း MUST ရဲ့ မိသားစုဝင်များ၊ ကျောင်းသားကျောင်းသူများ၊ဆရာ၊ဆရာမများအားလုံး
ပျော်ရွှင်ချမ်းမြေ့စွာ အနားယူနိုင်ရန်အတွက် MUST ရဲ့ အတန်းများနှင့် Activity များကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သင်္ကြန်ပိတ်ရက်ကာလအတွင်း အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်စရာ အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MUST မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

10/04/2026

📣📣📣𝘾𝙖𝙡𝙡 𝙛𝙤𝙧 𝘼𝙥𝙥𝙡𝙞𝙘𝙖𝙩𝙞𝙤𝙣𝙨 : 𝘿𝙚𝙢𝙤𝙘𝙧𝙖𝙩𝙞𝙯𝙖𝙩𝙞𝙤𝙣 & 𝙁𝙚𝙙𝙚𝙧𝙖𝙡𝙞𝙨𝙢 𝙏𝙧𝙖𝙞𝙣𝙞𝙣𝙜

𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮 𝙤𝙛 𝙎𝙤𝙘𝙞𝙖𝙡 𝙎𝙘𝙞𝙚𝙣𝙘𝙚 𝙖𝙣𝙙 𝙏𝙚𝙘𝙝𝙣𝙤𝙡𝙤𝙜𝙮 အနေဖြင့် နိုင်ငံရေးစိတ်ပါဝင်စားသူတွေ၊ လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးကဏ္ဍတွေမှာ ဦးဆောင်ပါဝင်လာနိုင်ကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ 𝘿𝙚𝙢𝙤𝙘𝙧𝙖𝙘𝙮, 𝙁𝙚𝙙𝙚𝙧𝙖𝙡𝙞𝙨𝙢 ဘာသာရပ်တွေကို အခြေခံကနေ သင်ကြားပေးမယ့် သင်တန်းလေးတခုယူဆောင်လာပါပြီဖြစ်ပါတယ်။ ဒီသင်တန်းမှာတော့ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို သီအိုရီနဲ့တင်မက မြေပြင်အခြေအနေများနဲ့ ချိတ်ဆက် လေ့လာခွင့်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်ဒီသင်တန်းလေးမှာတော့ မတူညီတဲ့ နယ်ပယ်ဒေသအသီးသီးက တက်ရောက်လာသူတွေရဲ့ အမြင်တွေ အတွေ့အကြုံတွေကိုလည်း ဖလှယ်နိုင်မှာဖြစ်ပါတယ်။

✨ ဘာတွေသင်ယူရမလဲ?

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အခြေခံမူများ (𝘾𝙤𝙧𝙚 𝙋𝙧𝙞𝙣𝙘𝙞𝙥𝙡𝙚𝙨)
ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများအကြောင်း (𝙇𝙤𝙘𝙖𝙡 𝙂𝙤𝙫𝙚𝙧𝙣𝙖𝙣𝙘𝙚)
လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်မယ့် စွမ်းရည်များ

📅 သင်တန်းအချိန်ကာလများ

🔥စတင်လျှောက်ထားနိုင်သည့်ရက်: 10. 𝘼𝙥𝙧𝙞𝙡. 2026
🔥လျှောက်လွှာပိတ်ရက်: 26. 𝘼𝙥𝙧𝙞𝙡. 2026
🔥သင်တန်းကာလ: 11. 𝙈𝙖𝙮. 2026 𝙩𝙤 15. 𝘼𝙪𝙜𝙪𝙨𝙩. 2026 (၃ လတာ သင်တန်း)

🔗 လျှောက်ထားရန် 𝙇𝙞𝙣𝙠: https://docs.google.com/forms/d/e/1FAIpQLScl6ZxtZZJ204ElElnz8bJ_TxXQAhqxNgbECo_02vHeiXPgPw/viewform?usp=publish-editor

သင်တန်းမှာ ပို့ချပေးမယ့် 𝙏𝙧𝙖𝙞𝙣𝙚𝙧 တွေကလည်း သက်ဆိုင်ရာနယ်ပယ်များမှာ စာတွေ့၊ လက်တွေ့အတွေ့အကြုံများတဲ့ ပညာရှင်များ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ မေလ (၁၁) ရက်နေ့မှ သြဂုတ်လ (၁၅) ရက်နေ့အတွင်းဖြစ်ပြီး (၁)ပတ်လျှင် (၃)ရက်၊ တစ်ရက်လျှင် (၂)နာရီဖြင့် စုစုပေါင်း (၁၄) ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကာလမှာ ၃လခန့်ကြာမြင့်မှာဖြစ်သည့်အတွက် ရက်ရှည်တက်ရောက်ရန် အဆင်ပြေနိုင်မည့်သူများသာ ဦးစားပေးလျှောက်ထားကြရန်လည်း အကြံပြုလိုပါသည်။

အသေးစိပ်အချက်အလက်များကို ပူးတွဲပါကြော်ငြာတွင် ကြည့်ရှုနိုင်ပြီး စိတ်ပါဝင်စားသူများအနေနဲ့ ဖော်ပြပါ 𝙂𝙤𝙤𝙜𝙡𝙚 𝙁𝙤𝙧𝙢 သို့မဟုတ် 𝙌𝙍 𝙘𝙤𝙙𝙚 မှတစ်ဆင့် ၂၆ ဧပြီလ ၂၀၂၆ (တနင်္ဂနွေနေ့ ) ညနေ ၅နာရီနောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

ဒီသင်တန်းလေးနှင့်ပက်သက်၍ ထပ်မံသိရှိလိုပါက 𝙖𝙥𝙥𝙡𝙞𝙘𝙖𝙩𝙞𝙤𝙣.𝙢𝙪𝙨𝙩𝙥𝙧𝙤𝙜𝙧𝙖𝙢@𝙜𝙢𝙖𝙞𝙡.𝙘𝙤𝙢 သို့ဆက်သွယ်နိုင်ပါတယ်။

07/04/2026

📣 "𝑫𝙞𝒑𝙡𝒐𝙢𝒂 𝒊𝙣 𝘼𝒖𝙩𝒉𝙤𝒓𝙞𝒕𝙖𝒓𝙞𝒂𝙣𝒊𝙨𝒎, 𝘿𝒆𝙢𝒐𝙘𝒓𝙖𝒕𝙞𝒔𝙖𝒕𝙞𝒐𝙣, 𝒂𝙣𝒅 𝑪𝙤𝒏𝙛𝒍𝙞𝒄𝙩 𝙎𝒕𝙪𝒅𝙞𝒆𝙨"

✊ နိုင်ငံရေးကို စိတ်ဝင်စားပြီး ပညာရပ်ဆိုင်ရာရှုထောင့်ကနေ နက်နက်ရှိုင်းရှိုင်း လေ့လာချင်သလား?

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ဘယ်လိုကူးပြောင်းကြသလဲ၊ ပဋိပက္ခတွေက ဘာကြောင့်ဖြစ်ရသလဲဆိုတာကို သီအိုရီအခြေခံနဲ့ လက်တွေ့အခင်းအကျင်းတွေကို ချိတ်ဆက်ပြီး လေ့လာနိုင်ဖို့ 𝑴𝙐𝑺𝙏 ကနေ ဒီပလိုမာသင်တန်းတစ်ခုကို မကြာခင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာတော့ -
✅ အာဏာရှင်အစိုးရများ၏ သဘာဝ
✅ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များ
✅ နိုင်ငံတကာနှင့် ပြည်တွင်း ပဋိပက္ခများကိုခွဲခြမ်းစိတ်ဖြာခြင်း
တို့ကို နိုင်ငံတကာမှ ကျွမ်းကျင် ဆရာ၊ ဆရာမများမှ သင်ကြားပေးမှာဖြစ်ပါတယ်။

📅 သင်တန်းအချိန်နှင့်ရက်စွဲ

• သင်တန်းစတင်မည့်ရက်: ဧပြီလ (၂၄) ရက်၊ ၂၀၂၆
• သင်တန်းပြီးဆုံးမည့်ရက်: ဇွန်လ (၃၀) ရက်၊ ၂၀၂၆
• သင်တန်းအချိန်: ညနေ ၇:၀၀-၉:၀၀

စ်ိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ 𝙂𝒐𝙤𝒈𝙡𝒆 𝒇𝙤𝒓𝙢 ကနေ တဆင့်လျှောက်ထားနိုင်သလို 𝑸𝙍 𝙘𝒐𝙙𝒆 ကို 𝑺𝙘𝒂𝙣 ဖတ်ပြီး ဧပြီလ (၁၇) ရက်၊ ၂၀၂၆ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Form Link - https://tinyurl.com/54dyjcvv

ဒါကြောင့်မလို့ မိမိတို့ရဲ့ နိုင်ငံရေးအသိအမြင်တွေကို ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပညာရပ်ပိုင်းဆိုင်ရာအရရော လက်တွေ့အရပါ နားလည်သဘောပေါက်ဖို့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။

#𝑴𝙐𝑺𝙏 #𝑫𝙚𝒎𝙤𝒄𝙧𝒂𝙩𝒊𝙘𝑻𝙧𝒂𝙣𝒔𝙞𝒕𝙞𝒐𝙣 #𝑪𝙤𝒏𝙛𝒍𝙞𝒄𝙩𝑨𝙣𝒂𝙡𝒚𝙨𝒊𝙨 #𝑺𝙩𝒖𝙙𝒚𝙊𝒏𝙡𝒊𝙣𝒆

06/04/2026

🌟𝗕𝘂𝗶𝗹𝗱 𝗬𝗼𝘂𝗿 𝗙𝘂𝘁𝘂𝗿𝗲 𝗙𝗿𝗼𝗺 𝗛𝗼𝗺𝗲🌟

🎓 𝗬𝗼𝘂𝗿 𝗗𝗲𝗴𝗿𝗲𝗲, 𝗬𝗼𝘂𝗿 𝗙𝘂𝘁𝘂𝗿𝗲, 𝗬𝗼𝘂𝗿 𝗜𝗺𝗽𝗮𝗰𝘁—𝗪𝗶𝘁𝗵𝗼𝘂𝘁 𝗟𝗲𝗮𝘃𝗶𝗻𝗴 𝗛𝗼𝗺𝗲!

Prospect Burma Online Scholarship (2026-2027)


✈️🚫သင်ဟာ ပြည်ပသို ကိုယ်တိုင်သွားရောက်ပညာသင်ကြားရန် အခက်အခဲများ ရှိနေပါသလား ???
အဲ့တာဆိုရင်တော့ အခုအစီစဉ်လေးမှာ ပါဝင်ဖို အခုဘဲ လျှောက်ထားလိုက်ပါတော့နော်

📚ဒီတစ်ပတ်မှာ MUST က ခေါ်ဆောင်လာပေးတဲ့ အစီစဉ်လေးကတော့ 𝗣𝗿𝗼𝘀𝗽𝗲𝗰𝘁 𝗕𝘂𝗿𝗺𝗮 ကနေ ပေးအပ်မယ့် online scholarship (2026-2027) အကြောင်းလေးကို မျှဝေပေးမယ့် အစီစဉ်ဖြစ်ပါတယ်။
အခု ဆိုရင် ဒီပလိုမာ၊ ဘွဲလွန် နဲ့ ဘွဲကြို အတန်းတွေကို အိမ်မှာနေထိုင်ရင်း အင်တာနက်လေး ရှိရုံနဲ့ နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်တွေမှာ ပညာသင်ဆု အပြည့်အဝ (သို) တစ်စိတ်တစ်ပိုင်းဖြင့် Prospect Burma ပညာသင်ဆုနဲ့ သင်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလို အကောင်ထည်ဖော်နိုင်ဖိုအတွက် ယခင်က ပညာသင်ဆုရရှိထားတဲ့ လျှောက်ထားသူတစ်ဦး ဆီကနေ အတွေ့အကြုံတွေကို တိုက်ရိုက်နားထောင်ခွင့်ရဖို MUST ကနေပြီး စီစဉ်ထားပါတယ်။

🎤 Guest Speaker:
ဒီတစ်ပတ်မှာ မျှဝေပေးသွားမယ့်သူကတော့ အစ်မ Shalet Ginra ဖြစ်ပြီး 𝗣𝗿𝗼𝘀𝗽𝗲𝗰𝘁 𝗕𝘂𝗿𝗺𝗮 ရဲ့ (၂၀၂၄-၂၀၂၅) ပညာသင်ဆုရှင်တစ်ဦးဖြစ်ပါတယ်။
သူမဟာ လက်ရှိတွင် UK နိုင်ငံရှိ 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮 𝙤𝙛 𝙎𝙪𝙨𝙨𝙚𝙭 တွင် 𝙈𝘼 𝙞𝙣 𝙈𝙚𝙙𝙞𝙖, 𝙀𝙩𝙝𝙞𝙘𝙨 𝙖𝙣𝙙 𝙎𝙤𝙘𝙞𝙖𝙡 𝘾𝙝𝙖𝙣𝙜𝙚 ဘာသာရပ်ကို အွန်လိုင်းမှ တစ်ဆင့် တက်ရောက်နေသူ ဖြစ်ပါတယ်။
သူမနဲ့ တွေ့ဆုံပြီး
✅ သူမရဲ့ ပညာသင်ဆုနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ
✅ Application Process တွေအကြောင်း
✅ Study-Life Balance အကြောင်းတွေကို အသေးစိတ်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
💬ဒါ့အပြင် တက်ရောက်လာသူတွေ သိချင်တဲ့ မေးခွန်းတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့် Q&A Section လည်း ပါဝင်တာမို လုံးဝလက်လွတ်မခံသင့်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
🚀ဒါကြောင့် စိတ်ပါဝင်စားသူများ အနေဖြင့် အချိန်မနှောင်းခင် ဒီဆွေးနွေးပဲလေးကို register လုပ်ထားဖို ဖိတ်ခေါ်လိုက်ပါတယ်။
Date _ 9/4/2026
Time _ 7:00 PM to 8:30 PM (Myanmar Time)
Registration Link _ https://forms.gle/nSFS53bSCGKytD2E7

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok