Guitar lessons ဂစ်တာလက်ခတ်&ကော့ဒ်စာသား

Guitar lessons ဂစ်တာလက်ခတ်&ကော့ဒ်စာသား

แชร์

( guitar chords,pattern, Lyrics -)

27/01/2026
27/01/2026

မြင်နေခွင့်လေးပေး karaoke Myanmar song with lyrics

ကိုယ်စောင့်နတ် 02/01/2026

လက်ဆောထားတာပါ 😍😍😍😍

ဘာသီချင်းဖြစ်မလဲ ပြေားပြပါလာ

မူရင် တေး‌ရေ/တေးဆို စိတ်မဆိုးပါနဲ့🙏🙏🙏🙏🙏🥰🥰🥰🥰

ကိုယ်စောင့်နတ် Listen and make your own on Suno.

16/04/2024

🟡 ဂီတသမား အကြားစွမ်းရည် 🔴

ဒီနေ့ခေတ် ဂီတသင်ယူသူတွေဟာ အလွန်ပဲ သက်တောင့်သက်သာ ရှိပါတယ်။ အင်တာနက်ပေါ်မှာ Free လေ့လာနိုင်တဲ့ Educational Sharing Platfrom တွေ အများအပြားပါပဲ။

YouTube ကတော့ အသုံးများဆုံးပါ။ ဘာစတိုင်လဲ? ဘာစကေးလဲ? ဘာသီချင်းလဲ? အလွယ်တကူ ရှာဖွေနိုင်တယ်။ လေ့လာနိုင်တယ်။

အစောပိုင်း မျိုးဆက်တွေရဲ့ ဂီတခရီးကတော့ ဒီလိုမဟုတ်ပါဘူး။ အသံဖိုင်မပြောနဲ့, လေ့ကျင့်ခန်းစာအုပ် တစ်အုပ်ရဖို့ကို မလွယ်ပါဘူး။ Video Lesson Tape များရရင်တော့ ပါးနှင့်ပွတ် ကြည်နူးရတာဂလား …

သီချင်းတစ်ပုဒ်တီးချင်ရင် ကိုယ်တိုင် နုတ်ရေးရတယ်။ နုတ်မထုတ်တတ် မရေးတတ်ရင် ရေးတတ်တဲ့သူကို မှီခိုရတယ်။ အခကြေးငွေ ပူဇော်ရတယ်။ သူရေးပေးမှ တီးရတယ်။ ဒါကလည်း နုတ်ထုတ်နိုင်တဲ့သူ ရှိအုံးမှ။ အဲဒီတော့ ကိုယ်တိုင် နုတ်ထုတ်နိုင်အောင် ကြိုးစားကြရပါတယ်။

တိုးတက်မှုဖြစ်စဉ် Pros & Cons ကတော့ … ကိုယ်တိုင်နုတ်ရေးကြတဲ့ခေတ်က Aural skill (or) hearing ကောင်းကြပေမယ့်, အခု ကလစ်တစ်ချက်နှိပ်ရုံနဲ့ သီချင်းတစ်ပုဒ်ကို အဆင်သင့် demostruction ကြည့်တီးနိုင်တဲ့ ခေတ်ကျတော့ hearing မကောင်းကြတော့ပါဘူး။ နိုင်ငံတကာ Music School Course တွေကတော့ Grade-1 ကတည်းက, Grade-1 Aural skill Lessons တွေ ပါဝင်ပြီးသား။ Grade အလိုက် လေ့ကျင့်ပြီး Aural skill ကို ချဲ့ထွင်သွားရုံပါပဲ။ စနစ်တကျ မသင်ယူနိုင်တဲ့ တတိယနိုင်ငံ ဂီတသမားတွေကတော့ ဒီအပိုင်းမှာ အားနည်းပါတယ်။

Lesson စာအုပ်တွေသာ တစ်အုပ်ပြီး တစ်အုပ် တီးလာကြတယ်။ နုတ်တွေသာ ကြည့်တီးပြီး, နားကို မလေ့ကျင့်ဘဲ, Ear Training Lessons တွေကို skip လုပ်ကြတဲ့အတွက်, Solo တစ်ပုဒ်ဖွင့်ပြရင် ဘာကော့ဒ်, ဘာစကေးမှန်း မသိကြဘူး။

