Sean Hom Ving Tsun - SHVT

Sean Hom Ving Tsun  -  SHVT

แชร์

WSLVT Myanmar
Wing Chun Kung Fu

03/03/2025

***Wing Chun Summer Programs***
March လထဲတွင်စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်

နွေရာသီမှာ ကလေးတို့အားလပ်ရက်ကို အကျိုးရှိစေရန် ရည်ရွယ်ပြီး

ကျွန်တော်တို့ Loo Sein Hong မှ နွေရာသီသုံးလပြတ် သင်တန်းကို စီစဉ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

👊 Body Structure and Balance
👊 Footwork
👊 Siu Lim Tao ( Basic Form)
👊 Ving Tsun Hand Attack & Defense Technique
တို့ကို အနီးကပ်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကာလ. - မတ်လ ၈. မှ. မေလ ၂၅ ထိ ဖြစ်ပြီး သင်တန်းပြီးဆုံးလျှင် certificateပေးအပ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Programကို အလွှာပေါင်းစုံပါဝင်နိုင်ဖို့အတွက် သင်တန်းကြေးကို အထူးသက်သာအောင်စီစဥ်ထားတာဖြစ်တဲ့အတွက် ၃လပြတ်ကိုမှ **၇၅၀၀၀** ကျပ် ပဲကျသင့်မှာဖြစ်ပါတယ်။မည်သည့်အခကြေးငွေများထပ်ပေးရန်မလိုအပ်ပါ။

သင်တန်းအချိန် ၁ပတ်၂ရက် (Saturday & Sunday)
ညနေ ၃နာရီ မှ ၅နာရီ ထိဖြစ်ပါတယ်။

သင်တန်းနေရာ. LooSeinHong,စဥ်းအိုးတန်းလမ်း(အပေါ်ဘလောက်),လသာမြို့နယ်၊ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက 092228585 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

***မိမိကိုယ်ကို ကာကွယ် နိုင်ပြီး ဝင်ချွန်းသိုင်းဆရာကြီးများလို စီးပွားရေး၊လူမှုရေးတွေမှာ ထွန်းလင်းတောက်ပနိုင်ကြသောလူငယ်လူရွယ်များဖြစ်ကြပါစေ***

28/01/2025

** ဆရာကြီး Wong Shun Leung ၏ ချစ်ခြင်းမေတ္တာအောက်မေ့ခြင်း**

ယနေ့တွင် Wing Chun Kung Fu ၏ သခင်အစစ်အမှန်ဖြစ်သော ဆရာကြီး Wong Shun Leung ၏ အသက်နှင့် အမွေအနှစ်ကို ဂုဏ်ပြုပါသည်။ Grandmaster Yip Man ၏ထူးချွန်သောတပည့်ဖြစ်သလို Bruce Leeရဲ့ လမ်းညွှန်ဆရာဖြစ်ပါတယ်။ ဆရာကြီး Wong ၏ လေးနက်သောကျွမ်းကျင်မှု၊ ဉာဏ်ပညာနှင့် ကိုယ်ခံပညာအပေါ် မြှုပ်နှံထားသည့် မျိုးဆက်သစ်လေ့ကျင့်သူများအပေါ် မဖျောက်ဖျက်နိုင်သော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ပါသည်။

သူ၏အတွေးအခေါ်၊ *"တိုက်ခိုက်သူသည် ပုံစံမဟုတ်ဘဲ၊ ရလဒ်ကိုတာဆုံးဖြတ်သည်"** ဆရာကြီးရဲ့ဆုံးမစကားတွေက ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်ရုံသာမက စိတ်နှင့်စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှုကို ရှာဖွေသူများအတွက် ဆက်လက်လှုံ့ဆော်ပေးပါသည်။ ၁၉၉၇ ခုနှစ်တွင် ဆရာကြီးသည်လောကမှ ထွက်ခွာသွားခဲ့သော်လည်း၊ သူ၏သွန်သင်ချက်များသည် ကမ္ဘာတစ်ဝှမ်းရှိ သူ၏ကျောင်းသားများနှင့် တပည့်များ၏ လှုပ်ရှားမှုများ၊ အခြေခံမူများနှင့် နှလုံးသားများတွင် ဆက်လက်ရှင်သန်နေပါသည်။

ဆရာကြီးWong သည် မျှဝေပေးခဲ့သော အသိပညာနှင့် အစဉ်အလာနှင့် ဆန်းသစ်တီထွင်မှုကြားတွင် သူတည်ဆောက်ခဲ့သော လမ်းများအတွက် ကျေးဇူးတင်စွာဖြင့် သတိရမိပါသည်။ သူ၏အမွေအနှစ်သည် ကိုယ်ခံပညာအသိုင်းအဝိုင်းတွင် လမ်းပြအလင်းရောင်အဖြစ် တည်တံ့နိုင်ပါစေ။

*"ဆရာက တံခါးဖွင့်ပေးပေမယ့် မင်းကိုယ်တိုင်ဝင်လာမှရမယ်။"*
- ငြိမ်းချမ်းစွာအနားယူပါ ဆရာကြီး။ ဆရာကြီးရဲ့ အလင်းတန်းလမ်းကို လျှောက်နေတဲ့ ကျောင်းသားတိုင်းမှာ ဆရာကြီးရဲ့ စိတ်ဓာတ်က ရှင်သန်နေတယ်။

လေးလေးစားစား အောက်မေ့ခြင်း၊
[Sifu Wong Sean Hom/WSLVT Myanmar]

**In Loving Memory of Sifu Wong Shun Leung**

Today, we honor the life and legacy of Sifu Wong Shun Leung, a true master of Wing Chun Kung Fu, on the anniversary of his passing. A student of Grandmaster Yip Man and mentor to Bruce Lee, Sifu Wong’s profound skill, wisdom, and dedication to martial arts left an indelible mark on generations of practitioners.

His philosophy, *"The fighter, not the style, determines the outcome,"* continues to inspire those who seek not just physical mastery but clarity of mind and spirit. Though he left this world in 1997, his teachings live on in the movements, principles, and hearts of his students and disciples worldwide.

We remember Sifu Wong not with sorrow, but with gratitude for the knowledge he shared and the bridges he built between tradition and innovation. May his legacy endure as a guiding light in the martial arts community.

*"A teacher opens the door, but you must enter by yourself."*
— Rest in peace, Sifu. Your spirit lives on in every student who walks the path you illuminated.

With respect and remembrance,
[Sifu Wong Sean Hom/WSLVT Myanmar]

23/01/2025

*** တရုတ်​နှစ်​သစ်​ကူး ​သင်တန်းပိတ်ရက် ကြေငြာခြင်း***
လာမည့် တရုတ် နှစ်သစ်ကူး ပွဲတော် ကြောင့် ဇန်နဝါရီ 26နှင့် 27 ၂ရက်ကို Chinatown Branch၊YUSC Branch အတန်း များကို ရပ်နားထားမှာဖြစ်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ "မြွေနှစ်" မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် 🐍

***Announcement of Chinese New Year holidays***
Classes at Chinatown Branch and YUSC Branch will be closed on January 26th and 27th due to the upcoming Chinese New Year.
Wishing everyone good health and prosperity from the "Year of the Snake" 🐍

08/01/2025

နယ်ကနေကျွန်တော်ဆီရောက်လာတဲ့တပည့်အများစုက
နယ်ကဆိုတဲ့အတိုင်း ရိုးသားကြတာများတယ်။ငယ်ငယ်ထဲက ကြမ်းကြမ်းတမ်းတမ်းနေလာခဲ့တော့ ခွန်အားကြီးပြီးသန်မာကြတယ်။ အားနည်းချက်အနေနဲ့ ကိစ္စရပ်တော်တော်များများကို စဥ်းစားတွေးခေါ်နိုင်စွမ်းနည်းကြပါတယ်အဖြောင့်သမားမို့လို့ပါ။Ving Tsunသိုင်းရဲ့ Techniqueတွေကိုလဲ တော်တော်ကိုအချိန်ပေးပြီးရှင်းပြမှနားလည်ကြပါတယ်။


#ဝင်ချွန်းသိုင်း






08/01/2025

2025ရဲ့သင်တန်းပထမဆုံးရက်
တချို့တွေက ခရီးလွန်နေကြတယ်ထင်တယ်
ပြန်လာမပေါင်းစည်းနိုင်ကြသေးဘူး။


#ဝင်ချွန်းသိုင်း






31/12/2024

Bye Bye 2024👋

31/12/2024

ကုန်ဆုံးတော့မယ့်2024ခုနစ်ဟာ ကျွန်တော်အတွက်အပြောင်းအလဲများစွာ ရှိခဲ့ပါတယ်။လာမယ့်2025ခုနစ်မှာ နှစ်ဟောင်းကပြုလုပ်ခဲ့သော ကောင်းခြင်းများကိုဆက်လက်သယ်ဆောင်ပြီး ဆိုးခြင်းများကို အတွေ့အကြုံအဖြစ် ပြောင်းလဲပြုပြင်ရင်း Ving Tsunသိုင်းပညာအတွက် တိုးတက်ကျယ်ပြန့်အောင် ပိုမိုကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Happy New Year!! Everyone.

24/12/2024

**Merry Christmas to all! 🎄✨**

May this festive season bring you joy, warmth, and a heart full of love. Whether you're celebrating with family, friends, or cozying up with a good book, let the magic of Christmas fill your days with laughter and peace. Here's to creating cherished memories, sharing good times, and spreading kindness wherever we go. Wishing you all a very Merry Christmas.🌟🎁❤️


#ဝင်ချွန်းသိုင်း






22/12/2024

လူငယ်ပီပီ "ဆရာရေ ဘယ်ပညာကအကောင်းဆုံးလဲ?"ဆိုပြီးလာလာမေးကြတယ်။ ကျွန်တော်အတွက်ကတော့အကောင်းဆုံးဆိုတာမရှိပါဘူး မိမိဟာ ဒီအရာကိုကြိုက်တယ်ချစ်တယ်မြတ်နိုးတယ်ဆိုရင် မိမိအတွက်အကောင်းဆုံးပါပဲ။ တချက်သတိပြုရမှာက မိမိယုံကြည်နှစ်သက်တဲ့အရာကိုအကောင်းဆုံးလို့ဖြစ်စေချင်ရင် တခြားသူတွေရဲ့ယုံကြည်နှစ်သက်တဲ့အရာတွေကိုလဲ လေးစား၊တန်ဖိုးထားတတ်ဖို့လိုပါတယ်။


#ဝင်ချွန်းသိုင်း






ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Pracha Songkhro 23 Alley
Bangkok
10400