Myo Thiha Kyaw

Myo Thiha Kyaw

แชร์

ဘဝရဲ့ အဆင်မပြေမှု အခက်အခဲများအတွက် Life & Relationship Coaching, Trauma Healing & Spiritual Program Serivce များကို စုံစမ်းမေးမြန်းနိုင်ပါတယ် …

01/05/2026

ဘဝကို ဟန်ချက်ညီညီ ရှင်သန်နိုင်ဖို့ ဆိုရင် ကိုယ် လုပ်ချင်တာ ဖြစ်ချင်တာ တစ်ခုထဲကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်နေလို့ မရပါဘူး။

ဘဝဆိုတာက ပြီးပြည့်စုံတဲ့ အကြောင်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အကျိုးရလဒ်တွေပါပဲ။ ကိုယ်က တစ်ခုထဲကို အရမ်းကြီး အာရုံစိုက်ထားမယ် ဆိုရင် အခြားတစ်ခုမှာ အဆင်မပြေတာ လစ်ဟင်းသွားတာ ဖြစ်နိုင်ပါတယ်။

အခြားတစ်ခု အဆင်မပြေတာ လစ်ဟင်းသွားရာ ကနေ တဆင့် ဆင့်ကဲ ဆင့်ကဲ သက်ရောက်မှုတွေ ဖြစ်ပေါ်လာကာ နောက်ထပ် ဘဝရဲ့ အခြားသော အရာတွေကိုပါ အဆင်မပြေမှုတွေ ဆိုတာက ဆက်ပြီး သက်ရောက် သွားနိုင်ပါတယ်။

Randy တို့ Body, Mind & Spirit မှာ ရုပ်ပိုင်းဆိုင်ရာ Body တိုးတက် ကောင်းမွန်မှု တစ်ခုထဲကို အာရုံစိုက်နေလို့ မရသလို Physically ဘာတွေပဲ ဖြစ်နေဖြစ်နေ ကိုယ်ကတော့ စိတ် တစ်ခုထဲကိုပဲ အေးချမ်း အဆင်ပြေအောင် အာရုံစိုက်နေ ပြန်လို့လဲ မရပါဘူး။

လောကမှာ ရှိတဲ့ အရာအားလုံး ဒါမှမဟုတ် မိမိတို့ရဲ့ Inner and Outer အတွင်းအပြင် အားလုံးဟာ အချိတ်အဆက်မိမိ အဆက်ဆက် ရှိနေတာကြောင့် တစ်ခုကိုသာ အာရုံစိုက် ဖြေရှင်းပြီး ကျန်တစ်ခုကို လစ်လျူရှုထားမယ်ဆိုရင် ဘဝဟာ စတင် ဟန်ချက်ပျက် တော့တာပါပဲ။

ဒါကို Holistic Way of Living – “ ဟန်ချက်ညီသော ရှင်သန်ခြင်း အနုပညာ ” စာအုပ်လေးထဲမှာ စာရေးသူ ဆရာ ကိုဇင်မောင်မောင် ( Inner Light ) က …

“ ကျွန်တော်တို့ အားလုံးဟာ ဘဝဆိုတဲ့ ပြေးပွဲထဲမှာ အမောတကော ပြေးလွှားနေကြရင်း တစ်ခုခုကိုတော့ အမြဲ မေ့ကျန်ခဲ့ တတ်ကြပါတယ်။ အဲ့ဒါကတော့ ကိုယ့်ရဲ့ အတွင်းစိတ် အေးချမ်းမှု ပါပဲ။

အပြင်လောကမှာ ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရှိနေပါစေ၊ ကိုယ့်ရဲ့ Body, Mind & Spirit ဟာ ဟန်ချက် မညီတော့တဲ့ အခါ ကျွန်တော်တို့ဟာ ကိုယ့်အိမ်ကိုယ် ပြန်ဖို့ လမ်းပျောက်နေတဲ့ ခရီးသည်တစ်ယောက်လို ဖြစ်နေတတ်ပါတယ်။ တဲ့ …

ဒီစာအုပ်ထဲမှာ အပိုင်း (၉) ပိုင်းခွဲကာ ပြည့်စုံတဲ့ ရှင်သန်ခြင်းတွေ စီကို သွားဖို့၊ ဘဝရဲ့ ခြေလှမ်းတိုင်း ရှင်သန်ခြင်းတိုင်းမှာ ဟန်ချက်ညီညီနဲ့ အေးချမ်းစွာ လျှောက်လှမ်းနိုင်ဖို့ ဖော်ပြထားပြီး စာဖတ်သူတွေကို ဘေးကနေ အဖော်ပြုပေးသွားမှာပါ။

လမ်းပျောက်နေတဲ့ ရက်တွေကနေ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ စီရောက်ဖို့ Spiritual ရှုထောင့်, Psychology ရှုထောင့်တွေကနေ ရေးသားပေးထားပြီး …

Healing လုပ်ရမည့် နည်းလမ်းလေးတွေ၊ လိုက်နာ ကျင့်သုံးရမည့် အရာလေးတွေ၊ Insights အနှစ်ချုပ် စာသားလေးတွေနဲ့ ဝေဝေဆာဆာနဲ့ စာရေးသူက ရေးသားပေးထားပါတယ်။