သီအိုရီ သိတောင် နားမကောင်းရင် structures, composition ကို မခွဲခြမ်းနိုင်တော့, နုတ်ကြည့်မှ “ဪ ဒါတီးနေတာပဲ” ဆိုတော့ … သီအိုရီ မတတ်သလိုပါပဲ။

Aural skill ကောင်းမှသာ Analyzing, composition, improvisition တွေ ကောင်းလာမယ်။ ဂီတအရသာကို ပိုခံစားနိုင်မယ်။ ပိုဖန်တီးနိုင်မယ်။

Aural skill ကောင်းလာတာနှင့်အမျှ ကိုယ့်ရဲ့ဂီတစွမ်းရည် level တွေ တဆင့်ပြီးတဆင့် မြင့်တက်လာမယ်။ Aural skill ဟာ ဂီတသမားအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့ကြောင့် တူရိယာတီးတတ်ပြီး အကြားစွမ်းရည် မရှိတဲ့သူကို “စကားပြောတတ်ပြီး စာမတတ်သူ”လို့ ပြောကြပါတယ်။

Aural skill (အကြားစွမ်းရည်) ဆိုတာ နားဖြင့် pitches, melodies, scales, chords, rhythms တွေကို အတိအကျ ကြားသိခြင်းပါ။ tone deaf တွေကလွဲရင် လူတိုင်း လေ့ကျင့်လို့ ရပါတယ်။ ( tone deaf ဆိုတာ ဂီတသံနိမ့်မြင့် ခြားနားချက်တွေကို မခွဲခြားနိုင်တဲ့သူပါ။) ခင်ဗျားက သီချင်းတွေ နားထောင်နေတယ်။ သံစဉ်တွေ လိုက်ညည်းနေတယ်။ မတီးတတ်ပေမယ့် တီးလုံး, အဆိုသံတွေရဲ့ သံစဉ်နိမ့်မြင့်တွေကို ကြားတယ်။ ခံစားနိုင်တယ်။ ဒါဆိုရင် ခင်ဗျား tone deaf မဟုတ်ဘူး။ သေချာပေါက် လေ့ကျင့် အောင်မြင်နိုင်ပါတယ်။ တချို့ဆိုရင် သီချင်းတွေ နားထောင်ရင်းနှင့်ပဲ Aural skill improve ဖြစ်သွားသူတွေလည်း အများအပြားပါပဲ။

ဘယ်သူတွေလေ့ကျင့်နိုင်လဲ?
အသက် = ၃နှစ် - ၉၀ကျော် (တောက်တီးတောက်တတ်အရွယ်ကနေ မသေသေးသရွေ့ ကျင့်လို့ ရပါတယ်။)
အရည်အချင်း = absolute beginner - professional musician (အဆို, အတီးပိုင်းမှာ pro ဖြစ်နေပေမယ့်, အကြားစွမ်းရည် မလေ့ကျင့်ခဲ့သူတွေ ပြန်လေ့ကျင့်ရတယ်။ ခင်ဗျားက အခုမှ ဂစ်တာစသင်မယ်။ Aural skill ကို တွဲလေ့ကျင့်မယ်ဆိုရင် အချိန်တိုတိုနဲ့ ခရီးရောက်ပါလိမ့်မယ်။)
တူရိယာ = It doesn’t matter. (ဘာမှ မတီးတတ်လည်း လေ့ကျင့်နိုင်တယ်။ နားလေ့ကျင့်ရင်း အဆိုစွမ်းရည်ပါ တိုးတက်စေတယ်။ တူရိယာသင်ယူမှု မြန်ဆန်စေပါတယ်။)

*(အကျိုးတရားများပေမယ့် Ear training လေ့ကျင့်ရတာ အတီးလေ့ကျင့်သလို မဟုတ်ပါဘူး။ ငြီးငွေ့လွယ်ပြီး စိတ်အားထက်သန်မှုတွေ လျော့လာတတ်ပါတယ်။ strong mindset ရှိဖို့ လိုတယ်။ တိကျတဲ့အချိန်ဇယား, ခိုင်မာတဲ့အဓိဌာန်ထားဖို့ လိုပါတယ်။)*

ဘာတွေလေ့ကျင့်ရမလဲ?
subjects အနေနှင့် pitches, intervals, scales, chords, chord progressions, melodies, rhythms တွေ လေ့ကျင့်ရပါမယ်။

subjects တွေ များနေပေမယ့် အုပ်စုဖွဲ့လိုက်ရင် အဓိက ၂မျိုးပဲ ရှိတယ်။
Intervals & Rhythms

