Mro Youth Education Improvement Association

Mro Youth Education Improvement Association

แชร์

မြို လူငယ်ပညာရည်မြှင့်တင်မှုအသင်း

Photos from Mro Youth Education Improvement Association's post 02/01/2026

အစဉ်အမြဲ့ဆက်လက်၍MYEIAတည်တံ့နိင်ပါစေ

02/11/2025

(MYEIA)မြိုလူငယ်ပညာရည်မြှင့်တင်မူ အသင်း၏ နှစ်ပတ်လည် အစည်းအဝေး မြိုလူငယ်များ ပညာရည်မြှင့်တင်နိုင်ရေးအတွက်
ရံပုံငွေများ လိုအပ်ချက်နှ့င်ပတ်သက်၍ အသင်းသားများအပြန်အလှန်ဆွေးနွေးကြသည်။
တက်ရောက်လာကြသော အသင်းသားများအားကျေးဇူးအထူးတင်ရှိပါကြောင်း

[email protected]

Photos from Mro Youth Education Improvement Association's post 03/02/2025

(၁၀)ဆယ်စုနှစ် ဖြတ်ကျော်ခဲ့ရသော MYEIAအသင်းသား/သူ ပုံရိပ်များ
🙏ထာဝရတည်တံ့ပါစေသား🙏
Adminsဆုတောင်းမေတ္တာပို့
2025 မှ 2026သို့🏌️
Mro Youth Education Improvement Association

Photos from Mro Youth Education Improvement Association's post 15/01/2025

(MYEIA)မြိုလူငယ်ပညာရည်မြှင့်တင်မူ အသင်း၏ (တစ်ဆယ့်နှစ် နှစ်မြောက်နှစ်ပတ်လည် အစည်းအဝေးကို စမူပါရာကန်ဘန်းပူး တွင်(၁၂/၁/၂၀၂၅)တနဂ်နွေနေ့ကျင်းပကြရာ အသင်းသား/အသင်းသူများက အသင်းမွေးနေ့ များပြုလုပ် ကြသည်။
အသင်း ဆက်လက်တည်တံ့ခိုင်မြဲနိင်ရေးနှင့် မြိုလူငယ်များ ပညာရည်မြှင့်တင်နိုင်ရေးအတွက်
ရံပုံငွေများ လိုအပ်ချက်နှ့င်ပတ်သက်၍ အသင်းသားများအပြန်အလှန်ဆွေးနွေးကြသည်။
တက်ရောက်လာကြသော အသင်းသားများအားကျေးဇူးအထူးတင်ရှိပါကြောင်း
အသင်း နယက ဦးစံရွှေမှ ပြောကြား။
၁၂/ ၁/၂၀၂၅
[email protected]

Photos from Mro Youth Education Improvement Association's post 29/09/2024

(M.Y.E.I.A) မြိုလူငယ် ပညာရည်မြှင့်တင်မှုအသင်း (၃) လတစ်ကြိမ် ပုံမှန်အစည်းအဝေးကို ( 29.9.2024) တနင်္ဂနွေ နေ့တွင်‌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။ အသင်းရံပုံငွေလည်ပ တ်နိုင်ရေးနှင့် ရှေ့ဆက် အသင်းခိုင်မြဲမူများ၊ အသင်းသား/ဝင်များဆွေးနွေးကြသည်။
ဆွေးနွေးအပြိးပုံရိပ်များ....
မြိုလူငယ်ပညာရည်မြှင့်တင်မူအဖွဲ့များ....
ဘန်ကောက် နာခေါ့ပထုံ အုန်းနွဲ့
နေရာ။ ။ အုန်းနွဲ့၊ဖိကစင်စွယ်(95)၊
စွယ်ပစီဖိတ်(တိုက်ပြာ)။

ဆက်သွယ်ရန်ဖုန်း📞။ ။0949467436
0634405422

26/09/2024

(M.Y.E.I.A) မြိုလူငယ် ပညာရည်မြှင့်တင်မှုအသင်း (၃) လတစ်ကြိမ် ပုံမှန်အစည်းအဝေးကို ( 29.9.2024) တနင်္ဂနွေ နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော အသင်းသူ/သားများနှင့် မြိုလူငယ်များအစည်းအဝေးသို့ တက်ရောက်လာကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အချိန်။ ။ နေ့လည်🕚 (11) နာရီ
နေရာ။ ။ အုန်းနွဲ့၊ဖိကစင်စွယ်(95)၊
စွယ်ပစီဖိတ်(တိုက်ပြာ)။

ဆက်သွယ်ရန်ဖုန်း📞။ ။0949467436
0634405422

Photos from Mro Youth Unity Association's post 02/09/2024
Photos from Mro Youth Education Improvement Association's post 30/06/2024

(M.Y.E.I.A) မြိုလူငယ် ပညာရည်မြှင့်တင်မှုအသင်း (၃) လတစ်ကြိမ် ပုံမှန်အစည်းအဝေးကို ( 30.6.2024) တနင်္ဂနွေ နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော အသင်းသူ/သားများအား ကျေးဇူးတင်ရှိပါကြောင်း နဲ့ မြိုလူငယ် ပညှာရည်မြှင့်မှု အသင်း၏ ‌ရှေ့လုပ်ငန်းအစိစဉ်များ ဆွေးနွေးကြသည်။
အုန်းနွဲ ၊ ဘန်ကောက် ။
[email protected]

Photos from Mro Youth Education Improvement Association's post 27/05/2024

ချစ်စရာကောင်းသော myeiaအဖွဲ့သားများ နုတ်ဆက်အိမ်ပြန်ချိန်🕚
------------------------------------------
အချိန်တွေကုန်ဆုံးခြင်းတူပေမည့် တနိုင်တပိုင် /စေတနာသန့်သန့်ဖြင့် ပေးဆပ်ကြရတာ တန်ပါတယ်။
ပျော် စရာကောင်းသောနေ့လေးများ......
2018ပုံရိပ်များ🌳🌳🌳

Photos from Mro National Literature and Culture Association's post 27/05/2024
05/05/2024

အနာဂတ်ပျောက်သလို ခံစားနေရတဲ့ လူငယ်တွေကို ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။

ပုံပြင်လေးကို ဆုံးအောင် ဖတ်ပြီးသွားပြီဆိုရင်တော့ ဘဝအတွက် အဖြေတစ်ခုခု ကျန်ခဲ့မယ်ဆိုတာ ယုံကြည်ပါတယ်။

တစ်ခါတုန်းကပေါ့ဗျာ။သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်နေသတဲ့။ သမင်ပေါက်လေး မွေးအံ့ဆဲဆဲအချိန်မှာ မထင်မှတ်ဘဲ မိုးသည်းထန်စွာ ရွာချပါသတဲ့။

မိုးနဲ့အတူ မုန်တိုင်းလည်း ပါလာတဲ့အတွက် ကောင်းကင်တစ်ခုလုံး ကြောက်စရာ ကောင်းလောက်အောင် မည်းမှောင်ပြီး လျှပ်စီးတွေလည်း ပြိုးပြိုးပြက်ပြက် လင်းလက်နေသတဲ့။

မုန်တိုင်းကြောင့် မြစ်ရေဟာလည်း ကြမ်းသည်ထက် ကြမ်းလာခဲ့ပါတယ်။ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို ဖြစ်ချင်တော့ ယောတောထဲကို မိုးကြိုးပစ်ချလိုက်တဲ့အခါ ယာတောကြီးဟာလည်း အကြီးအကျယ် မီးထလောင်ပါလေရော။

ကံကလည်း ဆိုးပြီးရင်း ဆိုးချင်တော့ သမင်မကြီးရဲ့ အနောက်မှာ မုဆိုးတစ်ယောက်ဟာ မြားနဲ့ ပစ်ဖို့အတွက် ချိန်ထားလိုက်ပါပြီ။အဲဒီအချိန်မှာပဲ အရှေ့မလှမ်းမကမ်းတစ်နေရာက ကျားတစ်ကောင်ဟာလည်း
သမင်မကြီးကို ခုန်အုပ်စားသောက်ဖို့ ပြင်ဆင်နေသတဲ့။

သမင်မကြီးလောက် ကံဆိုးတဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိပါဦးမလားနော်။အရှေ့မှာက ကျား။အနောက်မှာက မုဆိုး။တောင်မှာက မီး။မြောက်အရပ်မှာက ရေ။မိုးပေါ်ကြည့်တော့လည်း လျှပ်စီးတွေက တဖျပ်ဖျပ်။အောက်ကိုကြည့်တော့လည်း မြေပြင်။ သမင်မကြီး လွတ်မြောက်ဖို့ လမ်းမရှိအောင် ဖြစ်နေခဲ့ပါတယ်။

သမင်မကြီးဟာ လွတ်လမ်း လုံးဝ မရှိတော့မှန်း သိပြီးသွားတဲ့ နောက်ပိုင်း စိတ်ကို အတည်ငြိမ်ဆုံးအခြေအနေမှာ ထားပြီး သူမွေးဖွားရမယ့် ရင်သွေးလေးကိုပဲ မဖြစ် ဖြစ်အောင် မွေးဖွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။အဲဒီအချိန်မှာပဲ ကျယ်လောင်လွန်းတဲ့ မိုးချိန်းသံကြောင့် မုဆိုးကြီးဟာ ဟန်ချက် ပျက်သွားခဲ့ပါတယ်။ဟန်ချက်ပျက်သွားတာကြောင့် သမင်မကြီးထံ ပစ်လွှတ်လိုက်တဲ့ မြားဟာ သမင်မကြီးကို ခုန်အုပ်ဖို့ ကြိုးစားနေတဲ့ ကျားကို ထိမှန်သွားပါတယ်။

ချက်ကောင်းကို မထိခဲ့ပေမယ့် အနာဒဏ်ရာ ရသွားတဲ့ ကျားဟာ သမင်မကြီးဆီ သွားရမယ့်အစား မြားပိုင်ရှင် မုဆိုးကြီးရှိရာဆီကို ဦးတည်ပြေးလွှားပြီး ခုန်အုပ်လိုက်ပါတယ်။

မုဆိုးနဲ့ ကျားဟာ လုံးရင်း ထွေးရင်း ကနေ မြစ်ထဲကျ သေဆုံးသွားပြီး မကြာမီမှာပဲ ယာတောမီးဟာလည်း မိုးရေကြောင့် ငြိမ်းသွားခဲ့ပါတယ်။နောက်ဆုံး မိုးဆဲသွားတဲ့အခါမှာလည်း
မြစ်ရေဟာ ပြန်လည် ငြိမ်သက်လာပါတယ်။ သမင်မကြီးဟာလည်း ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်ခဲ့ပါတယ်။

ပုံပြင်လေးကတော့ ဒီမှာတင် ပြီးဆုံးသွားပါပြီ။ပုံပြင်လေးက ပေးတဲ့ သင်ခန်းစာအနေနဲ့ဆိုရင် ဘယ်လို ဒုက္ခမျိုးတွေကိုသာ ကြုံရ ကြုံရ အဲဒီ ဒုက္ခတွေကို လျစ်လျူရှုပြီး လုပ်စရာ ရှိတာ ဆက်လုပ်မယ်ဆိုရင် အနာဂတ်ပျောက်နေစရာ အကြောင်းမရှိပါဘူး။

ဒါကြောင့် ဂျပန်သွားချင်ပါတယ်ဆိုရင် ဂျပန်စာ သင်စရာရှိတာ သင်ပါ။ကိုရီးယားသွားချင်တယ်ဆိုရင် ကိုရီးယားစာသင်စရာရှိ့တာသင်ပါ။ချမ်းသာတဲ့သူ ဖြစ်ချင်ပါတယ်ဆိုရင် ရသမျှ အလုပ် အကုန်လုပ်ပါ။ အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ဒုက္ခတွေကို မမှုပါနဲ့။

အနာဂတ်ပျောက်တယ်လို့ ခံစားရတာ လုပ်စရာရှိတာတွေ မလုပ်သေးလို့ပါ။ပုံပြင်လေး ဖတ်ပြီး နားလည်သွားပြီဆိုရင်တော့ အခုပဲ လုပ်စရာရှိတာ ထ,လုပ်လိုက်ပါနော်။

# #

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bang Na?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

ที่อยู่


Bang Na