ChaiXplained Finance

ChaiXplained Finance

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ChaiXplained Finance, การศึกษา, Bangkok Yai.

Welcome to ChaiXplained Finance!

ကျွန်တော့် Page မှာ Flex ဖြစ်လွန်းတဲ့ Profit Screenshot တွေမရှိဘူး။ Followers တွေအကျိုးရှိရှိလေ့လာလို့ရမယ့် Trade Breakdown နှင့် Knowledge sharing တွေပဲရှိမယ်။

11/06/2026

Stock ဆိုတာဘာလဲ၊ ETF ဆိုတာဘာလဲ၊ Broker Account ဘာကြောင့်လိုလဲ၊ Portfolio ကို ဘယ်လိုစဉ်းစားရမလဲဆိုတာကို အခြေခံအနေနဲ့ နားလည်ထားမှ Stock Market ထဲကို ပိုပြီးစနစ်တကျ ဝင်နိုင်မှာပါ။

June 30 မှာ “Salary to Portfolio: Stock & ETF Investing for Beginners” Course ကို စတင်မိတ်ဆက်ပေးဖို့ရှိပါတယ်။

10/06/2026

Market ကျတိုင်း Crash မဟုတ်ပါဘူး။

ဒီ SPX chart ကိုကြည့်ရင် recent high 7,620.90 ဝန်းကျင်ကနေ -5% လောက် pullback ဖြစ်ထားတာပါ။
ဒါကြောင့် အခုအချိန်မှာ “Market Crash ဖြစ်ပြီ” လို့ပြောဖို့တော့ နည်းနည်းစောပါသေးတယ်။

ကျွန်တော့်အမြင်အရတော့ ဒီအခြေအနေမှာ normal pullback လို့ပဲမြင်ပါတယ်။ Market က အချိန်အတန်ကြာ တက်လာပြီးနောက် profit taking ဖြစ်တာ၊ CPI / FOMC မတိုင်ခင် risk လျှော့တာ၊ short-term momentum အားနည်းတာမျိုး ဖြစ်နိုင်ပါတယ်။

အကြမ်းဖျင်းပြောရရင်—
5% – 10% ကျတာကို Pullback
10% ကျော်ကျတာကို Correction
20% ကျော်ကျတာကို Bear Market
20% လောက်ကို အချိန်တိုအတွင်း panic selling နဲ့ ပြင်းပြင်းထန်ထန်ကျရင် Crash
လို့ခေါ်ကြတာများပါတယ်။

ဒါကြောင့် -5% လောက်ကျတာနဲ့ Panic ဖြစ်ဖို့ မလိုသေးပါဘူး။ ဒါပေမယ့် Crash မဖြစ်နိုင်ဘူးလို့လည်း တစ်ခါတည်းဆုံးဖြတ်လို့မရပါဘူး။
အခုချိန်မှာ လုပ်သင့်တာက wait and see ပါ။

Key support levels တွေကို hold လုပ်နိုင်မလား၊ selling pressure ပိုများလာမလား၊ 10% correction zone ထဲဝင်လာမလား ဆိုတာတွေကို ဆက်စောင့်ကြည့်ရပါမယ်။
Market ကျတာကို ကြောက်ဖို့ထက်
ကျတာက ဘယ်အဆင့်လဲဆိုတာ ခွဲခြားနားလည်ဖို့ ပိုအရေးကြီးပါတယ်။
Market crash ကို ကြိုခန့်မှန်းဖို့ထက်
Crash ဖြစ်လာရင် ကိုယ့် portfolio က ဘယ်လောက်ခံနိုင်မလဲဆိုတာ ကြိုပြင်ထားဖို့၊ Diversify လုပ်ထားဖို့က ပိုလိုအပ်ပါတယ်။

09/06/2026

နာမည်ကြီးတဲ့ Stock/ Hot ဖြစ်နေတဲ့ Stock ကို ဝယ်လိုက်တာနဲ့ Investing လုပ်နေပါပြီလို့ပြောလို့မရပါဘူး။

Stock Market မှာ Opportunity ရှိသလို Risk လည်း ရှိပါတယ်။

ဒါကြောင့် မဝယ်ခင် လေ့လာပါ။
နားလည်ပြီးမှ ရင်းနှီးမြှုပ်နှံပါ။








09/06/2026

2025 နှစ်ကုန်ပိုင်းတုန်းက SpaceX IPO အကြောင်း ကျွန်တော်ရေးခဲ့တဲ့ post ကို ပြန် share လိုက်ပါတယ်။

အဲဒီအချိန်တုန်းက SpaceX valuation ကို $800B ဝန်းကျင်အထိ target ထားနိုင်တယ်လို့ market expectation ရှိခဲ့ပါတယ်။ အခုတော့ latest reports အရ SpaceX ဟာ Nasdaq မှာ “SPCX” ticker နဲ့ IPO ဝင်ဖို့ ပြင်ဆင်နေပြီး IPO price ကို $135/share, target raise ကို $75B, implied valuation ကို around $1.75T အထိ သတ်မှတ်ထားပါတယ်။

2025 revenue က around $18.67B ဖြစ်ပြီး net loss က around $4.94B ရှိခဲ့တာကြောင့် $1.75T valuation နဲ့တွက်ရင် Price-to-Sales multiple က 90x ကျော် ဖြစ်နေပါတယ်။

ဆိုလိုတာက market က SpaceX ကို လက်ရှိ aerospace company တစ်ခုအနေနဲ့ပဲ price လုပ်နေတာမဟုတ်ဘဲ Starlink, reusable rockets, government contracts, space infrastructure နဲ့ Elon Musk ex*****on premium တွေကိုပါ forward pricing လုပ်နေတဲ့သဘောပါ။

အခွင့်အလမ်းများနိုင်သလို valuation risk လည်း ကြီးပါတယ်။

ကျွန်တော့်အမြင်ကတော့ SpaceX ကို ignore လုပ်လို့မရပါဘူး။ ဒါပေမဲ့ IPO hype နောက်ကို blind chase လုပ်ဖို့လည်း မသင့်ပါဘူး။

First day price action, volume, public float, valuation multiple, financial disclosure တွေကိုကြည့်ပြီးမှ investment thesis တည်ဆောက်တာ ပိုလက်တွေ့ကျပါတယ်။

Great company ဖြစ်နိုင်ပေမယ့် great investment ဖြစ်မဖြစ်က entry price ပေါ်မှာ မူတည်ပါတယ်။

Not financial advice. Educational sharing only.

🚀 𝐒𝐩𝐚𝐜𝐞𝐗 စတော့များ မကြာမီ ဝယ်လို့ရပါတော့မည်၊ ကုမ္ပဏီရဲ့တန်ဖိုး $𝟖𝟎𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧 အထိသတ်မှတ်သွားဖို့ရှိပါတယ်

𝐄𝐥𝐨𝐧 𝐌𝐮𝐬𝐤 ရဲ့ 𝐒𝐩𝐚𝐜𝐞𝐗 ဟာ 𝟐𝟎𝟐𝟔 ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ အများပြည်သူပိုင်ကုမ္ပဏီ (𝐈𝐏𝐎) အဖြစ် စတော့ဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကုမ္ပဏီရဲ့ တန်ဖိုးကို $𝟖𝟎𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧 အထိ သတ်မှတ်ဖို့ ရည်မှန်းထားတာပါပဲ။ ဒါဟာ အရင်လတွေက ရှိခဲ့တဲ့ တန်ဖိုးရဲ့ နှစ်ဆနီးပါးဖြစ်ပြီး၊ အဓိက ပြိုင်ဘက် 𝐎𝐩𝐞𝐧𝐀𝐈 ($𝟓𝟎𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧 𝐕𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧) ကို ကျော်ဖြတ်ကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး 𝐒𝐭𝐚𝐫𝐭𝐮𝐩 နေရာကို ပြန်ယူချင်တဲ့ သဘောလည်း သက်ရောက်နေပါတယ်။ ဒါပေမဲ့ 𝐁𝐥𝐨𝐨𝐦𝐛𝐞𝐫𝐠 ကတော့ တကယ်တမ်း အရောင်းအဝယ်ဖြစ်မယ့် ဈေးက $𝟓𝟔𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧 ဝန်းကျင်လောက်ပဲ ရှိနိုင်တယ်လို့ သုံးသပ်ထားတာကြောင့် ဒါဟာ ဈေးစစ်တဲ့ သဘောတရား (𝐍𝐞𝐠𝐨𝐭𝐢𝐚𝐭𝐢𝐨𝐧 𝐏𝐨𝐬𝐭𝐮𝐫𝐞) လည်း ဖြစ်နိုင်ပါတယ်။

အရင်ကတော့ 𝐓𝐫𝐚𝐝𝐞𝐫 တွေနဲ့ လေ့လာသူတွေက 𝐒𝐭𝐚𝐫𝐥𝐢𝐧𝐤 အင်တာနက်လုပ်ငန်းကိုပဲ သီးသန့်ခွဲထုတ်ပြီး 𝐈𝐏𝐎 တင်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိ 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ရဲ့ အစီအစဉ်သစ်ကတော့ ဒုံးပျံလုပ်ငန်း၊ 𝐒𝐭𝐚𝐫𝐥𝐢𝐧𝐤၊ အစိုးရ 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭 တွေနဲ့ အခြားဝန်ဆောင်မှုတွေ အားလုံးပေါင်းပြီး "𝐒𝐩𝐚𝐜𝐞 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞" လုပ်ငန်းကြီးတစ်ခုလုံးကို တစုတစည်းတည်း စတော့ဈေးကွက်တင်ဖို့ ပြင်ဆင်လာပုံပါပဲ။ 𝟐𝟎𝟐𝟓 ခုနှစ်မှာ ဝင်ငွေ $𝟏𝟓.𝟓 𝐁𝐢𝐥𝐥𝐢𝐨𝐧 အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး၊ ဝန်ထမ်းတွေနဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံသူတွေ 𝐂𝐚𝐩𝐢𝐭𝐚𝐥 ပြန်ထုတ်နိုင်အောင် 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐒𝐡𝐚𝐫𝐞 အရောင်းအဝယ်တွေကိုလည်း ပုံမှန် ပြုလုပ်ပေးလျက် ရှိပါတယ်။

ဒီသတင်းအပေါ် 𝐌𝐚𝐫𝐤𝐞𝐭 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 ရှုထောင့်က ကြည့်မယ်ဆိုရင် 𝐌𝐮𝐬𝐤 ဟာ လုပ်ငန်းတိုးတက်မှု "ချောမွေ့ပြီး ခန့်မှန်းရလွယ်ကူတဲ့ (𝐏𝐫𝐞𝐝𝐢𝐜𝐭𝐚𝐛𝐥𝐞)" အချိန်ရောက်မှ 𝐈𝐏𝐎 တင်မယ်လို့ ပြောခဲ့ဖူးတာကို သတိရရပါမယ်။ လက်ရှိ 𝐒𝐭𝐚𝐫𝐥𝐢𝐧𝐤 ရဲ့ ဝင်ငွေအင်အား ကောင်းလာတာက ဒီအချက်ကို ပံ့ပိုးနေပါတယ်။ ဒါပေမဲ့ $𝟖𝟎𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧 ဆိုတဲ့ ပမာဏဟာ အလွန်ကြီးမားတဲ့ 𝐌𝐞𝐠𝐚-𝐜𝐚𝐩 အဆင့်ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းရော 𝐑𝐢𝐬𝐤 ပါ ဒွန်တွဲနေပါတယ်။ တကယ်လို့ ဒီဈေးနဲ့သာ ဈေးကွက်ထဲ ရောက်လာရင် ဘဏ္ဍာရေးရှင်းတမ်းတွေကို ဥပဒေအရ တရားဝင် ထုတ်ပြန်ရတော့မှာဖြစ်လို့ 𝐒𝐩𝐚𝐜𝐞𝐗 ရဲ့ အတွင်းရေး အခြေအနေမှန်ကို အားလုံး မြင်တွေ့ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

08/06/2026

Moomoo Thailand Office နဲ့ June 10 ရက်နေ့မှာ Meeting လုပ်ဖို့ရှိပါတယ်။

အဓိကအားဖြင့် Myanmar investors / traders တွေအနေနဲ့ Moomoo Platform ကိုအသုံးပြုတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ သိချင်တဲ့မေးခွန်းတွေ၊ account opening / deposit / withdrawal / product access / platform features စတဲ့အရာတွေကို discussion လုပ်သွားဖို့ရှိပါတယ်။

ဒါကြောင့် Moomoo Thailand နဲ့ပတ်သက်ပြီး မေးချင်တာရှိရင် ဒီ post ရဲ့ comment section မှာ မေးခွန်းချန်ထားလို့ရပါတယ်။

ကျွန်တော့် meeting ထဲမှာ အခွင့်အရေးရသလောက် audience တွေဘက်က သိချင်တာတွေကို တင်ပြမေးမြန်းပေးပါမယ်။

FYI - Currently Moomoo Thailand is waiting for approval from Securities and Exchange Commission (SEC), Thailand

07/06/2026

တစ်ခါတလေ ဘဝမှာ Freedom ဆိုတာ
ကြီးမားတဲ့ အောင်မြင်မှု၊ ငွေကြေးဥစ္စာဓန တွေရှိလဲ Inner peace မရှိရင် စစ်မှန်တဲ့ လွတ်လပ်မှု မဟုတ်ဘူး။

ကိုယ်အေးချမ်းချင်တဲ့အချိန်မှာ
ကိုယ်သွားချင်တဲ့နေရာလေးတစ်ခုကို သွားနိုင်တာ၊

နေ့စဉ်အလုပ်ချိန်နဲ့ နေရာတစ်ခုတည်းမှာ
ကိုယ့်ဘဝတစ်ခုလုံးကို ချည်နှောင်မထားရတာ၊

သဘာဝနဲ့ ထိတွေ့ပြီး
ကိုယ့်စိတ်ကို ပြန်နားထောင်နိုင်တဲ့ အချိန်လေးတွေ ရှိလာတာ…

ဒါတွေလည်း Freedom ပဲ။

အရင်ကတော့ ဒီလိုအချိန်လေးတွေကို
Holidayရှိမှ ရနိုင်မယ်လို့ ထင်ခဲ့တယ်။

နောက်ပိုင်းမှာ သိလာတာက
ဘဝကို ပြောင်းလဲပေးတာက ကံတရားတစ်ခုတည်း မဟုတ်ဘူး။

ကိုယ်တကယ်လေ့လာထားတဲ့ Skill တစ်ခု၊
စနစ်တကျထိန်းသိမ်းထားတဲ့ Risk တစ်ခု၊
နေ့တိုင်း consistency နဲ့ တည်ဆောက်ထားတဲ့ Discipline တစ်ခုကလည်း
ကိုယ့်ဘဝရဲ့ အချိန်နဲ့ ရွေးချယ်ခွင့်တွေကို ဖြည်းဖြည်းချင်း ပုံဖော်ပေးနိုင်တယ်။

တချို့ Freedom တွေက လူတွေမမြင်တဲ့နေရာမှာ
တိတ်တိတ်လေးရှိနေတာ။

ဘဝက အမြဲတမ်း မြန်မြန်ပြေးနေရတဲ့ Sprint ပွဲမဟုတ်ဘူး။ ပုံမှန်လေး သွားရတဲ့ Marathon တခု။

