Ye Htet's Blog

Ye Htet's Blog

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ye Htet's Blog, เว็บไซต์เพื่อการศึกษา, Bangkok.

13/12/2025

ကျွန်တော်တို့မှာ လူရယ်လို့ဖြစ်လာရင် မိဘနှစ်ပါး အတွက်ကလွဲရင် ဘယ်သူ ဘယ်သူ့ကိုမှ ကူညီဖို့ တာ၀န် မပါလာဘူးဆိုတာ တဖြေးဖြေးနားလည်လာတယ်။ အဲ့ဒါနဲ့တစ်ပြိုင်တည်း ကိုယ့်ကို ကူညီပေးခဲ့တဲ့သူတွေကို တကယ်ကို စိတ်ထဲကနေ ကျေးဇူးတင်မိလာတယ်။ အထူးသဖြင့် ကိုယ်ခက်ခဲနေတဲ့အချိန်မှာ ကိုယ်ပိုင် အချိန်တွေပေးပြီး တကူးတက ကူညီပေးခဲ့တဲ့ စီနီယာတွေ မိတ်ဆွေတွေကြောင့်သာ လိုရာခရီးကိုရောက်ခဲ့ရတာ။

တစ်ဦးမေတ္တာ တစ်ဦးစေတနာဆိုသလိုဘဲ ကျွန်တော်လည်း တတ်နိုင်သလောက် ကိုယ်သိတဲ့အရာတွေကို မျှ၀ေဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် ကိုယ်ပိုင်အချိန်တွေဖဲ့ပေးရပေမယ့် စိတ်ချမ်းသာမှုကိုပြန်ရတယ်။ အရာရာ ပျော်စရာမရှိတဲ့ အခုလိုအချိန်မှာ ကိုယ်သိတဲ့အရာနဲ့ ပျော်ရွှင်မှုပြန်မှုရတာ ဘယ်လောက်တောင် စိတ်ချမ်းသာရလဲ။ တစ်ချို့ကျတော့လည်း ဒါကိုမှ အခွင့်အရေးလိုမျိုး ပြောလာတဲ့အခါ အပူကိုမယူဘဲ တတ်နိုင်သမျှ သူတို့ဘေးနားကနေ တိတ်တဆိတ်ဘဲထွက်သွားလိုက်တယ်။

အရင်ကတော့ စိတ်ထဲကနေဘဲ တစ်ချို့အရာတွေကို ကျေးဇူးတင်ခဲ့ပေမယ့် အခုမှာတော့ နှုတ်ကနေလည်း ကျေးဇူးတင်ကြောင်းပြောပြီး သူတို့စေတနာကို အသိအမှတ်ပြုမိအောင် နေပါတယ်။ ဒါက ကောင်းသော အလေ့အကျင့် တစ်ခုဘဲဆိုတာ တဖြည်းဖြည်းနာလည်လာပြီး အနည်းဆုံးတော့ ကျွန်တော့်ကို စေတနာနဲ့ ကူညီပေးတဲ့သူတွေမှာ ပီတိလေးတော့ ရသွားမှာပါ။🙏🙏🙏

07/12/2025

တိုးတိတ်သော ဆောင်းလေအေးများက
နှလုံးသားထဲက အလွမ်းမီးဖိုရဲ့ အပူဓာတ်ကို...
မကျော်လွှားနိုင်။

အဝေးဆီသို့ ငေးမောကြည့်မိတော့
ဖြူဖွေးသော နှင်းပွင့်များကြား
အနွေးထည်လေးနဲ့ သူမတစ်ယောက် လှပနေလေရဲ့။

"နွေးနွေးထွေးထွေး ဝတ်ပါလေ... ကျန်းမာရေးကို ဂရုစိုက်" ဟု
ခပ်ဖွဖွ မှာချင်ပါသော်လည်း
ကံတရားက ဆုံစည်းခွင့်ကို ပိတ်ဆို့ထားဆဲ။

မပြီးဆုံးသေးတဲ့ ဒီခရီးလမ်းမှာ
သူမကရော ကိုယ်နဲ့ ဝေးရာ ဘာတွေများ လုပ်နေမလဲ။
မနှစ်ကလိုပင် ထပ်ပြီး တမ်းတကာ အသံပြုမိသည်...

"လွမ်းရပါသော ဤဆောင်းနှင်းဟေမန်။"

17/04/2025

အခုလို မြန်မာနှစ်သစ်ကူး ကာလမှာ မြန်မာပြည်သူတွေ အစစအရာရာအဆင်ပြေပြီး ကောင်းကျိုးချမ်းသာများပြည့်စုံပါစေ။ သဘာ၀ဘေး အန္တရာယ်များနှင့်လည်း ကင်း၀ေးကြပါစေ။ ပြည်သူများလိုလားသော ပန်းတိုင်အသီးသီးများဆီသို့လည်း အမြန်ဆုံးရောက်နိုင်ပါစေလို့ နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်။

Image Source: https://www.istockphoto.com/vector/thingyan-burmese-new-year-festival-water-festival-in-burma-vector-illustration-gm1134842388-301691137

03/04/2025

မွေးရပ်မြေက ငလျင်ဘေးအတွက် နိုင်သလောက်လေး ကနေဦး ပါဝင်ကူညီခဲ့ပါတယ်။

Be strong Myanmar

02/04/2025

ဒီအချိန်မှာ​ မြန်မာပြည်အတွက် ကျိန်စာသင့်နေသလိုပါဘဲ စစ်ဘေး သဘာ၀ဘေးတွေနဲ့ ကိုယ့်နိုင်ငံ နလန်ထူနိုင်ပါအုန်းမလားတောင် စိုးရိမ်ရတယ်။ အရာရာအအဆိုးဆိုးကြုံပြီးရင်တော့ ရောင်နီပြန်လာအုန်းမှာပါ။ မြန်မာပြည်သူမြန်မာသားတို့ ဘေးအန္တရယ်ကင်း၀ေးကြပါစေ။

Be Strong Myanmar!!

02/03/2025

ကျောပိုးအိတ် တစ်ခုကိုလွယ်ပြီး အိမ်ထဲကထွက်လာခဲ့တယ်။ လမ်းမပေါ်ကို ရောက်တော့ တွေ့တဲ့ ကားကိုတက်စီး ပြတင်းပေါက်ကို ငေးရင်းစီးလာခဲ့တယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့။ မြို့တစ်မြို့ရောက်တော့ စားဝတ်နေရေးအတွက် ကြုံရာ အလုပ်လုပ်ရင်း အိမ်က ပြောတာသတိရလိုက်မိတယ် တစ်ချိန်ကျရင် အိမ်ပြန်လာရမှာပါတဲ့ ဟုတ်ပါတယ် တစ်ချိန်ပေါ့ ....

မြို့တစ်မြို့ကနေ နောက်မြို့တွေကိုသာ ကူးပြောင်းခဲ့တယ် အိမ်ပြန်ဖို့ ကားတွေကတော့ မရှိသေး .. ခက်လှပေစွ။ ကမ္ဘာလောကကြီးကို ကြည့်တော့လည်း သူ့အပူတွေနဲ့သူ ဆရာတွေကလည်း အများသား သူမှန်တယ် ငါမှန်တယ်တဲ့နဲ့။ ကိုယ်တွေရပ်ကွက်ဘက်ကိုလှည့်ကြည့်မိတော့ ဗလာနိတ္ထိ မဖြစ်ရုံတစ်မယ်ဘဲကျန်တော့တယ်။

တကယ်တော့လောကပန်းချီက ခြယ်မှုန်းရတာ ထင်ထားတာထက်တောင်ခက်သေး။ ကိုယ်ဆွဲချင်တာ တစ်မျိုး ပုံပေါ်လာတာကတစ်မျိုး ရယ်စရာ ကောင်းသား။ ခရီးတစ်ထောက်တော့နားပြီးပြီ ကျောပိုးအိတ်ပြန်လွယ်လို့ နောက်တစ်နေရာ ခရီးဆက်တာပေါ့ ရောက်တဲ့အရပ်က ကိုယ့်အိမ်ဘဲ။

တကယ့်အိမ်ပြန်ဖို့ကတော့ လာမည်ကြာမယ်မျှော်ပေါ့ ဒါကျွန်တော့်တို့ ရပ်ကွက်က လူငယ်တိုင်းရဲ့ အဖြစ်မဟုတ်လား မထူးဆန်းပါဘူးလေ။

03/12/2024

တွေးမိတွေးရာ (၁)

အရင် အပတ်တွေတုန်းက အချိန်ပိုင်း ညပိုင်း လူနာစောင့်အလုပ်ရတော့ တစ်ခါမှမတွေးဖူးတဲ့ အတွေးတစ်ချို့ ကျွန်တော့် ခေါင်းထဲဝင်လာတယ်။

နေ့တိုင်းလိုလို ဘာတွေတိုးတက်အောင်လုပ်မလဲဘဲတွေးနေတာ မေ့နေတာကတော့ ကျွန်တော့် ဘဝနောက်ဆုံးချိန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာဘဲ။

အလုပ်လုပ်နေရတဲ့ ကာလတစ်လျှောက်လုံး လူနာနေရာ ဝင်ခံစားကြည့်တော့ ဘ၀တစ်လျှောက်လုံး စိတ်သွားတိုင်း ကိုယ်ပါဖြတ်သန်းလာတာ နေဝင်ချိန်မှာတော့ စိတ်သွားတိုင်းကိုယ်မပါတဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါ လက်ခံဖို့ဆိုတာ အတော်ခက်ခဲတာဘဲဆိုတာ မြင်လာမိတယ်။ တရားမှတ်ရင် ရတာပေါ့ဆိုပြီး အပြောကတော့လွယ်ချင်လွယ်မယ် လက်တွေကျတော့ ကျင့်ဖို့ အခက်သားလှဘဲ။

အလုပ်စစလုပ်ရတုန်းက လူနာက တစ်ညလုံး မနားတော့ စိတ်ညစ်ပေမယ့် ငါသာ သူ့နေရာမှာဆိုတဲ့ အတွေးမျိုး၀င်လာတဲ့အခါ အလုပ်လုပ်ရတာက အစစအရာရာချောမွှေ့သွားတယ်။

ကြားဖူးနေကြစကားလုံးပေဆိုပေမယ့် မျက်မြင် သိလိုက်ရတာကတော့ ဘဝ နောက်ဆုံးအချိန်ဆိုတာ ဖြတ်သန်းဖို့ဆိုတာ စကားလုံးတွေဆိုတာ အများကြီးအားပို စိုက်ထုတ်ရတယ်ဆိုတာဘဲ။ ဒါပေမယ့်လည်း ကျွန်တော်အပါအဝင် လောကကြီးကတော့ လောဘ ဒေါသ မောဟတွေ ငါဆိုတဲ့ အတ္တစွဲတွေနဲ့ ဆက်ပြီး ကျင့်သားရနေအုန်းမှာပါ။

အခုတော့ အချိန်ပိုင်းလုပ်နေကြနေရာလည်းသွားစရာမလိုတော့ဘူးပါဘူး။ ဒါပေမယ့် အဲ့အချိန်ကာလတုန်းကရခဲ့တဲ့ အသိတရားတွေက ကျွန်တော့်ရဲ့အတွေးအခေါ်ကို တော်တော်ပြောင်းစေခဲ့လို့ ကျွန်တော့်ကိုအလုပ်ပေးခဲ့သူတွေကိုတော့ အမြဲသတိရနေမိမှာပါ၊

12/11/2024

လွမ်းရပါသော ဒီဆောင်းနှင်းဟေမန်

မြူနှင်းတွေစိုင်း
တုန်ချမ်းခိုက်တုန် မနက်ခင်းတိုင်းမှာ
အနွေးထည်လေးနဲ့ လျှောက်လှမ်းနေကျ
ဆောင်းအလှကို
ဘယ်တော့အခါမှ မေ့မည်မဟုတ်။

ဆောင်းလေအေးတွေလည်း
တသုန်သုန်တိုက်နေတယ်။
နွေးနွေးထွေးထွေး နေဖို့တော့
ဆောင်း လုံး၀မမေ့ပါနဲ့။

အလွမ်းနှင်းတွေကြား
ကော်ဖီပူပူလေးကို အဖော်ပြုရင်း
မျက်လုံးလေးမှိတ်လိုက်မိတော့
တို့နှစ်ယောက် ဇတ်လမ်း
အမြင်အာရုံဆီ
ရုပ်ရှင်ဇတ်ကားတစ်ခုလို
မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတယ်။

အဆွေးရုပ်ရှင်ကို မကြည့်ချင်ပေမယ့်
၀မ်းနည်းစရာ ဇတ်သိမ်းအထိ
ပြုံး၍သာ
ထပ်ခါထပ်ခါ ပြန်ကြည့်နေမိတယ်။

ချစ်ရပါသော ဒီဆောင်းနှင်းဟေမန်

Rainne

10/11/2024

ကော်ဖီ လို့ပြောရင် တစ်ချို့တွေက ကော်ဖီခါးခါးလေးကိုကြိုက်ကြလေရဲ့။☕☕
ကော်ဖီခါးခါးလေးအစား မခါးမချိုအရသာလေးနဲ့ ကော်ဖီနဲ့သင်းသင်းလေးကို ကျွန်တော်ကတော့ ပိုနှစ်သက်သည်။
မိုးလေး အေးအေးလေးအချိန်အခါဟာ ကော်ဖီချစ်သူအတွက် အချိန်ကောင်းလေးပေါ့

ဒါပေမယ့်လည်းရန်ကုန်မှာရှိတုန်းက အလုပ်မသွားခင် မနက်တိုင်း ထမင်းစားပွဲမှာ အမြဲရှိနေတတ်တဲ့ ကော်ဖီပူပူလေးတစ်ခွက်ကိုတော့ အခုဆို မနက်တိုင်းသတိရနေမိသည်။ မိသားစု ကော်ဖီဝိုင်းဆိုပြီး သားအမိသားအဖသုံးယောက် ရုံးပိတ်ရက်တိုင်း ကော်ဖီသောက်ရင်း ရောက်တက်ရာရာ ပြောကြဆိုကြတဲ့အခိုက်အတန့်ဟာ အလွမ်းရဆုံး အချိန်ဖြစ်လာမယ်လို့ အဲ့တုန်းကတော့ မတွေးမိတာကိုတော့ ဝန်ခံပါရစေ။အိမ်မှာကော်ဖီကို ဒိုင်ခံဖျော်ပေးသူက အဖေဖြစ်ပြီးကျွန်တော်နဲ့အမေကတော့ အဖေဖျော်ပေးတဲ့ ကော်ဖီကို မသောက်ရရင် တစ်ခုခုလိုအပ်နေသလိုပင် ဟုပြောလေ့ရှိသည်။

ကော်ဖီတစ်ခွက်နဲ့ အမြဲ ဟာသပြောသောအမေကြောင့် မိသားစုကော်ဖီဝိုင်းကအမြဲရယ်မောနေရသည်မှာပါးစပ်ပင်မစိနိုင်။အခုတော့ ကော်ဖီဟုဆိုသော မေတ္တာကော်ဖီတစ်ခွက်နဲ့ဝေးနေရသည်မှာ ၂နှစ်ကျော်ခဲ့ပြီပေါ့။ ကော်ဖီကောင်းကောင်းများကိုသောက်ဖူးသော်လည်း အဖေ ဖျော်ပေးတဲ့ကော်ဖီနဲ့ အမေ့ဟာသတွေကိုတော့ ဘယ်အရာက အစားထိုးနိုင်မှာလဲ

တစ်နေ့ အိမ်ပြန်ဖြစ်လျှင် အဖေ့ကိုကော်ဖီဖျော်ပေးဖို့ ပူဆာပြီး အမေ့ကို ရယ်စရာများ ပြောပေးဖို့ ပူဆာ အုံးမည်။
အခြားလူငယ်များနည်းတူ အဝေးရောက်နေသော ကျွန်တော့်အဖို့ မြန်မာပြည် အပြန်ခရီးကား ဘယ်ဆီဘယ်ဝယ်မှန်းမသိနိုင်တော့ပေ။

14/07/2024

ထိုင်းနိုင်ငံကိုရောက်ရှိကာစ ၂၀၁၇ မှာ တန်းစီရခြင်း အနုပညာတွင် အရှက်တကွဲ အကျိုးနည်းဖြစ်ဖူးသည်။ အဖြစ်ကတော့ ဒီလို

ထိုင်းတွင်ကျောင်းတက်စဥ်က ကျွန်တော်တို့ကျောင်းမှာ shuttle bus လေးတွေရှိပြီး shuttle bus နံပါတ် ၁,၂,၃,၄,၅ ဆိုပြီးရှိတယ် ကျွန်တော်တက်စီးမယ့်ကားကတော့ နံပါတ် ၅ဖြစ်ပြီး ကျောင်းတက်ပထမဆုံးနေ့ဆိုတော့ အူလည်လည်နဲ့ ကားဂိတ်မှာကားသွားစောင့်နေတယ် လူတွေတန်းစီမှန်းတော့သိပေမယ့် စီနေတဲ့ လူတန်းက တခြားနံပါတ်တွေကို စီနေတယ်လို့ထင်နေမိတာ အဲ့လိုနဲ့ ကားလည်းရောက်ရော ခပ်တည်တည်နဲ့ ကားပေါ်တက်လိုက်တော့ ကားသမားကအစ တန်းစီနေတဲ့လူတွေရဲ့ အကြည့်တွေကိုရင်ဆိုင်ရပြီး ကိုယ့်ကိုယ်ကိုယ် ရှက်မိလေရဲ့ မြန်မာပြည်မှာ တန်းစီလေ့မရှိဘဲ ကားပေါ်တိုးတက်တာ အကျင့်ဖြစ်ပေမယ့် အခုတော့ ရှက်မိပြီး ကားပေါ်ကနေပြန်ဆင်းပြီး တန်းစီနေတဲ့လူတန်းနောက်မှပြန်သွားတန်းစီနေမိတယ်။ အဲ့တော့မှဘဲ သက်ပြင်းချနိုင်တော့တယ်။

နောက်တစ်ခါအရှက်မကွဲအောင် သတိထားရမယ်ဆိုတဲ့အတွေးများနှင့်..... အတွေ့အကြုံကောင်းတစ်ခုရမိလေသည်။

12/07/2024

Chulalongkorn University ကနေ Scholarship Result တွေထွက်ပြီနော် scholarship ရသူတွေအားလုံး Congratulation ပါ။

28/05/2024

ချူလာလောင်ကွန်း ကျောင်းမှာ မာစတာအတွက် Scholarship လျှောက်ဖို့ အတွက် study plan ကို ကျွန်တော်ဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာ အတွေ့အကြုံလေးဝေမျှပေးပါရစေ။

(၁) ကျောင်းကသတ်မှတ်ထားတဲ့ format ရှိရင် အဲ့ format အတိုင်း ဝင်အောင်ရေးပါတယ်။ သတ်မှတ်ထားတဲ့ format မရှိရင်လည်း google ကနေ သင့်တော်တဲ့ template တစ်ခုကို reference လုပ်ပြီးရေးနိုင်ပါတယ်။ Academic ပိုင်းကိုပြင်ဆင်တာဖြစ်တဲ့အတွက် citation လုပ်တာက အစ သေသေချာချာပြင်ဆင်ပြီးလုပ်စေချင်ပါတယ်။

(၂) ကိုယ် thesis လုပ်ချင်တဲ့ field ကို သေချာစဥ်းစားပါ။ စဥ်းစားပြီးရင် နောက်ထပ်အဆင့်အနေနဲ့ ကိုယ်လျှောက်မယ့် department ရဲ့ ဆရာ ဆရာမတွေရဲ့ profile ကို သေချာလိုက်ဖတ်ပါ ။ ကိုယ်စ်ိတ်ဝင်စားတဲ့ research field နဲ့ ကိုက်ညီတဲ့ ဆရာကို ရွေးချယ်ပါတယ်။ ပြီးတော့ google scholar မှာဆရာရဲ့ publication တွေကို သေချာလိုက်ဖတ်ပြီး ဆရာရဲ့ စိတ်ဝင်စားနေတဲ့ research trend ကိုသေချာလိုက်ဖတ်ပါတယ်။ ပြီးတော့ ကိုယ်စိတ်ဝင်စားတာလည်းဖြစ်ရမယ် ဆရာသွားနေတဲ့ research trend လည်းကိုက်ညီရမယ့် study plan ကို format ကျကျပြင်ဆင်ပါတယ်။ ကျွန်တော့်အယူအဆကတော့ study plan က scholar ဆုအတွက် အသက်သွေးကြော တစ်ခုပါဘဲ။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok