Than Maw Aung Educator

Than Maw Aung Educator

แชร์

Train to Educate. Educate to Liberate. 🕊️

18/04/2026
16/04/2026

Remote/work from home job တွေ အများကြီး ထပ်ခေါ်ဖို့ရှိလို့ remote အလုပ်လိုအပ်နေသူတွေ ပေ့ကို fav mode on ထားပေးကြပါဦးနော်။

လိုအပ်တဲ့ position တွေ ၂၀ ကျော် ၃၀ လောက်ရှိတာမို့

management အပိုင်းရော teaching, consulting, training, content/lesson developing အပိုင်း မားကတ်တင်း operation အစုံမို့ မလွတ်သွားရလေအောင် ကြို အသိပေးတာပါ။

program ဆွဲပြီးရင် အလုပ်ခေါ်စာတွေ တောက်လျှောက်တင်ပေးပါ့မယ်။

knowledge sharing တွေ စောင့်ဖတ်နေကြတဲ့ မိတ်ဆွေတွေကိုလည်း ဒီတစ်လောလေး တစ်ချက်နားပြီး

အလုပ်ခေါ်စရာများနေလို့ ဒီလတ်တစ်လောလေးတောက်လျှောက် job vacancy တွေကြီးပဲ သီးသန့် တစ်ချက်တင်ပါရစေနော်။

16/04/2026

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာကျောင်းသားတွေအတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ Online ကျောင်းတစ်ခုကို အတူတူ ဝိုင်းဝန်းတည်ထောင်အကောင်အထည်ဖော်ဖို့ founding Program director (remote/work from home) တစ်ယောက်ကို ဖိတ်ခေါ်ချင်ပါတယ်။
(international Education program Primary to IGCSE/ GED track)

အခုမှ ကျောင်းကို အစကနေ စတင်တည်ထောင်နေတဲ့ အချိန်ဖြစ်လို့ Founder နဲ့အတူတူ လက်တွဲပြီး ဒီ Vision ကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်ပေးမယ့် စွမ်းဆောင်ရည်ရှိသူ၊ တက်ကြွသူကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ရာထူး: Founding Program & Operations Director

နေရာ: Remote (အိမ်ကနေပဲ လုပ်ရမှာပါ)

အမျိုးအစား: Full-time ဖြစ်ဖြစ်၊ Project-based ဖြစ်ဖြစ်၊ Strategic Partner အနေနဲ့ဖြစ်ဖြစ် (အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်)

- ပညာရေး၊ Online Learning၊ ဒါမှမဟုတ် Program Management အတွေ့အကြုံရှိရင် ပိုကောင်းပါတယ်။

-Project တစ်ခုကို အစအဆုံး စီမံခန့်ခွဲပြီး အကောင်အထည်ဖော်နိုင်စွမ်း ရှိရမယ်။
Problem solving အားကောင်းသူ၊တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိသူ ဖြစ်ရမယ်ဆိုတာတွေက ထည့်ပြောစရာ မလိုတော့တာမို့ details မထည့်ရေးတော့ပါဘူးရှင်။

အဓိကက Startup Mindset ရှိရပါမယ် (အပြောင်းအလဲကို လက်ခံနိုင်ပြီး လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် လုပ်နိုင်သူ)။

International School ဒါမှမဟုတ် Online Program တွေ တည်ထောင်ခဲ့ဖူးတာ educational project တွေကိုကိုင်ခဲ့ဖူးတာမျိုးဆို ပိုကောင်းပါတယ်။

✨ ဘာတွေပြန်ရမလဲ?

ကျောင်းရဲ့ Founding Member အနေနဲ့ ကိုယ်တိုင်ဦးဆောင်ခွင့် အပြည့်အဝရမယ်။

အများအတွက် အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုကို အစကနေ အတူတူ တည်ဆောက်ခွင့်ရမယ်။

အလုပ်ချိန်နဲ့ နေရာအတွက် Flexible ဖြစ်မယ်။

လစဉ်ကြေး (သို့မဟုတ်) Project ကြေး + Launch Success Bonus (ပွင့်ပွင့်လင်းလင်း ညှိနှိုင်းနိုင်ပါတယ်)။

ရေရှည်မှာ project များစွာကို partner ပုံစံ အတူလက်တွဲလုပ်နိုင်မယ့် Leadership Growth အခွင့်အလမ်းတွေလည်း များစွာရှိပါတယ်။

စိတ်ဝင်စားသူ မည်သူမဆို page message မှာ ဆက်သွယ်ပေးပို့နိုင်ပါတယ်

15/04/2026

လာအိုမှာ ၁၄ ရက်ထက်ပိုနေချင်တာမျိုးဆို လာအိုလေဆိပ်ရောက်တာနဲ့ e visa အတန်းဘက်ကိုသွားပြီး visa ဝယ်သွားကြပါ မိတ်ဆွေတို့ရေ။

14 ရက် free visa နဲ့ဝင်ပြီး ရက်ထပ်တိုးချင်တာမျိုးဆို
လာအိုနိုင်ငံထဲက immigration မှာ တိုးလို့မရပါနော်။

ကျွန်မ အလုပ်ကိစ္စနဲ့ အလည်တစ်ချက်ပဲဆိုတော့ 14 ရက်နဲ့လောက်မယ်ထင်ပြီး free 14 ရက်နဲ့ ဝင်ချသွားတာ ..
ထိုင်းလိုမျိုး 14 ရက်နဲ့ သွားလည်း ထပ်တိုးလို့ရမယ်ထင်နေတာလည်း ပါတယ်။

နေရတာ အဆင်ပြေလို့ ထပ်တိုးနေကြည့်မယ်ဆိုပြီး လာအို immigration ရုံးကို သွားတိုးတာ Visa free နဲ့ဝင်လာတဲ့ free visa တွေ တိုးလို့မရပါဘူးတဲ့။ လာအို visa, တစ်လ ဝယ်ပြီး ဝင်လာတာမျိုးတို့ evisa တို့ tourist visa ဝယ်လာမျိုးတို့မှ ထပ်တိုးလို့ရပါမယ်တဲ့နော်။

for your information ပါ။

Photos from Than Maw Aung Educator's post 10/04/2026

လွန်ခဲ့တဲ့ နှစ်များစွာက ကျွန်မလည်း ခုရှင်းပေးနေရတဲ့ ကျောင်းတွေပုံစံနဲ့ ထပ်တူ ဝန်ထမ်းတွေနဲ့ ကျွန်မကြား သွေးထိုးပြီး ဝန်ထမ်း အုပ်လိုက်ထွက်အောင် ..ကျွန်မအကြောင်း ဇာတ်လမ်းဆင် ပြောခဲ့တဲ့ ကျွန်မ အားကိုးချစ်ခင်ရတဲ့ Manager to be မှန်းထားတဲ့ senior Tr ရဲ့ ယုတ်ကျမှုကို ခံခဲ့ရဖူးပါတယ်။ ss တွေသာ ဖတ်ကြည့်ပါ။

ဆိုးဆိုးဝါးဝါးပြောထားတာ dark side သွင်းထားတာ တွေ ဖတ်ကြည့်လို့တောင် မဝံ့ရဲစရာတွေ အများကြီး..
သူတို့ Gp ဖျက်လိုက်တာ ss ယူဖို့ မမှီလိုက်ကြလို့ အဆင်ပြေတဲ့ ss အနည်းငယ်လောက်သာ ရလို့ အဲ့အနည်းငယ်လောက်ကို တင်ထားပေးတာ။

ဂျလည်က သူပြောသမျှ သက်သေမကျန်အောင် အကုန်
ဖျက်သွားပြီး ကလေးတွေပြောတဲ့ဟာပဲ ချန်ထားတာ
------------------------------------
ဝန်ထမ်း အဝင်အထွက် ပြဿနာတက်လို့ ဖြေရှင်းပေးခဲ့တဲ့ကျောင်း ၃ ကျောင်းလုံး ပြေလည်သွားတဲ့ အပြင် အလုပ်ခွင်ဝန်ထမ်းပိုင်းတွေပါ အဆင်ပြေသွားလို့ဖောင်ဒါတွေ ကျေးဇူးတင်စကား လာပြောကြတော့

အခြားကျောင်းတွေ ဆရာဆရာမတွေ အလုပ်ခွင်ဝင်နေကြတဲ့ လူငယ်တွေလည်း ဒါမျိုးတွေ မခံရအောင် မဖြစ်ရအောင်

ကျွန်မ ကျောင်းမှာ ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

ဒါက ကျွန်မကျောင်းမှာ လွန်ခဲ့တဲ့ 2018-19 မှာ ဖြစ်ခဲ့တာပါ။

ကျွန်မ နယ်မှာ International School ဖွင့်ဖို့ရည်ရွယ်ပြီး International preschool ကနေ စဖွင့်ပေးခဲ့တာပါ။

အဲ့အချိန် အဲ့နယ်မှာ IS ကျောင်းခွဲ ကျွန်မကျောင်းက ပထမဦးဆုံးကျောင်းအနေနဲ့ စတင်ဖွင့်ချိန်ဆိုတော့
IS ကိုင်နိုင်မယ့် Man power ရှာမရဘူး။

ဒါ့ကြောင့်... ကျွန်မကိုယ်တိုင် လိုအပ်တဲ့ Skillful Man power ရအောင် ကိုယ်တိုင် သင်ကြား ကြီးကြပ်ပေးတဲ့အချိန်။