တစ်ခါတလေ ရပ်ပြီး ရှုခင်းကြည့်နိုင်တဲ့ အချိန်လဲရှိရမယ်။
ဒါက ဘာမှ မဟုတ်သလို ထင်ရပေမဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတစ်ခုရဲ့ ဆုလာဘ်တခုလို့ပဲ ခံယူထားတယ်။

Skill Based Freedom ရရှိအောင် သင်ကြားပေးခဲ့တဲ့
သင်ဆရာ၊ မြင်ဆရာများအားလုံးကို ဦးခိုက်လျက် 🙏🏻







06/06/2026

သတင်းနောက်လိုက်မလား? Setup နောက်လိုက်မလား?

ပွင့်ပွင့်လင်းလင်းပြောရရင်
ကျွန်တော် သတင်းတွေကို အမြဲလိုက်ကြည့်ဖြစ်တဲ့သူ မဟုတ်ဘူးဗျ။

ကျွန်တော် အဓိက လုပ်တာက
Investing နဲ့ Options Trading ပါ။

Investing လုပ်တဲ့အခါမှာတော့
Company ရဲ့ Business Quality, Revenue Growth, Profitability, Cash Flow, Valuation, Moat စတဲ့ Fundamental Analysis ကို ပိုကြည့်တယ်။

Options Trading လုပ်တဲ့အခါမှာလည်း
ကျွန်တော်က Swing Trading Style ပိုသုံးတဲ့အတွက်
Chart Structure, Trend, Support/Resistance, EMA, Price Action နဲ့ Spread Strategies တွေကို ပိုအာရုံစိုက်တယ်။

ဆိုလိုတာက သတင်းမလိုဘူးလို့ ပြောတာမဟုတ်ပါဘူး။

Macro news, Earnings, CPI, FOMC, Rate Decision, Geopolitical news တွေက Market ကို အချိန်တိုအတွင်း ရိုက်ခတ်နိုင်တာမှန်ပါတယ်။

ဒါပေမယ့် ကျွန်တော့် Trading Decision ရဲ့ အခြေခံက
“သတင်းကြားလို့ ဝင်တာ” မဟုတ်ဘဲ
“Setup ရှိလို့ ဝင်တာ” ဖြစ်ဖို့ကို ပိုဦးစားပေးတယ်။

Investing မှာ
ကောင်းတဲ့ Company ကို Reasonable Price နဲ့ ဝယ်နိုင်မလား ကြည့်တယ်။ စစ်တွေထဖြစ်ရင်တော့ အောက်စျေးနဲ့ နှိုက်တာပေါ့👀

Options Trading မှာ
Market Context က ဘယ်လိုလဲ၊ Trend က ဘယ်ဘက်လဲ၊ Entry Point က Risk/Reward ကောင်းလား၊ ဘယ် Strategy နဲ့ ဝင်သင့်လဲဆိုတာကို ကြည့်တယ်။

သတင်းတွေကို အလွန်လိုက်ပြီး Trading လုပ်ရင် တစ်ခါတလေ Noise တွေများသွားတတ်တယ်။

ဒါကြောင့် ကျွန်တော့်အတွက်တော့
News က Background Context ဖြစ်ပြီး
FA, TA, Risk Management, Strategy Selection က Decision Making Tool ဖြစ်တယ်။

Trading မှာ အရေးကြီးတာက
သတင်းအများကြီး သိတာထက်
ကိုယ့် System ကို နားလည်ပြီး
Risk ကို ထိန်းနိုင်ဖို့ပါပဲ။








05/06/2026

မြန်မာ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 နဲ့ 𝐔𝐒 𝐒𝐭𝐨𝐜𝐤𝐬 ဝယ်လို့ မရဘူးလား?
𝐌𝐲𝐚𝐧𝐦𝐚𝐫 က 𝐒𝐚𝐧𝐜𝐭𝐢𝐨𝐧 𝐋𝐢𝐬𝐭 ထဲမှာပါလို့ 𝐔𝐒 𝐒𝐭𝐨𝐜𝐤𝐬 လုံးဝဝယ်လို့မရဘူးလား?

တကယ်တော့ Full Ban မဟုတ်ပေမယ့် Broker တွေက Myanmar Passport, Address, Bank Account တွေ့ရင် KYC/Compliance ကို ပို Strict လုပ်နိုင်ပါတယ်။

နောက်တစ်ခု အရေးကြီးတာက ကိုယ်ဝယ်နေတာ Real Stock လား၊ CFD လားဆိုတာပါ။

Apple ဝယ်ထားတယ်ဆိုတာ Real Share လား? CFD Contract လား?

Deposit မလုပ်ခင် Broker Regulation, Custody, Withdrawal, Product Type ကို သေချာစစ်ပါ။

05/06/2026

Discount ရဖို့ (၂) ရက်ပဲ ကျန်တော့တယ်…

Free 5-Day Options Starter Class ကို တက်ပြီးပြီဆိုရင်
သင်က Options Trading Journey ကို စပြီးသားပါ။

၅ ရက်အတွင်းမှာ Options ဆိုတာ ဘာလဲ၊
Call / Put ဆိုတာ ဘာလဲ၊
Risk-defined strategy ဆိုတာ ဘာကြောင့်အရေးကြီးလဲ၊
CSP / Covered Call / Wheel Strategy တွေကို ဘယ်လိုအသုံးချကြလဲဆိုတာတွေကို
Foundation အနေနဲ့ စပြီးလေ့လာခဲ့ပြီးပြီ။

အခုအချိန်မှာ ဆက်လေ့လာမလား၊
ဒီနေရာမှာပဲ ခဏရပ်မလားဆိုတာကတော့
ကိုယ့်ရဲ့ Financial Goal နဲ့ Learning Goal ပေါ်မူတည်ပါတယ်။

ဒါပေမယ့် Options Trading ကို
Stock Investing နဲ့တွဲပြီး သုံးတတ်ချင်တယ်၊
Market Opportunity တွေကို ပိုနားလည်ချင်တယ်၊
Risk ကို စနစ်တကျထိန်းပြီး Strategy နဲ့ Trade လုပ်တတ်ချင်တယ်ဆိုရင်တော့
Foundation ကနေ Practice အဆင့်ထိ ဆက်သွားဖို့လိုပါတယ်။

သင်က ဒီ Journey ကို စပြီးသားပါ။
အခုလုပ်ရမှာက ကိုယ့် Goal နဲ့ ကိုက်မကိုက် စဉ်းစားပြီး
ဆက်လေ့လာဖို့ သင့်မသင့် ဆုံးဖြတ်ဖို့ပါ။

Free 5-Day Options Starter Class Participants များအတွက်ပေးထားတဲ့
Special Discount က

📌 7 June 2026 မှာ ပြီးဆုံးပါမယ်။

Special Price များ

✅ Basic Course – $62
90 Days Access

✅ Intermediate Course – $116
180 Days Access

✅ Bundle Set – $158
Basic + Intermediate
180 Days Access

အခု Enroll လုပ်ထားပြီး Course Access ကိုတော့
ကိုယ်အဆင်ပြေတဲ့အချိန်မှ စတင်လေ့လာနိုင်ပါတယ်။

Options Trading ကို စနစ်တကျ ဆက်လေ့လာချင်တယ်ဆိုရင်
Discount မပြီးခင် Page Messenger မှာ Course Detail ကို စုံစမ်းနိုင်ပါတယ်။








ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok Yai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

ที่อยู่


Bangkok Yai

เวลาทำการ

จันทร์ 09:00 - 00:00
อังคาร 09:00 - 00:00
พุธ 09:00 - 00:00
พฤหัสบดี 09:00 - 00:00
ศุกร์ 09:00 - 00:00
เสาร์ 09:00 - 00:00
อาทิตย์ 09:00 - 00:00