Myitkyina Jobs and Opportunities

Myitkyina Jobs and Opportunities

แชร์

Helping the community for the betterment, creating spaces and opportunities. Sharing is caring!

19/07/2026

🤩အလုပ်ရနိုင်ဖို့ အင်တာဗျူးဘယ်လိုဝင်ကြမလဲ?

💙အင်တာဗျူးတွင် အောင်မြင်မှုရာခိုင်နှုန်း ပိုမိုမြင့်မားစေရန်အတွက် အထက်ပါအချက်များအပြင် အလွန်အရေးကြီးသည့် အချက် (၃) ချက်ကို Myitkyina Jobs and Opportunities မှ ဖော်ပြပေးလိုပါသည်။

1️⃣​အဝတ်အစားနှင့် ပြင်ဆင်မှု (Professional Appearance) - အလုပ်ခွင်နှင့် လိုက်လျောညီထွေရှိသော သန့်ပြန့်သည့် အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။ ပထမဆုံး မြင်တွေ့မှု (First Impression) သည် အင်တာဗျူးသူအပေါ် အပြုသဘောဆောင်သည့် အမြင်ရရှိစေရန် အထောက်အကူပြုပါသည်။

2️⃣​အချိန်တိကျမှု (Punctuality)- အင်တာဗျူးအချိန်မတိုင်မီ (၁၅) မိနစ်ခန့် ကြိုတင်ရောက်ရှိနေပါစေ။ အချိန်မှန်ခြင်းသည် သင်၏ စည်းကမ်းရှိမှုနှင့် အလုပ်အပေါ် စိတ်ဝင်စားမှုရှိကြောင်းကို အကောင်းဆုံး သက်သေပြခြင်း ဖြစ်ပါသည်။

3️⃣​အချက်အလက်အထောက်အထားများ (Documentation)- မိမိ၏ CV၊ ပညာရေးဆိုင်ရာ အောင်လက်မှတ်များ၊ အတွေ့အကြုံဖော်ပြချက်များ သို့မဟုတ် Portfolio များကို စနစ်တကျစီထားပြီး အသင့်ယူဆောင်သွားပါ။ လိုအပ်သည့်အခါ ချက်ချင်းထုတ်ပြနိုင်ခြင်းသည် ကျွမ်းကျင်ပိုင်နိုင်မှုကို ပြသပါသည်။

📌အလုပ်အင်တာဗျူးတွင် အမေးများသည့် အရေးကြီးမေးခွန်းများနှင့် အောင်မြင်စွာဖြေဆိုနိုင်မည့် နည်းလမ်းများကို အောက်ပါအတိုင်း အတိုချုပ် ဖော်ပြပေးလိုက်ပါသည်။

​အင်တာဗျူးတွင် အမေးများသော အရေးကြီးမေးခွန်းများ

💙​မိမိကိုယ်ကို မိတ်ဆက်ပေးပါ (Tell me about yourself)- သင်၏ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် သင်၏ အဓိကကျွမ်းကျင်မှုများကို အတိုချုပ် ပြောပြပါ။

💙​ဘာကြောင့် ဒီအလုပ်ကို လျှောက်ထားတာလဲ (Why do you want this job?)
ကုမ္ပဏီ၏ လုပ်ငန်းစဉ်များနှင့် သင်၏ ရည်ရွယ်ချက်များ ကိုက်ညီမှုရှိကြောင်း ဖော်ပြပါ။

💙​ဘာကြောင့် သင့်ကို ခန့်သင့်တာလဲ (Why should we hire you?)
သင်၏ အားသာချက်များ၊ သင်ပေးနိုင်မည့် တန်ဖိုးများနှင့် အဖွဲ့အစည်းကို မည်သို့အထောက်အကူပြုမည်ကို ပြောပါ။

💙​သင်၏ အားသာချက်နှင့် အားနည်းချက်များ (What are your strengths and weaknesses?)
မိမိ၏ အားသာချက်များကို အလုပ်အတွက် အသုံးချပုံနှင့် အားနည်းချက်များကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေကြောင်း ပြောပါ။

,💙​အလုပ်ခွင်အခက်အခဲများကို ဘယ်လိုဖြေရှင်းသလဲ (How do you handle pressure or conflicts?)
အရင်အလုပ်တွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲကို အပြုသဘောဖြင့် မည်သို့ကျော်လွှားခဲ့ကြောင်း ဥပမာပေး၍ ဖြေဆိုပါ။

​အင်တာဗျူးဝင်ရန် အကောင်းဆုံးနည်းလမ်းများ
​ကြိုတင်ပြင်ဆင်မှု (Preparation)
ကုမ္ပဏီ၏ Facebook or social media၊ ဝဘ်ဆိုက်ကို လေ့လာပြီး လုပ်ငန်းသဘောသဘာဝကို နားလည်အောင် လုပ်ပါ။

​ကိုယ်ဟန်အမူအရာ (Body Language)
ယုံကြည်မှုရှိရှိ ထိုင်ပါ၊ အင်တာဗျူးသူကို မျက်လုံးချင်းဆုံပြီး ပြုံးရွှင်စွာ ပြောဆိုပါ။

​ရှင်းလင်းတိကျမှု (Clarity)
မေးခွန်းများကို အမှတ်တမဲ့ မဖြေဘဲ ခဏစဉ်းစားပြီး အချက်ကျကျ ဖြေဆိုပါ။

📌​မေးခွန်းပြန်မေးခြင်း (Asking Questions)
အင်တာဗျူးအဆုံးတွင် "ဒီရာထူးမှာ ကျွန်တော်/မ ဘာတွေ အဓိက သေချာ လုပ်ပေးရမလဲ" သို့မဟုတ် "ကုမ္ပဏီရဲ့ Value ရှေ့ဆက်လုပ်ဆောင်မယ့် အရာတွေက ဘာလဲ" စသည်ဖြင့် ပြန်မေးပါ။
ကိုယ့်အတွက် ခံစားခွင့်များ အကြောင်း မရှင်းသည်များကိုမေးပါ။

​အင်တာဗျူးတစ်ခုတွင် အောင်မြင်မှုရရှိရန်အတွက် ယုံကြည်မှုရှိပြီး ပွင့်လင်းရိုးသားစွာ ပြောဆိုခြင်းက အဓိက အရေးပါပါသည်။

​ဤအချက်များသည် အင်တာဗျူးဝင်မည့်သူ၏ ယုံကြည်မှု (Confidence) ကို ပိုမိုတိုးတက်စေပြီး အလုပ်ခန့်အပ်သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။

ကိုယ့်မောင်နှမတွေရော သေချာ ပြင်ဆင်သွားဖြစ်လားခင်ဗျာ?


19/07/2026

“ရုပ်မချောပေမယ့် သရုပ်ဆောင်ကောင်းလို့ အောင်မြင်မှုတွေပြသွားတဲ့ မင်းသားကြီး”

သူ့ကို စသတိထားမိတာက confidential assignment (1) မှာမှပါ။ ပြီးတော့ ဒီကားက ကျနော်အကြိုက်ဆုံး ကိုးရီးယား ကားထဲက တစ်ခုဖြစ်ပါတယ်။ မင်းသား ဟွန်ဘင်းကိုလည်း ဒီကားမှ စသတိထားမိတာရယ် ။

အဆိုတော် ယူန ကျတော့ snsd သီချင်းတွေကြည့်မိလို့ သိနေပြီးသားပေမယ့် ဒီကားမှ အတူတွဲကြည့်ရတာ တကယ်လိုက်ဖက်လွန်းတယ်။

မင်းသားကြီး ဆုရသွားတာရယ် မင်းသားဟွန်ဘင်း ဆုရတာရယ် ယူနလည်း မနှစ်က စဖိုမှုးကားနဲ့ ကြည့်မိခဲ့ရာကနေ nominated for actress ဖြစ်တာလို့ သိမိတာကြောင့် မဆီ မဆိုင် အရင်က ဒီကားလေး
ပြန်သတိရမိတာဗျ။

မကြည့်ရသေးရင်လည်း ကြည့်လိုက်ကြဦးဗျ
Confidential assignment (1,2)

19/07/2026

တစ်နိုင်ငံလုံး သာမက ပြည်ပအထိ official Sole Distributor အနေနဲ့ ဖြန့်ဖြူးပေးနေတဲ့ မင်မင်တို့ အစ်ကိုအစ်မ တို့ဆိုင်ကြီး Meiko Japan !!!

19/07/2026

#အရောင်းစာရေးမ #ဈေးကြီးကုန်းမြစ်ကြီးနား
“မချိုအေး ကုန်စုံဆိုင် ” မှ ဝန်ထမ်း အမြန်ခေါ်ယူနေပါသည်
🙋‍♀️အမြန်လျှောက်ထားနိုင်သည်။

💙 အရောင်းစာရေးမ -(၁)ဦး အလိုရှိသည်။
💙အရည်အချင်းနှင့်လိုအပ်ချက်များ

▪️အရောင်းအတွေ့ကြုံရှိသူများ ဦးစားပေးမည်။
▪️အထက်တန်းအောင်မြင်ပြီးထားသူ၊ ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရပါမည်။
▪️ဘောက်ချာဆွဲနိုင်သူ၊ စာရင်းနိုင်နင်းသူ ဖြစ်ရပါမည်။
▪️လူမှုဆက်ဆံရေး ကောင်းမွန်ရမည်။
▪️လစာညှိနှိုင်း (၃-၅) သိန်းကြားဖြစ်ပါသည်။
▪️မနက်လာ ညပြန် လုပ်နိုင်သူအား ဦးစားပေးပါမည်။

🕗အလုပ်ချိန်
8:00 AM - 5:00 PM

📌(၁) ပတ်အတွင်း အမြန်ဆုံး လျှောက်ထား
နိုင်ပါသည်
💙(မနက်လာ- ညပြန် လုပ်နိုင်သူအား ဦးစားပေးပါမည်။)

📌လျှောက်ထားရန်
သေသပ်သော CV ဖောင်ဖြင့် Viber နံပါတ် (သို့မဟုတ်) ဆိုင်လိပ်စာသို့ ကိုယ်တိုင်လျှောက်ထားနိုင်ပါသည်။

📲Viber - 09 262 907 162

🏢ဆိုင်လိပ်စာ
မချိုအေး ကုန်စုံဆိုင် (Myitkyina)
ဈေးကြီးကုန်းပေါ်၊ မြို့ကြီးနားမြို့၊
ကချင်ပြည်နယ်။

📱ဆက်သွယ်ရန်
Ph / Viber -09262907162

19/07/2026

အရောင်းစာရေးမ၁
(၃-၅)သိန်းကြား
ခေါ်ယူရန်ရှိပါသည်

Photos from Cafe Kachino 's post 18/07/2026

Don't miss it, bruhs!!!!

18/07/2026

🤩မြစ်ကြီးနားမှာ အလုပ်အကိုင် ရှာနေပါသလား?
🥰ဝန်ထမ်းအလုပ်ခေါ်စာတွေ အဆင်ပြေဆုံး ကြော်ငြာချင်ပါသလား?

🙏Social media အားကောင်းကောင်းနဲ့ Engagement ရစေဖို့ ကူညီလုပ်ဆောင်ပေးနေတဲ့၊အလုပ်ခေါ်စာတွေကို ချက်ချင်းသိရှိနိုင်ဖို့ အမြဲ ကူညီပေးနေတဲ့ Myitkyina Jobs and Opportunities ရဲ့ TikTok ကို Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။

💙QR code ကို scan ဖတ်တာဖြစ်ဖြစ် Link ကနေတဆင့်လည်း ဝင်ရောက်နိုင်ပါတယ်ခင်ဗျာ။
https://www.tiktok.com/?_r=1&_t=ZS-988GlMJB19A

💙လူကြီးမင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
💙Myitkyina Jobs & Opportunities

💛Scan or Click the link below
https://www.tiktok.com/?_r=1&_t=ZS-988GlMJB19A

18/07/2026

Work from home

page, TikTok and Telegram အတွက် Customer Service (2) posts

- page reply နဲ့ Customer Service experience ရှိသူ
- Online အချိန် တော်တော်များများ ရှိနိုင်သူ
- သွက်လက်ချက်ချာပြီး သင်ယူလွယ်သူ
- Financial (Digital Currency) & Tech ပိုင်း စိတ်ဝင်စားသူ
- အသက်အရွယ်၊ ကျားမ all gender၊ ဘာသာ၊ မည်သည့်စိတ်တိမ်းညွှတ်မှုမဆို လျှောက်ထားနိုင်သည်

Benefits
- Work from Home
- DBS မှ သင်ကြားသည့် မည်သည့်သင်တန်းမဆို တက်နိုင်မည်
- ဖုန်းဘေလ် allowance

စိတ်ဝင်စားပါက
[email protected] သို့
1. CV
2. မျှော်မှန်းလစာ ပို့၍ လျှောက်ထားနိုင်သည်

* အချက်အလက် မစုံလင်သော လျှောက်ထားလွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ
* အင်တာဗျူးခေါ်မည့်သူများကိုသာ ပြန်လည်ဆက်သွယ်ပါမည်
* မြန်မာပြည်တွင်းရှိ လူငယ်များကို ဦးစားပေးမည်
* Email မှသာ ဆက်သွယ်ပါ

Aung Mon Chan Page

18/07/2026

“ Hi ” တစ်လုံးတည်းမြင်ရင်
မိမိ:

18/07/2026

ဆိုင်မှာကျ အချောလေးတွေရှိတယ်လေ 🤩💙💛

မေး : Online မှာ ဝယ်တာ နဲ့ Showroom မှာ ဝယ်တာ ဘာကွာလဲ ?

ဖြေ : ဘာမှမကွာပါဘူးနော် .. ဝယ်ယူတဲ့နည်းလမ်းလေးပဲ ကွာတာပါရှင့် ။

Online မှာလည်း ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်သလို၊ Showroom မှာလည်း စိတ်ချလက်ချ ရွေးချယ်ဝယ်ယူနိုင်ပါတယ် 🤍

ဒါပေမဲ့ Showroom ကို လာရောက်ဝယ်ယူမယ်ဆိုရင်တော့ Product ကို ကိုယ်တိုင်မြင်တွေ့နိုင်တာ နားလည်တတ်ကျွမ်းတဲ့ Staff တွေနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်တာ၊ ကိုယ့် Skin နဲ့ လိုက်ဖက်မဲ့ Product ကို အကြံပြုချက်ရယူနိုင်တာ စတဲ့ အားသာချက်တွေတော့ ရှိပါတယ်နော် ။

Skincare တစ်ခုဝယ်တော့မယ်ဆို ကိုယ်ဝယ်မဲ့ Product က ကိုယ်နဲ့ သင့်တော်သည်/ မသင့်တော်သည်ရှိနိုင်တာမို့ မဝယ်ခင် သေချာနားလည်ပြီး ရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ် ။

ဒါကြောင့် Online ကဖြစ်စေ Showroom မှာဖြစ်စေ ဘယ်နေရာကပဲ ဝယ်ယူဝယ်ယူ Meiko Family က အကောင်းဆုံး ဝန်ဆောင်မှုနဲ့ တို့ Customer လေးတွေကို အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်နော် 😁💕

📍𝐌𝐞𝐢𝐤𝐨 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦
𝐍𝐨.𝐀-𝟒𝟐𝟓 , 𝐋𝐞𝐯𝐞𝐥 𝟒 𝐟𝐥𝐨𝐨𝐫 (မှန်တံတားရှိတဲ့အလွှာ)
My Fashion ဆိုင်ဘေးကပ်ရပ်
𝐓𝐢𝐦𝐞𝐬 𝐌𝐚𝐥𝐥 , 𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐂𝐨𝐦𝐩𝐥𝐞𝐱
𝐊𝐚𝐦𝐚𝐫𝐲𝐮𝐭 𝐭𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

⏱️ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 (9AM-5PM)

☎️ ဖုန်း/Viber - 𝟬𝟵𝟳𝟲𝟯𝟱𝟬𝟵𝟰𝟵𝟲, 09766331459

Messenger မှတစ်ဆင့်လည်း ဆက်သွယ် စုံစမ်းမှာယူနိုင်ပါတယ်ရှင့် 👇

◆ Messenger link ↴↴↴
https://m.me/meiko.mm

🚚 မြို့အတော်များများသို့ ပစ္စည်းရောက်ငွေချေ စနစ်နဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။




#နှင်းဆီခရင်မ်



#နိုင်ငံတကာအရည်အသွေးဆုရ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10400