Myanmarsar Academy

Myanmarsar Academy Burmese language teaching and knowledge sharings

လေ့လာစရာDip.Ed ဝင်ခွင့်မြန်မာစာ--------------------------------------------Volume (1+2 )အနေနဲ့ပဲ ဖြန့်ပေးပါမယ်။(ကျက်စာပိ...
07/09/2026

လေ့လာစရာDip.Ed ဝင်ခွင့်မြန်မာစာ
--------------------------------------------
Volume (1+2 )အနေနဲ့ပဲ ဖြန့်ပေးပါမယ်။
(ကျက်စာပိုင်း+လက်တွေ့ပိုင်း)
ကျက်ရမှတ်ရတာပိုလွယ်အောင်ဖြစ်ပါတယ်။စာကအခုအချိန်ကတည်းက ကျက်ထားမှသာ %ပြည့်အောင်ဖို့သေချာမှာပါ။‌အုပ်ရေအနည်းငယ်သာထုတ်ထားတာကြောင့် မှာယူလိုပါက လိပ်စာအပြည့်အစုံပို့ပေးပါ။

သင်တန်းတက်ဖို့အချိန်မပေးနိုင်လို့
စာအုပ်ဝယ်ပြီးလေ့လာတဲ့အခါ အခက်အခဲမဖြစ်အောင်သင်ခန်းစာတစ်ခုချင်းအတွက် ဆရာ့ရှင်းပြမှုများကို ထပ်မံလေ့လာလိုပါကရာသက်ပန်
(30000)ကျပ်ဖြင့်Telegram Private group မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။



.Ed

04/08/2026

Dip.Ed (4/2027)အတွက် အိမ်မှာအေးအေးဆေးဆေးလေ့လာရအောင်၊ရပ်ဝေးအင်တာနက်လိုင်းမကောင်းတဲ့သူတွေအတွက်ပါအဆင်ပြေအောင်အတွက်ရည်ရွယ်ပြီး လေ့လာစရာစာအုပ်လေးထုတ်ပါမယ်။စာရိုက်နေတာပြီးပါတော့မယ်။တစ်အုပ်တည်းအပြီးပါ။စာကြိုလေ့လာချင်လို့ မှာချင်တယ်ဆိုရင်တော့ဆရာ့ဆီဆက်သွယ်ပါ။

ဆရာမျိုးကို(မြန်မာစာ)

ပဲခူးရောက်တဲ့အခါ ဆရာ့ဆီအလည်လာဖို့ဖိတ်ခေါ်ပါတယ်။
22/05/2026

ပဲခူးရောက်တဲ့အခါ ဆရာ့ဆီအလည်လာဖို့ဖိတ်ခေါ်ပါတယ်။

20/05/2026

ကြိုးစားတဲ့လူတိုင်းဟာကျရှူံးဖူးကြတယ်ဆိုသော်လည်း ဘဝကို အကြိမ်ကြိမ်တစ်ကပြန်စရတာမျိုးဆိုရင်လည်း ဘယ်သောအခါမှ
ရှေ့ရောက်မှာမဟုတ်ဘူး။ဒါဆို..ဒီနေရာပဲပြန်ရောက်နေရတာ..ဘာ့ကြောင့်လဲ။

19/05/2026

18/05/2026

G12 မြန်မာစာ "စာဘူးတောင်းစကားပြေ"

အထက်တန်းဆင့်သိပ္ပံဘာသာရပ်တွေကိုမြန်မာလိုသင်ဖို့လိုပြီလား....?ဆိုတော့သိပ္ပံဘာသာရပ်တွေကို ကျွန်တော်တို့နိုင်ငံမှာ ဘယ်အတန်း...
17/05/2026

အထက်တန်းဆင့်သိပ္ပံဘာသာရပ်တွေကိုမြန်မာလိုသင်ဖို့လိုပြီလား....?

ဆိုတော့
သိပ္ပံဘာသာရပ်တွေကို ကျွန်တော်တို့နိုင်ငံမှာ ဘယ်အတန်းလောက်ကစပြီးသင်နေကြသလဲဆိုတာအားလုံးသိကြမှာပါ။
Grade1 အဆင့်မှာကလေးတွေပတ်ဝန်းကျင်စူးစမ်းလေ့လာတတ်စေဖို့၊သက်ရှိသက်မဲ့အကောင်လေးတွေ၊ကုန်နေရေနေသတ္တဝါလေးတွေကိုသိရှိစေနိုင်ဖို့နဲ့လေးခြင်းပေါ့ခြင်းသင်ခန်းစာ‌လေးတွေကအစ လက်တွေ့နဲ့ပေါင်းစပ်ပြီးသင်နေကြတာမျက်မြင်ကိုယ်တွေ့ပါ။
တဖြည်းဖြည်းနဲ့အတန်းလေးတွေမြင့်လာလေ‌လေသင်ယူမှုနယ်ပယ်ဟာပိုကျယ်ဝန်းလာပါတယ်။ဒါကလည်းသင်ရိုးညွှန်းတမ်းတစ်ခုဆိုတာက ခရုပတ်နည်းအရအသက်အရွယ်နှင့်ဉာဏ်ရည်အတန်းအဆင့်လိုက်ဆွဲကြရတာပါ။ယခုလက်ရှိသင်ရိုးသစ်Grade5 မူလတန်းဆင့်ကိုတစ်ချက်ကြည့်လိုက်ပါဦး။ကျွန်တော်တို့ကျောင်းသားဘဝGrade10အဆင့် ဇီဝဗေဒမှာသင်ရတဲ့ "အစေ့မှအပင်ပေါက်ခြင်းအဆင့်များ"ဆိုတဲ့သင်ခန်းစာတွေကစလို့ ၊ဒြပ်ဝတ္ထုအကြောင်းတွေ၊ကျောရိုးရှိကျောရိုးမဲ့နှင့်ပတ်သက်လို့အရိုးဖွဲ့စည်းပုံတွေပါမကျန် ပျော်ရည်၊ဖျော်ရည်၊ပျော်ဝင်ပစ္စည်း၊သံလိုက်အကြောင်းတွေကိုပါထည့်သွင်းရေးဆွဲထားပါတယ်။
အလယ်တန်းအဆင့်ကိုလည်းတစ်ချက်ရှိုးကြည့်လိုက်ပါဦး။
ဓာတုဗေဒအခြေခံတွေဖြစ်တဲ့ ဒြပ်စင်များအကြောင်း၊အက်တမ်တည်ဆောက်ပုံများအကြောင်း၊အလှည့်ကျဇယား(periodic table)၊ဓာတ်ငွေ့ထုတ်ဖော်ခြင်းသင်ခန်းစာများထည့်သွင်းထားသလို။
ရူပဗေဒအခြေခံတွေဖြစ်တဲ့ သက်ရောက်အား၊ဖိအား၊အရှိန်၊အဟုတ်သင်ခန်းစာများကစလို့ (mechanic)မက်ကဲနစ်၊(electronic)အီလက်ထရောနစ် ပိုင်းများ၊အာကာသနှင့်စကြာဝဠာ၊သံလိုက်အကြောင်းအရာများကိုလည်းစုံစုံလင်လင်ထည့်သွင်းထားတာကိုတွေ့ရပါတယ်။
ဒါ့အပြင်ဇီဝ‌ဗေဒအခြေခံတွေဖြစ်တဲ့ သက်ရှိများ၊ဆဲလ်များ၊ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံများနှင့်အလုပ်လုပ်ပုံများ၊ဘဝစက်ဝန်းများ၊အပင်အမျိုးအစားများအကြောင်းများစွာကိုအကျယ်တဝင့်လေ့လာကြရမှာဖြစ်ပါတယ်။ဒါ့အပြင်
သိပ္ပံဘာသာရပ်အကြောင်းဆိုတော့ "ပထဝီဝင်"ဘာသာရပ်ကိုလည်းချန်ထားခဲ့လို့မရပါဘူး။သင်ရိုးသစ်မှာသဘောအကျဆုံးက Grade9 ပထဝီဝင်ဘာသာရပ်ပါ။လေတိုက်နှုန်း၊အိုက်ဆိုဘား၊မိုးလေဝသခန့်မှန်းချက်များ၊မြေပုံကြည့်၍ခန့်မှန်းခြင်းများဟာကျွန်တော့်အတွက်အင်မတန်စိတ်ဝင်စားဖို့ကောင်းတာမို့ အထူးတလည် သေသေချာချာလေ့လာမိတဲ့သင်ခန်းစာဆိုလည်းမမှားပါဘူး။

ကဲ...စပါပြီ။

ဒီလို..ဒီလို..အကြောင်းအရာကဏ္ဍမျိုးစုံကို မူဆင့်နှင့်လယ်ဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး အပြန်ပြန်အလှန်လှန်ဆွေးနွေးခဲ့ကြတဲ့ကျောင်းသားတွေဟာ အထက်တန်းအဆင့်လည်းရောက်ရော ဆယ်ကျော်သက်အရွယ်စိတ်ကစားတာတွေရော၊ဖုန်း၊ဂိမ်းစွဲလမ်းကြတာတွေရောကြောင့် Grade10မှာ စတင်ပျက်စီးကြပါပြီ။နဂိုကမူဆင့်၊လယ်ဆင့်မှာတော်ပြီးထူးချွန်ခဲ့တဲ့ကလေးတွေဟာ အထက်တန်းအဆင့်မှာအကြောင်းအမျိုးမျိုးနဲ့ ပျက်စီးသွားကြတာကြောင့်ရော၊သင်ရိုးအားလုံး(မြန်မာစာ၊ဘောဂ)မှလွဲပြီး
English လိုသင်ရတာကြောင့်ရော နဂိုကတည်းက "ပျက်စီးချင်ရက်လက်တို့"ကလေးတွေဟာ စာမလိုက်နိုင်တော့ပါဘူး။GRADE12ပြီးရင် CC(completion certificate)ရရင်ပြီးရောဆိုပြီး ဆူငေါက်ခံတက်နေကြတဲ့ကလေးတွေသာများလာပါတယ်။ကိုယ့်တစ်ကျောင်းတည်းလားလို့ စုံစမ်းကြည့်တော့ အခြားကျောင်းက ကလေးအများစုဟာလည်းအဲ့လိုပဲဆိုတော့ ငါတို့မျိုးဆက်သစ်တွေတော်တော်ပျက်စီးနေကြပါလားလို့တောင်တွေးမိပါတယ်။ပျက်စီးဆို ယောက်ျားလေးဆို ဆေးလိပ်၊ဘီယာ၊ကွမ်းယာ ပါမကျန် ကိုယ်မသိနိုင်တဲ့လက်လှမ်းမီတဲ့အရာတွေပါအကျန်အကုန်တတ်နေကြသလို၊မိန်းကလေးတွေကလည်း စာမှာအာရုံမရှိတော့ဘဲ
အရွယ်မတိုင်ခင်အိမ်ထောင်ပြုတဲ့လမ်းကိုဦးတည်ပြီး အားအားနေ မှန်၊ဘီး၊မိတ်ကပ်အစုံအလင်နဲ့ "ကိုသာဂိ အလှပြင်ခန်းမ"လား စာသင်ခန်းလားတောင်မနည်းခွဲယူရတဲ့အဖြစ်ပါ။ဟော...နွေလည်းကျောင်းပိတ်ရော "ဆရာ..သား/သမီးတို့ မင်္ဂလာဆောင်လာဦးနော်"လို့တောင်ခပ်တည်တည်နဲ့ဖိတ်သွားကြတော့ "ကိုယ့်မှာစိတ်နာနာနဲ့ ခြံဝမှာ ပပဝင်းခင်လို ဖိတ်စာကိုတောင်ဆွဲဖြဲချင်စိတ်တွေတဖွားဖွားပေါ်လာ"တော့တာပါပဲ။

စကားရှည်သွားပါပြီ။

ဆိုတော့ကာ ဒီလိုလမ်းလွဲနေတဲ့အမိ မြန်မာပြည်ရဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသား/သူ လူငယ်လေးတွေဘာလို့စာကိုစိတ်မဝင်စားကြတော့တာလဲဆိုတာတွေးရင်း..."တပည့်ရင်းလူဆိုးတစ်သိုက်"ကိုမေးကြည့်တော့-

"ဆရာရယ်..သားတို့မှEngစာမှမရတာ၊အကုန်လုံးEngလိုချည်းဆိုတော့သားတို့မလိုက်နိုင်တော့ဘူးဆရာ။ဆရာတို့တုန်းကတော့မသိဘူး။သားတို့သင်ရတဲ့စာတွေကတအားခက်တာပဲ...လာမဲ့နှစ်သားတော့ကျောင်းထွက်ပြီဆရာ။အပြင်အလုပ်ပဲလုပ်တော့မယ်။စာမေးပွဲတိုင်း အခန်းထဲမှောက်အိပ်နေရတာလည်းဆရာတို့ကိုအားနာမိပြီ"
ဆိုတဲ့ ရင်ထဲကစကားသံတွေကြားရတော့လည်းစိတ်မကောင်းရုံကလွဲဘာတတ်နိုင်မှာလဲ။

သူတို့ပြောတာလည်းမမှားပါဘူး။သူတို့ပေးဆပ်ရတဲ့အချိန်တွေနဲ့ရလာမဲ့ရလာဘ်က မကာမိတော့ကျောင်းထွက်ချင်တာမဆန်းပါဘူး။Grade10လောက်မှာ မသိသာပေမဲ့ Grade11ရောက်တဲ့အခါ ဘာသာရပ်တိုင်းက ဆရာတွေတောင်အင်မတန်လေ့လာရတာမို့ နှစ်ဝက်လောက်ဆိုသူတို့မှာကျောင်းထွက်ချင်လာကြပါပြီ။သူတို့နောက်တစ်နှစ်ဆိုတာကို ဆက်လက်သည်းခံနိုင်စွမ်းတွေကုန်သွားကြပြီထင်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့လူကြီးတွေအနေနဲ့ကမျိုးဆက်သစ်လူငယ်တွေအတွက်

-Englishစာစွမ်းရည်ပိုမြှင့်ပြီးသင်ပေးရမှာလား
-Physics,Chem,Bio‌ စတဲ့သိပ္ပံဘာသာရပ်တွေကို မြန်မာလိုပြောင်းလဲဖို့လိုနေသလား ဆိုတာ

စာဖတ်သူတို့ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးခင်ဗျာ။

မှတ်ချက်။ ။အပြုသဘောဆောင်သောcommentများကိုသာလက်ခံပါသည်။နိုင်ငံရေးကိုငြိစွန်းစေသောအမုန်းစကားများ၊ဆဲရေးတိုင်းထွားချင်းများပြုခဲ့သော် မိမိ၏ ကိုယ်နှုတ်အမူအရာကြောင့်သာတန်ပြန်ခံစားရပါမည်။

ဆရာမျိုးကို(မြန်မာစာ)

မြန်မာစာဆရာတစ်ယောက်အနေနဲ့သိသင့်တယ်လို့ထင်ပါတယ်.."သစ္စာနှင့်ပညာ"စကားပြေလာ "သီလဝိသုဒ္ဓိ"အကြောင်းကလေးတွေကိုပြောပြနိုင်ဖို့ရ...
16/05/2026

မြန်မာစာဆရာတစ်ယောက်အနေနဲ့သိသင့်တယ်လို့ထင်ပါတယ်..

"သစ္စာနှင့်ပညာ"စကားပြေလာ "သီလဝိသုဒ္ဓိ"အကြောင်းကလေးတွေကိုပြောပြနိုင်ဖို့ရန်အလို့ငှာ-

သီလဝိသုဒ္ဓိ အပြား ၄-ပါး။ ။ သီလ ဖြူစင်ကြောင်း တရား ၄-ပါး

(၁) ဒေသနာ သုဒ္ဓိ- ပါတိမောက္ခ သံဝရသီလ ပျက်လျှင် ဒေသနာကြားခြင်းစသည့်။မိမိအာပတ် ဆိုင်ရာနည်းဖြင့် ကုစားစင်ကြယ်ခြင်းမျိုး။

(၂) သံဝရ သုဒ္ဓိ- ဣန္ဒြိယ သံဝရသီလ ၆-ပါး၌ တပါးပါး ပျက်လျှင် နောင် မပေါက်ကြားစေရ ဟု အဓိဋ္ဌာန်တင်၍ စင်ကြယ်ခြင်းမျိုး။

(၃) ပရိယေဋ္ဌိ သုဒ္ဓိ- အာဇိဝ ပါရိသုဒ္ဓိ သီလပျက်လျှင် ကုလဒူသန အနေသန စသော မိစ္ဆာဇီဝ နောက်ခါ မဖြစ်ရအောင် ရှောင်ကြဉ်၍ သမ္မာအာဇိဝဖြင့် ရှာမှီးခြင်းမျိုး။

(၄) ပစ္စေဝေက္ခဏာ သုဒ္ဓိ- ဣဏပရိဘောဂ မဖြစ်စေဘဲ ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ပစ္စယ သန္နိဿိတ သီလကို စင်ကြယ်စေခြင်းမျိုး။

သုတေသနသရုပ်ပြအဘိဓာန်

ဆရာမျိုးကို(မြန်မာစာ)

Disclaimer

Educational visual created with AI-assisted digital illustration for learning purposes.


သစ္စာနှင့်ပညာစကားပြေမှာပါတဲ့ကုသိုလ်တရား(၁၀)ပါးဆိုတာဘာလဲ...ကုသိုလ်မျိုး ၁၀-ပါး ။ ။ လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပ...
15/05/2026

သစ္စာနှင့်ပညာစကားပြေမှာပါတဲ့ကုသိုလ်တရား(၁၀)ပါးဆိုတာဘာလဲ...

ကုသိုလ်မျိုး ၁၀-ပါး ။ ။ လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစေတတ်သော တရားဆယ်ပါး။ ၎င်းင်းကို"သုစရိုက် ဆယ်ပါး"ဟူ၍လည်းကောင်း၊ "ကုသလကမ္မပထတရား ဆယ်ပါး"ဟူ၍လည်းကောင်း၊ "ပုညကိရိယာ ဝတ္ထုဆယ်ပါး"ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။
(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊
(၂) သီလ- ကာယဝစီ ထိုနှစ်လီသောဒုစရိုက်ကိုမလိုက်ပယ်ကြဉ်ရခြင်း၊
(၃) ဘာဝနာ- သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊
(၄) အပစာယန-ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စ- ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကိုသယ်ပိုးဆောင်ရွက်ရခြင်း၊
(၆) ပတ္တိဒါန- မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒန-သူတစ်ပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊
(၈) ဓမ္မသဝန- ဘုရားစကား မြတ်တရားကိုကြားနာရခြင်း၊
(၉) ဓမ္မဒေသနာ- ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။

သုတေသနသရုပ်ပြအဘိဓာန်

Disclaimer

Educational visual created with AI-assisted digital illustration for learning purposes.

ที่อยู่

Bang Naun
590-0975

เบอร์โทรศัพท์

+959952398615

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmarsar Academyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์