Intervals မှာ melodic & harmonic ရှိမယ်။
melodic မှာ pitches, scales, melodies တွေ,
harmonic မှာ chords and chord progressions ပါမယ်။

ပထမဆုံး …
intervals ကို အရင် လေ့ကျင့်ရပါတယ်။
intervals လေ့ကျင့်တဲ့ method ၂မျိုး ရှိတယ်။
intervalic & melodic
intervalic training လေ့ကျင့်ရတာ ငြီးငွေ့စရာ ကောင်းတယ်။ တဖြည်းဖြည်း လေ့ကျင့်ရတာ ပျင်းရိလာပြီး ကျောပြတ်သွားတတ်တယ်။ ဒါကြောင့် melodic training နှင့် စလေ့ကျင့်ဖို့ အကြံပေးပါတယ်။ (စိတ်မပူပါနဲ့။ ခင်ဗျားတို့ ပျော်ပျော်ကြီး လေ့ကျင့်နိုင်တဲ့ Apps တွေကို နောက်မှာ စဉ်ပေးထားပါတယ်။)

လေ့ကျင့်ချိန်
တရက် 10 – 15 minutes ပါပဲ။ စိတ်အားထက်သန်လွန်းရင် မနက်-ည ၂ကြိမ် လေ့ကျင့်နိုင်ပါတယ်။ (*အချိန်အနည်း အများထက် နေ့စဉ် မပျက်မကွက် လေ့ကျင့်ဖို့က အရေးကြီးပါတယ်။)

တိုးတက်မှု
အခုစကျင့်တာနဲ့ အခုတိုးတက်မှန်း ကိုယ်တိုင်သိနိုင်ပါတယ်။
၃ ရက်လောက် လေ့ကျင့်လိုက်ရင် Ear training အကျိုးတရားကို လက်တွေ့ယုံကြည်လာမယ်။
1 – 3 months အတွင်း - simple songs melodies တွေကို ကြားနိုင်မယ်။
3 – 6 months အတွင်း - diatonic triads (family chords), chord progressions တွေကို ကြားနိုင်မယ်။ (ဒီအဆင့် ရောက်လာရင် လေ့ကျင့်မှုကို မရပ်ချင်တော့ပါဘူး။ ပန်းတိုင်ဆီကို ပုံမှန်လှမ်းသွားရုံပါပဲ။)

theory လိုအပ်လား?
သီအိုရီမသိလည်း လေ့ကျင့်လို့ ရပါတယ်။ Technically အရ note frequency ကြားနိုင်တယ်။ ဒါပေမယ့် composition & emotion ကိုတော့ အပြည့်အဝ နားလည်မှာ မဟုတ်ပါဘူး။ သီအိုရီမသိလို့ မကျင့်ဘဲတော့ မနေပါနဲ့။ လေ့ကျင့်ပါ။ ဂီတစွမ်းရည် တိုးတက်မယ်။ သီအိုရီသင်တဲ့အခါ အထောက်အကူ ဖြစ်စေပါတယ်။

Theory & Ear ဆိုတာ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီပါ။ Aural skill ကြောင့် Theory ပိုနားလည်လာမယ်။ Theory knowledge ကြောင့် Ear training ပို လွယ်ကူစေပါမယ်။ Ear training လေ့ကျင့်တဲ့အခါ frequency & feeling ရှိတယ်။
သီချင်းတစ်ပုဒ်ရဲ့ (tonic/root) ကို ကြားတဲ့အခါ “home” ဆိုတဲ့ pleasure, positive, bright, , safe, stable feeling ကို ခံစားရမယ်။
most dissonant interval (tritone) ကို ကြားတဲ့အခါ “nervous” ဖြစ်တဲ့ tense, negative, dark, unstable feeling တွေ ခံစားရမယ်။
အဲဒီလို နုတ်တွေရဲ့ resolve & unresolve nature ကို သိပြီး လေ့ကျင့်တဲ့အခါ ပိုထိရောက်သလို, တခြားသော musical skill တွေကိုပါ တိုးတက်စေပါတယ်။ ဒါကြောင့် - intervals, degrees, consonant and dissonant, cadences, resolutions တွေ သိဖို့ လိုပါတယ်။ (ကျနော့ပို့စ်တွေမှာ ရေးခဲ့ပါတယ်။ ပြန်ဖတ်ကြည့်ပါ။)

***ပထမခြေလှမ်း***
melodic ear training နှင့် စပါမယ်။
Do Re Me နုတ်၃လုံး ပေးထားမယ်။ တီးပြတာ ဘယ်နုတ်လဲ ရွေးရမယ်။ ဒါပါပဲ။
နောက်တစ်နည်းက - Do Re Me နုတ်၃လုံးကို short melody တွေ တီးပြမယ်။ ကြားတဲ့အတိုင်း အဖြေမှန် ပြန်တီး, ရွေးပေးရမယ်။ ဒီနည်းကို functional ear training ခေါ်တယ်။ ပျော်စရာကောင်းပါတယ်။

next lesson တွေမှာ နုတ်တစ်လုံးချင်း တိုးသွားမယ်။ diatonic ပြီးရင် chromatic လာမယ်။ step by step exercises တွေကို နေ့စဉ်အချိန်အနည်းငယ်ပေး လေ့ကျင့်ရုံပါပဲ။

*(အဖြေ 90 – 100 % မှန်ကန်မှ next lesson ကိုသွားပါ။)*

Ear Training Apps
ကျနော်သိတဲ့ Apps တွေ အများကြီး အုပ်စုခွဲ ညွှန်းပေးထားပါတယ်။ အကုန် အကောင်းတွေချည်းပါပဲ။ အုပ်စုတစ်ခုစီကို အကုန်ဒေါင်းပြီး ကိုယ်ကြိုက်တာ တစ်ခု ရွေးကျင့်ပါ။ ကျနော့ favourite apps တွေကို (***) ပြထားပါတယ်။

1) Functional Ear Training Apps
ဒါလေးနဲ့ စကျင့်ပါ …
1 - EarForge (***)
https://play.google.com/store/apps/details?id=com.EarForge.EarForge&hl=en&gl=US
UI ရိုးရှင်းတယ်။ ချစ်စရာကောင်းတယ်။ lesson customize လုပ်နိုင်တယ်။ ပျော်စရာကောင်းတဲ့ functional ear training app ဖြစ်ပါတယ်။

2 - Medudia
https://play.google.com/store/apps/details?id=com.Meludia.MicroMelody&hl=en&gl=US
website မှာတော့ သူတို့တက်ကနစ်က အကောင်းဆုံး, အချိန်တိုနှင့် အထိရောက်ဆုံး လို့ ပြောထားပါတယ်။ (မကြိုက်တာက In-app purchases ဖြစ်လို့ပါ။)

3 - Funtional Ear Trainer
https://play.google.com/store/apps/details?id=com.kaizen9.fet.android&hl=en&gl=US
ရှေ့က apps ၂ခုနှင့် မတူတဲ့ lesson idea လေ့ကျင့်နိုင်ပါတယ်။ အထက်ပါ apps ၃ခုက အစပျိုးလို့ကောင်း, ပျော်စရာကောင်းတဲ့ functional ear training apps တွေပါ။ ပျော်ပျော်ကြီးလေ့ကျင့်ပြီး အကျိုးတရား သိပြီဆိုရင်တော့ အောက်က apps တွေထဲက စိတ်ကြိုက်ရွေးပြီး ပန်းတိုင်ဂိုးပါတော့ …

2) Rhythm Ear Training Apps
Rhythm သီးသန့်လေ့ကျင့်ဖို့ apps တွေပါ။
1 - Rhythm Trainer
https://play.google.com/store/apps/details?id=ru.demax.rhythmerr&hl=en&gl=US

2 - Complete Rhythm Trainer
https://play.google.com/store/apps/details?id=com.binaryguilt.completerhythmtrainer&hl=en&gl=US

3 - Coryvo Rhythm Trainer (***)
https://play.google.com/store/apps/details?id=com.coryvo.learn&hl=en&gl=US

3) Complete Ear Training Apps
Intervals, chords, chords progressions, rhythm အစုံ လေ့ကျင့်နိုင်တဲ့ apps တွေပါ။
1 - Interval recognition ear train (***)
https://play.google.com/store/apps/details?id=uk.co.marchantpeter.intervalrecognition&hl=en&gl=US
UI ပုံမလာပေမယ့်, custom functions, instuments, exercises တွေ အများအပြားပါ။ ကျနော် သိသမျှ apps တွေထဲက အကောင်းဆုံး app ပါပဲ။ ပိုကောင်းတာက 100% free ပါ။

2 - Complete Ear Trainer
https://play.google.com/store/apps/details?id=com.binaryguilt.completeeartrainer&hl=en&gl=US

The Ear Gym (***)100% free
https://play.google.com/store/apps/details?id=com.franciscop.francisco.eargym&hl=en&gl=US

Perfect Ear (***)
https://play.google.com/store/apps/details?id=com.evilduck.musiciankit&hl=en&gl=US

Intervals: ear training tutor (100% free)
https://play.google.com/store/apps/details?id=com.mnemogenic.intervals&hl=en&gl=US

Relative Pitch Trainer (***)100% free
https://play.google.com/store/apps/details?id=com.musicntools.eartraining&hl=en&gl=US

ဒီနေ့ခေတ်က mobile သုံးသူများလို့ mobile apps တွေပဲ ညွှန်းခဲ့တာပါ။ computer နှင့် ကျင့်ချင်ရင်တော့ EarMaster software အကောင်းဆုံးပါပဲ။
https://www.earmaster.com/

Perfect Pitch
Aural skill ရဲ့ အမြင့်ဆုံးစွမ်းရည်က Perfect Pitch ကြားခြင်းပါပဲ။ Perfect intervals မဟုတ်ပါဘူး။ Perfect pitch ဆိုတာ intervals, scales, chords တွေကို note, position, string အတိအကျ ကြားခြင်းပါ။ Key သိနိုင်တဲ့ level ပါ။
သီချင်းတစ်ပုဒ်ရဲ့ melody, chord, scale တွေကို ကြားဖို့ မခက်ပါဘူး။ (အများစုက ဒီမှာ ရပ်နေတတ်တယ်။) Perfect Pitch ကြားဖို့ အတွက်ကတော့, ဒီအဆင့်ကနေ ထပ်သွားရပါမယ်။

3 – 6 months အတွင်း diatonic scale & chords တွေကို ကြားလာတဲ့အခါ သီချင်းတွေနှင့် လေ့ကျင့်ဖို့ လိုလာမယ်။ melody ရိုးရှင်းပြီး, rhythm ကျဲတဲ့ သီချင်းတွေနှင့် စရပါမယ်။ “ဦးခင်မောင်တိုး” သီချင်းတွေက အဆင်ပြေဆုံးပါပဲ။ chords & vocal melody တွေကို နားထောင်ပြီး ရေးချပါ။ music & solo တွေကတော့ အဆင်မပြေတာ ရှိကောင်းရှိမယ်။ တေးထားပေါ့။ နောက်တစ်ခါ တွေ့အုံးမှာပါ …
Crd;

အွန်းလိုင်းသင်တန်းစိတ်ဝင်စားရင်↙️

သင်တန်း Group 💎
https://m.facebook.com/story.php?story_fbid=925496422505376&id=100051350796961&mibextid=Nif5oz

တစ်ဦးချင်းသင်တန်းများ 👑
https://m.facebook.com/story.php?story_fbid=927757965612555&id=100051350796961&mibextid=Nif5oz

Music စာအုပ်ဝယ်လိုလျင် 📚📖📌
https://www.facebook.com/107927890891394/posts/555439196140259/?mibextid=cr9u03

Keyboard Style USB 🎹
https://fb.watch/mT47O97IUO/?mibextid=cr9u03

Certificate 🎓
https://www.facebook.com/100051350796961/posts/837307801324239/?mibextid=cr9u03

🎼 Music Theory Class 📖🎵
https://m.facebook.com/story.php?story_fbid=921900356198316&id=100051350796961&mibextid=Nif5oz

16/04/2024

နှစ်သစ်ကူးလေးမှာ
စိတ်သစ်၊လူသစ်နဲ့
ဖြက်သန်းနိုင်ကြပါစေဗျ
💦💦💦💜💦💦

26/03/2024

အချစ်က ပျားရည်ဆို
ငါ့အတွက်ကတော့
ခါးသလို C မေဂျာတစ်ကွပ်လောက် လုံးဝ သစ္စာမရှိ​ဘူ😁

Photos from ဂစ်တာတီးသင်ကြမယ်'s post 26/03/2024
Photos from Muanpi Music Ministry's post 26/03/2024

🙏

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

ที่อยู่


Bangkok
10500