Daily Stars Learning Center

Daily Stars Learning Center

แชร์

sharing knowledge and teaching English language

Photos from Daily Stars Learning Center's post 05/08/2026

🎉 Happy Birthday, Tr.Marli🎉

ကျနော်တို့ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်း အမြင့်ဆုံး၊ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ သင်ကြားပေးတတ်တဲ့ Tr လေး ရဲ့ မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ 🌸

Tr ရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာ အမှတ်တရတွေအများကြီး ပိုင်ဆိုင်နိုင်ပါစေ။ လိုအင်ဆန္ဒမှန်သမျှလည်း အကုန်ပြည့်ဝပါစေလို့ ကျနော်တို့ DSLCမှ ဆုတောင်းပေးလိုက်ပါတယ်နော်။ 🎈✨

Photos from Daily Stars Learning Center's post 27/07/2026

သားသားမီးမီးတို့ရဲ့ group အလိုက်"ရွှံ့စေးဖန်တီးမှု" (DSLC Kids Program 2026-2027) 🎨✨

ဒီနေ့ ကျနော်တို့ DSLC Kids Program မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ ကြည့်ပါဦး။ သားသားမီးမီးတို့ရဲ့ ပုံဖော်ထားတဲ့ ရွှံ့စေးလက်ရာလေးတွေပါ။ 💛

"ကလေးတွေက ငယ်သေးတယ်၊ စာတွေကိုဖိပြီးမရေးခိုင်းသေးပါဘူး" — ဒါက ကျနော်တို့ရဲ့ ခံယူချက်ပါ။ ၅ နှစ်အောက်ကလေးတို့အတွက်တော့ အခုလို ကိုင်တွယ်၊ ဖန်တီး၊ ကစားရင်းနဲ့ သင်ယူရတာက ပိုပြီး စွဲမြဲစေပါတယ်။

ဒီရွှံ့စေးလေးတွေကို စိတ်ဝင်တစားနဲ့ ပုံဖော်နေကြတဲ့ ကလေးတွေရဲ့ ပျော်ရွှင်တဲ့မျက်နှာလေးတွေကို မြင်ရတာက ကျနော်တို့အတွက် အကြီးမားဆုံး အားဆေးပါပဲ။ 💪😊

ကလေးတွေရဲ့ လက်ချောင်းလေးတွေ သန်မာလာဖို့၊ စိတ်ကူးစိတ်သန်းတွေ ပွင့်လန်းလာဖို့အတွက် အခုလို "Activity-based Learning" တွေကို အစဉ်တစိုက် ပြုလုပ်ပေးသွားမှာပါ။

အမြဲတမ်း အားပေးတဲ့ မိဘဆရာတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙏

Photos from Daily Stars Learning Center's post 27/07/2026

DSLC Kids Program (2026–2027)

ဝါဆိုသင်္ကန်းကပ်လှူပွဲ နှင့် မိဘဆရာ ကန်တော့ပွဲ အခမ်းအနား 🙏

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မွန်လူမျိုးတို့အတွက် အလွန်ပင် ထူးခြားအလေးထားရာ အခါတော်နေ့တစ်နေ့ ဖြစ်ပါသည်။

ထို့ကြောင့် ဝါဆိုလပြည့်နေ့၏ ထူးခြားလေးနက်ပုံ၊ ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမှုကုသိုလ် ပြုလုပ်ပုံများအား သားသားမီးမီးတို့ ကိုယ်တိုင် သိရှိနားလည်စေရန် ရည်ရွယ်၍ ဤအခမ်းအနားကို ကျင်းပပေးရခြင်း ဖြစ်ပါသည်။

ထို့ပြင် သားသားမီးမီးတို့အနေဖြင့် မိဘနှင့် ဆရာများ၏ ကျေးဇူးတရားကို သိတတ်နားလည်ပြီး မိမိတို့ ပြုမူပြောဆိုခဲ့ဖူးသော အမှားများအတွက် ရှိခိုးကန်တော့တောင်းပန်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက်လည်း ပူးတွဲကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။

08/07/2026

DSLC ရဲ့ ရင်သွေးငယ်လေးတွေရဲ့ ကြိုးစားမှုကို
ဖေဖေမေမေတို့ အသိမှတ်ပြုကြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရှင့်



#တောင်ဘုံ

08/07/2026

After napping 💤 and then dance 💃

Jungle Safari



#တောင်ဘုံ

Photos from Daily Stars Learning Center's post 02/07/2026

We like coloring
We like playing 🥰😀



#တောင်ဘုံ

02/07/2026

Match the colors with the fruits 🍎

Activity learning from the students



#တောင်ဘုံ

01/07/2026

Let’s warm up everyone


#တောင်ဘုံ

01/07/2026

သားသမီးတို့ရဲ့ လက်ကြွက်သားလေးတွေ
သန်မာစေဖို့ ဒီလို ဆော့ကစားပေးခြင်းဖြစ်ပါတယ်


#တောင်ဘုံ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bang Kapi?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok
Bang Kapi