Su Su Swe-မယ်စုစုေဆွ

Su Su Swe-မယ်စုစုေဆွ

แชร์

Let share about politics and Educational opportuneness

25/11/2025

Houston ကိုမပြောင်းလာသင့်တဲ့အချက်

Texas ပြည်နယ် Houston မြို့ကို မပြောင်းလာသင့်တဲ့အချက်တွေတင်ပေးပါမယ်။
(1) ပူတယ်။ မန္ဒလေးလို၊ အညာဒေသလိိုပူတယ်လို့ပြောကြပါတယ်။ June ကနေ စက်တင်ဘာလကုန်အထိ ပူပါတယ်။ ဒီနေ့ဒီ post ရေးချိန် (11/22/25) မှာတောင် အပူချိန် 80 ရှိတယ်။ နွေရာသီမှာအပူချိန် 100 degrees (Fahrenheit) ကျော်လည်းရှိတက်တယ်။ Snow လည်းမကျပါဘူး။ Snow ကြိုက်တက်တဲ့သူ၊ အေးတဲ့နိုင်ငံမှာမွေးတဲ့သူ၊ အပူမကြိုက်တဲ့သူအတွက်အဆင်မပြေပါ။
(2) ကားမောင်းရမယ်။ Public transportation ကမရှိသလောက်ရှားပါတယ်။ လူတိုင်းကားမောင်းရပါတယ်။ NYC လိုကားဝယ်စရာမလိုပဲ နေလို့အဆင်မပြေပါဘူး။
(3) ကားလမ်းရှုပ်တယ်။ 26 lanes ရှိတဲ့ highway မှာ speed 85 နဲ့မောင်းဖို့ကြောက်ရင် အဆင်မပြေဘူး။ နှစ်စဉ်သိန်းချီတခြားပြည်နယ်ကလူတွေလာပြောင်းကြတာမို့ ကားလမ်းအသစ်လည်းအမြဲတမ်းဆောက်နေရတယ်။ ကားလမ်းလည်းပိတ်မယ်။
(4) အရမ်းကျယ်တယ်။ Texas ပြည်နယ်က မြန်မာပြည်နီးနီးကြီးပါတယ်။ တစ်နေရာနဲ့တစ်နေရာ အဝေးကြီးသွားရပါတယ်။ Houston Metro ရဲ့အကျယ်အဝန်းက 10,062 square miles ရှိတယ် (ရန်ကုန်တိုင်း ရဲ့ ၃ဆနီးပါး?)။
(5) သဘာဝဘေးအန္ဒရယ်။ Tornado နဲ့ Hurricane တွေလည်းရှိတက်တယ်။ Tornado လာရင် မီးလည်းပျက်တက်တယ်။ တချို့မြေနှိမ့်ပိုင်းရပ်ကွက်တွေမှာ flooding တွေလည်းဖြစ်နိုင်တယ်။
(6) အထီးကျန်ခံရမယ်။ Houston ရဲ့ suburb မြို့တွေမှာနေရင် သီးသန့်စီနေကြတာမို့ နေ့တိုင်းအတင်းတုတ်ချင်တဲ့သူတွေအတွက်အဆင်မပြေ။
(7) တခြားပြည်နယ်က မြန်မာတွေအထင်သေးတာခံရမယ်။ Texas မှာနေရင် တောသားလို့အခေါ်ခံရလိမ့်မယ်။ လူတိုင်းသေနတ်ကိုင်ပြီးလမ်းလျှောက်ထွက်ကြတယ်လို့ထင်ကြလိမ့်မယ်။ ပညာမတတ်ဘူးလို့အထင်ခံရမယ်။ Cowboy ဦးထုပ်ဆောင်း၊ မြင်းစီးပြီး ဈေးထွက်ဝယ်ကြတယ်လို့အထင်ခံရမယ်။ ဝင်ငွေတစ်နာရီကို $7.25 ပဲရတယ်လို့အထင်ခံရလိမ့်မယ်။ အဖြူတွေပဲနေတဲ့နေရာ၊ အာရှသားတွေမရှိဘူး၊ လူမျိုးခွဲ့ခြားတဲ့နေရာ၊ သဲကန္တာရမှာ တစ်ယောက်တည်းနေတဲ့သူလို့အထင်ခံရမယ်။ ဆင်းရဲတယ်လို့အထင်ခံရမယ်။ The list goes on 🤣။

စိတ်ဝင်စားရင် ပြောင်းလာသင့်တဲ့အချက်တွေလည်းတင်ပေးပါမယ်။

အားလုံးအဆင်ပြေကြပါစေ။
I live to unlock your dream home
Peter Lin — Elite Agent & CIPS
Houston, Texas — USA 🇺🇸
ΓEA⅃ Brokerage LLC
Cell: 346- 582-2906

25/11/2025

လွမ်းတယ်ရှင့်

စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် အနားပေးခံလိုက်ရတယ်လို့ နေပြည်တော်က သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုအတည်ပြုပါတယ်။

စစ်ဦးစီးအရာရှိချုပ်(လေ)နေရာကို အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း ရောက်လာပါတယ်။ လေတပ်မှာ ကာကွယ်ရေးဦးစီးချုပ်(လေ) ပြီးရင် စစ်ဦးစီးအရာရှိချုပ်(လေ)က အမြင့်ဆုံးဖြစ်ပါတယ်။

“ကိုဇော်ဝင်းမြင့်ကို တရုတ်သံအမတ်ကြီးအဖြစ် လျာထားတယ်။ဘာကြောင်းအနားပေးခံရလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး” လို့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ နိုဝင်ဘာ ၂၅ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/c62ljg130n9t ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #စစ်ဦးစီးအရာရှိချုပ် #ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်

Photos from Su Su Swe-မယ်စုစုေဆွ's post 05/10/2025

တလအနုပညာရှင်တွေ အားလုံး အဆင်ပြေပါစေရှင်

မျိုးဆက်သစ်တွေ ရွှေထီးဆောင်းအောင် ဆက်ကြိုးစားဖို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ပြောကြား 13/08/2025

https://youtu.be/tm7Cq3xUuYU?si=Nd-lhYG-H72Bv8o1

မြေပြင်က ရဲဘော်တွေတော့ ဘယ်လိုထင်ကြလဲမသိဘူး။ ကျမကတော့ နားထောင်ပြီးတော့ အပြောကောင်းလိုက်တာလို့ မှတ်ချက်ချပါတယ်။

ဒါပေမဲ့ ၀တ်ရည်လေး သင်ပေးခဲ့တဲ့စကားကိုတော့ ယူသုံးသွားပါတယ်။

မျိုးဆက်သစ်တွေ ရွှေထီးဆောင်းအောင် ဆက်ကြိုးစားဖို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ပြောကြား မျိုးဆက်သစ်တွေ ရွှေထီးဆောင်းအောင် ဆက်ကြိုးစားဖို့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ပြောကြား--------------------အမေရိကန် ပြည်.....

08/08/2025

၀မ်းသာပါတယ်

ဒီနေ့ည ည ၈ နာရီတိတိမှာ Daung's LIVE in Melbourne လက်မှတ်များကို စတင် ရောင်းပါမယ်။

အခုဆိုရင် မိနစ် ၂၀ ခန့်သာ လိုပါတော့တယ်။

DAUNG - ဒေါင်း
-Memories
Hz

-Peachick
'sAusiTour25

08/07/2025

Gender role ကို ဘယ်လို တိုက်ယူ လက် ေတွ့ကျင့်သုံးခဲ့လဲဆိုတာကို မကြာ မကြာ တင် ေပး ေနရမဲ့ ပို့ တစ်ခုဆိုရင် မှန်လိမ့်မယ်။ ဘာလိုဆို ေန့တိုင်းပဲ Gender discrimation ကျား မ ခွဲခြားဆက်ဆံ ရေး တှေ ကွား နေရတာ ကိုယျ တှေ လေ့လာခဲ့တဲ့ အနှစ် ၂၀ အတွင်းရယ် အခုထိရယ် ရင်ဆိုင် ေနရတုန်းဆို။

ကျမအတွက် Gender role ဆိုတာ ကိုယ်တိုင်ကျင့်သုံးခြင်းဖြစ်တယ်။ သူများပေးမှ Vissible role မှာ ရှိနေရမှာမဟုတ်ဘူး။ သူတို့ကလည်း ဘယ်တော့မှ ​တကူးတကမ​ေပးဘူး။ အခုဆိုပိုဆိုးလာပါတယ်။ အရင်က အမျိုးသမီးပါဝင်မှု အနည်းဆုံး ၃၀ % ထည့်ရတယ်ဆိုတာ Doner policy ကြောင့်ပါ။

ကျမရဲ့ မေ့မရတဲ့ အတွေ့အကြုံနဲ့ ကျမကျင့်သုံးခဲ့တဲ့ ကျားမတန်းတူညီမျှရေးကို ဒီဓါတ်ပုံရဲ့နောက်ကွယ်မှာ အကြောင်းအရာရှိတယ်။ ပထမက အဲဒီပွဲမှာ ကျမက စာတမ်းဖတ်မလို့ပါ။ ဒါပေမဲ့ ပင်တိုင်ဆွေးနွေးဝိုင်းမှာ Penalists တွေကို ကြည့်လိုက် အမျိုးသားတွေကြီးပဲ။ ဒါနဲ့ ကျမတို့တသ်ာရီတိုင်းက လုပ်ဖော်ဆောင်ဖက် အမျိုးသား Male Counterpart တွေကို ကျမပြောတယ်။ ဆရာ ဒီမြင်ကွင်းကို ကျမမကြိုက်ဘူး။ကျမစာတမ်းဖတ်လို့ မဖြစ်ဘူး ဆရာကစာတမ်းဖတ်၊ ဆရာနဲ့ ကျမ နေရာ ( အလုပ်တာဝန်) လဲရအောင်ဆိုတော့ ဘိတ် ၈၈ က ဆရာက ဟုတ်ကဲ့ခင်ဗျားတဲ့။ အဲဒါကြောင့် ဒီဓါတ်ပုံမှာ အမျိုးသမီးမြင်ရတာပါ။ Penalist က အမျိုးသားတွေကြီးပေမဲ့ ဦးဆောင် ဆွေးနွေးသူဟာ အမျိုးသမီးဖြစ်နေရင်တောင် လက်ခံလို့ရသေးတယ်။ လူ ၃၀၀ နီးပါးတက်ခဲ့တဲ့ ဖိုရမ်က အမျိုးသမီးတွေအများစုပါ။ အဲဒီပွဲမှာ ဆရာမ နော်စီဖောရာစိန်လည်းပါပါတယ်။

အခုနောက်ပိုင်း တွေ့နေရတာ Decision making body ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေမပါတော့ဘူး။နောက်လိုက်ပဲမြင်ရတော့တယ်။ Doner policy လည်းမရှိတော့တာလဲပါမယ်။ ဆိုတော့ အမျိုးသမီးပါဝင်ရေး၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးများပါဝင်ရေးဆိုတာ ကျမတို့ (TWU )ပါဖို့ပဲပြောနေတာမဟုတ်ဘူး။ တစ်ခြားပါဝင်သူအမျိုးသမီးတွေလည်း မိန်းမတွေပါပဲ။

ဒီနေရာမှာ ကျမပါဖို့ပြောနေတာမဟုတ်ဘူးဆိုတာတော့ အားလုံးသဘောပေါက်မှာပါ။ ကျမက ပါဖို့လည်းမရှိတော့သလို ပါဝင်မှာလည်း မဟုတ်တော့ဘူး။ ပါဝင်လည်းမပါဝင် နိုင်တော့ဘူး။ လုပ်ခဲ့တုန်းကလည်း ထိရောက်ဆုံးဖြစ်အောင် လုပ်ခဲ့ပြီးပြီ။ ဒါကြောင့် ကျမရဲ့ ညီမတော်တွေကို တိုက်တွန်းချင်တာက သူများနေရာပေးမှ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါခွင့်ရတာမဟုတ်ပဲ ကိုယ်တိုင်လက်တွေ့ကျင့်သုံးပါ။
တိုက်ယူသင့်ရင် တိုက်ယူပါ၊ သူများပေးဖို့ စောင့်မနေနဲ့။ စခလက်အောက်က အမျိုးသမီးတွေလိုမနေနဲ့။ လက်တွေ့ကျင့်သုံးပါ။ အစဉ်ဆက်မပြတ်လေ့လာပါ။ အားအားရှိ ဘာသာရပ်တစ်ခုခုကို သေသေချာချာ လေ့လာပါလို့ အမတော်ညီမတော် တို့ကို တိုက်တွန်းလိုက်ပါတယ်။

လေးစားလျက်
မယ်းစုစုဆွေ

Photos from The Irrawaddy - English Edition's post 08/07/2025

Junta supporters,

ပွောသာပွောတာ Junta ဆိုတာ တောငျ မသိတဲ့ ဖကျခှကျစား ဘောမ အနုပညာ အုပျစု

08/07/2025

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့
ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။ ။

💔စစ်အာဏာရှင်ကိုတော်လှန်ရင်း”ရဲဘော်ရှမ်းလေး”ကျဆုံးခဲ့ရ #ကိုစိုင်းspdfmm 27/02/2025

https://youtu.be/t0rT3wgZW1A?si=mWr8d4AtJms8sFKQ

💔စစ်အာဏာရှင်ကိုတော်လှန်ရင်း”ရဲဘော်ရှမ်းလေး”ကျဆုံးခဲ့ရ #ကိုစိုင်းspdfmm 💔စစ်အာဏာရှင်ကိုတော်လှန်ရင်း “ရဲဘော်ရှမ်းလေး”ကျဆုံးခဲ့ရ Photos-တပ်ရင်းVideo -SPDFMMနောက်ခံစကားပြော-ကိုစိုင်း(SPDFMM)Videos Editing b...

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok