Diary - ဒိုင်ယာရီ

Diary - ဒိုင်ယာရီ

แชร์

My Tiny Verse

19/01/2025

တစ်နေ့တော့ မင်းပြန်လာအုံးမလား ဟိုးတုန်းကလို ချစ်အုံးမလား 🥰🥰🥰

#ရတနာမိုင် #သီချင်း

19/01/2025

အခါခါဆိုတော့လည်း နာစရာတွေ များပြီ အချစ်ရဲ့....

18/01/2025

မင်းလေးချစ်တတ်ရင် - မျိုးကျော့မြိုင်

#မျိုးကျော့့မြိုင် #သီချင်း

18/01/2025

ငါခေါ်မှ ထူးတယ်
ငါမေးမှ ဖြေတယ်

ငါ့ဘက်က တိတ်ဆိတ်နေရင်
မင်းဘဝလေးဟာ အေးချမ်းနေရော ။

-နွေသစ်ငြိမ်း

18/01/2025

မျောက်ဖြစ်ချင်တယ် 🐒
ရေး/ဆို - ခန့်ဖြိုး

#ခန့်ဖြိုး #သီချင်း

17/01/2025

“မိမိကိုယ်မိမိ တော်လှန်ခြင်း”
🔳 တော်လှန်တယ်၊ တွန်းလှန်တယ်၊ ဆန့်ကျင်တယ် စသဖြင့် ဒီလိုစကားလုံးတွေ ကြားလိုက်ရင် နိုင်ငံ့အရေးကိစ္စတွေနဲ့ပဲ တွဲမြင်ကြတာ များတယ်။
တကယ်တော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကိုယ် တော်လှန်နေကြရပါတယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်။ ရှေ့ရောက်လာမယ်။ ကျန်းမာလာမယ်။ ငွေစုမိလာမယ်။ ဆက်ဆံရေးတွေ ကောင်းမွန်လာမယ်။ ဘဝရဲ့ အစိတ်အပိုင်း အသီးသီးမှာ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ မြင်လာရမယ်။
တော်လှန်တယ်ဆိုတာ ရေစုန်မျှောလိုက်ရတာ မဟုတ်ဘူး။ ရေဆန်ခရီး ဖြစ်တယ်။ ဆန်တက်ရတာဖြစ်လို့ ခက်ခဲတယ်။ ပင်ပန်းတယ်။ ဒါကြောင့်လည်း လူတိုင်း မလုပ်နိုင်ကြတာ၊ အချိန်တိုင်း မလုပ်နိုင်ကြတာပေါ့။
🔳 ဒါဖြင့် ဘယ်အရာတွေက ရေစုန်ခရီးလဲ။ ဘယ်အရာတွေကို တွန်းလှန်ရမှာလဲ။
ခြုံပြောရရင် ၄ ခု ရှိတယ်။
• မိမိကိုယ်တိုင်ရဲ့ လိုအင်ဆန္ဒ
• ပတ်ဝန်းကျင်ရဲ့ ဆွဲဆောင်မှု
• စိတ်ခံစားချက်
• လူအများက မှန်တယ်လို့ သတ်မှတ်ထားတဲ့အရာတွေ
အဲဒီ ၄ ခု ဖြစ်တယ်။
🔳 တစ်ခုချင်းစီ ကြည့်ရအောင်။
📌 ၁။ မိမိကိုယ်တိုင်ရဲ့ လိုအင်ဆန္ဒ
စားချင်တယ်၊ သွားချင်တယ်၊ ဝယ်ချင်တယ်၊ ဝတ်ချင်တယ်၊ အေးနေရင် မထချင်ဘူး၊ ပူနေရင်လည်း အလုပ်မလုပ်ချင်ပြန်ဘူး၊ နားနေချင်တယ်၊ အရမ်းပင်ပန်းနေပြီ စသဖြင့် စသဖြင့် ဒီခန္ဓာကိုယ်ကြီးက စက္ကန့်မလပ် ပူဆာနေတယ်။ တောင်းဆိုနေတယ်။ အဲဒါကြီးကို ကျွန်တော်တို့က အလိုလိုက်နေရတယ်။
အားကစားလုပ်ရတာ၊ လှုပ်လှုပ်ရှားရှား လုပ်ရတာထက် ထိုင်ပြီး ဖေ့စ်ဘွတ်သုံးနေရတာက ပိုလွယ်တယ်။
အစားအသောက် ဆင်ခြင်ရတာထက် စားချင်သလို စားရတာက ပိုလွယ်တယ်။
ပိုက်ဆံစုရတာထက် လိုချင်တာတွေ လျှောက်ဝယ်လိုက်ရတာက ပိုပျော်စရာကောင်းတယ်။
အဲဒီတော့ လွယ်တာတွေ၊ စိတ်ပျော်တာတွေပဲ လုပ်ရင်းလုပ်ရင်း ဝိတ်တက်လာတယ်။ အထိုင်အထ နည်းလာတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တော့ဘူး။ ပိုက်ဆံမစုမိဘူး။ အလုပ်တွေ နှေးဖင့်တယ်။
📌 ၂။ ပတ်ဝန်းကျင်ရဲ့ ဆွဲဆောင်မှု
ဒီနေ့လို ရုပ်ဝတ္တုတွေ ထွန်းကားလာပြီး စီးပွားရေး သိပ်ဆန်လာတဲ့ခေတ်မှာ ဆွဲဆောင်မှုတွေကို တောင့်ခံနိုင်ဖို့က သိပ်မလွယ်တော့ဘူး။ ဒီကြော်ငြာအားလုံးကနေ ကျွန်တော်တို့ဆီ ရိုက်ထည့်ပေးနေတဲ့ သတင်းစကားက ဘာလဲဆိုတော့ “You are not enough” မင်း မလုံလောက်သေးဘူး ဆိုတာပဲ။
ဒီဖုန်းရှိမှ မင်း ဘယ်လိုအဆင်ပြေမှာ၊ ဒါလေး ဝယ်ထားမှ ကြည့်လို့ကောင်းမှာ၊ ဒါလေး သုံးမှ လူဝင်ဆံ့မှာ စသဖြင့် စသဖြင့် ပြောနေတယ်။ ဒါတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း လိုအင်ဆန္ဒတွေက အဆမတန် များပြားလာတယ်။
၁၉၅၂ တုန်းက Robert Sheckley ရေးခဲ့တဲ့ Cost of Living ဆိုတဲ့ ဝတ္ထုတိုကလေး ရှိတယ်။ ခေတ်မီအသုံးအဆောင်တွေကို ဝယ်ရင်း ဝယ်ရင်း ဒီပစ္စည်းတွေကို ကိုယ်က သုံးနေတာ မဟုတ်တော့ဘဲ ဒီပစ္စည်းတွေ သုံးနိုင်ဖို့ကို ကိုယ်က စက်ရုပ်တစ်ရုပ်လို လည်ပတ်နေရတော့တယ် ဆိုတဲ့အကြောင်း ရေးထားတာ။ အဲဒီတုန်းကတော့ စိတ်ကူးယဉ်ဆန်တဲ့ဝတ္ထု ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်။ အခု အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဖြစ်နေကြပြီ။
ကိုယ့်အတွက် တကယ်လိုတာလား၊ ကိုယ်က လိုချင်နေတာလား၊ ကိုယ့်ဝင်ငွေအတိုင်းအတာကရော ဘယ်လိုရှိသလဲ၊ ဒါတွေကို မချိန်ဆနိုင်ဘဲ ဒီဆွဲဆောင်မှုတွေကို လိုက်နေသရွေ့တော့ Treadmill ပေါ် ပြေးနေတဲ့လူလို “ပြေးကားပြေး၏ ဘယ်မှမရောက်” ဖြစ်နေကြမှာပဲ။
ငွေကြေးလည်း စုမိမှာ မဟုတ်သလို၊ ငွေရှာကောင်းပါတယ်ဆိုတောင် ပျော်ရွှင်မှုကတော့ ရေတိုခဏပဲ ရကြလိမ့်မယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အရာတွေကနေ လာတာ သိပ်နည်းလို့ ဖြစ်ပါတယ်။
📌 ၃။ စိတ်ခံစားချက်
လိုအင်ဆန္ဒ၊ သူများသုံးသလို လိုက်မသုံးရရင် သိမ်ငယ်တာ၊ ဒါတွေကလည်း စိတ်ခံစားချက်ပါပဲ။ ဒီအပိုင်းမှာ ထပ်ဖြည့်ပြောလိုတဲ့ ခံစားချက်တွေကတော့ Relationship နဲ့ ပတ်သက်တယ်။
ဒေါသထွက်လာရင် ဘယ်သူမဆို နစ်နာအောင် ပြောပစ်၊ လုပ်ပစ်လိုက်ချင်တာပဲ။ အဲဒီအတိုင်းသာ လုပ်နေလို့ကတော့ ဆက်ဆံရေးတွေ အဆင်ပြေမှာ မဟုတ်ဘူး။
တစ်ခါတလေ ကိစ္စသေးသေးလေးကို ကိုယ်မှန်ကြောင်း သက်သေပြရင်း၊ အတင်းငြင်းရင်း တစ်ဖက်မှာ ဆက်ဆံရေးတွေ ထိခိုက်ကုန်တတ်တယ်။ ဒါကြောင့် မျက်စိမှိတ်ပေးလိုက်ရတာ၊ မြိုသိပ်ပေးလိုက်တာ၊ သဘောထား ကြီးပေးလိုက်ရတာတွေ ရှိတယ်။
ကိုယ်ချစ်တဲ့သူရဲ့ ဆန္ဒကို ကိုယ်သဘောမတူပေမဲ့ သူ့ကို ပျော်စေချင်လို့ လိုက်လျောပေးလိုက်ရတာ၊ ခေါင်းညိမ့်ပေးလိုက်ရတာတွေလည်း ရှိပြန်တာပဲ။
သစ္စာတရား ဆိုတာကရော ထိန်းချုပ်မှုပဲ မဟုတ်ဘူးလား။ ရေဆန်ခရီးပဲ မဟုတ်ဘူးလား။ မဖောက်ပြန်ချင်လို့၊ ဖောက်ပြန်ဖို့ အခွင့်အရေး မရလို့ ဆိုတာထက် ကိုယ်ချစ်တဲ့သူကို စိတ်မဆင်းရဲစေချင်လို့၊ ကိုယ့်ဂုဏ်သိက္ခာလည်း အညှိုးနွမ်းမခံချင်လို့သာ မလုပ်ကြတာ ပိုများပါတယ်။
စိတ်အလိုကို လိုက်နေတဲ့သူတွေဟာ ကိုယ်တိုင်လည်း မပျော်ရွှင်ရသလို၊ သူ့ပတ်ဝန်းကျင်၊ သူချစ်တဲ့ လူတွေကိုလည်း ပျော်အောင် ထားနိုင်မှာ မဟုတ်ပါဘူး။ လောင်းကစားလုပ်၊ အမြဲအရက်သောက်နေတဲ့ လူတစ်ယောက်နဲ့ ဥပမာထား စဉ်းစားကြည့်ပေါ့။
📌 ၄။ လူအများက မှန်တယ်လို့ သတ်မှတ်ထားတဲ့ အရာတွေ
လူအများက ဒီလိုဆိုတိုင်း နည်းနည်းကလေးတော့ ကွဲထွက်လိုက်မယ်၊ ဒါမှ ငါ Cool ဖြစ်မယ် ဆိုပြီး အစွန်းရောက်သူတွေလည်း မြင်ဖူးပါတယ်။ ဒီနိုင်ငံက လူအများစုဟာ ငါတို့လောက် မစဉ်းစားတတ်ဘူး၊ ပညာမတတ်ဘူး၊ Principle မရှိဘူး၊ အမြင်မပွင့်ဘူး စသဖြင့် အထင်ရောက်နေသူတွေပေါ့။ အဲဒီလိုလည်း မဖြစ်စေနဲ့။
တစ်ဖက်မှာလည်း လူအများကြောင့် ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ယုံကြည်မှုတွေကို မစွန့်လွှတ်လိုက်နဲ့။ မပြောင်းလဲလိုက်နဲ့။
အပေါ်မှာ ရေးခဲ့တယ်။ မိမိကိုယ်မိမိ တော်လှန်နိုင်တဲ့သူတွေဟာ ဘဝရဲ့ အစိတ်အပိုင်းအသီးသီးမှာ တိုးတက်လာနိုင်တယ် ဆိုပြီး။
သို့သော် ခြွင်းချက်တစ်ခုတော့ ရှိတယ်။ အများလျှောက်တဲ့လမ်း လိုက်မလျှောက်မိတဲ့ အခြေအနေမှာတော့ တောင့်ခံထားနိုင်လေလေ၊ ဘဝရဲ့ အခန်းကဏ္ဍအားလုံး စုတ်ပြတ်သတ်သွားနိုင်လေလေပဲ။
အနိုင်ကျင့်တယ်၊ ဖိနှိပ်တယ်ဆိုတာ အားကြီးသူကပဲ အားနည်းသူကို လုပ်လို့ရတဲ့ကိစ္စပါ။ ဒီတော့ ကိုယ်က အားနည်းသူဘက်က ဝင်ရပ်လိုက်ပြီဆို အားကြီးသူရဲ့ ဖိနှိပ်မှုတွေက ကိုယ့်ဆီပါ ရောက်လာတော့မယ်။ ဒါကြောင့်လည်း အများစုက နေသာသလိုပဲ နေလိုက်ကြတာ။
ကျန်ခဲ့မှာ၊ တိုးတက်လာမှာဆိုလို့ တစ်ခုပဲ ရှိမယ်။ အဲဒါ “မိမိကိုယ်မိမိ လေးစားမှု” ပဲ။ ဒါရဖို့အရေး ကျန်တာအားလုံးနဲ့ လဲပစ်လိုက်ကြရတာ ဖြစ်ပါတယ်။
🔳 လူသားတွေဖြစ်တဲ့အတွက် အချိန်ပြည့်တော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူး။ အဲဒီလိုဆိုလည်း စက်ရုပ်ကြီးလို ဖြစ်သွားလေမလား ထင်မိတယ်။
သို့သော် ရေစုန်မှာ မျှောနေတာ များလား၊ ရေကို ဆန်တက်တာ များသလား ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်ဖြစ်ချင်တဲ့ ဘဝပုံစံကို ရမရ ဆိုတာတော့ ကွာခြားသွားကြပါလိမ့်မယ်။
🔳 A life you want လို့ပဲ ရေးထားပါတယ်။ A successful life ဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ လိုချင်တဲ့ ဘဝပုံစံတွေ၊ အောင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ မတူကြလို့ပါ။
လူဖြစ်တုန်းခဏ စားချင်တာ စားသွားမယ်၊ သုံးချင်တာတွေ သုံးသွားမယ်လို့ တွေးတဲ့သူတွေ ရှိသလို၊
ဒီလိုခေတ်ကြီး မတရားလုပ်နေသူတွေရှေ့ ဒူးထောက်ခစားရင်း ပိုက်ဆံတွေ ရလာတာကို အောင်မြင်တယ် ထင်နေသူတွေလည်း ရှိတာပဲ။
ဒါကြောင့် တခြားသူတွေနဲ့ နှိုင်းယှဉ်နေမဲ့အစား ကိုယ်လိုချင်တဲ့ ဘဝမျိုး ရဖို့အတွက် ဘယ်ခရီးကို ဆန်တက်ရမယ် ရွေးချယ်ပြီး အဲဒီအတိုင်း ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်ဖို့ကသာ အရေးကြီးဆုံးလို့ မြင်မိပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၆.၁.၂၀၂၅

17/01/2025

နွယ်နီ - ညီမင်းခိုင်

#နွယ်နီ #ညီမင်းခိုင်

17/01/2025

တစ်ယောက်ကတော့
နေနိုင်သွားပြီး

တစ်ယောက်ကတော့
အရာရာဆုံးရှုံးသွားခဲ့တယ်။

#စစ်ငြိမ်း

16/01/2025

မချစ်ရဘူးတဲ့လား - ‌‌‌ဝေလ

#ဝေလ #မချစ်တော့ဘူးတဲ့လား

16/01/2025

ငါ့ရဲ့လက်ဖွဲ့ (Cover) - ရွှန်းရွှန်း

#ရွှန်းရွှန်း

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Ban Pong?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

ที่อยู่


63-64 Pak Raet
Ban Pong