23/07/2026
■ ထိုင်းတောင်ပိုင်း လုံခြုံရေးဂိတ်တခု အနီးကပ်တိုက်ခိုက်ခံရ၊ စစ်သားငါးဦးသေဆုံး
--
ထိုင်းနိုင်ငံတောင်ပိုင်း ရာငဲခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တခုကို လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ လူတစုက ကားဆိုင်ကယ်တို့နဲ့ ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်လို့ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လ ၂၂ ညနေ ၆ နာရီကျော်မှာ ဖြစ်ပွားတာဖြစ်ပြီး အဲဒီပစ်ခတ်မှုကို Barisan Revolusi Nasional သူပုန်အဖွဲ့ လုပ်ဆောင်တာလို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။