Nway Oo Family ပန်းချစ်သူ

နပိုလီယံက ပြောဖူးတယ်.....      အောင်မြင်ခြင်းဆိုတာ စိန်ခေါ်မှုကိုရင်ဆိုင်ရဲပြီးသတိဝိရိယနဲ့ အလုပ်လုပ်တဲ့ လူအပေါ်မှာကျရောက...
29/10/2024

နပိုလီယံက ပြောဖူးတယ်.....
အောင်မြင်ခြင်းဆိုတာ စိန်ခေါ်မှုကိုရင်ဆိုင်ရဲပြီး
သတိဝိရိယနဲ့ အလုပ်လုပ်တဲ့ လူအပေါ်မှာကျရောက်တတ်စမြဲပါ ။ တဲ့......
ဆိုလိုတာက အခက်အခဲတွေ စိတ်ဒုက္ခတွေ ဆိုတာလည်း အားနည်းပျော့ပျောင်းတဲ့လူတွေကို အနိုင်ကျင့်တတ်ပါတယ် ။
လူ့ဘဝမှာ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ
သူများက သပ်မှတ်ပေးတာပါ ။
ဆုံးရှူံးတယ် မဆုံးဘူးဆိုတာက ကိုယ်က လက်ခံလိုက်မှ ဖြစ်မြောက်လာတာပါ။
ကိုယ်အရှူံး မပေးသရွေ့ ဘယ်တော့မှ မရှူံးပါ ။
အောင်မြင်ခြင်းဆိုတာ အတွေ့အကြုံကနေလာတာပါ ။
အတွေ့အကြုံဆိုတာ ဆုံးရှူံးခြင်းမှ ရရှိလာတာပါ ။
ဆုံးရှူံးသွားပေမဲ့ အတွေ့အကြုံ ရတာပေါ့ဆိုတာ
ဒါကိုပြောတာပါ။
ခဏခဏချော်လဲတယ် ပြီးရင်ပြန်ထပြေးနိုင်တဲ့သူဟာ တာထွက်ကတဲ့က ပြေးနေတဲ့သူလောက် အပြေးမမြန်ပေမဲ့ ပိုပြီး ကြံ့ခိုင်တယ် ပိုပြီးအားကောင်းတယ် ပိုပြီးလည်း အမောခံနိုင်ပါတယ်
လုံးဝ မချော်လဲဖူးတဲ့လူထက် လဲပြီး ပြန်ထနိုင်တဲ့သူက များစွာပိုပြီး ဂုဏ်ယူစရာ ကောင်းပါတယ်။
ဆုံးရှူံးဖူးတဲ့ အတွေ့အကြုံရှိလို့ပါ

အထူးသတိပြုရမယ့် လပြည့်ည ဒီနေ့ လ ပြည့်ညမှာတော့ လသည် ကမ္ဘာ နှင့်အနီးဆုံးပတ်လမ်းကို ရောက်ရှိလာမှာဖြစ်ပါတယ်။လသည် မူလ ထပ် ၁၄%...
17/10/2024

အထူးသတိပြုရမယ့် လပြည့်ည

ဒီနေ့ လ ပြည့်ညမှာတော့ လသည်
ကမ္ဘာ နှင့်အနီးဆုံးပတ်လမ်းကို ရောက်ရှိလာမှာဖြစ်ပါတယ်။

လသည် မူလ ထပ် ၁၄% ပိုကြီးမားတဲ့အရွယ်စားကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ စူပါမွန်း
ဖြစ်စဥ်အတွင်း လရဲ့ဆွဲအားကြောင့်
ဒီရေတက်ခြင်း ၊ မြေငလျင်လှုပ်ရှားခြင်း ၊ မီးတောင်ပေါက်ကွဲခြင်းများဖြစ်ပေါ်နိုင်ပါတယ်။

~ ကမ္ဘာစကြဝဠာနှင့် ဗဟုသုတများ


....ဝါလကင်းလွတ် သီတင်းကျွတ်....အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေကြောင်း ဘေးကင်းလုံခြု...
16/10/2024

....ဝါလကင်းလွတ် သီတင်းကျွတ်....
အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေကြောင်း ဘေးကင်းလုံခြုံကြပါစေ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏 🙏 🙏

16.10.24
#

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ကို နှစ်စဥ် ကမ္ဘာ့တဝှမ်းကျင်းပကြပါတယ်။ ဆရာဆရာမတွေအတွက် ပီတိဖြစ်ရတဲ့ နေ့လေးတစ်ရက်ပါ ဆရာဆရာမ များ...
05/10/2024

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ကို နှစ်စဥ် ကမ္ဘာ့တဝှမ်းကျင်းပကြပါတယ်။ ဆရာဆရာမတွေအတွက် ပီတိဖြစ်ရတဲ့ နေ့လေးတစ်ရက်ပါ ဆရာဆရာမ များရဲ့ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့သတိရပါသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ၊ မွန်မြတ်သော ဆရာဆရာမများကို လက်အုပ်ချီမိုးဂါရဝပြုပါသည်။ ပညာတွေ လက်ဆင့်ကမ်းပေးနေသည့် ဆရာဆရာမများကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါသည်။ ဓမ္မဘက်ကရပ်တည်​ သောဆရာဆရာမတို့ ကျေးဇူးကြောင့် ကလေးများ ကျောင်းတွင် ပညာကောင်းစွာ သင်ကြားနေရပါသည်။ ဆရာဆရာမ များကို အစဥ်တန်ဖိုးထားလေးစားမိပါသည်။🙏🙏🙏

သင်ဆရာ ၊ မြင်ဆရာ၊ ကြားဆရာ များကို လက်အုပ်ချီမိုး ကန်တော့အပ်ပါသည်။🙏🙏🙏

Happy Mother's Day  အတွက် လက်ဆောင်ပေးမယ့် အစီအစဉ်လေး မေမေ့ကို လက်ဆောင်လေး ပေးချင်ပါတယ်  ခုပိုစ်ရဲ့အောက်မှာ ချစ်ရတဲ့ မေမေ...
12/05/2024

Happy Mother's Day အတွက် လက်ဆောင်ပေးမယ့် အစီအစဉ်လေး မေမေ့ကို လက်ဆောင်လေး ပေးချင်ပါတယ်

ခုပိုစ်ရဲ့အောက်မှာ
ချစ်ရတဲ့ မေမေကို ပြောပြချင်တဲ့ စကားလေးတွေ မန့်ပေးလို့ရပါတယ်

ချစ်ရတဲ့အကြောင်း
မြတ်နိုးရတဲ့အကြောင်း
အမှတ်တရလေးတွေ အကြောင်း
လွမ်းရတဲ့အကြောင်း
အကုန် ရေးခဲ့နိုင်ပါတယ်

ချစ်ရတဲ့မေမေနဲ့အတူ အမေများနေ့မှာ ပျော်ရွှင်ကြပါစေ
မေမေများအားလုံးလဲ စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေလို့နွေဦးဥယျာဥ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

အော် မေ့လို့
အခုလို အမှတ်တရ စာလေးတွေကိုလေ
အနားမှာများ မေမေက အတူတူရှိနေခဲ့ရင်ဖြစ်ဖြစ်
အတူမရှိနိုင်ရင်လဲ ဖုန်းဆက်ပြီးဖြစ်ဖြစ်
လူကိုယ်တိုင်လဲ ပြောပြပေးလိုက်ပါနော်
မေမေတို့လဲ အရမ်းကို ပျော်ရွှင်နေကြမှာပါ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၁၁/၂၀...
05/05/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၁/၂၀၂၄)
၁၃၈၆ ခုနှစ်၊ တန်ခူးလဆုတ် ၁၂ ရက်နေ့
(၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့)

"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို ထုတ်ပြန်ကြေညာခြင်း"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

No.33
03/05/2024

No.33

စက္ကူလေယာဥ်သပိတ်ပါဝင်ဆင်နွဲသောSGFSသားသမီးများ
17/04/2024

စက္ကူလေယာဥ်သပိတ်
ပါဝင်ဆင်နွဲသောSGFSသားသမီးများ

မင်္ဂလာနံနက်ခင်းလေးပါရှင် 🤗💟🙏  🌸🌿  နှစ်သစ်အခါသမယ နှစ်ဦးမေတ္တာ ပို့သအပ်ပါသည်။ ကျေးဇူးရှင် တောင်သူလယ်သမားများဦးကြီး ၊ဒေါ်က...
17/04/2024

မင်္ဂလာနံနက်ခင်းလေးပါရှင် 🤗💟🙏

🌸🌿 နှစ်သစ်အခါသမယ နှစ်ဦးမေတ္တာ ပို့သအပ်ပါသည်။
ကျေးဇူးရှင် တောင်သူလယ်သမားများဦးကြီး ၊ဒေါ်ကြီးများ အားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ 🙏

🌸🌿ကျေးလက်မြို့ရွာ လှည်းနေ၊ လှေအောင်း ၊
မြင်းစောင်းမကျန် နေထိုင်ကြသူ ကုန်သည်၊ ပွဲစား ၊ ဆင်းရဲသားမကျန် အယုတ်၊ အလတ်၊ အမြတ်မရွေး
ပုဂ္ဂိုလ်များလည်း ကျန်းမာ ချမ်းသာကြပါစေ🙏

🌸🌿ဘဝရှင်သန်ရေး မနှေးကြိုးစား အလုပ်သမားများလည်း ကျန်းမာ ချမ်းသာကြပါစေ🙏

🌸🌿 မိသားစုအတွက် ကိုယ်အရေး မငဲ့ကွက် မနေမနား
ကြိုးစားရှာဖွေ ဂေဟသိတ ကုသိုလ်ရှင် ဖခင်များအားလုံး
ကျန်းမာ ချမ်းသာကြပါစေ🙏

🌸🌿 သားသမီးမျက်နှာ သီတာရေအလား ထင်မှား ပြုံးရွှင် ကိုယ့်အသက်ပင် ပဓာနမထား မေတ္တာကြီးမားသူ မိခင်များအားလုံး ကျန်းမာ ချမ်းသာကြပါစေ 🙏

🌸🌿ဒါန၊ သီလ၊ သမထ၊ ဘာဝနာ မြတ်ဒေသနာနှင့်
သာသနာအကျိုး သည်ပိုးရွက်ဆောင် ရဟန်းဘောင်မှ
သံဃာတော်များ ၊ ဆရာလေးများနှင့် ယောဂီမကျန်
ကုသိုလ်ဇွဲသန်သော ဥပသကာ၊ ဥပါသိကာများလည်း
ကျန်းမာ ချမ်းသာကြပါစေ 🙏

ကမ္ဘာသူ ကမ္ဘာသား ၊ မြန်မာနိုင်ငံသူ နိုင်ငံသား
သက်ရှိ သတ္တဝါများအားလုံး ဘေးရန်ကင်းကွာ ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း နှစ်ဦးမေတ္တာ ပို့သပါသည်။ မကောင်းမှုပျောက် ကောင်းမှုရောက်၍
ကောင်းကျိုး အဖြာဖြာ ပြည့်ပါစေ 🤗💟🙏🙏🙏

ที่อยู่

Bangok
Ban Tak
63120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nway Oo Familyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท