Sayar Robin We teach you to reason, not repeat. Sayar Robin provides EdTech and Math training for teachers, and Math coaching for IGCSE, A Level, IB, OSSD and AP students.

Shifting the focus from rote learning to real-world problem-solving.

18/08/2026

ဆရာ သွားဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရပြီး ကုသနေရသောကြောင့် 18/8/26 ရက်နေ့မှစ၍ အတန်းများအားလုံး ခဏနားပါမယ်ရှင့်။

နေကောင်းတာနဲ့ အတန်းပြန်ယူပါမယ်။

ကျမ ဆရာဇနီးပါရှင့်။

A Level နဲ့ OSSD မှာ မတူညီတဲ့ သင်ယူမှုပုံစံတွေရှိကြပြီး သူ့ဟာနဲ့သူ အားသက်ချက် ကိုယ်စီရှိကြပါတယ်။ဒီပုံကတော့ AP Calculus သ...
16/08/2026

A Level နဲ့ OSSD မှာ မတူညီတဲ့ သင်ယူမှုပုံစံတွေရှိကြပြီး သူ့ဟာနဲ့သူ အားသက်ချက် ကိုယ်စီရှိကြပါတယ်။

ဒီပုံကတော့ AP Calculus သင်နေတာကို ss ယူထားပြီး တပည့်သဘောတူညီချက်နဲ့ တင်လိုက်တာပါ။

အမေရိကန်တွေရဲ့ AP က အခြေခံအုတ်မြစ်ကို ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်တာပဲ။ ပြီးတော့မှ တဖြည်းဖြည်းချင်း တက်သွားတာမျိုး။

အသေးစိတ်တာမှ သုတေသန လုပ်နေရလား အောက်မေ့ရတယ်။ AP လိုင်း လိုက်တဲ့ ကျောင်းသားဆို ပညာရေးလမ်းခရီးမှာ ဘယ်လောက်ပြင်းတဲ့ ငလျင်လာလာ အေးဆေးပဲ။

သိမှုနဲ့ ကျွမ်းကျင်မှုပိုင်းကို အခြေခိုင်ခိုင်နဲ့ စနစ်တကျတည်ဆောက်ထားတော့ ပြိုကျစရာအကြောင်းမရှိတော့ဘူး။

တရုတ်သိုင်းကားထဲကလို...
သူသိုင်းကွက်နဲ့သူ ဆရာကြီးတွေချည့်ပဲ 😀

OSSD English မှာ ဂျင်းထည့်နည်းသင်ရတယ်
16/08/2026

OSSD English မှာ ဂျင်းထည့်နည်းသင်ရတယ်

အင်္ဂလိပ်စာအတန်းမှာ ကျောင်းသားကိုယ်တိုင် ဂျင်းထည့်ရတယ်

သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။

OSSD ENG3U မှာ ကျောင်းသားတွေက George Orwell ရေးတဲ့ Animal Farm ကို ဖတ်ရတယ်။ Squealer လို့ ခေါ်တဲ့ ဝက်က သမိုင်းကို လိမ်ပြီး ပြင်ရေးတယ်၊ ကိန်းဂဏန်းတွေကို လျှောက်လုပ်တယ်၊ နောက်တော့ မွေးမြူရေးခြံကြီးတစ်ခုလုံးကို အကြောက်တရားနဲ့ လွှမ်းမိုးထားပြီး ထိန်းချုပ်ထားတဲ့ ပုံပြင်ပါ။

ကျောင်းသားတွေက ဝက်ရဲ့နည်းလမ်းတွေကို တစ်ခန်းပြီးတစ်ခန်း ခြေရာခံရတယ်။ လိုက်ကြည့်ရတယ်။ ဘယ်နေရာမှာ စိတ်လှုပ်ရှားအောင် လုပ်တတ်လဲ၊ ဘယ်နေရာမှာတော့ အာဏာပြသလဲ၊ အပြန်ပြန်အလှန်လှန် စဉ်းစားပြီး ဘာမှမဟုတ်တဲ့ တလွဲအကြောင်းပြချက်တွေကို ‌ဖော်ထုတ်ရပါတယ်။

Assignment တင်းခိုင်းတဲ့အခါ—

ကျောင်းသားတွေရဲ့ ဆန်းစစ်ချက်တွေ မဟုတ်တော့ဘူး၊ သူတို့ကိုယ်တိုင် ဝါဒဖြန့်ခိုင်းတာ ဖြစ်သွားရော။

ကျောင်းသားတွေက ဝက်ကိုထောက်ခံတဲ့ ပိုစတာ ကိုယ်တိုင်ဆွဲရတယ်။ အဲ့ထဲမှာ ဝက်ရဲ့နည်းစနစ်တွေကို လူအများလက်ခံလာအောင် ဖန်တီးကြရတယ်။

ကျောင်းသားတစ်ယောက်ချင်းစီက ဘယ်လိုစည်ရုံးရေးနည်းသုံးမလဲ (persuasive techniques)၊ ဘာပုံနဲ့ လှုံဆော်မလဲ၊ ပြီးရင် မှတ်မိလွယ်မယ့် နှုတ်တိုက်စာသားတစ်ခု ထုတ်ပေးပြီး ကာလာစုံ ဖန်တီးရတာပါ။

နောက်ဆုံးမှာတော့ ကျောင်းသားတွေက ဘယ်လှည့်ကွက်ကို သုံးထားပြီး ဘာကြောင့် ဒီလှည့်ကွက်တွေက အလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်း အက်ဆေးရေးတင်ရပါတယ်။

ဒီနေရာ အရေးအကြီးဆုံးက 'ကိုယ်နားမလည်တဲ့အရာကို မတည်ဆောက်နိုင်ပါဘူး' ဆိုတဲ့အချက်ပါ။

ဂျင်းအထည့်မခံရအောင် အကောင်းဆုံးကာကွယ်နည်းက ကိုယ်တိုင်လည်း ဂျင်းထည့်နည်းကို သိထားဖို့ပါပဲ။ 😁

ကိုယ်ကိုယ်တိုင် ဝါဒဖြန့်တဲ့ လုပ်ငန်းစဉ်ကို အတွေ့အကြုံရှိထားတော့ ကြော်ငြာတွေထဲ၊ နိုင်ငံရေးစကားတွေထဲ၊ နောက် Chat box ထဲမှာ "ဖုန်းမဲပေါက်လို့ အမြန်လာထုတ်ပါ အမ" ဆိုတဲ့ စာသားနဲ့ပုံရိပ်တွေအထိ တန်းမြင်သွားပါတယ်။

ပုံမှန်ဆို ဝါဒဖြန့်တယ်ဆိုတာ ဘာလဲလို့ ကျောင်းသားတွေကို သင်မယ်။ နောက် အမှားရှာခိုင်းမယ်ပေါ့။ OSSD English မှာကျတော့ ဝက်ရဲ့စနစ်တွေကကို စနစ်တကျ လေ့လာခိုင်းပြီး အရင်ဆုံး ဆွဲဆောင်လိုက်တယ်။ နောက်တော့မှ သူတို့ကိုယ်တိုင် ဝါဒဖြန့်ခိုင်းလိုက်တယ်။ ဒါ... တသက်လုံး ဂျင်းမထိတော့အောင်ပေါ့။

ဒါက English စာ သင်နေတယ်ဆိုတာထက် အများကြီးပိုတယ်လို့ မခံစားရဘူးလား။

𝐓𝐡𝐢𝐧𝐤 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥𝐥𝐲. 𝐒𝐭𝐮𝐝𝐲 𝐀𝐧𝐲𝐰𝐡𝐞𝐫𝐞.

15/08/2026

OSSD ထားမယ့် မိဘတွေအတွက် အချက် ၃ ချက်

14/08/2026

OSSD or A Level
မိဘများအတွက်ပါ

14/08/2026

🌟 We’re Hiring! Join the Team at Cognia International

Are you a passionate educator or study abroad specialist ready to make a difference? Cognia International is expanding in Yangon and seeking talented professionals to join our vibrant team!
Why Join Us?

Impact: Shape students' academic journeys and future success.
Growth: Work in an international, supportive environment.
Urgency: Immediate openings—apply early for priority review!

📋 Open Positions

1. GED Science Teacher (Part-Time)

Role: Guide students through the GED Science curriculum, fostering scientific literacy and exam readiness as well as critical thinking.
Salary: 25,000 Kyats/hour

Requirements: Bachelor’s degree (relevant field), 3+ years teaching experience, Familiarity with GED format

2. OSSD English Teacher (Part-Time)

Role: Deliver engaging Ontario Secondary School Diploma (OSSD) English lessons focused on literature, essay writing, and communication.

Salary: 35,000 Kyats/hour

Requirements: Bachelor’s degree (relevant field), 3+ years teaching experience, Familiarity with OSSD assessment

3. OSSD Computer Science Teacher (Part-Time)

Role: Teach core programming, computational logic, and problem-solving in the OSSD curriculum.

Salary: 35,000 Kyats/hour

Requirements: Degree in Computer Science/related field, 3+ years teaching experience, Strong at explaining technical concepts to high schoolers

4. OSSD Economics, Business & Accounting Teacher (Part-Time)

Role: Lead business stream courses in economics, finance, and accounting under the OSSD framework.

Salary: 35,000 Kyats/hour

Requirements: Degree in Business, Economics, Finance, or accounting; 3+ years teaching experience

5. Study Abroad Consultant (Full-Time)

Role: Support students and families with university selection, application, visa, and transition planning.

Salary: 7–10 lakhs/month + commission in percentage

Requirements: 3+ years international study counseling experience, Strong communication skills, Up-to-date on global university entry requirements

🎯 Preferred Candidate Profile

Education: Relevant university degree
Experience: 3+ years professional background
Eligibility: Green Card/work-eligible status preferred
Mindset: Enthusiastic, student-centered, adaptable to international settings

📍 Location & Work Type

Address: No. 6, Yadana Mon 7th Street, 3rd Ward, Hlaing Township, Yangon (near Chaung Wa Bus Stop)
Type: Part-Time (Teachers) | Full-Time (Consultant)

🚀 How to Apply

Immediate review: No fixed deadline—positions will be filled on a rolling basis.
Send: Updated CV & a short introduction
Contact: 📧 [email protected]
Phone: 09 777 333 210
Be a part of a supportive team shaping the leaders of tomorrow!

13/08/2026

2 Week Trial Class
IGCSE, GED နဲ့ G12 ပြီးတဲ့သူတွေ စိတ်ဝင်စားရင် လာတက်ပါ။

OSSD မှာ Plane သုံးခုဖြတ်တဲ့အကြောင်း သင်ရတယ်။ မြန်မာ ၁၂ တန်းအတွက်လည်း အသုံးဝင်မယ် ထင်လို့ ဝေမျှလိုက်ပါတယ်။မကြာမီ Cognia ...
07/08/2026

OSSD မှာ Plane သုံးခုဖြတ်တဲ့အကြောင်း သင်ရတယ်။ မြန်မာ ၁၂ တန်းအတွက်လည်း အသုံးဝင်မယ် ထင်လို့ ဝေမျှလိုက်ပါတယ်။

မကြာမီ Cognia International မှာ ဖွင့်လှစ်မယ့် OSSD အတန်းသစ်အတွက် ၂ ပတ် အခမဲ့ အစမ်းတက်လို့ရပါတယ်။

အခုကတည်းက စာရင်းသွင်းထားနော်။ လူပြည့်သွားမှာ စိုးလို့။


ဩဂုတ် ၇၊ ၂၆။

Oral
06/08/2026

Oral

အလုပ်ခန့်လိုက်တာ Resume ကြောင့် မဟုတ်ဘူး

အလုပ်ခန့်တဲ့ နေရာမှာ အလုပ်လျှောက်သူ အများစု မသိသေးတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲ့တာကတော့ အလုပ်ရသွားသူအများစုဟာ အရည်အချင်းအရှိဆုံးသူတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့က ၂ မိနစ်အတွင်းမှာ သူတို့ကို အလုပ်ခန့်ချင်လာအောင် အရှင်းလင်းဆုံး တင်ပြနိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာထက် တင်ပြပုံကို စနစ်တကျ လေ့ကျင့်ထားလို့ပါ။ အဲ့လို တင်ပြတတ်အောင်လည်း လေ့ကျင့်ပေးလို့ ရပါတယ်။

ကျောင်းသားအများစုက ဘာကို စဉ်းစားမလဲဆိုတာလောက်ကိုပဲ အချိန်ကုန်ခံပြီး သင်ယူနေကြရတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ကျက်တာ၊ ပုံသေနည်းတွေ အလွတ်မှတ်တာနဲ့ သမိုင်းဝင်ရက်စွဲတွေ အာဂုံဆောင်ကြတာမျိုးပေါ့။

ဒါပေမယ့် ကိုယ့်အမြင်ကို ဘယ်လိုတည်ဆောက်မလဲ၊ အကြပ်အတည်းတွေ ဖိအားတွေနဲ့ ကြုံလာရင် ဘယ်လို ခုခံကာကွယ်ရမလဲ၊ ပြီးတော့ တခြားသူတွေရဲ့ စိတ်မှာ စွဲကျစ်ရစ်ခဲ့အောင် ဘယ်လိုပြောရမလဲဆိုတာကိုတော့ သင်ပေးတဲ့သူ ရှားပါးလှပါတယ်။

OSSD English ENG4U မှာ Oral communication ဆိုတာပါတယ်။ ကျောင်းသားတွေဟာ ဆိုချေ စကားရည်လုပွဲတွေအတွက် ပြင်ဆင်ကြရတယ်။ ဒီနေရာမှာ သူတို့ ဘာကိုသိထားလဲဆိုတာ အရေးမကြီးတော့ဘူး။ သူ့တို့လိုသိချင်ရင် Google it or AI it ပဲ။

သူတို့ရဲ့ အဆင့်မြင့်စဉ်းစားတွေးခေါ်ပုံကို ဧည့်သည်တစ်ယောက်က ပထမဦးဆုံးအကြိမ် နားထောင်လိုက်ရုံနဲ့တင် နားလည်သဘောပေါက်အောင် ဘယ်လိုမျိုး ရှင်းရှင်းလင်းလင်း ပြောဆိုတင်ပြနိုင်လဲဆိုတာကို အကဲဖြတ်တာပါ။

ဒါ့အပြင် အရေးပိုင်းမှာလည်း The Great Gatsby လို စာအုပ်တွေကို အခြေခံပြီး Marxist, formalist, gender စတဲ့ စာပေသီအိုရီတွေကို လက်တွေ့အသုံးချထားတဲ့ ဆွဲဆောင်မှုရှိရှိ အက်ဆေးတွေ ရေးကြရတယ်။

စာပေဝေဖန်ရေးသမား ဖြစ်လာဖို့တော့ မဟုတ်ပါဘူး။ ဖိအားတွေအောက်မှာ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ အမြင်တစ်ခု ဘယ်လို တည်ဆောက်ရမလဲဆိုတာ လေ့ကျင့်ဖို့ပါပဲ။

ဒါဟာ ကျောင်းတွင်းသုံး စွမ်းရည်ဆိုတာထက် အများကြီး ပိုပါတယ်။ လက်တွေ့နယ်ပယ်မှာ ဖြတ်သန်းဖို့ အင်မတန်ကောင်းမွန်တဲ့ သက်လုံတွေပါ။

ဒါကြောင့် အလုပ်ရသွားတဲ့သူတွေဟာ အတော်ဆုံးတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့က သူတို့ရဲ့ အတွေးအခေါ်တွေကို အမြန်ဆုံးစနစ်တကျ ပြင်ဆင်တင်ပြနိုင်ခဲ့တဲ့ သူတွေပါ။

(ဒီသဘောကို လေ့လာနိုင်ဖို့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်နယ်ထရမ့်ကို ပြန်ချေခဲ့တဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေရဲ့ မိန့်ခွန်းကို ဝင်ရောက်လေ့လာကြည့်ပါလို့ တိုက်တွန်းပါတယ်။
https://www.weforum.org/stories/forum-institutional/davos-2026-special-address-by-mark-carney-prime-minister-of-canada/)

𝐓𝐡𝐢𝐧𝐤 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥𝐥𝐲. 𝐒𝐭𝐮𝐝𝐲 𝐀𝐧𝐲𝐰𝐡𝐞𝐫𝐞.

Don’t miss out!
03/08/2026

Don’t miss out!

ที่อยู่

351 Phran Nok Road, Ban Chang Lo
Bangkok Noi
10700

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sayar Robinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์