ကျွန်မ အင်မတန် သဘောကျခဲ့တဲ့ ကျွန်မနဲ့အတူ လက်တွဲလုပ်ခဲ့တဲ့ လုပ်သက်ကြာတဲ့ ဝန်ထမ်းတစ်
ယောက်ရှိခဲ့တယ်။အဲ့ ဝန်ထမ်းကို ညိုညို (နာမည်
လွှဲ)လို့ပဲ ခေါ် ပါစို့။

ကျွန်မ ဘားအံမှာ English သင်တန်းဖွင့်တုန်းက Teacher လိုအပ်လို့ အလုပ်ခေါ်ချိန် လျှောက်ထားတဲ့ candidate တွေထဲ ညိုညိုကို သဘောကျလို့ ခန့်ထားဖြစ်တယ်။

ညိုညိုက ဇွဲကောင်းတယ်။ ညိုညို စစရောက်တော့ အသံထွက်တွေ မှားနေတာ အဆင်မပြေနေတာလေးတွေ Grammar မှားနေတာလေးတွေကို ကျွန်မက ပြုပြင်သင်ကြားပေးတယ်။ သူလည်း လက်ခံသင်ယူတယ်။ Humble ဖြစ်တယ်။ သူမတတ်တဲ့ဟာတွေဆို လေ့လာခိုင်းရင် မညီးမငြူလေ့လာတယ်။ အချိန်ကြာလာတော့ သူ့သင်ကြားရေးပိုကောင်းလာတယ်။

ဇွဲရှိတာလေး ပြုပြင်သင်ကြားပေးတာလေး လက်ခံတော့ ကျွန်မ သဘောကျစပြုလာတယ်။

ကျွန်မက မြန်မာပြည်ပညာရေးစနစ်ကို မကြိုက်တဲ့သူ။ ကိုယ်တိုင်ဝင်ပြုပြင်ဖို့လည်း မရမယ့်အတူတူ ကိုယ်ပိုင်ဖွင့်ပြီး ပြုပြင်ပြောင်းလဲမယ် ရည်ရွယ်ပြီး ကိုယ်ပိုင်ကျောင်း ပညာရေးဘက် လေ့လာတယ်။

အဲ့ထဲ ကျွန်မ တကယ်လုပ်ပေးချင်တဲ့ သင်ကြားရေး ပညာရေး နည်းနာကောင်းတဲ့ ကျွန်မအတွေးနဲ့ထပ်တူကျတဲ့
IS ပညာရေး ဘက်လေ့လာမိသွားတယ်။

အဲ့တော့ "ငါ နိုင်ငံတကာပညာရေးလုပ်မယ်.. Institution အကြီးဖွင့်မယ်၊ တက္ကသိုလ်အထိ လုပ်မယ်"
သူ့ကိုတော့ ကျွန်မကျောင်း ကြီးလာရင် ကြီးလာသလောက် ကျွန်မနဲ့အတူ တိုးတက်လာရင် တိုးတက်လာသလောက် Management ရာထူးအထိ ပေးမယ်ဆိုပြီး ရည်ရွယ်ပြီး ဆွဲခေါ်လာခဲ့တာ။

အဲ့မှာ Teacher Training 1st batch စခေါ်တယ်။ အဲ့တုန်းက fee မပေးရဘူး။ အကုန်လုံးကို scholarship အနေနဲ့ ပေးပြီးခေါ်တာ။

Training design က
သင်တန်းပေး - လက်တွေ့ practical ဆင်း - Sharing လုပ်- သင်တန်းပြန်ပေး- intern ဆင်း- continue professional development ဆက်လုပ် - တကယ့် ဝန်ထမ်းအဆင့်ဆင့် ပြန်ခန့်ထားပေးသွားမယ့်
အလုပ် အာမခံချက်ပါပေးနိုင်မယ့်ဒီဇိုင်းကို ဆွဲထားတာ။

အဲ့မှာ လက်တွေ့ဆင်းဖို့ ရွာတွေကိုချိတ်ပြီး ကလေးတွေကို အင်္ဂလိပ် four skills သင်တန်း ပြန်သင်ပေးတယ်
ပေါ့။ ကျွန်မတို့မှာက ဘယ်အလှူရှင် donor မှ မရှိလို့ ကိုယ်ပိုင်ဖြစ်တာမို့ ကလေးတွေဆီ သင်တန်းကြေးအနည်းငယ်လောက်သာ ကောက်ခံပြီး တကယ့် four skills သင်နည်းနဲ့ သင်ပေးတာ။