ကောင်းတာလေးတွေ တွေ့ရင် ကိုယ် ချစ်ရတဲ့ သူတွေကို သတိရတယ် ဆိုသလို စာအုပ်ကောင်းလေး လက်ဆောင်ရတော့ ကိုယ့် မိတ်ဆွေတွေကို ဝေမျှပေးတာပါ။

ဆရာ ကိုဇင် Inner Light ရဲ့ စေတနာ၊ ဆရာမ မမွန် Mon Halsey ရဲ့ အမှာစာ၊ အစ်မ မချော Chaw Sukhita ရဲ့ အမှာစာ တို့နဲ့တင် စာအုပ်လေးက အရမ်း မိုက်နေပါပြီလို့ …

လက်ဆောင် ပို့ပေးတာ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

30/04/2026

ရထားမှားစီးလဲ ယူနီဗက်က
သင်ပေးစရာ ရှိလို့ပါဆိုပြီး လိုက်သွားကြတဲ့ အဖွဲ့က ဆို … 😐

30/04/2026

စိတ် မပျော်တဲ့ အချိန်တွေ၊ အလုပ်တွေ အများကြီး လုပ်ပြီး ပင်ပန်းသွားတဲ့ အချိန်တွေ၊ စိတ်ဓါတ်ကျတဲ့ အချိန်တွေမှာ ...

🔹 ကိုယ့်ကိုယ်ကို အရင်ကထက် ပို ဂရုစိုက်ပေးပါ။ ပို ကြင်နာပေးပါ။ ပိုပြီး မေတ္တာထားပါ။

🔹 အပင်လေးတွေ၊ ရေကန်လေးတွေ၊ မြက်ခင်းပြင်တွေ စသည့် သဘာဝတရားနှင့် နီးနီးကပ်ကပ်နေပြီး Grounding လုပ်ပါ။

🔹 နေရောင် ခံယူတာ၊ လေကောင်းလေသန့်ရတဲ့ နေရာမှာ နေတာ၊ ကြယ်လေးတွေကို ခံစားကြည့်တာမျိုး လုပ်ပါ။

🔹 ကော်ဖီ တစ်ခွက်လောက် Juice တစ်ခုခုလောက် သောက်ရင်း အနားယူပါ။ ကိုယ် စားချင်တာလေးတွေ ဝယ်စားပါ။

🔹 ရေ များများသောက်ပါ။ တခါတရံ ရေကို စိမ်ပြေနပြေ ချိုးရင် Relax လုပ်ပါ။

Myo Thiha Kyaw ~ Randy

🔹 Journaling လုပ်တာ၊ ပန်းချီဆွဲတာ၊ Hand Made လေးတွေ လုပ်တာ စသည့် ကိုယ့် စိတ်ပျော်မည့် အရာလေးတွေ လုပ်ကြည့်ပါ။

🔹 ကိုယ်ယုံကြည် စိတ်ချရတဲ့ သူတွေထံမှာ ရင်ဖွင့်ပါ။ ပြီးတော့ ကိုယ်နှင့် အနီးကပ်နေ နေသည့် လူတွေထဲမှ သိသင့် သိထိုက်သည့် သူများကို ကိုယ် စိတ်မကြည်လင်ကြောင်း ပြောထားပါ။

🔹 လောကမှာ ဘယ်အရာမှ မတည်မြဲတာမို့ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတာထက် ယခုကြုံနေရတဲ့ အရာတွေက ခဏပါပဲ မမြဲပါဘူး။ ဒါပြီးရင်လဲ ပြီးသွားမှာ ဆိုတဲ့ အကြောင်းကို ကိုယ့်ကိုယ်ကို သတိပေးပါ။

🔹 စိတ်ရော ကိုယ်ပါ ပြည့်ပြည့်ဝဝ အနားယူဖို့ ဆိုတာကလဲ အရေးကြီးပါတယ်။ ဒါ့ကြောင့် Social Media သုံးတာ ရပ်ထားပါ။ အိပ်ယာထဲမှာ ဖြစ်စေ၊ သီချင်းဖွင့်ထားပြီး ဖြစ်စေ အနားယူပါ။

🔹 ဒီလို အချိန်မှာ တရားထိုင်ခြင်း၊ ရောဂကျင့်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ လေ့ကျင့်ခန်း တစ်ခုခု လုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …

Photos from Myo Thiha Kyaw's post 30/04/2026

2 years Ago…

29/04/2026

သူတို့ Boundary ကျတော့ တစ်မျိုးလေး

—— က လွဲရင် ဟင့်အင်း တဲ့ 🌚

28/04/2026

"ကံဆိုတာ
ကိုယ်စိုက်ပျိုးထားသမျှတွေကို
ကိုယ်တိုင် ရိတ်သိမ်းနေရတာပဲ
ဖြစ်ပါတယ်..."

ကိုယ်လုပ်ခဲ့တဲ့
အကြောင်းတွေကြောင့် အကျိုးဆက်တွေ
ဆက်လက် ဖြစ်ထွန်းလာတယ်လို့
ပြောလို့ရပါတယ်...

သာမာန် ပုထုဇဉ်လူသားတစ်ဦးအနေနဲ့
ကောင်းတာတွေ လုပ်နေတဲ့ကြားက
အတိတ်ဘဝကတစ်ခုခုက ပြုခဲ့တဲ့
ကံကြွေးတွေကို ပြန်ဆပ်နေရတာ
မဆန်းတော့ပါဘူး ...

💗 Quote for Your Soul


#မျိုးသီဟကျော်
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း

28/04/2026

လူတိုင်းမှာ ကိုယ်တောင် မသိတဲ့ ကိုယ့်ရဲ့ မျက်နှာဖုံးတွေ ဆိုတာ ရှိပါတယ် ....

♦️ ပိုဆိုးတာက ကိုယ့်ပုံစံက ဒီတစ်ခုပဲ မပြောင်းလဲ သွားတတ်ဖူးလို့ ထင်နေကြတတ်သေးတယ်။

ကိုယ့်ရင်ထဲမှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ အပေါင်းအသင်း၊ မိတ်ဆွေ၊ မိဘ၊ ဆွေမျိုး၊ လက်တွဲဖော်တွေနဲ့ တွေ့တဲ့ အခါ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ပြုံးပြနေရတဲ့ အချိန်တွေ၊ ဟန်ဆောင်နေရတဲ့ အခိုက်တံ့တွေ ကြုံဖူးကြလား ????

♦️ ကြုံဖူးတယ်ဆိုရင်တော့ ကိုယ်က ဘယ်လောက်ပဲ ဟန်မဆောင်တတ်ပါဘူးလို့ ပြောပြော လောကကြီးနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကျွန်တော်တို့က မျက်နှာဖုံးတွေ မျိုးစုံသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားတတ်ကြတယ်။

ဥပမာ ပြောရရင် ကျွန်တော်တို့က သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ ကိုယ်ဘယ်လို လူပါဆိုတဲ့ မျက်နှာဖုံးကို တပ်ဆင်ပြီး ကိုယ့်ကိုယ်ကို Show Up ပြသ ကြတယ်။ မိဘတွေနဲ့ တွေ့တော့ ကိုယ့်ကို မြင်စေချင်တဲ့ ပုံစံ မျက်နှာဖုံးက နောက်တစ်မျိုးပြောင်းသွားတယ်။ ဆရာသမားတွေ ရှေ့ကြတော့ တစ်မျိုးဖြစ်တယ်။ ကိုယ့် လက်တွဲဖော်နဲ့ကျ ပုံစံတစ်မျိုးဖြစ်နေပြန်ရော။

♦️ သေချာစဉ်းစားကြည့်ရင် ဒီမျက်နှာဖုံး ပုံစံတွေ နေပုံထိုင်ပုံ ပြုမူပြောဆို ပုံတွေက တစ်နေရာနဲ့ တစ်နေရာ မတူကြပါဘူး။ ဒါတွေက ကိုယ်ကတောင် မသိလိုက်ပဲနဲ့ မသိစိတ်ကနေ ပြုမူသွားတာမျိုးလဲဖြစ်နိုင်ပါတယ်။

🍀 Myo Thiha Kyaw ~ Randy 🍀

မိဘတွေမှာလဲ ဒီလို မျက်နှာဖုံးတွေ ရှိတာပါပဲ။ သားသမီးကို မြင်စေချင်တဲ့ ပုံစံက တစ်မျိုး။ အပေါင်းသင်နဲ့ ကျ ပုံစံ တစ်မျိုး။ သူတို့ အချင်းချင်းကျတော့ ပုံစံတစ်မျိုးဖြစ်ချင်ဖြစ်မယ်။ ဆရာတွေမှာလဲ ရှိတာပဲ။ ပြောချင်တာ လူတိုင်းမှာ မျက်နှာဖုံးပေါင်း မြောက်များစွာ ရှိနေတတ်တယ်။

♦️ ဒီတော့ မျက်နှာဖုံးတွေ များတာ ကောင်းလား၊ နည်းတာ ကောင်းလားဆိုရင်တော့ ကိုယ်နေထိုင်ချင်တဲ့ ပုံစံပေါ်မှာပဲ မူတည်ပါတယ်။

♦️ ဟန်ဆောင် ကောင်းခြင်း၊ မျက်နှာဖုံးများခြင်းရဲ့ အားသာချက်က ပေါင်းသင်းဆက်ဆံရေးတွေမှာ အရမ်းပြေလည် နိုင်စေပေမဲ့ အလွန်အကျွံ ဖြစ်သွားခဲ့ရင်တော့ ဟန်ဆောင်နေတဲ့ ကိုယ့်ရဲ့ ရှေ့နောက်ပုံစံတွေက မညီညွတ်လွန်း အားကြီးသွားရင် အခြားလူတွေကလဲ ကိုယ့်ကို ယုံကြည်တော့မှာ မဟုတ်ပါဘူး။ ပြီးတော့ အခြားသူ အလိုကျ၊ အခြားသူ ဖြစ်စေချင်တာတွေ၊ မြင်စေချင်တဲ့ ပုံစံတွေကို ဟန်ဆောင်ပြီး၊ လုပ်နေရတော့ ကိုယ့်ရဲ့ စစ်မှန်တဲ့ ပုံစံလဲ ပျောက်ဆုံးသွားနိုင်ပါတယ်။

♦️ ဒါဆိုရင် ဘယ်သူ့ရှေ့မှာပဲ ဖြစ်ဖြစ် ကိုယ့်ပုံစံ အစစ်မှန်တိုင်း အမြဲနေမယ်ဆိုရင်တော့ ကိုယ့်အတွက် သက်တောင့် သက်သာနဲ့ ကောင်းမယ်ဆိုပေမဲ့ လွန်အားကြီးရင်လဲ အပေါင်းအသင်း နည်းသွားတာတို့၊ သူများတွေက ကိုယ့်ကို အတ္တကြီးလိုက်တာတို့ ထင်မြင်နိုင်ပါတယ်။

♦️ ၂ ခုစလုံးမှာ အားနည်းချက် အားသာချက် မျှနေပါတယ်။ အကောင်းဆုံးကတော့ ကိုယ်လဲ ကိုယ့်ပုံစံနဲ့အပြင် လောကကြီးထဲလဲ အံဝင်ခွင်ကျအောင် အလယ်လတ်လမ်းစဉ်နဲ့ ပြုမူ ပြောဆို နေထိုင်နိုင်ရင် အကောင်းဆုံးပါပဲ။

♦️ လူတိုင်းမှာ ကောင်းတာ၊ ဆိုးတာတွေက မျှနေပါတယ်။ ဒါကို အတင်းကြီး ကိုယ့်ကိုယ်ကို ကောင်းပါတယ်ဆိုတဲ့ ဟန်ဆောင် မျက်နှာဖုံးတွေကို ကိုယ်နဲ့ ရည်ရှည် ဆက်ဆံရမဲ့ လူတွေ ရှေ့မှာ မသုံးတာ အကောင်းဆုံးပါပဲ။

မြင်သာတဲ့ ဥပမာ ပြောရရင် သမီးရည်းစား ဘဝမှာ ကိုယ့်ကို သဘောကျစေချင်လို့ မျက်နှာဖုံးကောင်းကောင်းတွေ သုံးထားပြီး၊ လက်ထပ်ပြီးတဲ့ အခါကျမှ ကိုယ်ပိုင် မျက်နှာဖုံးတွေကိုယ်စီ တွေ့လာရပြီး အရင်က သူက ဒီလိုမဟုတ်ပါဘူး၊ ဒါမှမဟုတ် အရင်နဲ့ အခု လက်တွေ့ ပြောင်းပြန်တွေ ဖြစ်သွားတာမျိုးတွေ ကြုံတွေ့ပြီး ပြသနာတွေ၊ အခက်ခဲတွေ ဖြစ်လာနိုင်ပါတယ်။

♦️ ကိုယ့်ပုံစံ အစစ်မှန်ကတော့ ဘယ်သူမှ မရှိတဲ့ အချိန် ပြုမူ၊ ပြောဆို၊ လုပ်ကိုင်၊ နေထိုင်တာတွေကတော့ ကိုယ့်ရဲ့ အစစ်မှန်ဆုံး ပုံစံတွေပါပဲ။

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …

27/04/2026

ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခွင့် ရကြတဲ့ နေရာတွေကို Blue Zones ဆိုပြီး သတ်မှတ်ထားပါတယ် ... ကမ္ဘာမှာ ရှိတဲ့ Blue Zones ၅ နေရာထဲမှ အသက် ၁၀၀ ကျော်အထိ ရှင်သန်နေထိုင်ကြတဲ့ ဂျပန်နိုင်ငံ အိုကီနာဝါ က ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်ရခြင်း လှို့ဝှက်ချက် ... ဘဝနေနည်း Wisdoms တွေကို ဖော်ပြပေးပါ့မယ် ...

ဒါကို ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝရှင်သန် နေထိုင်နည်း လှို့ဝှက်ချက် Ikigai အီကီကိုင် လို့ ခေါ်ပါတယ် ... Ikigai ဆိုတာ ဘဝ ရှင်သန် ဖြစ်တည် နေရခြင်းရဲ့ အကြောင်းပြချက် , နံနက်ခင်းတိုင်းမှာ နိုးထလာရခြင်းရဲ့ အကြောင်းပြချက်လို့ ... အဓိပ္ပါယ် ဖွင့်ဆိုပါတယ် ... ဒါကြောင့် ကိုယ့် ဘဝ ရှင်သန် နေရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာကြောင့်လဲ ဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ ...

Randy တို့ အားလုံးဟာ ဘဝမှာ ဆောင်ရွက်စရာ ကိစ္စတွေ များလွန်းလှသလို မိမိတို့ တာဝန်ယူစရာ အခန်းကဏ္ဍတွေဟာလဲ များလွန်းလှပါတယ် ... စားဝတ်နေရေး, စီးပွားရေး, လူမှုရေး, ကျန်းမာရေး စတဲ့ ကိစ္စအဝဝကို ဟန်ချက်ညီအောင် ထိန်းသိမ်းနေကြရတာမို့ စိတ်ဖိစီးမှုတွေလဲ များကြတယ် ... စိုးရိမ်ပူပန်စရာတွေလဲ ရှိကြပါတယ် ...

ဒါ့ကြောင့် မိမိတို့ စိတ်ထဲမှာ ဖြေရှင်းစရာ တွေးတောစရာတွေ အများကြီးမှ အများကြီးပါပဲ ... ငွေရေးကြေးရေး စိုးရိမ်ပူပန်မှုတွေ ရှိကြသလို Relationship ပြသနာတွေကိုလဲ ရင်ဆိုင်ဖြေရှင်းကြရပါတယ် ... ဒီလို ရှုပ်ထွေးလှတဲ့ အရာတွေ အပေါ်မှာပဲ အာရုံစိုက်နေရတဲ့ အခါ ဘဝကြီးက ပျော်စရာ မကောင်းတော့ပါဘူး ...

ဒါပေမဲ့ ဒီ ဘဝရှင်သန်နည်း လှို့ဝှက်ချက် Ikigai နိယာမ ၁၀ မျိုးကို လိုက်နာ ကျင့်သုံး နေထိုင်ခြင်း အားဖြင့် မိမိတို့ ဘဝကို ရည်ရွယ်ချက် ရှိရှိ အဓိပ္ပါယ် ပြည့်ပြည့်ဝဝ နဲ့ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်သွားမှာပဲ ဖြစ်ပါတယ် ... ဒီ နည်းလမ်းတွေဟာ လွယ်ကူ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ တချို့ကိုတော့ လိုက်နာကျင့်သုံးဖို့ အစပိုင်းမှာ အနည်းငယ် ခက်ခဲကောင်း ခက်ခဲနေနိုင်ပါတယ် ...

⭐️ 1. Stay Active & Don’t Retire …

ကိုယ် ဝါသနာပါတဲ့ အရာတွေ, ပြုလုပ်ရတာ နှစ်သက်မြတ်နိုးတဲ့ အရာတွေ, ကိုယ်ကျွမ်းကျင်တဲ့ အရာတွေကို စွန့်လွှတ်လိုက်ရတာကိုက ဘဝရဲ့ အနှစ်သာရ ပျောက်ဆုံးသွားတယ်လို့ ထင်တာမျိုး ဖြစ်တတ်ပါတယ် ... ဒါ့ကြောင့် ကိုယ် တန်ဖိုးထားတဲ့ အရာတွေကို မရပ်တန့်လိုက်ပဲ ဆက်လက် ဆောင်ရွက်နေတာက ပိုပြီး ကောင်းပါတယ် ...

ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် ဘဝက ရပ်တန့်သွားရင်တောင် မိမိတို့ နှစ်သက်ရာ ဝါသနာပါရာ ကျွမ်းကျင်ရာတွေနဲ့ ပရဟိတ Volunteer လုပ်တာမျိုး, အခြားသူတွေ အတွက် ကူညီပေးတာမျိုးတွေ ပြုလုပ်ပြီး Stay Active ဖြစ်နေကာ လောကကြီးအတွက်လဲ အကျိုးရှိ မိမိတို့ရဲ့ ဘဝ အနှစ်သာရလဲ ပြည့်စုံစေတဲ့ ဘဝမျိုးကို ဖန်တီး ယူထားသင့်ပါတယ် ...

⭐️ 2. Take it Slow …

အရှိန် အဟုန်နဲ့ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ လူတိုင်းဟာ နေ့စဉ်နေ့တိုင်း ပြေးလွှာ လှုပ်ရှား ရှင်သန် နေထိုင် ကြရသော်လည်း ... မိမိတို့ရဲ့ ဘဝ ရှင်သန် နေထိုင်မှု ပုံစံကို အရှိန် လျော့ချလိုက်ခြင်း အားဖြင့် အနည်းငယ် နှေးလိုက်ခြင်း အားဖြင့် ပစ္စုပ္ပန် အခိုက်အတန့်ကို အပြည့်အဝ နားလည်သဘောပေါက်လာနိုင်ပြီး ဘဝရဲ့ အတွေ့အကြုံ ခံစားချက်များကို ပိုပြီး ခံစား သိရှိ လာနိုင်ပါတယ် ...

ဘဝရဲ့ အနှစ်သာရ Quality of Life ကိုလဲ ပိုပြီး ရရှိလာမှာ ဖြစ်ပါတယ် ... Randy တို့ဟာ ဝေးဝေးကို သွားချင်တယ် ဆိုရင်တော့ အလျှင်လိုနေတာထက် ဖြေးဖြေးနဲ့ မှန်မှန် လျောက်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ် ...

ကိုယ်လုပ်စရာ ရှိတဲ့ အရာတွေကို အလျှင်အမြန် ဆောင်ရွက်နေတာထက် Mindful ဖြစ်ဖြစ် အဓိပ္ပါယ်ရှိရှိ ... Meaningful ဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းတွေနဲ့ တွဲပြီး ဆောင်ရွက်နိုင်တာကမှသာ ပိုပြီး ရလဒ်ကောင်းတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်သလို မိမိကိုယ် မိမိ စိတ်ကြေနပ်မှုကိုလဲ အပြည့်အဝ ရရှိစေနိုင်မှာ ဖြစ်ပါတယ် ...

Slow Down လုပ်လိုက်ခြင်း အားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျသွားစေနိုင်သလို ... အခြားသူများနဲ့ Connection များကို ဖန်တီးနိုင်ကာ ဆက်ဆံရေး Relationship ကောင်းများကို မြှင့်တင် တည်ဆောက်နိုင်ပါတယ် ... ဘဝရဲ့ ပြည့်စုံမှု ပျော်ရွှင်မှုများကိုလဲ ရရှိစေနိုင်ပါတယ် ...

⭐️ 3. Don’t fill your Stomach …

အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ အတွက် အစားအသောက်ကို ဝပြီး ပြည့်အင့်သွားအောင် အများကြီး မစားသင့်ပါဘူး ... စာလောင်မှုဒဏ် ပျောက်သွားရုံ အစာအိမ်ကို 80% ပဲ ပြည့်အောင် စားသင့်ကြောင်း Ikigai က အကြံပေးထားပါတယ် ...

ဒီလို အလေ့အကျင့်လုပ်ခြင်း အားဖြင့် မိမိတို့ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်သလို အစာခြေဖျက်မှုမှာလဲ အထောက်အကူဖြစ်စေကာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ မြှင့်တင်ပေးနိုင်ပါတယ် ...

⭐️ 4. Surround Yourself with Good Friends …

မိတ်ကောင်းဆွေကောင်း ရှိခြင်းဟာ လောကမှ ဘာနဲ့မှ တန်ဖိုး ဖြတ်လို့ မရတဲ့ အဖိုးထိုက်တန်မှုကို ပိုင်ဆိုင်ထားတာပါပဲ ... ကိုယ့်ရဲ့ ကျရှုံးမှုတွေ အောင်မြင်မှုတွေကို ဝေမျှလို့ ရတယ် ... အကြံဉာဏ်ကောင်းတွေကို ရယူနိုင်တယ် ... ပေါ့ပေါ့ပါးပါး စကားလေးတွေ ပြောလို့ ရသလို စိုးရိမ်ပူပန်မှုတွေကိုလဲ ရင်ဖွင့်လို့ ရသေးတယ် ...

သူငယ်ချင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကောင်းဆုံး ကုစားနိုင်တဲ့ ဆေးကောင်း တစ်လက်လို့တောင် ပြောလို့ ရပါတယ် ... ပျော်စရာရှိ အတူတူ ပျော်ကြပြီး ဝမ်းနည်းစရာရှိ အတူတူ ဝမ်းနည်းကြတာမျိုးပေါ့ ... ဘာပဲ ဖြစ်ဖြစ် စိတ်ကူးယဉ် အိမ်မက်တွေလဲ အတူတူမက်လို့ ရတဲ့ သူငယ်ချင်းတွေ ရှိနေတာကိုက ဘဝဟာ အဓိပ္ပါယ် မဲ့နေတာမျိုး မဖြစ်တော့ပါဘူး ...

အပြန်အလှန် အကူအညီ အ‌ထောက်အပံ့ ဖြစ်တဲ့ Supportive Friends တွေ ရှိ‌နေတာကိုက ဘဝကို ပိုမို ပျော်ရွှင်စေတာ, အထီးကျန်တယ်လို့ မခံစားရတော့တာ, စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ပိုမို တိုးတတ်ကောင်းမွန်လာစေတာ, ဘဝကို Satisfied ဖြစ်တာမျိုးတွေကို ခံစားရရှိစေမှာပဲ ဖြစ်ပါတယ် ...

⭐️ 5. Get in Shape for Your Next Birthday …

ကျန်းမာခြင်းဟာ လဘ်တပါး ဆိုသလို ကိုယ်ကာယ ကျန်းမာ ကြံ့ခိုင်ခြင်းဟာ ရုပ်ပိုင်း ဆိုင်ရာတွင်သာမက စိတ်ပိုင်းဆိုင်ရာ ချမ်းသာခြင်းကိုလဲ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ် ... ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို ကြံ့ခိုင် ကျန်းမာစေနိုင်သလို စိတ်ဖိစီးမှုများကိုလဲ လျော့ကျစေနိုင်ပါတယ် ...

Ikigai မှာတော့ ပြင်းပြင်းထန်ထန် ကိုယ်လက် လှုပ်ရှား အားကစားတွေထက် Body Movement ခန္ဓာကိုယ်ကို ဖြေးဖြေးခြင်း ရွေ့ရှား လှုပ်ရှားတဲ့ Activity လေ့ကျင့်ခန်းတွေကို ပိုပြီး Recommend လုပ်ပါတယ် ... ဒီလို ကိုယ်လက်လှုပ်ရှား အားကစား လုပ်ခြင်းအားဖြင့် စိတ်ခံစားချက် Mood ကို တိုးတတ်ကောင်းမွန်စေခြင်း, Energy ကို Boost ဖြစ်စေခြင်း တို့ကို အထောက်အကူလဲ ဖြစ်စေပါတယ် ...

⭐️ 6. Smile …

ပြုံးပါ ... စိတ်ကို ချမ်းသာ ပျော်ရွှင်အောင် ထားနိုင်မှသာ ပြုံးနေနိုင်မှာ ဖြစ်ပါတယ် ... အပြန်အလှန်အားဖြင့် စိတ်ညစ်စရာတွေကို သိပ် မစဉ်းစားပဲ ပြုံးရွှင်နေနိုင်အောင် လေ့ကျင့်ထားနိုင်ခြင်းဟာ ကောင်းတဲ့ အလေ့အထ တစ်ခု ဖြစ်ပါတယ် ...

ပြုံးခြင်းဖြင့် ဉီးနှောက်က ပျော်ရွှင်ခြင်းအတွက် နာကျင်မှုကို သက်သာစေတဲ့ ဟော်မုန်း Endorphins ကို ထုတ်လုပ်ပေးပါတယ် ... ဒါ့ကြောင့် မကြာခဏ ပြုံးခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေကာ ပျော်ရွှင်တဲ့ ခံစားချက်ကို တိုးပွားစေပါတယ် ... အမြဲ ရွှင်ရွှင်ပြပြ ပြုံးနေခြင်းအားဖြင့် လူချစ် လူခင်လဲ ပေါများစေ သလို ပတ်ဝန်းကျင်နဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန် ဆက်ဆံရေး Positive Interaction ကိုလဲ တိုးပွားစေပါတယ် ...

⭐️ 7. Reconnect with Nature …

သဘာဝတရားနဲ့ ထိတွေ့ခြင်း, Nature ထဲမှာ အချိန်ဖြုန်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာ, ခံစားချက်ပိုင်းဆိုင်, ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ချမ်းသာခြင်းတွေကို များစွာ အထောက်အကူ ဖြစ်စေပါတယ် ...

Randy တို့ ခရီးတွေ ထွက်တဲ့ အခါ သန့်ရှင်းလက်ဆတ်တဲ့ လေတွေ, စမ်းချောင်းက ရေစီးသံလေးတွေ, သစ်တော သစ်ပင်တွေရဲ့ အရိပ်အာဝါသတွေ, နေဝင်ချိန် နေထွက်ချိန်တွေ, ပင်လယ်ကြီးရဲ့ လှိုင်းသံတွေ, သဲသောင်ပြင်က သဲနုနုလေးတွေ, ကျေးငှက် တိရိစ္ဆာန်တွေရဲ့ အသံသာသာလေးတွေ စတာတွေဟာ လူသားတွေရဲ့ Body, Mind & Spirit ကို ပြန်လည် ကုစားပေးနိုင်တဲ့ သဘာဝတရားကြီးရဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ် ...

ဒါတွေ အားလုံးက စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ် ... လူကို ပိုပြီ Relax ဖြစ်စေတယ် ... ပျော်ရွှင်စေတယ် ... လန်းဆန်း တတ်ကြွစေပါတယ် ... အတွေးအခေါ်တွေကို ပိုမိုကောင်းမွန်လာစေသလို Creative လဲ ဖြစ်စေပါတယ် ...

ဒါ့ကြောင့် Nature နဲ့ ပြန်လည် ချိတ်ဆက်ဖို့ အတွက် ခရီးတွေ ထွက်လို့ ရသလို ... ပန်းခြံထဲ သွားတာမျိုး ... အိမ်မှာ ပန်းပင်လေးတွေ စိုက်တာမျိုး ... လမ်းလျောက်ထွက်တာမျိုးတွေ လုပ်လို့ ရပါတယ် ... Nature နဲ့ ချိတ်ဆက်တာက Randy တို့ကို ဘထရီ အားသွင်းလိုက်သလိုမျိုး ခွန်အားတွေ ပြန်လည် ပြည့်ဝလာစေပါတယ် ...

⭐️ 8. Give Thanks …

ကျေးဇူးတင်တတ်ခြင်း အလေ့အကျင့်ကို မွေးမြူထားခြင်းဟာ ဘဝကို အပြုသဘောဆောင်တဲ့ ဘက်က ပိုပြီး ရှုမြင်တတ်စေပါတယ် ...

သဘာဝတရားကြီးရယ် ... ဘိုးဘေးဘီဘင် Ancestor စောင့်ရှောက်သူတွေရယ်က လူသားတွေ အသက်ရှင်ဖို့ လေတွေ, ရေတွေ, စားသောက်စရာတွေ, နေထိုင်စရာ မြေတွေ စသည်ဖြင့် လိုအပ်တာတွေကို ဖြည့်စီးပေးထားခဲ့တဲ့ အတွက် အရံသင့် ကျွန်တော်တို့ အသက်ရှင်နေထိုင်ရတာ အရမ်းကို ကံကောင်းသလို ကျေးဇူးတင်စရာလဲ ကောင်းလှပါတယ် ...

Randy တို့မှာ မရှိတဲ့ အပိုင်ဆိုင်တဲ့ အရာတွေ, Negative Side တွေမှ ‌ရှောင်ဖယ်ပြီး မိမိတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေ, အပြုသဘော‌ဆောင်တဲ့ ဘက်မှ ကြည့်တတ် မြင်တတ်ကာ ကျေးဇူးတင်တတ်မယ် ဆိုရင် ပေါကြွယ်ဝတဲ့ ဘဝ Abundance Life ကို ဉီးတည်လာစေနိုင်ပါတယ် ...

ကျေးဇူးတရား Gratitude ကို လက်ကိုင်ထားခြင်းဟာ အေးချမ်းမှု, ပျော်ရွှင်မှုကို ပိုမို တိုးပွားလာစေနိုင်သလို တစ်ဉီးနှင့် တစ်ဉီး ပေါင်းသင်း ဆက်ဆံရေး ခင်မင်မှု Relationship ကိုလဲ ပိုမို တိုးတတ်လာစေနိုင်ပါတယ် ... ဒါ့အပြင် Mental Health ကိုလဲ ပိုမို ကောင်းမွန်လာစေနိုင်ပါတယ် ...

⭐️ 9. Live in the Moment …

အတိတ်ကို နောင်တရခြင်း အနာဂါတ်ကို တွေး ပန်ပူခြင်းက ရပ်တန့်ပြီး လက်ရှိအချိန်လေးမှာ အကောင်းဆုံး အပျော်ဆုံး နေထိုင်နိုင်တာကမှ ကျွန်တော်တို့ ပိုင်ဆိုင်ရသမျှထဲမှာ တန်ဖိုးအရှိဆုံး အချိန်အခိုက်အတန့်လေးတွေပဲ ဖြစ်ပါတယ် ...

သူ့အချိန်နဲ့သူ အိပ်ချိန်တန်ရင် အိပ်ပျော်အောင် အိပ်မယ် ... နိုးထရမဲ့ အချိန်တန်ရင် နိုးထလာမယ် ... စားချိန်တန်ရင် စားပြီး အလုပ်လုပ်ချိန်တန်ရင် အလုပ်ကို အကောင်းဆုံးလုပ်လိုက်မယ် ... ဆိုတာက လက်ရှိ ပစ္စုပ္ပန် အခြေအနေ အချိန်အခါကို မူတည်ပြီး ကောင်းကောင်းအသုံးချလိုက်နိုင်တာပဲ ဖြစ်ပါတယ် ...

Mindful Practice ကို လေ့ကျင့်ကာ ပစ္စုပ္ပန်မှာ စိတ်ကို ဖွင့်ထားပြီး စူးစမ်းလိုစိတ်နဲ့ မိမိတို့ရဲ့ ခံစားချက်တွေ, အတွေးတွေ, အာရုံငါးပါးက အထိအတွေ့ စတာတွေကို ဘာ Judgment မှ မပါပဲ အသိ သတိ Awareness အားကောင်းကောင်းနဲ့ သိနေရမှာပဲ ဖြစ်ပါတယ် ...

မိမိတို့ရဲ့ စိတ်လေးဟာ အေးချမ်းနေတာလား, ပူပန်နေတာလား, လောဘတွေ ဖြစ်နေတာလား, မနာလို ဝန်တိုနေတာလား, သိမ်ငယ်နေတာလား, ဝမ်းနည်းနေတာလား စသည်ဖြင့် သိရှိပြီး ဒီခံစားချက်တွေကြောင့် နောက်တစ်ဆင့် မိမိရဲ့ အပြုအမူ တုန့်ပြန်မှု ပုံစံတွေဟာ ဘယ်လို ဆက်လက် ဖြစ်ပွားနေလဲ ဆိုတာကို သတိထားရမှာပဲ ဖြစ်ပါတယ် ...

⭐️ 10. Follow your Ikigai …

မိမိတို့ ကိုယ်ပိုင် အီကီကိုင် ဆိုတာကတော့ မိမိတို့ ချစ်မြတ်နိုးတဲ့ အရာ ... မိမိတို့ ကျွမ်းကျင်တဲ့ အရာ ... ကိုယ်လုပ်နေတဲ့ အရာတွေအတွက် ငွေကြေး ဖန်တီးပေးနိုင်တဲ့ အရာ ... ကမ္ဘာကြီးက တကယ် လိုအပ်နေတဲ့ အရာ စတဲ့ ဒီအချက် (၄) ချက် စုံတဲ့ နေရာကို ပြောတာ ဖြစ်ပါတယ် ...

တနည်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင် ပင်ကိုယ်အရည်အသွေးတွေ ... ကိုယ့်ရဲ့ စိတ်အားထက်သန် တတ်ကြွမှု အများဆုံး ဖြစ်တဲ့ အရာတွေ ပေါင်းစပ်ပြီး လုပ်ရတဲ့ အလုပ်တွေကို လုပ်ပါလို့ ပြောချင်တာ ဖြစ်ပါတယ် ... ကိုယ့်ရဲ့ Ikigai နဲ့ ကိုယ့်ရဲ့ ဘဝကို Align လုပ်ခြင်းအားဖြင့် ဘဝကို ပြီးပြည့်စုံတယ်လို့ ခံစားရမှု, ရှင်သန်ရတာ အဓိပ္ပါယ် ရှိတယ်လို့ ခံစားရမှုတွေကို ရရှိ ပိုင်ဆိုင်လာမှာပဲ ဖြစ်ပါတယ် ...

⭐️ ဒီ Ikigai အချက် ၁၀ ချက်ကို လိုက်နာ ကျင့်သုံးခြင်းအားဖြင့် ပျော်ရွှင်မှု, ကျန်းမာမှု, အဓိပ္ပါယ် ပြည့်စုံမှု တို့ကို ပျိုးထောင် တည်ဆောက်လာနိုင်မှာပဲ ဖြစ်သလို မြင့်မားတဲ့ ဘဝအနှစ်သာရ High Quality of Life ခံစားရမှာပဲ ဖြစ်ပါတယ် ...

Ref: Ikigai Book …

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …

22/04/2026

ချစ်စရာကောင်းတာလေး တစ်ခုပြမယ် 😻

20/04/2026

🤍🩶🖤

Photos from Myo Thiha Kyaw's post 19/04/2026

ကျောက်ဆည် မဟာရွှေသိမ်တော်ဘုရား မှာ

အောင်ပွဲကပ်ပြီး Randy နဲ့ ဆက်စပ် သမျှ အားလုံးအတွက်

ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး၊ အချစ်ရေး အဆင်ပြေအောင်

အစစ Abundance ဖြစ်အောင်၊ ဘေးဘရာတွေ ဝေးကွာအောင် ဆုတောင်းပေးခဲ့ပါတယ် … 🙏🏻🙏🏻🙏🏻

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Patio Village Rama 2 Soi 33 Bang Mot
Bangkok
10150