ကလေးတွေလည်း ပညာရမယ်- သင်တန်းကြေးနည်းနည်းနဲ့လည်း တကယ့် ​four skills သင်နည်း သင်ခွင့်ရမယ်- Tr တွေလည်း ပညာရပ်တွေကို လက်တွေ့ အသုံးချခွင့်ရသွားမယ် - Tr တွေအတွက် ထောက်ပံ့ကြေးတစ်ခုလည်း ရမယ်
အကုန် win-win ပေါ့ plan ဆွဲခဲ့တာ။

ကောက်ခံရရှိငွေကို ဆရာဆရာမတွေ နေစားစရိတ် အနည်းငယ်နဲ့ သင်တန်းပြီးရင် Teachers တွေကို ဆုကြေးငွေ ပေးဖို့ရာ နဲ့ ကလေးတွေ သင်တန်းဆင်းအခမ်းအနားနဲ့ ဆုပေးဖို့တွေ သွားလာစရိတ်တွေကာမိဖို့ရာ ကောက်ခံတာ။

Teachers တွေက အဲ့အချိန် လက်တွေ့ဆင်းတာမို့ "လုပ်အားခ" နာမည်တပ် သုံးလို့မရလို့ မသုံးတာပဲရှိတယ်။

အမှန်က ဆုကြေးက လုပ်အားခအနေနဲ့ရော လက်တွေ့ သင်ကြားရေးမှာ အမှတ်ပြည့်ရသူတွေ outstanding ဖြစ်သူတွေကို ဆုအနေနဲ့ပါ ရောပေးဖို့။

ကျွန်မကိုယ်တိုင်တော့ လုပ်အားခလည်း မရတဲ့အပြင် ကိုယ့်ကားဆီခ ကိုယ်ထည့်နဲ့ လုပ်ပေးတာ။ future potential teacher တွေကို train ရင် ကလေးတွေ အရည်အသွေးမြင့်တဲ့ ပညာရေး ရမယ်ဆိုပြီးတော့ အားတက်သရောနဲ့ ဟိုရွာပြေးလိုက် ဒီရွာပြေးလိုက် နေ့မအား ညမနား လုပ်ပေးတာ။

ထမင်းစားချိန်တောင် မရှိလို့ အဲ့အချိန် နံနံခြားကနေ တစ်ချက် ပြန်လာတဲ့ အမေလည်း ရှိနေတော့ အမေကို အကူခေါ်ပြီး ညကြီးမိုးချုပ်တွေ အဖော်အနေနဲ့ သွားရတာ။
ရွာဆိုတော့ သိတဲ့အတိုင်းကလေးတွေဆီကလည်း အကုန်ရတာမဟုတ်ဘူး။ပေးနိုင်တဲ့သူ ပေးပေါ့။

အဲ့မှာ Tr တွေ တစ်ယောက်ပြီးတစ်ယောက် မပြောမဆိုနဲ့ သူ့နေရပ်သူ ပြန်ကုန်တာ။ ကိုယ်က မသိဘူး။ ညိုညိုပြောမှ သိရတယ်ပေါ့။

အဲ့တုန်းက Teacher Training မှာ ညို့ညို့ကို တစ်စိတ်တစ်ပိုင်းအနေနဲ့ Teacher တွေ ကို သင်ကြားခွင့်ပြုလိုက်မိတာ။ အဲ့တာကပဲ မဟာအမှားတစ်ခုကို စကျူးလွန်မိလိုက်တယ်ဆိုတာ မသိသေးဘူး။

ညိုညိုက Teacher တွေကို သင်တန်းပေးဖူးတော့ teacher တွေနဲ့ in touch ဖြစ်နေတာ။

ညိုညိုက ကျွန်မ လစာပေးခန့်ထားသူဖြစ်လို့ ကျွန်မ အခကြေးငွေ သင်တန်းကြေး သေချာယူတဲ့ သင်တန်းခွဲတစ်ခုကို သင်ခိုင်းတယ်။ လက်တွေ့ ဆင်းတဲ့ Trs တွေကတော့ ချိတ်ဆက်ထားတဲ့ သင်တန်းကြေးအပြည့်မယူထားတဲ့ရွာတွေမှာ ဆင်းသင်တာပေါ့။

အဲ့မှာလည်း Group ဖွဲ့ပြောကြတာလားတော့ မပြောတတ်။ Trs တွေ တစ်ယောက်ပြီး တစ်ယောက် မပြောမဆို ထွက်ကုန်တယ်။

ပြီးတော့ ကျွန်မကိုယ်တိုင် သင်တန်းသားတွေနဲ့ဖြစ်ဖြစ် ဝန်ထမ်းတွေနဲ့ဖြစ်ဖြစ် အလုပ်ကိစ္စလောက်ပဲ communicate လုပ်ပြီး ကင်းကင်းရှင်းရှင်းနေတတ်တာရယ်...

ဘာပဲကြားကြား စကားကို ဟိုပို့ဒီပို့ မလုပ်တတ်
တာရယ်...
စကားမနှိုက်တတ်တာရယ်...
ကိုယ့်ဟာကိုယ်ပဲ တစ်ယောက်တည်း လုပ်စရာရှိတာတွေ လုပ်နေတတ်တာရယ် စတဲ့အချက်တွေကို အတွင်းကျကျ သိတော့ ဒါကို အခွင့်ကောင်းယူပြီး အနောက်မှာ ဝန်ထမ်းတွေ သင်
တန်းသားတွေနဲ့ သူက manipulate လုပ်တာ။

ကျွန်မသာ ရောရောနှောနှောနေ စပ်စပ်စုစုသာနည်းနည်းရှိခဲ့ရင် အဲ့တုန်းတည်းက ပေါ်လောက်မယ် ထင်တာပဲ။

နောက်ဆုံး အဲ့ "future skillful Teachers ပျိုးထောင်တဲ့
Plan ကြီး သူ့သွေးထိုးမှုနဲ့ plan တစ်ခုလုံး ပျက်သွားတယ်။ အဲ့တုန်းကလည်း သူခြယ်လှယ်နေမှန်း မသိသေးဘူး။

သူ့ကို မန်နေဂျာ to be ဆိုပြီး မှန်းပြီး သင်ပေးတုန်းပဲ။

ကျွန်မ မြို့တစ်မြို့မှာ International Preschool အခွဲ ဖွင့်တော့ သူက ကျွန်မရဲ့ အခြားသင်တန်းခွဲတစ်ခုမှာ English four skills ဆရာမအနေနဲ့ သင်နေတုန်းပဲ။

အဲ့မှာ ကျွန်မသင်တန်းမှာ လာတက်တဲ့ တက္ကသိုလ်ကျောင်းသားအချို့က ကျွန်မနဲ့အတူလုပ်ချင်တယ် ဆရာမဖြစ်ချင်တယ် လာပြောတော့
ဒီဘက်မှာလည်း Intel' preschool ဖွင့်မှာဆိုတော့ အလုပ်မခေါ်တော့ဘူး သူတို့ကိုပဲ သင်ပေးရင်းနဲ့ လည်ပတ်သွားမယ်ဆိုပြီး လက်ခံလိုက်တာ။

အဲ့ကလေးတွေကလည်း ကျွန်မသင်တန်းသားဆိုပေမယ့် ညိုညို English သင်ခဲ့တဲ့ သူတွေ။

အဲ့မှာ ညိုညိုက အဲ့ကလေးတွေနဲ့ ကျွန်မကြား သွေးခွဲတော့တာ။

ကျွန်မက လက်ဖွာတဲ့သူ ကိုယ့်နားရှိသမျှ လူကို ပေးကမ်းတတ်တာ သူကျွန်မနဲ့အတူနေခဲ့ဖူးတော့ သူသိတယ်။

အဲ့မှာ ကလေးတွေကို ကြို သွေးခွဲတော့တာ

ကျွန်မက ဘီလူးထက်ကြောက်စရာကောင်းတာတွေရော...
ကျွန်မ ပေးကမ်းသမျှတွေ မယူဖို့တွေရော ...

ကလေးတွေကို ညနေပိုင်းတွေ ပိတ်ရက်တွေမှာ lesson plan ဆွဲနည်းတွေင်ပေး လေ့ကျင့်ခိုင်း၊ self study လေ့လာဖို့ assignments တွေ မလုပ်မနေရ ကိုယ်တိုင်စစ်ပုံစံနဲ့ ကိုယ့်အချိန်ကိုတောင် ဖဲ့ပေးပြီး လုပ်ခဲ့ပေးတာကွယ်..

ဒါကို switch လုပ်ပြီး ကလေးတွေ တိုးတက်မှာစိုးလို့ ဒါတွေက pressure တွေဆိုပြီး negative တွေထည့်တာ

ဒါတောင် သူ english သင်တန်း သင်ခဲ့ဖူးတဲ့ သူ့တပည့်တွေကိုနော်။ ကျွန်မအနားရှိရင် ကျွန်မက ဆွဲခေါ်တတ်သူဆိုတော့ သူ့ထက် သာသွားမယ် သူ့ထက်ရာထူးတက်သွားမှာကို စိုးရိမ်တာ

အမှန်လည်း သူ့တပည့်က ကျွန်မနဲ့နေတဲ့ လပိုင်းအတွင်းကို သူ့နီးနီး စာတွေ သင်နိုင်လာခဲ့တာ..

ဒါကိုလည်း မြင်ရော အလုပ်မထွက်ထွက်အောင် အမျိုးမျိုး ပြောဆိုခဲ့တာ Ss မှာ မြင်တဲ့ အတိုင်းပဲ။

ဒါတောင် သူပြောခဲ့အတင်းချခဲ့တဲ့ gp တွေ သူအကုန်ဖျက်လိုက်လို့ ကိုယ့်တပည့်နဲ့ပြောထားတဲ့ ss လောက်သာ ရလိုက်တာ။

တပည့်ကျော်တွေကလည်း ခုမှ အလုပ်ခွင်စဝင်တော့ ဘုမသိ ဘမသိ.. သူပြောသမျှအကုန်ယုံ

ကိုယ်တောင် မသိတဲ့ ကိုယ့်အကြောင်းတွေ ပြောတာများ ဖတ်ကြည့်ရင်းနဲ့တောင် သူ့ story ထဲက
ကိုယ့်ကိုယ်ကိုတောင် ကိုယ်ပြန်ကြောက်တယ် ..တကယ်

အဲ့မှာ ဖြစ်ချင်တော့ တိုက်ဆိုင်တာလား ဘာလားတော့ မပြောတတ်။
ကျွန်မက ရောဂါ မရှိတဲ့သူ။ ဒေါင်ဒေါင်မြည်သမား။

အဲ့ကလေးတွေကို ခန့်ပြီး မကြာဘူး ..
လူက နေရ ထိုင်ရ ခက်လာတယ်..
ထိုင်မရ ထမရပုံစံလို ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး..
ခါးနာတာလည်း မဟုတ်ပေမယ့် နေလို့အဆင်မပြေနေတာ..

နောက်မှ ပြဿနာပြီးသွားမှ ကလေးတွေ ပြန်ပြောမှ သိရတယ်။ "သမီးတို့ Tr အတင်းချနေချိန်ဆို Tr နေထိုင်လို့မရတာ အမြဲဖြစ်တာ တွေ့တယ်တဲ့။ အဲ့လိုဖြစ်တာမြင်
ရင် Tr ကိုသနားတယ်တဲ့" ကျေူဇူးရှင်တွေက 🙃

တကယ်လည်း သူတို့ အချင်းချင်း အဲ့လို ပြောပြီဆို ကိုယ်က အဲ့လို နေထိုင်မရတဲ့ ရောဂါထဖောက်တယ်။
သူတို့ရပ်လိုက်ရင် ခနနေ ပျောက်ပျောက်သွားတယ်

ကလေးတွေက တစ်အုပ်လုံး အကုန်ထွက်ကြမယ် ကျွန်မဆီ လာပြောတော့ ကျွန်မမယ် အံ့အားတွေ သင့်လို့..
ထွက်ခွင့်တော့ ပြုလိုက်တယ်။

သတင်းနည်းနည်း စကြားလို့..ဘာလို့လဲပေါ့.. ဘာဖြစ်တာလဲပေါ့.. ဟိုမေးသည်မေးနဲ့

နောက်မှ တစ်ယောက်ဆီကနေ စပေါ်လာတာ
သူတို့ သင်တန်းသွားတက်ကြမယ့် အကြောင်း
ဘယ်သင်တန်းလဲဆို မန္တလေးမှာတဲ့.. သူတို့လုပ်နေတာက မော်လမြိုင်မှာကွယ်..

ကိုဗစ်ကလည်း မပြီးသေးချိန်မို့ မြို့ကြီးတွေရဲ့ ကျောင်းသင်တန်းတွေ အကုန်ပိတ်ထားရချိန်။
"ဟဲ့.. ဒီအချိန် ကျောင်းသင်တန်းတွေ shut down ချထားတယ်လေ" ဆိုမှ အကုန်ပေါ်ရော

ညိုညိုက သူတို့ကို အလုပ်ထွက်ခိုင်းပြီး အဲ့သင်တန်း ပို့ပေးမှာတဲ့။ ငါ စိတ်တွေ လေ

ခု ကျောင်း ၃ ကျောင်းကို ဒီပြဿနာရှင်းပေးရင်း ကျွန်မဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့လည်း သွားတူနေတာ သတိရလို့ ss တွေရှာပြီး

အဲ့လို အလုပ်ခွင်တွေမှာ negative ထည့်ပြီး ကိုယ့်ကိုယ် ပထုတ်တတ် နင်းခြေတတ်တာတွေ သတိထားနိုင်ဖို့ ကျွန်မဖြစ်စဉ်ကိုပဲ ရှာတင်ပေးလိုက်ပါတယ်။

အသေးစိတ်ကိုတော့ ပုံတွေမှာ caption ဖတ်ကြည့်ပါ
---------------
အမှန်တော့ ညိုညိုလုပ်သွားတာတွေက Tr တွေအတွက် အခွင့်အလမ်းတွေ ပျက်စီးသွားတာ အလုပ်ပိုင်း လူပြန်ရှာရတဲ့ အခက်အခဲ ဖြစ်သွားတာပေမယ့် ..

ခုပြန်စဉ်းစားကြည့်ရင် အတွေ့အကြုံပေးခဲ့တာတွေကို ကျေးဇူးတင်ရမလိုလိုပဲ...

ဘာလို့ဆို ဝန်ထမ်း အဝင်အထွက်များနေတဲ့ Consultant ယူထားတဲ့ ကျောင်း ၃ ကျောင်းကို analyse 5 လလောက် စစ်ဆေးအဖြေရှာပေးနေတာ ..

သီအိုရီပေါင်းစုံသုံး လုပ်ထုံးလုပ်နည်းပေါင်းစုံသုံး အဖြေရှာတာ ဘယ်လိုမှ မရဘူး

ပြဿနာဇာစ်မြစ်ကို လိုက်မရနေတာ။

ကျောင်းတွေက စနစ်အကုန်သေချာချ ထားတာကိုမှ ဝန်ထမ်းအသစ်တွေ ခန့်မရ ဖြစ်နေတာ။

hr ရဲ့ exit interview data လှန်လှော စဉ်းစားရင်းမှ ကျွန်မဖြစ်ခဲ့တဲ့ အဖြစ်ပျက်က ခေါင်းထဲ ဖြတ်ဝင်လာတာ။ ဒါနဲ့ မသင်္ကာလို့ စစ်ဆေးကြည့်မှ တကယ် အဟုတ်ကြီး ပုံစံတူဖြစ်နေတာ 🫠

10/04/2026

Social ကျချင်တဲ့ ကျွန်မနဲ့ ..
လာအိုရဲ့ ဟိုတယ်hostel အတွေ့အကြုံပေါင်းချုပ်" တွေ ဆရာတစ်ယောက်နဲ့ ဖောက်သည်ချရင်း record ယူထားပေးတာ.. 🥹

09/04/2026

ရွှေမိုးနဲ့ CMMT ပြောထားကြတဲ့ chat ss တွေကို
CMMT ကဖော် ချပြတဲ့ပွဲ ကြည့်ပြီး 
ပြဿနာရှင်းပေးနေရတဲ့ ကျောင်းကိစ္စတွေ
သွားသတိရတယ်။

အဲ့ကျောင်းတွေထဲက
ဝန်ထမ်းအချင်းချင်း သာမန် causual ပြောကြတဲ့ conversation တွေမှာ

တစ်ဖက် ဝန်ထမ်း A က
"ဒီအလုပ်က စိတ်ပျက်စရာကြီးဟယ်..
အလုပ်မလာချင်တော့ဘူး
အလုပ်ထွက်တော့မယ်..ဘာညာနဲ့ “

ဝန်ထမ်း B ဘက်က အလုပ်ခွင်အကြောင်း
negative စကားတွေ ထွက်လာအောင်
စကား လမ်းကြောင်းပေးတယ်။

တစ်ဖက်ဝန်ထမ်း B ကလည်း
causual conversation ဆိုတော့
အလိုက်အထိုက်နဲ့ "ဟုတ်တယ်..
ငါလည်း အဆင်မပြေဘူး
မန်နေဂျာက ဘယ်လို.. ဟိုလူက ဘယ်လို ..
ငါလည်း ထွက်ချင်နေပြီ" ပြောမိရော

အဲ့စကားလမ်းကြောင်းပေးတဲ့
ဝန်ထမ်း A က
ဝန်ထမ်း B ပို့ထားတဲ့ စာလောက်ကိုပဲ
တမင် crop လုပ်ပြီး
အခြားဝန်ထမ်း C,D,E တို့နဲ့
ပြန်ဖောက်သည်ချတယ်..

"B က ထွက်ချင်နေတယ်ပြောတယ်..
နင်တို့ရော အဆင်ပြေလား ..
ငါတော့ သိပ်အဆင်မပြေဘူး" ဆိုပြီး
စကားလမ်းကြောင်း သွား ပေးပြန်ရော

C,D,E တို့ကလည်း အလိုက်အထိုက်နဲ့
"ဟုတ်တယ်ပေါ့..
သူတို့လည်းအဆင်မပြေပါဘူးပေါ့" ဆိုပြီး
အချင်းချင်း ပြောကြရော။

အဲ့ဒါကို ဝန်ထမ်း A ကပဲ Ss အကုန်ယူပြီး
လက်နက်လိုသုံးတော့တာ..

အထက်လူကြီးကို ပြန်ပို့တာမျိုးတို့
အလုပ်ခွင်ကို sabotage လုပ်ဖို့..
အဲ့သူတွေ ရာထူးမတက်အောင်
သူ့ကိုမကျော်နိုင်အောင် သွေးထိုးဖို့
လက်နက်လိုသုံးတော့တာပဲ။

အခြားသူတွေ အလုပ်ထွက်ဖို့ကိုလည်း
လှုံ့ဆော်တဲ့ လက်နက်လိုပါ သုံးတာ။

ဒါ့ကြောင့် တပည့်တွေဖြစ်ဖြစ်
ခင်မင်ရင်းနှီးသူ ဘယ်သူ့ကိုမဆို

အလုပ်ခွင်မှာ ဘယ်သူ့ကိုမှ အပြည့်မယုံကြည်ထားဖို့..

negative စကားလုံးတွေဆို
စနောက် ပြီးတော့တောင်
မပြောမိစေဖို့ ..

ဘယ်လောက်ခင်မင်ရင်းနှီးပါစေ
ဘယ်တော့မှ တစ်ချိန် ကိုယ့်ကိုယ်
ပြန်ထိုးနှက်နိုင်မယ့် စကားတွေကို
အလိုက်အထိုက်တောင် မပြောမိစေဖို့။

negative သမားတွေ
အတင်းအဖျင်းသမားတွေကို
တတ်နိုင်သမျှရှောင်ဖို့ ။

သူများ ဘာကိစ္စကို ဘယ်လိုပြောပြော
အပေါင်းအပါဖြစ်အောင် ဝင်မပြောဖို့
အမြဲမှာရတယ်။

စာရေးဆရာတစ်ယောက် ရေးထားသလိုပဲ...

"လူတွေက သေတဲ့အခါကျမှသာ
ကောင်းရာမွန်ရာရောက်ပါစေလို့
ဆုတောင်းပေးတတ်ကြတာ။

အသက်ရှင်နေတုန်းမှာတော့
တစ်ယောက်နဲ့တစ်ယောက်
ကောင်းရာမွန်ရာ ရောက်စေချင်တဲ့
ဆန္ဒ သိပ်မရှိကြဘူး။" တဲ့....

ဒါ့ကြောင့် ကြိုးစားနေရုံနဲ့လည်း မပြီးဘူး
သူများနင်းခြေခြင်း ဖျက်စီးခြင်းမခံရအောင်လည်း
ကိုယ့်ကိုယ်ကို ကာကွယ်တတ်ရတယ်။

Negativity တွေကို မပြောဆိုတာ
မပါဝင်မပတ်သက်ခြင်းကလည်း ကိုယ့်ကိုယ်ကို
ကာကွယ်ခြင်းတစ်မျိုးပဲ မဟုတ်လား။

ချစ်ခြင်း မေတ္တာ စေတနာများစွာဖြင့်

Than Maw Aung Educator

09/04/2026

မိတ်ဆွေတို့ရော ကိုယ့်ဒီလို လာပြောတဲ့ Toxic coworker မျိုး နဲ့ကြုံရင် ဘယ်လို တုံ့ပြန် ရင်ဆိုင်ခဲ့လဲ မျှဝေသွားပါဦးနော်။

09/04/2026

ကျောင်းပေါင်းစုံကို ပြဿနာ ပတ်ရှင်းပေးပြီး သကာလ ကိုယ်လုပ်ခဲ့တဲ့ကျောင်းကိုလည်း

ဒီလို "ကျောင်းကိုရော ဝန်ထမ်းအချင်းချင်းကိုပါ
Sabotage လုပ်ကြတဲ့ case တွေဖြစ်မှာ၊
ကိုယ်တိုင်မကြိုက်တဲ့ သူများအကျိုးကို ပျက်စီးစေနိုင်တဲ့ အတင်းအဖျင်း toxic ပတ်ဝန်းကျင်ဖြစ်မှာ" တွေ စိုးရိမ်လို့

တစ်ဖက်ကျောင်းတွေကို ရှင်းနေရင်လည်း
ဒီဘက်ကျောင်းကို Rules & Policies တွေ
ထုတ်ပေးဖြစ်တယ်။

အဲ့ထဲမှာမှ ဒီလို ထွက်သွားတဲ့ ဝန်ထမ်းဟောင်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ အရင်တည်းက ဒီကျောင်းမှာ ထုတ်ပြန်ထားပြီးသားပေမယ့် ပို ပြင်းထန်အောင် "အလုပ်မှထုတ်ပယ်သည်အထိ" အပြစ်ဒဏ်ကို update လုပ်ပေးခဲ့ပါတယ်။

ဘာကြောင့် ဒီလို ထွက်သွားတဲ့ ဝန်ထမ်းဟောင်းတွေရဲ့ Privacy နဲ့အချက်အလက်တွေ dignity နဲ့ ဂုဏ်သတင်းတွေကို ကာကွယ်ပေးရတယ်လို့ ထင်လဲ?
မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောကြည့်သွားပါဦးရှင်

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok